ပုဂ္ဂလိကကျောင်းပညာရေးနဲ့ မြန်မာ့အနာဂတ်(၃)

 195

" ပညာရေးကဏ္ဍအတွက် အဂတိတိုက်ဖျက်ရေးအဖွဲ့လို အထူးအဖွဲ့တစ်ခုလောက် ဖွဲ့သင့်ပြီ "

စော (NP News) - မတ်လ ၄

နိုင်ငံတော်အစိုးရအနေဖြင့် ပုဂ္ဂလိက ပညာရေးနှင့်ပတ်သက်၍ အရည်အသွေးပြည့်မီအောင် မြှင့်တင်မှုများရှိသော်လည်း ပညာရေးဝန်ကြီးဌာနမှ အောက်ခြေဝန်ထမ်းများ၏ အကျင့်ပျက် ခြစားမှုများ၊ စီးပွားရေးသမားများမှ စီးပွားရေးဆန်ဆန် ဆောင်ရွက်လာမှုများကို ပုဂ္ဂလိကကျောင်း မှ ကျောင်းအုပ်ကြီးတစ်ဦးက NP News မှတစ်ဆင့် အကြံပြုဆွေးနွေးထား သည်ကို ဖော်ပြလိုက်ပါသည်။

မေး ။ ။ ဆရာတို့က သူတို့ကိုဖြေရင် Counter Qu­estion ရှိပြီးသား။ သူတို့က ဖြေတာနဲ့ ကျေနပ်သွာား ပေါ့။
ဆွေးနွေးဖော်။ Counter Qu­estion သူတို့က မလာ တော့ဘူး။ များများပြောတဲ့ စတုတ္ထမဏ္ဍိုင်ကို များများ သွားမှရမယ်။
မေး ။ ။ စစ်ဆေးရေးကာလက ဘယ်တော့ပြီးမှာလဲ။
ဆွေးနွေးဖော်။ ။ စစ်ဆေးရေးကာလက ဒီတစ်ပတ် လောက်ဆိုပြီးပြီ။ (၂)နှစ်က (၂၀၁၂)ခုနှစ်မှာလည်း ပေါ်ထားတဲ့ဥပဒေ။ ပြီးတော့ (၂၀၂၃)ခုနှစ်မှာပေါ် လာတယ်။ (၂၀၂၃)ခုနှစ် ပေါ်လာတဲ့အခါမှာ ကျောင်း တွေ အရည်အသွေးမြင့်မားဖို့အတွက် ပညာရေးဝန် ကြီးဌာနကမျှော်မှန်းတယ်။ မျှော်မှန်းပြီးတော့ ကျောင်း တွေကို ျှကေူင်ပ ဖြစ်အောင် (၂)နှစ် အချိန်ပေးတယ်။ ပြီးတဲ့အခါမှာ (၅)နှစ်ပဲပေးတော့မယ်။
မေး။ ။ ဥပဒေနာမည်ကျတော့ကော။
ဆွေးနွေးဖော်။ ။ ပုဂ္ဂလိက ပညာရေးဥပဒေပေါ့။
မေး။ ။ (၂၀၂၃)ကျတော့ (၂၀၁၂)ကို ဗားရှင်းအသစ်နဲ့ ပြန်ပြောင်းခဲ့တာလား။
ဆွေးနွေးဖော်။ ။ တချို့တွေတူတယ်။ တချို့တွေမတူ ဘူး။ တချို့ ဗားရှင်းတွေပြောင်းလာတာပေါ့။ ဥပမာ အခန်းတိုင်းတာတွေပြောင်းသွားတယ်။ တချို့အုပ် ချုပ်ပုံလေးတွေ ပြောင်းသွားတယ်။ အခုကျတော့ ခုန က ကျွန်တော်ပြောသလိုပေါ့။ ပြည်ထောင်စုမှာကျ တော့ ပြည်ထောင်စုအပိုင်း။ ရန်ကုန်တိုင်းကျရင် ရန် ကုန်တိုင်းတို့၊ မန္တလေးတိုင်းတို့ တိုင်းနဲ့ပြည်နယ်ဆိုရင် လူမှုရေးဝန်ကြီးသည် ဥက္ကဋ္ဌ၊ တိုင်းပညာရေးမှူးသည် အတွင်းရေးမှူး၊ ကျန်တဲ့ဟာ အဖွဲ့ဝင်။ ဗဟိုမှာကျ တော့ ပညာရေးဝန်ကြီးသည်ဥက္ကဋ္ဌ၊ အမြဲတမ်းအတွင်း ဝန်သည် အတွင်းရေးမှူး၊ ကျန်တာအားလုံးသည် အဖွဲ့ဝင်။ ဖွဲ့စည်းပုံကတော့ မတူတော့ဘူး။ ပြောင်း သွားတယ်။ အဲဒီလိုတွေရှိတယ်။
