"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပိတ်သိမ်းရမည့်ကျောင်းဖြစ်ပြီး စာမေးပွဲ ဖြေဆိုခွင့်ကတ်ထုတ်ပေးသော ခရိုင်ပညာရေးမှူးကို စိစစ်မည်

25867

သုတကျော် (NP News) - ဖေဖော်ဝါရီ ၂၄
ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းမှာ ပိတ်သိမ်းရမည့်ကျောင်းဖြစ်ပြီး ယင်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆၁) ဦးအား စာမေးပွဲဖြေဆိုခွင့်ကတ်ထုတ်ပေးသော ခရိုင်ပညာရေးမှူး ကို ဥပဒေနှင့်အညီ စိစစ်မည်ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။
ဖေဖော်ဝါရီ ၂၃ ရက်တွင် စတင်ကျင်းပသော နှစ်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း Grade-5 နှင့် Grade-9 စာမေးပွဲတွင် စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့၊ နန်းတော်ရာရပ်ရှိ "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် တက်ရောက်လျက်ရှိသည့် Grade-5 ကျောင်းသား ကျောင်းသူ (၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ဖြေဆိုခွင့်ကတ်ပြားများ လက်ဝယ်ရှိသော်လည်း စာစစ်ဌာနသို့သွားရောက်ဖြေဆိုရာတွင် ဖြေဆိုခွင့်မရရှိခဲ့သောဖြစ်စဉ်ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
"ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းသည် ပုဂ္ဂလိကပညာရေးဥပဒေပုဒ်မ ၃၁၊ ပုဒ်မခွဲ ဋ နှင့် ပုဒ်မခွဲ ဍ တွင် သတ်မှတ်ထားသော စည်းမျဉ်းစည်းကမ်းများကို ဖောက်ဖျက်ကျူးလွန်ခြင်းကြောင့် ၆-၁-၂၀၂၆ ရက်တွင် ကျင်းပသော ပညာရေးဝန်ကြီးဌာန၊ စီမံခန့်ခွဲရေးကော်မတီအစည်းအဝေးက ၂၀၂၆-၂၀၂၇ ပညာသင်နှစ်မှစ၍ ပိတ်သိမ်းရန် ဆုံးဖြတ်ထားသည့် ကျောင်းဖြစ်ကြောင်း ဖော်ပြထားသည်။
ဖြစ်စဉ်အမှန်မှာ "ထက်" ကိုယ်ပိုင်အထက်တန်းကျောင်းတွင် အမှန်တကယ်တက်ရောက်ပြီး စာရင်းသွင်းထားသော ကျောင်းသားကျောင်းသူများ မနစ်နာစေရန် ၂၀၂၅-၂၀၂၆ ပညာသင်နှစ် နှစ်ကုန်အထိ ခွင့်ပြုခဲ့ပြီး အခန်းဆုံးတတ်မြောက်မှုစစ်ဆေးခြင်း(၂)ကြိမ်၊ နှစ်ဝက်ဆုံးတတ်မြောက်မှုစစ်ဆေးခြင်း(၁)ကြိမ် ဖြေဆိုခဲ့သော Grade-5 ကျောင်းသားကျောင်းသူ (၄၀)ဦး နှင့် Grade-9 ကျောင်းသားကျောင်းသူ (၄၀)ဦး စုစုပေါင်း (၈၀)ဦးတို့ကိုသာ ယခုကျင်းပလျက်ရှိသော နှစ်ဆုံးတတ်မြောက်မှု စစ်ဆေးခြင်းအား ဖြေဆိုခွင့်ပြုခဲ့ကြောင်း ရေးသားထားသည်။
