နေပြည်တော်ရှိ လွှတ်တော်အဆောက်အအုံများကို ပြန်လည်ပြင်ဆင်မှု (၉၅) ရာခိုင်နှုန်းပြီးစီး

216

Pearl (NP News) - မတ် ၃
မန္တလေးငလျင်ကြီးကြောင့် နေပြည်တော် ကောင်စီနယ်မြေရှိ လွှတ်တော်အဆောက်အအုံများ လည်း ပျက်စီးမှုများဖြစ်ပေါ်ခဲ့ပြီးနောက် ကယ်ဆယ်ရေးလုပ်ငန်းများ၊ ပြန်လည်ပြင်ဆင်ခြင်းလုပ်ငန်းများ ကို ငလျင်ကြီးအပြီး စတင်ဆောင်ရွက်လာခဲ့ရာ လက်ရှိတွင် (၉၅)ရာခိုင်နှုန်းပြီးစီးပြီဖြစ်ကြောင်း လွှတ် တော် နှင့်နီးစပ်သူတစ်ဦးက NP News သို့ပြောသည်။
“ငလျင်လှုပ်ပြီးနောက်ရက်မှာတင် သက်ဆိုင်ရာအသီးသီးမှာ ပြန်ပြီးတော့ စုဖွဲ့ပြင်ဆင်ပြီး ပထမ တော့ပြောရမယ်ဆိုရင် ကယ်ဆယ်ရေးကဏ္ဍကို ဦးစားပေးပေါ့။ နောက်တစ်ခါ ပြန်လည်နေရာချထား ရေး၊ နောက်ပိုင်းကျတော့ပြုပြင်တည်ဆောက်ရေးတွေဆောင်ရွက်ခဲ့တာပေါ့။ အရင်ကတော့ ငလျင် ကြောင့် တခြားနေရာမှာ ပြောင်းရွှေ့ပြီး အလုပ်လုပ်ရတာပေါ့။ အခု ရာနှုန်းပြည့်နီးပါး(၉၅)ရာခိုင်နှုန်း လွှတ်တော် Building ကပြီးသွားပြီဆိုတော့ ရှေ့ တစ်ပတ်ထဲဆိုတက်ပြီလေ။ မူလနေရာမှာ ပြန်လည် တာဝန်ထမ်းဆောင်တော့မှာ။ အားလုံးပြီးစီးပြီဆိုတဲ့ အပိုင်းကိုရောက်ရှိသွားပြီး။ အဆောက်အအုံလည်း ပြီးစီးသွားပြီ”ဟု ပြောသည်။
တတိယအကြိမ် လွှတ်တော်အစည်းအဝေးများကို မတ်လ (၁၆)ရက်မှစတင်၍ ကျင်းပမည်ဖြစ် ရာ သက်ဆိုင်ရာ လွှတ်တော်အဆောက်အအုံများပြင် ဆင်မှုသည် လာမည့် မတ်လ ပထမပတ်တွင် ရာနှုန်း ပြည့်ပြီးစီးနိုင်ကြောင်းလည်းသိရသည်။
“ကျန်တဲ့(၅)ရာခိုင်နှုန်းဆိုတာက ကျန်တဲ့ လိုအပ်ချက်လေးတွေ ရှိကောင်းရှိနိုင်တာပေါ့။ တကယ် လုပ်ပြီကိုင်ပြီဆိုရင် လျှပ်စစ်မီး၊ ဘာညာပေါ့။ နေရာအဟောင်းမှာ ဒီဇိုင်းအသစ်တွေနဲ့ဆိုတော့လေ။ ဘာ ပဲပြောပြော လိုအပ်ချက်တွေ ရှိနိုင်သေးတယ်လေ။ ဥပမာ တံခါးပေါင်သော့ကအစ၊ လျှပ်စစ်မီးကအစ ပေါ့။ ဒါကြောင့် လိုရမည်ရ(၅)ရာခိုင်နှုန်းပေါ့။ တချို့လိုအပ်ချက်လေးတွေလည်းရှိနိုင်တာပေါ့နော်။ လွှတ် တော်အကုန်လုံးက တစ်ပြိုင်နက်တည်းပဲ။ မတ်လ ပထမပတ်လောက်ဆိုရင်တော့ ရာနှုန်းပြည့်ပြီးစီးသွား နိုင်တာပေါ့”ဟုပြောသည်။
တတိယအကြိမ် ပြည်သူ့လွှတ်တော်ပထမ ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ မတ်လ (၁၆) ရက်တွင်လည်းကောင်း၊ အမျိုးသားလွှတ်တော် ပထမ ပုံမှန်အစည်းအဝေးကို နေပြည်တော်၌ လာမည့် မတ်လ (၁၈)ရက်လည်းကောင်း၊ တိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော် ပထမပုံမှန်အစည်းအဝေးကို သက်ဆိုင်ရာတိုင်းဒေသကြီး (သို့) ပြည်နယ်လွှတ်တော်အသီးသီး၌ မတ်လ(၂၀)ရက်တွင် စတင်ကျင်းပမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version;