မေး။ ။ အဲဒီတော့ ဆရာပြောချင်တဲ့ဟာရဲ့အနှစ်ချုပ် ဆိုရင် ဘယ်လိုပဲ ဗျူရိုကရေစီယန္တရားမှာ သူတို့ဟာသူ တို့ အကျင့်ပျက်ခြစားပါစေ။ လူကိုမွေးထုတ်နေတဲ့ ပညာရေးဝန်ကြီးဌာနမှာတော့ မဖြစ်သင့်ဘူးဆိုတဲ့ဟာ။
ဆွေးနွေးဖော်။ ။ မဖြစ်သင့်ဘူး။ ကျန်တဲ့နေရာက နိုင်ငံရဲ့အဓိကမဏ္ဍိုင်တွေကို တိုက်ရိုက်မထိခိုက်နိုင် ဘူး။
မေး။ ။ ကျွန်တော်တို့မျိုးဆက်ပါ တုံးသွားနိုင်တဲ့အခြေ အနေပေါ့။
ဆွေးနွေးဖော်။ ။ ရှင်းရှင်းပြောရင် စိတ်ဓာတ်၊ စည်း ကမ်း၊ ပညာပေါ့။ ကျွန်တော်တို့မဏ္ဍိုင်က စိတ်ဓာတ် မကောင်းရင် စည်းကမ်းမကောင်းနိုင်ဘူး။ စိတ်ဓာတ် နဲ့စည်းကမ်းမကောင်းရင် ပညာမကောင်းနိုင်ဘူး။ ဥပ မာ ခုနကပြောသလိုပဲ လူကတော့ တော်နေတယ်။ ဆရာဝန် တော်သလားမမေးနဲ့၊ အင်ဂျင်နီယာ တော် သလားမမေးနဲ့။ ဆရာဝန်တစ်ယောက်ရဲ့ Ethic တွေ မရှိဘူး။ တော်တော့ တော်နေတယ်။ အင်ဂျင်နီယာ တွက်ချက်တာ၊ လမ်းခင်းတာတော့ကောင်းတယ်။ ခိုးနေရင် ဘယ်လိုလုပ်မလဲ။ လူတော်လူကောင်းက အရေးကြီးတယ်။ အဲဒါတွေကို ပညာရေးစနစ်ကနေ သွားမှရမယ်။ စိတ်ဓာတ်ကောင်းဖို့အတွက်ဆိုရင် ပညာရေးဌာနမှာရှိတဲ့ ဆရာ၊ ဆရာမတွေ ပညာရေးအ ရာရှိတွေအားလုံးကနေ ဘက်မလိုက်တဲ့လုပ်ငန်းတွေ လုပ်မှရသွားမယ်။ လာဘ်ပေးလာဘ်ယူမလုပ်မှရမှာ။ လုပ်လို့ကတော့ ဘယ်သူမှ ပြုပြင်ပြောင်းလဲလို့မရဘူး။ အခုဆိုရင် အဆောက်အအုံတွေကောင်းလာပြီလေ။ တကယ်ကောင်းလာတာ။ ကောင်းလားမေးလို့ ကြည့် ရင်တော့ ကောင်းတယ်။ ဆောက်ထားတဲ့အဆောက်အ အုံတွေကောင်းတယ်နော်။ အက်နေတာတွေအများ ကြီးပဲ ဘာကြောင့်လဲ။
မေး။ ။ တင်ဒါစနစ်မှာတင် အကျင့်ပျက်ခြစားမှုတွေ ရှိနေတာ။
ဆွေးနွေးဖော်။ ။ အဲဒီလိုမျိုးဖြစ်နေလို့ဆိုပြီး လက်ရှိ‌ ခေါင်းဆောင် ဘယ်သူပဲဖြစ်ဖြစ်ပေါ့။ တစ်ယောက် ယောက်က စစ်ဆင်ရေးတစ်ခုလို စစ်ဆေးရေးအဖွဲ့ ဖွဲ့လိုက်ရင်လည်း ခုက ဗျူရိုကရေစီစနစ်ကကောင် တွေက သွားပြီးတော့ ကျလိကျလိလုပ်ရင် အဲဒီစစ် ဆေးရေးအဖွဲ့ကလည်း ဒီလိုပဲဝင်သွားပြန်ရော။ စစ် ဆေးရေးအဖွဲ့မှာ ခေါင်းဆောင်က ပညာရေးပိုင်းလေ။ ပညာရေးပိုင်းဆိုလာပြီးတော့ ဟိုဟာဆို အေးဆေးနေ၊ တကယ်လည်း ထိုင်နေရတာပဲ။ အလုပ်သမားကလာ တဲ့òန်မှူးလည်း ထိုင်နေရတာပဲ။ သူတို့ကတော့ ရှင်း ရှင်းပြောရင် တချို့ကျတော့ ပညာရေးပိုင်းကျတော့ ဆရာ၊ ဆရာမတွေဆိုတော့ ဝင်မပြောရဲဘူး။မပြောချင် ဘူး။ ငါပြောလို့ မှားသွားမလား။ အရှက်တွေကွဲသွား မလားဆိုတဲ့ဟာတွေ ရှိနေတယ်။ ကြည့်လိုက်တာနဲ့ သိနေတယ်။