ယခုဖြစ်စဉ်တွင်ပါဝင်သော Grade-5 ကျောင်းသားကျောင်းသူ(၇၂)ဦးနှင့် Grade-9 ကျောင်းသားကျောင်းသူ (၈၉)ဦး စုစုပေါင်း (၁၆၁)ဦးတို့သည် ကျောင်းအပ်နှံစာရင်းတွင် ပါဝင်မှု မရှိခြင်း၊ ၎င်းကျောင်းမှ လစဉ် (ဇွန်လမှ ဖေဖော်ဝါရီလထိ) တင်ပြခဲ့သော ကျောင်းသားလချုပ် စာရင်းတွင် ပါဝင်မှုမရှိခြင်း၊ နှစ်ဆုံးစာမေးပွဲ ဖြေဆိုသူစာရင်း(သွင်းစာရင်း)တွင် ပါဝင်မှုမရှိခြင်း၊ ၎င်းကျောင်းသို့ ပညာရေးဝန်ကြီးဌာနမှ တာဝန်ရှိသူများ သွားရောက်စစ်ဆေးချိန်တွင်လည်း ဖော်ပြပါ ကျောင်းသားများသည် အမှန်တကယ် ကျောင်းတက်ရောက်မှုမရှိခြင်း၊ အခန်းဆုံးနှင့် နှစ်ဝက်ဆုံး တတ်မြောက်မှုစစ်ဆေးခြင်း(၃)ကြိမ် ဖြေဆိုထားသည့် အထောက်အထားများ မရှိသည့်အတွက် မူဝါဒအရ စာမေးပွဲဖြေဆိုခွင့်မရရှိခြင်းကို သိရှိသော်လည်း ဖြေဆိုခွင့်ကတ်ပြားများ ရယူခဲ့ခြင်းဖြစ်ပါသည်။
ဖြေဆိုခွင့်ကတ်ပြားများ ထုတ်ပေးခဲ့ခြင်းနှင့်ပတ်သက်၍ သတ်မှတ်ချက်နှင့်ကိုက်ညီမှုမရှိသော ကျောင်းသားများအား စစ်ကိုင်းခရိုင်ပညာရေးမှူးသည် ဖြေဆိုခွင့်ကတ်ပြားများကို ၂၂-၂-၂၀၂၆ ရက်နေ့တွင် ထုတ်ပေးခဲ့သည့်အတွက် ယခုကဲ့သို့ဖြစ်ပွားခဲ့ခြင်းဖြစ်အပေါ် ၎င်းခရိုင်ပညာ ရေးမှူးအား နိုင်ငံ့ဝန်ထမ်းနည်းဥပဒေများနှင့်အညီ စိစစ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

Zawgyi Version;
"ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ ပိတ္သိမ္းရမည့္ေက်ာင္းျဖစ္ၿပီး စာေမးပြဲ ေျဖဆိုခြင့္ကတ္ထုတ္ေပးေသာ ခ႐ိုင္ပညာေရးမႉးကို စိစစ္မည္
သုတေက်ာ္ (NP News) - ေဖေဖာ္ဝါရီ ၂၄
ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းမွာ ပိတ္သိမ္းရမည့္ေက်ာင္းျဖစ္ၿပီး ယင္းေက်ာင္းမွ ေက်ာင္းသား၊ ေက်ာင္းသူ (၁၆၁) ဦးအား စာေမးပြဲေျဖဆိုခြင့္ကတ္ထုတ္ေပးေသာ ခ႐ိုင္ပညာေရးမႉး ကို ဥပေဒႏွင့္အညီ စိစစ္မည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္သည္။
ေဖေဖာ္ဝါရီ ၂၃ ရက္တြင္ စတင္က်င္းပေသာ ႏွစ္ဆုံးတတ္ေျမာက္မႈစစ္ေဆးျခင္း Grade-5 ႏွင့္ Grade-9 စာေမးပြဲတြင္ စစ္ကိုင္းတိုင္းေဒသႀကီး၊ စစ္ကိုင္းၿမိဳ႕၊ နန္းေတာ္ရာရပ္ရွိ "ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ တက္ေရာက္လ်က္ရွိသည့္ Grade-5 ေက်ာင္းသား ေက်ာင္းသူ (၇၂)ဦးႏွင့္ Grade-9 ေက်ာင္းသားေက်ာင္းသူ (၈၉)ဦး စုစုေပါင္း (၁၆၁)ဦးတို႔သည္ ေျဖဆိုခြင့္ကတ္ျပားမ်ား လက္ဝယ္ရွိေသာ္လည္း စာစစ္ဌာနသို႔သြားေရာက္ေျဖဆိုရာတြင္ ေျဖဆိုခြင့္မရရွိခဲ့ေသာျဖစ္စဥ္ျဖစ္ပြားခဲ့ျခင္း ျဖစ္သည္။
"ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းသည္ ပုဂၢလိကပညာေရးဥပေဒပုဒ္မ ၃၁၊ ပုဒ္မခြဲ ဋ ႏွင့္ ပုဒ္မခြဲ ဍ တြင္ သတ္မွတ္ထားေသာ စည္းမ်ဥ္းစည္းကမ္းမ်ားကို ေဖာက္ဖ်က္က်ဴးလြန္ျခင္းေၾကာင့္ ၆-၁-၂၀၂၆ ရက္တြင္ က်င္းပေသာ ပညာေရးဝန္ႀကီးဌာန၊ စီမံခန႔္ခြဲေရးေကာ္မတီအစည္းအေဝးက ၂၀၂၆-၂၀၂၇ ပညာသင္ႏွစ္မွစ၍ ပိတ္သိမ္းရန္ ဆုံးျဖတ္ထားသည့္ ေက်ာင္းျဖစ္ေၾကာင္း ေဖာ္ျပထားသည္။
ျဖစ္စဥ္အမွန္မွာ "ထက္" ကိုယ္ပိုင္အထက္တန္းေက်ာင္းတြင္ အမွန္တကယ္တက္ေရာက္ၿပီး စာရင္းသြင္းထားေသာ ေက်ာင္းသားေက်ာင္းသူမ်ား မနစ္နာေစရန္ ၂၀၂၅-၂၀၂၆ ပညာသင္ႏွစ္ ႏွစ္ကုန္အထိ ခြင့္ျပဳခဲ့ၿပီး အခန္းဆုံးတတ္ေျမာက္မႈစစ္ေဆးျခင္း(၂)ႀကိမ္၊ ႏွစ္ဝက္ဆုံးတတ္ေျမာက္မႈစစ္ေဆးျခင္း(၁)ႀကိမ္ ေျဖဆိုခဲ့ေသာ Grade-5 ေက်ာင္းသားေက်ာင္းသူ (၄၀)ဦး ႏွင့္ Grade-9 ေက်ာင္းသားေက်ာင္းသူ (၄၀)ဦး စုစုေပါင္း (၈၀)ဦးတို႔ကိုသာ ယခုက်င္းပလ်က္ရွိေသာ ႏွစ္ဆုံးတတ္ေျမာက္မႈ စစ္ေဆးျခင္းအား ေျဖဆိုခြင့္ျပဳခဲ့ေၾကာင္း ေရးသားထားသည္။
ယခုျဖစ္စဥ္တြင္ပါဝင္ေသာ Grade-5 ေက်ာင္းသားေက်ာင္းသူ(၇၂)ဦးႏွင့္ Grade-9 ေက်ာင္းသားေက်ာင္းသူ (၈၉)ဦး စုစုေပါင္း (၁၆၁)ဦးတို႔သည္ ေက်ာင္းအပ္ႏွံစာရင္းတြင္ ပါဝင္မႈ မရွိျခင္း၊ ၎ေက်ာင္းမွ လစဥ္ (ဇြန္လမွ ေဖေဖာ္ဝါရီလထိ) တင္ျပခဲ့ေသာ ေက်ာင္းသားလခ်ဳပ္ စာရင္းတြင္ ပါဝင္မႈမရွိျခင္း၊ ႏွစ္ဆုံးစာေမးပြဲ ေျဖဆိုသူစာရင္း(သြင္းစာရင္း)တြင္ ပါဝင္မႈမရွိျခင္း၊ ၎ေက်ာင္းသို႔ ပညာေရးဝန္ႀကီးဌာနမွ တာဝန္ရွိသူမ်ား သြားေရာက္စစ္ေဆးခ်ိန္တြင္လည္း ေဖာ္ျပပါ ေက်ာင္းသားမ်ားသည္ အမွန္တကယ္ ေက်ာင္းတက္ေရာက္မႈမရွိျခင္း၊ အခန္းဆုံးႏွင့္ ႏွစ္ဝက္ဆုံး တတ္ေျမာက္မႈစစ္ေဆးျခင္း(၃)ႀကိမ္ ေျဖဆိုထားသည့္ အေထာက္အထားမ်ား မရွိသည့္အတြက္ မူဝါဒအရ စာေမးပြဲေျဖဆိုခြင့္မရရွိျခင္းကို သိရွိေသာ္လည္း ေျဖဆိုခြင့္ကတ္ျပားမ်ား ရယူခဲ့ျခင္းျဖစ္ပါသည္။
ေျဖဆိုခြင့္ကတ္ျပားမ်ား ထုတ္ေပးခဲ့ျခင္းႏွင့္ပတ္သက္၍ သတ္မွတ္ခ်က္ႏွင့္ကိုက္ညီမႈမရွိေသာ ေက်ာင္းသားမ်ားအား စစ္ကိုင္းခ႐ိုင္ပညာေရးမႉးသည္ ေျဖဆိုခြင့္ကတ္ျပားမ်ားကို ၂၂-၂-၂၀၂၆ ရက္ေန႔တြင္ ထုတ္ေပးခဲ့သည့္အတြက္ ယခုကဲ့သို႔ျဖစ္ပြားခဲ့ျခင္းျဖစ္အေပၚ ၎ခ႐ိုင္ပညာ ေရးမႉးအား ႏိုင္ငံ့ဝန္ထမ္းနည္းဥပေဒမ်ားႏွင့္အညီ စိစစ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သတင္းထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။