ဆန်အိတ်များ အိမ်အရောက်ပို့ဆောင်ရောင်းချရာတွင် မတ်လအတွက် ဆန်အချို့ ဈေးအနည်းငယ် ပြောင်းလဲ

235

စော (NP News) - မတ် ၃
မြန်မာနိုင်ငံဆန်စပါးအသင်းချုပ် နှင့် မြန်မာနိုင်ငံဆန်စပါးကုန်သည်များအသင်းတို့ ပူးပေါင်း၍ ဆန် ဈေးနှုန်းများ တည်ငြိမ်မှန်ကန်စေရေးအတွက် ဆန်အိတ်များ အိမ်အရောက်ပို့ဆောင်စနစ်ဖြင့် ရောင်းချရာတွင် မတ်လအတွက် ဆန်အချို့ ဈေးအနည်းငယ် ပြောင်းလဲလာကြောင်း သိရသည်။
ထိုသို့ရောင်းချရန်အတွက် နိုဝင်ဘာလ (၂၆)ရက်က စတင်အော်ဒါကောက်ယူခဲ့ပြီး မတ်လအတွက် ရွှေဘိုပေါ်ဆန်း (၂၄)ပြည်တစ်အိတ်လျှင် (၁၆၅၀၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်း (ကြားပျံ) (၂၄)ပြည်တစ်အိတ်လျှင် (၁၄၀၀၀၀)ကျပ်၊ ဧရာဝတီပေါ်ဆန်း (နယ်စုံ) (၂၄)ပြည်တစ်အိတ်လျှင် (၁၁၂၀၀၀)ကျပ်၊ ရက် (၉၀) (၂၄)ပြည် တစ်အိတ်လျှင် (၇၅၀၀၀)ကျပ်၊ ဧည့်မထ (၁၅)မှတ် (၂၄)ပြည်တစ်အိတ်လျှင် (၅၆၀၀၀)ကျပ်တို့ဖြင့် ရောင်းချသွားမည်ဖြစ်ကြောင်း သိရသည်။
ပြီးခဲ့သည့် ဇန်ဝါရီလအချက်အလက်များအရ ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်ဟောင်းတစ်အိတ်လျှင် (၁၈၂ဝဝဝ) ကျပ်၊ ရွှေဘိုပေါ်ဆန်း (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၅၅၀၀၀)ကျပ်ဖြစ်ပြီး ဧရာဝတီ ပေါ် ဆန်း(ကြားပျံ) (၂၄)ပြည် ဆန်သစ်တစ်အိတ်လျှင် (၁၃၀ဝဝဝ)ကျပ်နှင့် ဧည့်မထ (၁၅)မှတ်(၂၄)ပြည်တစ်အိတ်လျှင် (၅၂ဝဝဝ)ကျပ်တို့ဖြင့် ရောင်းချခဲ့သည့်အတွက် ဆန်အချို့ ဈေးအနည်းငယ်တက်လာကြောင်း အချက်အလက်များအရ သိရသည်။
အဆိုပါ ဆန်များ ဝယ်ယူရန်အတွက် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်၏ ဖုန်းနံပါတ်များဖြစ်သော ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို့ ရုံးချိန်အတွင်းဆက်သွယ်နိုင်ပြီး မှာယူလိုသည့် ဆန်အမျိုးအစား၊ နေရပ်လိပ်စာ၊ ဆက်သွယ်ရမည့် ဖုန်းနံပါတ်တို့ကို SMS or Viber Message ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထိုသို့ပေးပို့ပြီးနောက် ဝယ်ယူသူထံသို့ အဆိုပါ ဖုန်းနံပါတ်များမှ ချက်ချင်းပြန်လည်ဆက်သွယ် မည်ဖြစ်၍ ယင်းဖုန်းနံပါတ်မှပြောသည့် KBZ pay နံပါတ်ကိုသာ ငွေကြိုပေးသွင်းရမည်ဖြစ်ပြီး ငွေသွင်း ပြီးစီးကြောင်းကို Viber သို့ ပေးပို့ရမည်ဖြစ်ကြောင်း သိရသည်။
ထို့နောက် ငွေပေးသွင်းသည့်နေ့မှစ၍ ရုံး ဖွင့်ရက် (၃)ရက်အတွင်း ပေးပို့ထားသည့်လိပ်စာများ အတိုင်း ဆန်များကို Delivery အခမဲ့ဖြင့် ပို့ဆောင်ပေးမည်ဖြစ်သော်လည်း အထပ်မြင့်သို့ပို့ဆောင်ရပါက ထိုက်သင့်သည့် ဝန်ဆောင်ခ ထပ်မံပေးရမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ အိမ်တိုင်ရာရောက်စနစ်အပြင် ကားဖြင့် ရပ်ကွက်များသို့ လှည့်လည်၍ အိတ်အသေး (10 Kg, 5 Kg) များ လိုက်လံရောင်းချပေးမှုများလည်း ရှိနေကြောင်း သိရသည်။

