AA ခေါင်းဆောင် ထွန်းမြတ်နိုင်က မြန်မာအစိုးရနှင့်အပြိုင် ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးသစ်ထံ ဂုဏ်ပြုလွှာပေးပို့

11985

ALynn (NP News) - ဖေဖော်ဝါရီ ၂၆
ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ အသစ်ခန့်အပ်ခံရသော နိုင်ငံခြားရေးဝန်ကြီးဒေါက်တာ ခါလီလာရာမန်ထံသို့ မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက ဂုဏ်ပြုလွှာတစ်စောင် ပေးပို့ခဲ့သလို ULA ဥက္ကဋ္ဌ၊ AA စစ်ဦးစီးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင်ကလည်း ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးထံသို့ ပထမဆုံးအကြိမ်အဖြစ် ဂုဏ်ပြုလွှာတစ်စောင်ပေးပို့ခဲ့ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံပိုင် BSS News က ဖော်ပြထားသည်။
မြန်မာနိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေက နေပြည်တော်နှင့် ဒါကာတို့အကြား နှစ်နိုင်ငံဆက်ဆံရေး မြှင့်တင်ရန်နှင့် ပူးပေါင်းဆောင်ရွက်မှုများ အားကောင်းစေရန် ခိုင်မာသော ကတိကဝတ်ကို ဖော်ပြခဲ့သည်။
ထို့အတူ ထွန်းမြတ်နိုင်က ဝန်ကြီး ရာမန်ထံသို့ ပေးပို့သောစာတွင် "ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူရာတွင် လက်တွေ့ကျပြီး ရေရှည်တည်တံ့သော ဖြေရှင်းချက်များကို ရှာဖွေနိုင်ရန် ကျွန်ုပ်တို့နှင့် ဆက်လက်ပူးပေါင်းဆောင်ရွက်သွားလိမ့်မည်ဟု မျှော်လင့်ပါကြောင်း၊ ကျွန်ုပ်တို့၏ လက်ရှိရှိရင်းစွဲ စိတ်စေတနာကောင်းများအပေါ်အခြေခံ၍ ဘင်္ဂလားဒေ့ရှ်နှင့် အာရက္ခ (ရခိုင်) တို့အကြား ချစ်ကြည်ရင်းနှီးမှုလမ်းကြောင်းသစ်တစ်ခုကို ဖော်ဆောင်ရန် အခွင့်အလမ်းရှိနေပြီ ဖြစ်ကြောင်း" ရေးသားထားသည်။
ဤသတင်းစကားများသည် ဘင်္ဂါလီအကျပ်အတည်းကို ဖြေရှင်းနိုင်ရန်အတွက် မြန်မာအစိုးရနှင့် ULA/AA နှစ်ဖက်စလုံးက အသစ်ဖွဲ့စည်းလိုက်သော ဘင်္ဂလားဒေ့ရှ်အစိုးရနှင့် လက်တွဲဆောင်ရွက်ရန် အသင့်ရှိနေကြောင်း ပြသနေပုံရသည်ဟု BSS News က ဖော်ပြသည်။
နိုင်ငံခြားရေးဝန်ကြီး ရာမန်ကလည်း ဤကိစ္စနှင့် ပတ်သက်၍ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာအစိုးရနှင့်သာမက AA နှင့်ပါ အဆက်အသွယ်ရှိကြောင်း မကြာသေးမီက အရိပ်အမြွက်ပြောကြားခဲ့သည်ဟု သိရသည်။
မြန်မာနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့အကြား ဆက်ဆံရေးသည် ယေဘုယျအားဖြင့် တင်းမာပြီး ရှုပ်ထွေးလျက်ရှိသည်။ အထူးသဖြင့် ယခုအခါ ဘင်္ဂလားဒေ့ရှ်အစိုးရသည် မြန်မာအစိုးရအပြင် AA လက်နက်ကိုင်အဖွဲ့နှင့်ပါ တိုက်ရိုက်ထိတွေ့ဆက်ဆံလာခြင်းက အခြေအနေကို ပိုမိုရှုပ်ထွေးစေသည့် အချက်တစ်ခုဖြစ်လာသည်။
သို့သော်လည်း နှစ်နိုင်ငံအကြား သံတမန်လမ်းကြောင်းကို ဆက်လက်ထိန်းသိမ်းထားပြီး ရေပိုင်နက်နှင့် ကုန်းတွင်းပိုင်း နယ်နိမိတ်ချင်းထိစပ်နေသည့်အိမ်နီးချင်းများအဖြစ် ရပ်တည်လျက်ရှိကြသည်။ နယ်စပ်အငြင်းပွားမှုများ၊ တရားမဝင် မှောင်ခိုကူးမှုများနှင့် လုံခြုံရေးပြဿနာများသည် နှစ်နိုင်ငံဆက်ဆံရေးအတွက် ကြီးမားသော စိန်ခေါ်မှုများဖြစ်နေဆဲဖြစ်သည်။