မေး။ ။ ဘယ်သူမဆို ဆရာ၊ ဆရာမဆိုရင် ကြောက်ရ တာပဲလေ။
ဆွေးနွေးဖော်။ ။ ရှင်းရှင်းပြောရရင် ကြောက်ရမှာမ ဟုတ်ဘူး။ Respect ထားပါ၊ ရိုသေပါ။ မကြောက် ပါနဲ့ သရဲမှမဟုတ်တာ။ ရှေ့က နမူနာလို့ပြောပေါ့။ အဂတိလိုက်စားမှုတိုက်ဖျက်ရေး ကော်မရှင်လိုပဲပေါ့။ အလုပ်ကောင်းကောင်းမလုပ်နိုင်ဘူးပေါ့။ ကျန်တဲ့ ကဏ္ဍတွေကို သတ်သတ်မလုပ်ပေးနိုင်တော့ရင် ပညာရေးကိုတော့ အဲဒီ အဂတိလိုက်စားမှုတိုက်ဖျက် ရေးကော်မရှင်လိုမျိုးလေ။ အထူးအဖွဲ့တစ်ခုလောက် ဖွဲ့ပြီးတော့ နောက်ကျမှ လိမ်ပိန်သွားတာ ထားလိုက် ပေါ့။ စစလုပ်ချင်းတစ်နှစ်လောက်တော့ ကောင်းမှာ ပေါ့။ အဲဒီတစ်နှစ်လောက်လေးမှာထွက်လာတဲ့ Out­put တွေကောင်းတယ်ဆိုရင်ပဲ လူကောင်းလေးတွေ တော့ထွက်လာမယ်ပေါ့။ ရှင်းရှင်းပြောရင် ဥပမာ ကျောင်းဆရာမ ကိုယ့်ရပ်ကွက်ထဲမှာလာသင်ရင် ဆယ်အိမ်မှူး ရာအိမ်မှူး ကတော့ သတင်းပို့ပြီးပြီပေါ့။ ဥပဒေနဲ့အညီ တရားစွဲသင့်တယ်။ လုပ်ကြည့်လိုက်ပါ လား။ ကျူရှင်မပြရဘူး။ ဥပဒေနဲ့ တရားဝင်ရှိနေတယ် လေ။ တရားဝင်အစိုးရကျောင်းဆရာ၊ ဆရာမ ကျူရှင် မပြရဘူးဆိုတဲ့ဥပဒေရှိနေတယ်။ ထပ်ပြီးတော့ လွတ် နေတာက ကျူရှင်ဆရာတွေ အခွန်လည်းမဆောင်ဘူး။ ကျောင်းလည်းမထောင်ဘူး။ သူ့တို့ကိုအုပ်ချုပ်မယ့်လူ မရှိဘူး။ ဆရာတို့တုန်းက လိုင်စင်တွေလုပ်ရတယ်။ စနစ်နဲ့ရှိတယ်။ ဗရမ်းဗတာဝင်လို့မရဘူး။ ကျူရှင် တွေက ဘာလဲဆိုရင် ကျောင်းချိန်တွေနဲ့တိုက်ပြီးတော့ ကျူရှင်ဖွင့်တာ။
မေး။ ။ ကျောင်းကဆင်းရင် သူ့ဆီလာ။
ဆွေးနွေးဖော် ။ ။ ပြောပြမယ်။ ဖွင့်တဲ့အခါကျတော့ ဒီကလေးတွေကို ဘာလုပ်လဲ။ Enroll လုပ်တယ်။ Enroll ဆိုတာ ကျောင်းမှာတော့ စာရင်းပေးထား တယ်။ ကျောင်းမတက်ဘူး။ ဘယ်မှာထားလဲဆိုတော့ ကျူရှင်ဆရာတွေဆီမှာ လာတက်ခိုင်းလိုက်တယ်။ လာတက်ခိုင်းလိုက်တဲ့အခါကျတော့ ပြဿနာတက် လာတာလေ။ ဒီကောင်တွေက ပိုက်ဆံရရင်ပြီးရော လေ။ သားတို့သမီးတို့နဲ့ ပြီးသွားတယ်။ ပြဿနာတွေ က ရန်တွေဖြစ်ကြ အဲဒါတွေသူတို့မသိဘူး။ စာရိတ္တတို့၊ ပြည်သူ့နီတိတို့မသင်ဘူး။ ပြည်သူ့နီတိကို ဆရာတို့ ပြဋ္ဌာန်းပေးထားတာရှိတယ်လေ။ ဘဝတစ်သက်တာ တို့ သင်ပေးတုန်းကပါတယ်။ စာမေးပွဲမှာလည်း ထည့် မေးတာ မသင်ဘူး။ သူတို့သင်တာ အင်္ဂလိပ်စာ၊ သင်္ချာ လောက်ပဲသင်တယ်။ သမိုင်းမသင်ဘူး၊ ပထဝီမသင် ဘူး။ ကလေးတွေကို လွှတ်ပေးထားတဲ့အခါကျတော့ အဲဒီကလေးတွေ ကြီးလာပြီလေ။ ကြီးလာတော့ ပြော ချင်တာတွေပြော၊ ဆိုချင်တာတွေဆို၊ လုပ်ချင်တာလုပ်။ အခုကြိုက်တာတစ်ခုရှိတယ်။ ဘာတွေပြဋ္ဌာန်းလိုက်ပြီ လဲဆိုရင် လာမယ့်နှစ်တွေမှာ ဥပဒေအရလုပ်ရမှာပါ။ ဥပဒေတွေသင်ခိုင်းပြီ။ ဥပမာ ဖွဲ့စည်းပုံအခြေခံဥပဒေ သင်ခိုင်းပြီ။ ပြစ်မှုဆိုင်ရာဥပဒေသင်ခိုင်းတယ်။ နောက်ပြီးတော့ ဗုဒ္ဓဘာသာဝင်အမျိုးသမီးများ ထိမ်း မြားခြင်းဆိုင်ရာကို သင်ခိုင်းတယ်။ ဒါလည်း ကောင်း တယ်လေ။ စောစောတည်းက မင်း မကြိုက်နဲ့ ကြိုက် ရင် ပြဿနာတက်မယ်လေ။ ကိုယ်ပေးနိုင်ရင်တော့ယူ မပေးနိုင်ရင်တော့မယူနဲ့။ အဲဒါတွေကို ပြဋ္ဌာန်းပြီးသင် ခိုင်းနေပြီ။ အခုကမသင်ဘူး။ ဆရာ၊ ဆရာမတွေပြော ချင်တဲ့သဘောက ကျူရှင်တွေက ဘာလုပ်လဲဆိုတော့ အင်္ဂလိပ်၊ သင်္ချာ၊ ရူပဗေဒ၊ ဓာတုဗေဒလောက်ပဲသင် တယ်။ နောက်တစ်ခုက အတန်းငယ်ဆိုရင် မြန်မာစာ၊ အင်္ဂလိပ်စာလောက်ပဲ။ မြန်မာစာတောင်မသင်တော့ ဘူး။ အင်္ဂလိပ်စာ၊ သင်္ချာလောက်ပဲသင်။ ကျောင်းသား တွေ Free Style ထားတဲ့အခါကျတော့ ဗလငါးတန် ဖွံ့ဖြိုးဖို့မလုပ်ဘူး။ ကျူရှင်ဆရာတွေကလည်း တိုင်း ပြည်ဖျက်ဆီးတဲ့အထဲမှာပါတယ်။ လုပ်ပါ။ ဖွင့်ပါ။ နိုင်ငံတော်ကသတ်မှတ်တဲ့ (၂)ဘာသာလား၊ (၃)ဘာ သာလား။ သင်ပါ။ သို့သော် ကျောင်းတွေကို Com­parison လုပ်ပြီးတော့ ကျောင်းချိန်လွတ်အောင်သင်။ ကလေးလည်းအကျိုးရှိမယ်။ ဒီမှာလည်းတက် ကျောင်းက ဆရာ၊ ဆရာမတွေလည်း Control လုပ် သင်။ သူ့ဆီမှာလည်းလာသင်။ မရတဲ့ဘာသာပဲသင် လေ။ ကျောင်းကြီးသဖွယ်လုပ်ပြီးသင်နေတာလေ။ အများကြီးပဲ။ သူတို့မှာ အခွန်မရှိဘူး။ ဆရာတို့ဆီမှာ အနန္တော အနန္တ ငါးပါးဆိုပြီးတော့လုပ်ထားတာ။ သင်္ကန်းရုံပြီးရင် ရှိခိုးသလိုပေါ့။ ဆရာဆိုရင် ဟုတ်ကဲ့ ဆိုပြီးတော့ အဲဒီလိုတွေဖြစ်ကုန်ရော။ တော်တော်များ များကပျက်စီးနေတာ ဘယ်လိုလုပ်ကြမလဲ။ ဘယ်သူ တွေတာဝန်ယူပြီးလုပ်ကြမလဲ။ အဖွဲ့လေးတစ်ဖွဲ့လုပ် ပြီး ဒါတွေကို ဘာရမလဲ။ အခြေခံဆိုလည်းအခြေခံပေါ့။ ဥပမာ ရပ်မိရပ်ဖတို့၊ ဆယ်အိမ်မှူး ရာအိမ်မှူးတွေတို့ ကိုင်တွယ်ပြီးတော့ ကိုယ့်လမ်းမကလူတွေ ရှိရင်ရှင်း။