Zawgyi Version;
ဆန္အိတ္မ်ား အိမ္အေရာက္ပို႔ေဆာင္ေရာင္းခ်ရာတြင္ မတ္လအတြက္ ဆန္အခ်ိဳ႕ ေဈးအနည္းငယ္ ေျပာင္းလဲ
ေစာ (NP News) - မတ္ ၃
ျမန္မာႏိုင္ငံဆန္စပါးအသင္းခ်ဳပ္ ႏွင့္ ျမန္မာႏိုင္ငံဆန္စပါးကုန္သည္မ်ားအသင္းတို႔ ပူးေပါင္း၍ ဆန္ ေဈးႏႈန္းမ်ား တည္ၿငိမ္မွန္ကန္ေစေရးအတြက္ ဆန္အိတ္မ်ား အိမ္အေရာက္ပို႔ေဆာင္စနစ္ျဖင့္ ေရာင္းခ်ရာတြင္ မတ္လအတြက္ ဆန္အခ်ိဳ႕ ေဈးအနည္းငယ္ ေျပာင္းလဲလာေၾကာင္း သိရသည္။
ထိုသို႔ေရာင္းခ်ရန္အတြက္ ႏိုဝင္ဘာလ (၂၆)ရက္က စတင္ေအာ္ဒါေကာက္ယူခဲ့ၿပီး မတ္လအတြက္ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္တစ္အိတ္လွ်င္ (၁၆၅၀၀၀)က်ပ္၊ ဧရာဝတီေပၚဆန္း (ၾကားပ်ံ) (၂၄)ျပည္တစ္အိတ္လွ်င္ (၁၄၀၀၀၀)က်ပ္၊ ဧရာဝတီေပၚဆန္း (နယ္စုံ) (၂၄)ျပည္တစ္အိတ္လွ်င္ (၁၁၂၀၀၀)က်ပ္၊ ရက္ (၉၀) (၂၄)ျပည္ တစ္အိတ္လွ်င္ (၇၅၀၀၀)က်ပ္၊ ဧည့္မထ (၁၅)မွတ္ (၂၄)ျပည္တစ္အိတ္လွ်င္ (၅၆၀၀၀)က်ပ္တို႔ျဖင့္ ေရာင္းခ်သြားမည္ျဖစ္ေၾကာင္း သိရသည္။
ၿပီးခဲ့သည့္ ဇန္ဝါရီလအခ်က္အလက္မ်ားအရ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္ေဟာင္းတစ္အိတ္လွ်င္ (၁၈၂ဝဝဝ) က်ပ္၊ ေ႐ႊဘိုေပၚဆန္း (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၅၅၀၀၀)က်ပ္ျဖစ္ၿပီး ဧရာဝတီ ေပၚ ဆန္း(ၾကားပ်ံ) (၂၄)ျပည္ ဆန္သစ္တစ္အိတ္လွ်င္ (၁၃၀ဝဝဝ)က်ပ္ႏွင့္ ဧည့္မထ (၁၅)မွတ္(၂၄)ျပည္တစ္အိတ္လွ်င္ (၅၂ဝဝဝ)က်ပ္တို႔ျဖင့္ ေရာင္းခ်ခဲ့သည့္အတြက္ ဆန္အခ်ိဳ႕ ေဈးအနည္းငယ္တက္လာေၾကာင္း အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ ဆန္မ်ား ဝယ္ယူရန္အတြက္ ျမန္မာႏိုင္ငံ ဆန္စပါးအသင္းခ်ဳပ္၏ ဖုန္းနံပါတ္မ်ားျဖစ္ေသာ ဝ၉-၄၀ဝ၀၆၇၂၄၀၊ ဝ၉-၄၀ဝ၀၆၇၂၅၀၊ ဝ၉-၄၀ဝ၀၆၇၂၆၀ သို႔ ႐ုံးခ်ိန္အတြင္းဆက္သြယ္ႏိုင္ၿပီး မွာယူလိုသည့္ ဆန္အမ်ိဳးအစား၊ ေနရပ္လိပ္စာ၊ ဆက္သြယ္ရမည့္ ဖုန္းနံပါတ္တို႔ကို SMS or Viber Message ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေပးပို႔ၿပီးေနာက္ ဝယ္ယူသူထံသို႔ အဆိုပါ ဖုန္းနံပါတ္မ်ားမွ ခ်က္ခ်င္းျပန္လည္ဆက္သြယ္ မည္ျဖစ္၍ ယင္းဖုန္းနံပါတ္မွေျပာသည့္ KBZ pay နံပါတ္ကိုသာ ေငြႀကိဳေပးသြင္းရမည္ျဖစ္ၿပီး ေငြသြင္း ၿပီးစီးေၾကာင္းကို Viber သို႔ ေပးပို႔ရမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ေနာက္ ေငြေပးသြင္းသည့္ေန႔မွစ၍ ႐ုံး ဖြင့္ရက္ (၃)ရက္အတြင္း ေပးပို႔ထားသည့္လိပ္စာမ်ား အတိုင္း ဆန္မ်ားကို Delivery အခမဲ့ျဖင့္ ပို႔ေဆာင္ေပးမည္ျဖစ္ေသာ္လည္း အထပ္ျမင့္သို႔ပို႔ေဆာင္ရပါက ထိုက္သင့္သည့္ ဝန္ေဆာင္ခ ထပ္မံေပးရမည္ျဖစ္ေၾကာင္း သိရသည္။
အဆိုပါ အိမ္တိုင္ရာေရာက္စနစ္အျပင္ ကားျဖင့္ ရပ္ကြက္မ်ားသို႔ လွည့္လည္၍ အိတ္အေသး (10 Kg, 5 Kg) မ်ား လိုက္လံေရာင္းခ်ေပးမႈမ်ားလည္း ရွိေနေၾကာင္း သိရသည္။