အမေရိကန်က အီရန်၏ မြေအောက်ဒုံးပျံစခန်းများကို B-2 ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များဖြင့်တိုက်ခိုက်ခဲ့ဟုဆို

489

ဂျန်ဇက် (NP News) - မတ် ၃
အမေရိကန်လေတပ်၏ အဆင့်မြင့် B-2 Spirit ကိုယ်ပျောက်ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံအတွင်းရှိ အခိုင်အမာကာကွယ်ထားသော မြေအောက်ပဲ့ထိန်းဒုံးပျံစခန်းများကို အောင်မြင်စွာ တိုက်ခိုက်နိုင်ခဲ့ကြောင်း သိရသည်။
အမေရိကန်စစ်တပ်က အဆိုပါတိုက်ခိုက်မှုတွင် အလေးချိန် ပေါင် ၂,၀၀၀ ရှိသော ဘန်ကာဖောက်ဗုံးများကို အသုံးပြုခဲ့ကြောင်း သိရသည်။ B-2 ဗုံးကြဲလေယာဉ်များသည် အမေရိကန်အခြေစိုက်စခန်းများမှ တိုက်ရိုက်ပျံသန်းလာကာ ခရီးဝေးမှ တိကျစွာ ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသတင်းထုတ်ပြန်ထားသည်။
ပြီးခဲ့သည့် ဖေဖော်ဝါရီ ၂၈ ရက်တွင် စတင်ခဲ့သော အီရန်အပေါ် ပြုလုပ်သည့် စစ်ဆင်ရေးအတွင်း အီရန်နိုင်ငံတစ်ဝန်းရှိ ပစ်မှတ်ပေါင်း ၂,၀၀၀ ကျော် ကို ထိမှန်အောင် တိုက်ခိုက်နိုင်ခဲ့ပြီးအီရန် ကောင်းကင်ယံတွင် လေကြောင်းစိုးမိုးမှုရယူနိုင်ကာ အီရန်၏ လေကြောင်းကာကွယ်ရေးစနစ်၊ ရေတပ်နှင့် ကွပ်ကဲမှုဌာနချုပ်များကို အကြီးအကျယ် ပျက်စီးစေခဲ့ကြောင်း အမေရိကန်စစ်တပ်က ပြောသည်။အီရန်အပေါ် ပြုလုပ်သည့် အမေရိကန်၏စစ်ဆင်ရေး အဓိကရည်မှန်းချက်များထဲတွင် အီရန်၏ နျူကလီးယားလက်နက်ထုတ်လုပ်နိုင်စွမ်းကို အမြစ်ဖြတ်ရန် ပဲ့ထိန်းဒုံးပျံအစီအစဉ်ကို ဖျက်ဆီးရန်။ဒေသတွင်းရှိ အကြမ်းဖက်အုပ်စုများသို့ ထောက်ပံ့နေမှုများကို ဖြတ်တောက်ရန်တို့ ဖြစ်ကြောင်းသိရသည်။
အီရန်ဘက်ကလည်း ဒေသတွင်းရှိ အမေရိကန်မဟာမိတ်နိုင်ငံများကို ဒုံးပျံများဖြင့် ပြန်လည်တိုက်ခိုက်ခဲ့သော်လည်း၊ အမေရိကန်ဦးဆောင်သော ပူးပေါင်းတပ်ဖွဲ့များက စစ်ပွဲ၏ အသာစီးရမှုကို ဆက်လက်ထိန်းထားဆဲဖြစ်သည်။
လက်ရှိတွင် အီရန်၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် ဒေသတွင်းလုံခြုံရေးက စိုးရိမ်စရာ အခြေအနေသို့ရောက်ရှိနေပြီး၊ အမေရိကန်အစိုးရက ၎င်းတို့၏ အကျိုးစီးပွားနှင့် မဟာမိတ်များကို ကာကွယ်ရန်အတွက် ခြိမ်းခြောက်မှုများ လုံးဝကင်းစင်သွားသည်အထိ စစ်ဆင်ရေးကို ဆက်လက်လုပ်ဆောင်သွားမည်ဟု ဆိုသည်။ အမေရိကန်သမ္မတက အီရန်နိုင်ငံအပေါ် ပြုလုပ်သည့်စစ်ဆင်ရေးကာလသည် သီတင်းပတ် အနည်းဆုံး ၄ ပတ်၊ ၅ ပတ်ခန့် ကြာမြင့်နိုင်ဖွယ်ရှိနေကြောင်း ထုတ်ဖော်ပြောဆိုထားသည်။