မေး။ ။ အဲဒီကော်မရှင်တောင်မှ သက်တမ်းတိုတိုပဲ ထားရင်ကောင်းမယ်ထင်တယ်။ လှည့်လှည့်ပြီးတော့။
ဆွေးနွေးဖော်။ ။ ဟုတ်တယ်။ အရှည်ကြီးထားရင် ကြာတော့လည်း ခင်သွားတို့၊ ရိုးသွားတို့နော်။ စလာ တည်းက ဆရာ ဘာညာ။ မြန်မာစကားရှိတယ်လေ မျက်နှာနာတာ။ အဲဒါကဘာမှမဟုတ်ဘူး။ အမှန်တ ကယ်က လိမ်နေလို့ စကားရှောင်တာ။
မေး။ ။ ပုဂ္ဂလိကကျောင်းတွေ ပိုက်ဆံတိုးကောက်ဖို့ ပြင်နေတယ်လို့ကြားတယ်။ ဟုတ်ပါသလား။
ဆွေးနွေးဖော်။ ။ ပိုက်ဆံတိုးကောက်ဖို့ ဖြစ်နေတာ မဟုတ်ဘူး။ ကုန်ဈေးနှုန်းတက်တာကြောင့်ဈေးနှုန်း တက်လို့ တချို့ကျောင်းတွေလည်းတက်ကြတာ။ စရိတ်တွေလည်းရှိတယ်။ တစ်ကျောင်းနဲ့တစ်ကျောင်း သိပ်တော့မတူဘူးပေါ့။ ကျွန်တော်တို့ကျောင်းဆိုရင် ပြီးခဲ့တဲ့နှစ်ကဆိုရင် တစ်သောင်း တိုးကောက်တယ်။ တစ်လကို လချင်းပေးတာလေ။ ပိုက်ဆံတိုးကောက် တယ်ဆိုတော့ စဉ်းစားကြည့်လေ။
မေး။ ။ အတန်းတိုင်းပေါ့။
ဆွေးနွေးဖော်။ ။ အတန်းတိုင်းတော့မဟုတ်ဘူး။ KG နဲ့ Grade 1 ကိုတစ်သောင်းတိုးတယ်။Grade 2 က နေပြီးတော့ Grade 5 အထိကို တစ်သောင်းတိုးတယ်။ အဲဒီလိုတိုးတယ်။ ကြည့်တိုးရတာပေါ့။ တစ်ဝက်တိုး တာတို့ပေါ့။ ဒါပေမဲ့ တိုးကောက်တာအများဆုံးကInternational School ပဲ။ သူ့က စည်းမဲ့ကမ်းမဲ့ကို တိုးပြီး စည်းမဲ့ကမ်းမဲ့ကိုလုပ်တာ။ ကိုယ်ပိုင်ကျောင်းတွေ ထောင်မယ်။ ကိုယ်ပိုင်ကျောင်းတွေ ဆော်တယ်။ ဟိုဘက်ကိုမဆော်ဘူး။ ခုနကပြောတဲ့ Enroll ကိစ္စဆို တာ ကျောင်းမတက်ဘဲနဲ့ ကျောင်းတက်တာပေါ့နော်။ အဲဒါဘာကြောင့်ပေါ်လဲဆိုရင် ကျူရှင်ဆရာတွေ ကြောင့်ပေါ်တာ။
မေး။ ။ Enroll ကလုပ်လို့ရပါသလား။
ဆွေးနွေးဖော်။ ။ မရဘူးလေ။ Enroll လုပ်တဲ့ကျောင်း တွေဆိုရင် ဒီနှစ်ဆိုရင် (၁၅)ကျောင်းလောက်ရှိတယ်။ (၁၅)ကျောင်းမှာ (၅)ကျောင်းလောက်ကိုင်ပစ်လိုက် တာ။ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လိုင်စင်ပိတ်သိမ်း လိုက်တာ။ ရန်ကုန်ကျောင်းမှာဆိုရင် သုံးကျောင်း လောက်ပါသွားတယ်။
မေး။ ။ ပုဂ္ဂလိကကျောင်းကိုလား။