ေနျပည္ေတာ္ရွိ လႊတ္ေတာ္အေဆာက္အအုံမ်ားကို ျပန္လည္ျပင္ဆင္မႈ (၉၅) ရာခိုင္ႏႈန္းၿပီးစီး
Pearl (NP News) - မတ္ ၃
မႏၲေလးငလ်င္ႀကီးေၾကာင့္ ေနျပည္ေတာ္ ေကာင္စီနယ္ေျမရွိ လႊတ္ေတာ္အေဆာက္အအုံမ်ား လည္း ပ်က္စီးမႈမ်ားျဖစ္ေပၚခဲ့ၿပီးေနာက္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား၊ ျပန္လည္ျပင္ဆင္ျခင္းလုပ္ငန္းမ်ား ကို ငလ်င္ႀကီးအၿပီး စတင္ေဆာင္႐ြက္လာခဲ့ရာ လက္ရွိတြင္ (၉၅)ရာခိုင္ႏႈန္းၿပီးစီးၿပီျဖစ္ေၾကာင္း လႊတ္ ေတာ္ ႏွင့္နီးစပ္သူတစ္ဦးက NP News သို႔ေျပာသည္။
“ငလ်င္လႈပ္ၿပီးေနာက္ရက္မွာတင္ သက္ဆိုင္ရာအသီးသီးမွာ ျပန္ၿပီးေတာ့ စုဖြဲ႕ျပင္ဆင္ၿပီး ပထမ ေတာ့ေျပာရမယ္ဆိုရင္ ကယ္ဆယ္ေရးက႑ကို ဦးစားေပးေပါ့။ ေနာက္တစ္ခါ ျပန္လည္ေနရာခ်ထား ေရး၊ ေနာက္ပိုင္းက်ေတာ့ျပဳျပင္တည္ေဆာက္ေရးေတြေဆာင္႐ြက္ခဲ့တာေပါ့။ အရင္ကေတာ့ ငလ်င္ ေၾကာင့္ တျခားေနရာမွာ ေျပာင္းေ႐ႊ႕ၿပီး အလုပ္လုပ္ရတာေပါ့။ အခု ရာႏႈန္းျပည့္နီးပါး(၉၅)ရာခိုင္ႏႈန္း လႊတ္ေတာ္ Building ကၿပီးသြားၿပီဆိုေတာ့ ေရွ႕ တစ္ပတ္ထဲဆိုတက္ၿပီေလ။ မူလေနရာမွာ ျပန္လည္ တာဝန္ထမ္းေဆာင္ေတာ့မွာ။ အားလုံးၿပီးစီးၿပီဆိုတဲ့ အပိုင္းကိုေရာက္ရွိသြားၿပီး။ အေဆာက္အအုံလည္း ၿပီးစီးသြားၿပီ”ဟု ေျပာသည္။
တတိယအႀကိမ္ လႊတ္ေတာ္အစည္းအေဝးမ်ားကို မတ္လ (၁၆)ရက္မွစတင္၍ က်င္းပမည္ျဖစ္ ရာ သက္ဆိုင္ရာ လႊတ္ေတာ္အေဆာက္အအုံမ်ားျပင္ ဆင္မႈသည္ လာမည့္ မတ္လ ပထမပတ္တြင္ ရာႏႈန္း ျပည့္ၿပီးစီးႏိုင္ေၾကာင္းလည္းသိရသည္။
“က်န္တဲ့(၅)ရာခိုင္ႏႈန္းဆိုတာက က်န္တဲ့ လိုအပ္ခ်က္ေလးေတြ ရွိေကာင္းရွိႏိုင္တာေပါ့။ တကယ္ လုပ္ၿပီကိုင္ၿပီဆိုရင္ လွ်ပ္စစ္မီး၊ ဘာညာေပါ့။ ေနရာအေဟာင္းမွာ ဒီဇိုင္းအသစ္ေတြနဲ႔ဆိုေတာ့ေလ။ ဘာ ပဲေျပာေျပာ လိုအပ္ခ်က္ေတြ ရွိႏိုင္ေသးတယ္ေလ။ ဥပမာ တံခါးေပါင္ေသာ့ကအစ၊ လွ်ပ္စစ္မီးကအစ ေပါ့။ ဒါေၾကာင့္ လိုရမည္ရ(၅)ရာခိုင္ႏႈန္းေပါ့။ တခ်ိဳ႕လိုအပ္ခ်က္ေလးေတြလည္းရွိႏိုင္တာေပါ့ေနာ္။ လႊတ္ ေတာ္အကုန္လုံးက တစ္ၿပိဳင္နက္တည္းပဲ။ မတ္လ ပထမပတ္ေလာက္ဆိုရင္ေတာ့ ရာႏႈန္းျပည့္ၿပီးစီးသြား ႏိုင္တာေပါ့”ဟုေျပာသည္။
တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္ပထမ ပုံမွန္အစည္းအေဝးကို ေနျပည္ေတာ္၌ မတ္လ (၁၆) ရက္တြင္လည္းေကာင္း၊ အမ်ိဳးသားလႊတ္ေတာ္ ပထမ ပုံမွန္အစည္းအေဝးကို ေနျပည္ေတာ္၌ လာမည့္ မတ္လ (၁၈)ရက္လည္းေကာင္း၊ တိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္ ပထမပုံမွန္အစည္းအေဝးကို သက္ဆိုင္ရာတိုင္းေဒသႀကီး (သို႔) ျပည္နယ္လႊတ္ေတာ္အသီးသီး၌ မတ္လ(၂၀)ရက္တြင္ စတင္က်င္းပမည္ျဖစ္ေၾကာင္း သိရသည္။