Zawgyi Version;
အေမရိကန္က အီရန္၏ ေျမေအာက္ဒုံးပ်ံစခန္းမ်ားကို B-2 ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္မ်ားျဖင့္တိုက္ခိုက္ခဲ့ဟုဆို
ဂ်န္ဇက္ (NP News) - မတ္ ၃
အေမရိကန္ေလတပ္၏ အဆင့္ျမင့္ B-2 Spirit ကိုယ္ေပ်ာက္ဗုံးႀကဲေလယာဥ္မ်ားသည္ အီရန္ႏိုင္ငံအတြင္းရွိ အခိုင္အမာကာကြယ္ထားေသာ ေျမေအာက္ပဲ့ထိန္းဒုံးပ်ံစခန္းမ်ားကို ေအာင္ျမင္စြာ တိုက္ခိုက္ႏိုင္ခဲ့ေၾကာင္း သိရသည္။
အေမရိကန္စစ္တပ္က အဆိုပါတိုက္ခိုက္မႈတြင္ အေလးခ်ိန္ ေပါင္ ၂,၀၀၀ ရွိေသာ ဘန္ကာေဖာက္ဗုံးမ်ားကို အသုံးျပဳခဲ့ေၾကာင္း သိရသည္။ B-2 ဗုံးႀကဲေလယာဥ္မ်ားသည္ အေမရိကန္အေျခစိုက္စခန္းမ်ားမွ တိုက္႐ိုက္ပ်ံသန္းလာကာ ခရီးေဝးမွ တိက်စြာ ပစ္ခတ္တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္းသတင္းထုတ္ျပန္ထားသည္။
ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ ၂၈ ရက္တြင္ စတင္ခဲ့ေသာ အီရန္အေပၚ ျပဳလုပ္သည့္ စစ္ဆင္ေရးအတြင္း အီရန္ႏိုင္ငံတစ္ဝန္းရွိ ပစ္မွတ္ေပါင္း ၂,၀၀၀ ေက်ာ္ ကို ထိမွန္ေအာင္ တိုက္ခိုက္ႏိုင္ခဲ့ၿပီးအီရန္ ေကာင္းကင္ယံတြင္ ေလေၾကာင္းစိုးမိုးမႈရယူႏိုင္ကာ အီရန္၏ ေလေၾကာင္းကာကြယ္ေရးစနစ္၊ ေရတပ္ႏွင့္ ကြပ္ကဲမႈဌာနခ်ဳပ္မ်ားကို အႀကီးအက်ယ္ ပ်က္စီးေစခဲ့ေၾကာင္း အေမရိကန္စစ္တပ္က ေျပာသည္။အီရန္အေပၚ ျပဳလုပ္သည့္ အေမရိကန္၏စစ္ဆင္ေရး အဓိကရည္မွန္းခ်က္မ်ားထဲတြင္ အီရန္၏ န်ဴကလီးယားလက္နက္ထုတ္လုပ္ႏိုင္စြမ္းကို အျမစ္ျဖတ္ရန္ ပဲ့ထိန္းဒုံးပ်ံအစီအစဥ္ကို ဖ်က္ဆီးရန္။ေဒသတြင္းရွိ အၾကမ္းဖက္အုပ္စုမ်ားသို႔ ေထာက္ပံ့ေနမႈမ်ားကို ျဖတ္ေတာက္ရန္တို႔ ျဖစ္ေၾကာင္းသိရသည္။
အီရန္ဘက္ကလည္း ေဒသတြင္းရွိ အေမရိကန္မဟာမိတ္ႏိုင္ငံမ်ားကို ဒုံးပ်ံမ်ားျဖင့္ ျပန္လည္တိုက္ခိုက္ခဲ့ေသာ္လည္း၊ အေမရိကန္ဦးေဆာင္ေသာ ပူးေပါင္းတပ္ဖြဲ႕မ်ားက စစ္ပြဲ၏ အသာစီးရမႈကို ဆက္လက္ထိန္းထားဆဲျဖစ္သည္။
လက္ရွိတြင္ အီရန္၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ ေဒသတြင္းလုံၿခဳံေရးက စိုးရိမ္စရာ အေျခအေနသို႔ေရာက္ရွိေနၿပီး၊ အေမရိကန္အစိုးရက ၎တို႔၏ အက်ိဳးစီးပြားႏွင့္ မဟာမိတ္မ်ားကို ကာကြယ္ရန္အတြက္ ၿခိမ္းေျခာက္မႈမ်ား လုံးဝကင္းစင္သြားသည္အထိ စစ္ဆင္ေရးကို ဆက္လက္လုပ္ေဆာင္သြားမည္ဟု ဆိုသည္။ အေမရိကန္သမၼတက အီရန္ႏိုင္ငံအေပၚ ျပဳလုပ္သည့္စစ္ဆင္ေရးကာလသည္ သီတင္းပတ္ အနည္းဆုံး ၄ ပတ္၊ ၅ ပတ္ခန႔္ ၾကာျမင့္ႏိုင္ဖြယ္ရွိေနေၾကာင္း ထုတ္ေဖာ္ေျပာဆိုထားသည္။