ဆွေးနွေးဖော်။ ။ ပုဂ္ဂလိကကျောင်း။ မရဘူး။ ဘယ်လို ဖြစ်လဲဆိုတဲ့အခါကျတော့ ကျောင်းမတက်ဘဲနဲ့ အိမ် မှာဝိုင်းဖွဲ့တာသော်လည်းကောင်း၊ ကျူရှင်က ကျောင်း ကဆရာတွေလုပ်တာသော်လည်းကောင်း ကျောင်း မတက်တော့ဘူး။
မေး။ ။ ပုဂ္ဂလိကကျောင်းကို အတန်းတက်နိုင်ဖို့ပဲအပ် တယ်။ အပြင်မှာကျူရှင်သင်တယ်။ ကျူရှင်နဲ့သွား တယ်။ ဒီကျောင်းကိုအပ်ထားတဲ့ဆိုတာ နှစ်တန်းပြီးရင် သုံးတန်းဖြစ်ချင်လို့လား။
ဆွေးနွေးဖော်။ ။ ဒါပေမဲ့ သို့သော် အဲဒီကျောင်းမှာ တ ကယ်တော့လာမတက်ဘူး။ လာမတက်ဘဲ ရှင်းရှင်း ပြောရင် တချို့ကျောင်းတွေကျတော့ ကျောင်းသားမရ ဘူး။ စီးပွားရေးသမားတွေဝင်တာ စောနက ပြောတာ ပေါ့။ ကျောင်းသားမရှိဘူး။ သူက အဲဒီလို ကျောင်းလာ မတက်တဲ့ကလေးတွေ ရှင်းရှင်းပြောရင် အပြင်သမား တွေနဲ့ဝိသမတွေနဲ့ပေါင်းပြီးတော့ စာရင်းပဲယူထား တာ၊ ပိုက်ဆံပဲယူထားတာ ကျောင်းသားတစ်ယောက် ကို (၅)သိန်း၊ (၁၀)သိန်း။ ကျောင်းသား တစ်ယောက် ကို (၁၀)သိန်းဆိုရင် အယောက်(၁၀ဝ)ဆိုရင် ပြီး သွားပြီ။ Facility ပေးစရာလည်းမလိုဘူး။ သင်စရာ လည်းမလိုဘူး။ ဆရာ၊ ဆရာမတွေလည်း ထားစရာ မလိုတော့ဘူးဆိုတော့ ရတယ်။ အဲဒီကျောင်‌းတွေကို ပုဂ္ဂလိကကျောင်းတွေလုပ်တော့ ပညာရေးဝန်ကြီးဌာန တွေ ကြပ်ကြပ်မတ်မတ်လိုက်ဆောင်ရွက်တဲ့အတွက် အခုတစ်လောမှာ တော်တော်လေးကင်းစင်သွားပြီ။ ကျန်တာက ဘယ်သူလဲဆိုရင် ဈေးကွက်က ဘယ်ကို ပြောင်းသွားလဲဆိုရင် အခြေခံပညာကျောင်းတွေ‌ ရောက်သွားရော။ ဆရာ၊ ဆရာမတွေ ကျောင်းအုပ် တွေဆီရောက်သွားရော။ ကျောင်းအုပ်တွေကလည်း သီတင်းကျွတ်ပြီးလာမတက်နဲ့ဆိုတာဖြစ်သွားရော။ ခံရရင် ပညာရေးဝန်ကြီးဌာနက ပုဂ္ဂလိကကျောင်းတွေ ပဲလာလာဆော်တာ။ ကိုယ်ပိုင်ကျောင်းတွေပဲလာလာ ဆော်တာ။ ကိုယ်ပိုင်ကျောင်းမှာ ကင်းစင်သလောက် ဖြစ်သွားပြီ။ ပိုပြီးတော့ ဈေးကွက်ပြောင်းသွာတာ။ အခြေခံပညာကို အဲဒီဗိုင်းရပ်စ် ကူးသွားတယ်။ အဓိကအရင်းအမြစ်က ရေသောက်မြစ်က ဘယ်သူ ကလုပ်တာလဲ ကျူရှင်ဆရာတွေ။ အဲဒီဈေးကွက်ကို သတ်ပစ်ရမှာ။ သတ်ပစ်မှ ဈေးကွက်ကပြတ်မှာ။ တစ်နည်းအားဖြင့် အကျင့်ပျက်တာပေါ့။ ကျူရှင်ဆရာ တွေဆို ခုနကပြောသလိုပဲပေါ့။ သင်သင့် သင်အပ်တဲ့ ဥပဒေတွေ ကျောင်းမှာပြဋ္ဌာန်းပြီလေ။ သင်ရိုးညွှန်း တမ်းကိုပြဋ္ဌာန်းတာနော်။ ပြည်သူ့နီတိ မသင်တော့ဘူး၊ ဖွံ့ဖြိုးရေးဘာသာရပ်တွေ မသင်တော့ဘူး၊ စာရိတ္တမ သင်တော့ဘူး။ အဲဒီကလေးတွေက ကျူရှင်လိုလို ဘာ လိုလိုနဲ့ အထိန်းအကွပ်မဲ့ပြီးတော့ ကြီးလေးသော ပြဿနာ ရန်ဖြစ်မှုတွေ၊ ပြဿာနာတက်မှုတွေပေါ် နေတာ။ ဒါပဲ။