Zawgyi Version;
AA ေခါင္းေဆာင္ ထြန္းျမတ္ႏိုင္က ျမန္မာအစိုးရႏွင့္အၿပိဳင္ ဘဂၤလားေဒ့ရွ္ႏိုင္ငံျခားေရးဝန္ႀကီးသစ္ထံ ဂုဏ္ျပဳလႊာေပးပို႔
ALynn (NP News) - ေဖေဖာ္ဝါရီ ၂၆
ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ အသစ္ခန႔္အပ္ခံရေသာ ႏိုင္ငံျခားေရးဝန္ႀကီးေဒါက္တာ ခါလီလာရာမန္ထံသို႔ ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက ဂုဏ္ျပဳလႊာတစ္ေစာင္ ေပးပို႔ခဲ့သလို ULA ဥကၠ႒၊ AA စစ္ဦးစီးခ်ဳပ္ ဗိုလ္ခ်ဳပ္ထြန္းျမတ္ႏိုင္ကလည္း ဘဂၤလားေဒ့ရွ္ ႏိုင္ငံျခားေရးဝန္ႀကီးထံသို႔ ပထမဆုံးအႀကိမ္အျဖစ္ ဂုဏ္ျပဳလႊာတစ္ေစာင္ေပးပို႔ခဲ့ေၾကာင္း ဘဂၤလားေဒ့ရွ္ႏိုင္ငံပိုင္ BSS News က ေဖာ္ျပထားသည္။
ျမန္မာႏိုင္ငံျခားေရးဝန္ႀကီး ဦးသန္းေဆြက ေနျပည္ေတာ္ႏွင့္ ဒါကာတို႔အၾကား ႏွစ္ႏိုင္ငံဆက္ဆံေရး ျမႇင့္တင္ရန္ႏွင့္ ပူးေပါင္းေဆာင္႐ြက္မႈမ်ား အားေကာင္းေစရန္ ခိုင္မာေသာ ကတိကဝတ္ကို ေဖာ္ျပခဲ့သည္။
ထို႔အတူ ထြန္းျမတ္ႏိုင္က ဝန္ႀကီး ရာမန္ထံသို႔ ေပးပို႔ေသာစာတြင္ "ဘဂၤလားေဒ့ရွ္ႏိုင္ငံ၏ ႏိုင္ငံျခားေရးဝန္ႀကီးအျဖစ္ တာဝန္ယူရာတြင္ လက္ေတြ႕က်ၿပီး ေရရွည္တည္တံ့ေသာ ေျဖရွင္းခ်က္မ်ားကို ရွာေဖြႏိုင္ရန္ ကြၽႏ္ုပ္တို႔ႏွင့္ ဆက္လက္ပူးေပါင္းေဆာင္႐ြက္သြားလိမ့္မည္ဟု ေမွ်ာ္လင့္ပါေၾကာင္း၊ ကြၽႏ္ုပ္တို႔၏ လက္ရွိရွိရင္းစြဲ စိတ္ေစတနာေကာင္းမ်ားအေပၚအေျခခံ၍ ဘဂၤလားေဒ့ရွ္ႏွင့္ အာရကၡ (ရခိုင္) တို႔အၾကား ခ်စ္ၾကည္ရင္းႏွီးမႈလမ္းေၾကာင္းသစ္တစ္ခုကို ေဖာ္ေဆာင္ရန္ အခြင့္အလမ္းရွိေနၿပီ ျဖစ္ေၾကာင္း" ေရးသားထားသည္။
ဤသတင္းစကားမ်ားသည္ ဘဂၤါလီအက်ပ္အတည္းကို ေျဖရွင္းႏိုင္ရန္အတြက္ ျမန္မာအစိုးရႏွင့္ ULA/AA ႏွစ္ဖက္စလုံးက အသစ္ဖြဲ႕စည္းလိုက္ေသာ ဘဂၤလားေဒ့ရွ္အစိုးရႏွင့္ လက္တြဲေဆာင္႐ြက္ရန္ အသင့္ရွိေနေၾကာင္း ျပသေနပုံရသည္ဟု BSS News က ေဖာ္ျပသည္။
ႏိုင္ငံျခားေရးဝန္ႀကီး ရာမန္ကလည္း ဤကိစၥႏွင့္ ပတ္သက္၍ ဘဂၤလားေဒ့ရွ္အစိုးရသည္ ျမန္မာအစိုးရႏွင့္သာမက AA ႏွင့္ပါ အဆက္အသြယ္ရွိေၾကာင္း မၾကာေသးမီက အရိပ္အႁမြက္ေျပာၾကားခဲ့သည္ဟု သိရသည္။
ျမန္မာႏွင့္ ဘဂၤလားေဒ့ရွ္ႏိုင္ငံတို႔အၾကား ဆက္ဆံေရးသည္ ေယဘုယ်အားျဖင့္ တင္းမာၿပီး ရႈပ္ေထြးလ်က္ရွိသည္။ အထူးသျဖင့္ ယခုအခါ ဘဂၤလားေဒ့ရွ္အစိုးရသည္ ျမန္မာအစိုးရအျပင္ AA လက္နက္ကိုင္အဖြဲ႕ႏွင့္ပါ တိုက္႐ိုက္ထိေတြ႕ဆက္ဆံလာျခင္းက အေျခအေနကို ပိုမိုရႈပ္ေထြးေစသည့္ အခ်က္တစ္ခုျဖစ္လာသည္။
သို႔ေသာ္လည္း ႏွစ္ႏိုင္ငံအၾကား သံတမန္လမ္းေၾကာင္းကို ဆက္လက္ထိန္းသိမ္းထားၿပီး ေရပိုင္နက္ႏွင့္ ကုန္းတြင္းပိုင္း နယ္နိမိတ္ခ်င္းထိစပ္ေနသည့္အိမ္နီးခ်င္းမ်ားအျဖစ္ ရပ္တည္လ်က္ရွိၾကသည္။ နယ္စပ္အျငင္းပြားမႈမ်ား၊ တရားမဝင္ ေမွာင္ခိုကူးမႈမ်ားႏွင့္ လုံၿခဳံေရးျပႆနာမ်ားသည္ ႏွစ္ႏိုင္ငံဆက္ဆံေရးအတြက္ ႀကီးမားေသာ စိန္ေခၚမႈမ်ားျဖစ္ေနဆဲျဖစ္သည္။