၂၀၂၆ ခုနှစ်၊ ခရီးသွားနှစ်မှာ ဟိုတယ်တွေ (၂၃) နာရီကြာထိ တည်းခိုခွင့်ပေးဖို့ မလေးရှားအစိုးရ တိုက်တွန်း

225

ရောင်နီ (NP News) - ဖေဖော်ဝါရီ ၂၈
မလေးရှားနိုင်ငံရဲ့ "Visit Malaysia 2026" ခရီးသွားနှစ် အစီအစဉ် ပိုမိုဆွဲဆောင်မှုရှိစေဖို့အတွက် ဟိုတယ်၊ တည်းခိုခန်းတွအနေနဲ့ ဧည့်သည်တွေကို အနည်းဆုံး ၂၃ နာရီကြာ တည်းခိုခွင့်ပေးဖို့ မလေးရှားခရီးသွားလုပ်ငန်း၊ အနုပညာနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန (MOTAC) က တိုက်တွန်းလိုက်ပါတယ်။
ယမန်နေ့က ပြုလုပ်ခဲ့တဲ့ အောက်လွှတ်တော်အစည်းအဝေးမှာ ဝန်ကြီးဌာနက စာနဲ့ ပြန်လည်ဖြေကြားရာမှာ ဒီအချက်ကို ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပါတယ်။ MOTAC ရဲ့အဆိုအရ ဒီအစီအစဉ်ဟာ ခရီးသွားတွေအတွက် ငွေကြေးတန်ဖိုးနဲ့အညီ ဝန်ဆောင်မှုအပြည့်အဝရရှိစေဖို့၊ မလေးရှားနိုင်ငံရဲ့ဧည့်ဝတ်ကျေပွန်မှုကဏ္ဍကို နိုင်ငံတကာအဆင့် ယှဉ်ပြိုင်နိုင်စွမ်းမြှင့်တင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။ ၂၃ နာရီကြာ တည်းခိုခွင့်ဟာ ဧည့်သည်တွေက နေ့လယ် ၂ နာရီ Check-in ဝင်ရင် နောက်တစ်နေ့ နေ့လယ် ၁ နာရီမှသာ Check-out ထွက်ရမယ့် စနစ်ဖြစ်ပါတယ်။
ဒါအပြင် ဝန်ကြီးဌာနဟာ အဆိုပါ တည်းခိုချိန်စံနှုန်းကို ဒေသန္တရကောင်စီတွေရဲ့လုပ်ငန်းလိုင်စင် လိုအပ်ချက် တွေမှာ ထည့်သွင်းဖို့ သင့်၊ မသင့်ကိုလည်း အိမ်ရာ၊ ဒေသန္တရ အစိုးရဝန်ကြီးဌာနနဲ့ ညှိနှိုင်းဆွေးနွေးနေတယ်လို့ သိရပါတယ်။

Zawgyi Version;
၂၀၂၆ ခုႏွစ္၊ ခရီးသြားႏွစ္မွာ ဟိုတယ္ေတြ (၂၃) နာရီၾကာထိ တည္းခိုခြင့္ေပးဖို႔ မေလးရွားအစိုးရ တိုက္တြန္း
ေရာင္နီ (NP News) - ေဖေဖာ္ဝါရီ ၂၈
မေလးရွားႏိုင္ငံရဲ႕ "Visit Malaysia 2026" ခရီးသြားႏွစ္ အစီအစဥ္ ပိုမိုဆြဲေဆာင္မႈရွိေစဖို႔အတြက္ ဟိုတယ္၊ တည္းခိုခန္းတြအေနနဲ႔ ဧည့္သည္ေတြကို အနည္းဆုံး ၂၃ နာရီၾကာ တည္းခိုခြင့္ေပးဖို႔ မေလးရွားခရီးသြားလုပ္ငန္း၊ အႏုပညာႏွင့္ ယဥ္ေက်းမႈဝန္ႀကီးဌာန (MOTAC) က တိုက္တြန္းလိုက္ပါတယ္။
ယမန္ေန႔က ျပဳလုပ္ခဲ့တဲ့ ေအာက္လႊတ္ေတာ္အစည္းအေဝးမွာ ဝန္ႀကီးဌာနက စာနဲ႔ ျပန္လည္ေျဖၾကားရာမွာ ဒီအခ်က္ကို ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္ပါတယ္။ MOTAC ရဲ႕အဆိုအရ ဒီအစီအစဥ္ဟာ ခရီးသြားေတြအတြက္ ေငြေၾကးတန္ဖိုးနဲ႔အညီ ဝန္ေဆာင္မႈအျပည့္အဝရရွိေစဖို႔၊ မေလးရွားႏိုင္ငံရဲ႕ဧည့္ဝတ္ေက်ပြန္မႈက႑ကို ႏိုင္ငံတကာအဆင့္ ယွဥ္ၿပိဳင္ႏိုင္စြမ္းျမႇင့္တင္ဖို႔ ရည္႐ြယ္တယ္လို႔ ဆိုပါတယ္။ ၂၃ နာရီၾကာ တည္းခိုခြင့္ဟာ ဧည့္သည္ေတြက ေန႔လယ္ ၂ နာရီ Check-in ဝင္ရင္ ေနာက္တစ္ေန႔ ေန႔လယ္ ၁ နာရီမွသာ Check-out ထြက္ရမယ့္ စနစ္ျဖစ္ပါတယ္။
ဒါအျပင္ ဝန္ႀကီးဌာနဟာ အဆိုပါ တည္းခိုခ်ိန္စံႏႈန္းကို ေဒသႏၲရေကာင္စီေတြရဲ႕လုပ္ငန္းလိုင္စင္ လိုအပ္ခ်က္ ေတြမွာ ထည့္သြင္းဖို႔ သင့္၊ မသင့္ကိုလည္း အိမ္ရာ၊ ေဒသႏၲရ အစိုးရဝန္ႀကီးဌာနနဲ႔ ညႇိႏႈိင္းေဆြးေႏြးေနတယ္လို႔ သိရပါတယ္။