မေး၊ ။ လိုင်းပေါ်မှာရော၊ ဆိုရှယ်မီဒီယာပေါ်မှာရော တွေ့နေတဲ့ ကလေးတွေ အုပ်စုဖွဲ့ရန်ဖြစ်တာတွေ၊ ကျောင်းသူငယ်ငယ်လေးတွေရန်ဖြစ်တာတွေ၊ ဖရု ဿဝါစပြောတာတွေက အခြေခံတွေက ဒီကလာတာ။
ဆွေးနွေးဖော်။ ။ ဆရာမတွေက သွန်သင်မဆုံးမ တဲ့အကြောင်းအရင်းကလည်း ကျူရှင်ဆရာ၊ ဆရာမ တွေလုပ်တာ။ တချို့ဆရာ၊ ဆရာမတွေက မရိုက်ဘူး။ မဆုံးမဘူး။

အခုလိုဖြေကြားဆွေးနွေးပေးတာ ကျေးဇူးတင်ပါတယ်။

Zawgyi Version;
ပုဂၢလိကေက်ာင္းပညာေရးနဲ႔ ျမန္မာ့အနာဂတ္(၃)

" ပညာေရးက႑အတြက္ အဂတိတိုက္ဖ်က္ေရးအဖြဲ႕လို အထူးအဖြဲ႕တစ္ခုေလာက္ ဖြဲ႕သင့္ၿပီ "

ေစာ (NP News) - မတ္လ ၄

ႏိုင္ငံေတာ္အစိုးရအေနျဖင့္ ပုဂၢလိက ပညာေရးႏွင့္ပတ္သက္၍ အရည္အေသြးျပည့္မီေအာင္ ျမႇင့္တင္မႈမ်ားရွိေသာ္လည္း ပညာေရးဝန္ႀကီးဌာနမွ ေအာက္ေျခဝန္ထမ္းမ်ား၏ အက်င့္ပ်က္ ျခစားမႈမ်ား၊ စီးပြားေရးသမားမ်ားမွ စီးပြားေရးဆန္ဆန္ ေဆာင္႐ြက္လာမႈမ်ားကို ပုဂၢလိကေက်ာင္း မွ ေက်ာင္းအုပ္ႀကီးတစ္ဦးက NP News မွတစ္ဆင့္ အႀကံျပဳေဆြးေႏြးထား သည္ကို ေဖာ္ျပလိုက္ပါသည္။

ေမး ။ ။ ဆရာတို႔က သူတို႔ကိုေျဖရင္ Counter Qu­estion ရွိၿပီးသား။ သူတို႔က ေျဖတာနဲ႔ ေက်နပ္သြာား ေပါ့။
ေဆြးေႏြးေဖာ္။ Counter Qu­estion သူတို႔က မလာ ေတာ့ဘူး။ မ်ားမ်ားေျပာတဲ့ စတုတၳမ႑ိဳင္ကို မ်ားမ်ား သြားမွရမယ္။
ေမး ။ ။ စစ္ေဆးေရးကာလက ဘယ္ေတာ့ၿပီးမွာလဲ။
ေဆြးေႏြးေဖာ္။ ။ စစ္ေဆးေရးကာလက ဒီတစ္ပတ္ ေလာက္ဆိုၿပီးၿပီ။ (၂)ႏွစ္က (၂၀၁၂)ခုႏွစ္မွာလည္း ေပၚထားတဲ့ဥပေဒ။ ၿပီးေတာ့ (၂၀၂၃)ခုႏွစ္မွာေပၚ လာတယ္။ (၂၀၂၃)ခုႏွစ္ ေပၚလာတဲ့အခါမွာ ေက်ာင္း ေတြ အရည္အေသြးျမင့္မားဖို႔အတြက္ ပညာေရးဝန္ ႀကီးဌာနကေမွ်ာ္မွန္းတယ္။ ေမွ်ာ္မွန္းၿပီးေတာ့ ေက်ာင္း ေတြကို ွ်ေကူင္ပ ျဖစ္ေအာင္ (၂)ႏွစ္ အခ်ိန္ေပးတယ္။ ၿပီးတဲ့အခါမွာ (၅)ႏွစ္ပဲေပးေတာ့မယ္။
ေမး။ ။ ဥပေဒနာမည္က်ေတာ့ေကာ။
ေဆြးေႏြးေဖာ္။ ။ ပုဂၢလိက ပညာေရးဥပေဒေပါ့။
ေမး။ ။ (၂၀၂၃)က်ေတာ့ (၂၀၁၂)ကို ဗားရွင္းအသစ္နဲ႔ ျပန္ေျပာင္းခဲ့တာလား။
ေဆြးေႏြးေဖာ္။ ။ တခ်ိဳ႕ေတြတူတယ္။ တခ်ိဳ႕ေတြမတူ ဘူး။ တခ်ိဳ႕ ဗားရွင္းေတြေျပာင္းလာတာေပါ့။ ဥပမာ အခန္းတိုင္းတာေတြေျပာင္းသြားတယ္။ တခ်ိဳ႕အုပ္ ခ်ဳပ္ပုံေလးေတြ ေျပာင္းသြားတယ္။ အခုက်ေတာ့ ခုန က ကြၽန္ေတာ္ေျပာသလိုေပါ့။ ျပည္ေထာင္စုမွာက် ေတာ့ ျပည္ေထာင္စုအပိုင္း။ ရန္ကုန္တိုင္းက်ရင္ ရန္ ကုန္တိုင္းတို႔၊ မႏၲေလးတိုင္းတို႔ တိုင္းနဲ႔ျပည္နယ္ဆိုရင္ လူမႈေရးဝန္ႀကီးသည္ ဥကၠ႒၊ တိုင္းပညာေရးမႉးသည္ အတြင္းေရးမႉး၊ က်န္တဲ့ဟာ အဖြဲ႕ဝင္။ ဗဟိုမွာက် ေတာ့ ပညာေရးဝန္ႀကီးသည္ဥကၠ႒၊ အၿမဲတမ္းအတြင္း ဝန္သည္ အတြင္းေရးမႉး၊ က်န္တာအားလုံးသည္ အဖြဲ႕ဝင္။ ဖြဲ႕စည္းပုံကေတာ့ မတူေတာ့ဘူး။ ေျပာင္း သြားတယ္။ အဲဒီလိုေတြရွိတယ္။
ေမး။ ။ အဲဒီေတာ့ ဆရာေျပာခ်င္တဲ့ဟာရဲ႕အႏွစ္ခ်ဳပ္ ဆိုရင္ ဘယ္လိုပဲ ဗ်ဴ႐ိုကေရစီယႏၲရားမွာ သူတို႔ဟာသူ တို႔ အက်င့္ပ်က္ျခစားပါေစ။ လူကိုေမြးထုတ္ေနတဲ့ ပညာေရးဝန္ႀကီးဌာနမွာေတာ့ မျဖစ္သင့္ဘူးဆိုတဲ့ဟာ။
ေဆြးေႏြးေဖာ္။ ။ မျဖစ္သင့္ဘူး။ က်န္တဲ့ေနရာက ႏိုင္ငံရဲ႕အဓိကမ႑ိဳင္ေတြကို တိုက္႐ိုက္မထိခိုက္ႏိုင္ ဘူး။
ေမး။ ။ ကြၽန္ေတာ္တို႔မ်ိဳးဆက္ပါ တုံးသြားႏိုင္တဲ့အေျခ အေနေပါ့။
ေဆြးေႏြးေဖာ္။ ။ ရွင္းရွင္းေျပာရင္ စိတ္ဓာတ္၊ စည္း ကမ္း၊ ပညာေပါ့။ ကြၽန္ေတာ္တို႔မ႑ိဳင္က စိတ္ဓာတ္ မေကာင္းရင္ စည္းကမ္းမေကာင္းႏိုင္ဘူး။ စိတ္ဓာတ္ နဲ႔စည္းကမ္းမေကာင္းရင္ ပညာမေကာင္းႏိုင္ဘူး။ ဥပ မာ ခုနကေျပာသလိုပဲ လူကေတာ့ ေတာ္ေနတယ္။ ဆရာဝန္ ေတာ္သလားမေမးနဲ႔၊ အင္ဂ်င္နီယာ ေတာ္ သလားမေမးနဲ႔။ ဆရာဝန္တစ္ေယာက္ရဲ႕ Ethic ေတြ မရွိဘူး။ ေတာ္ေတာ့ ေတာ္ေနတယ္။ အင္ဂ်င္နီယာ တြက္ခ်က္တာ၊ လမ္းခင္းတာေတာ့ေကာင္းတယ္။ ခိုးေနရင္ ဘယ္လိုလုပ္မလဲ။ လူေတာ္လူေကာင္းက အေရးႀကီးတယ္။ အဲဒါေတြကို ပညာေရးစနစ္ကေန သြားမွရမယ္။ စိတ္ဓာတ္ေကာင္းဖို႔အတြက္ဆိုရင္ ပညာေရးဌာနမွာရွိတဲ့ ဆရာ၊ ဆရာမေတြ ပညာေရးအ ရာရွိေတြအားလုံးကေန ဘက္မလိုက္တဲ့လုပ္ငန္းေတြ လုပ္မွရသြားမယ္။ လာဘ္ေပးလာဘ္ယူမလုပ္မွရမွာ။ လုပ္လို႔ကေတာ့ ဘယ္သူမွ ျပဳျပင္ေျပာင္းလဲလို႔မရဘူး။ အခုဆိုရင္ အေဆာက္အအုံေတြေကာင္းလာၿပီေလ။ တကယ္ေကာင္းလာတာ။ ေကာင္းလားေမးလို႔ ၾကည့္ ရင္ေတာ့ ေကာင္းတယ္။ ေဆာက္ထားတဲ့အေဆာက္အ အုံေတြေကာင္းတယ္ေနာ္။ အက္ေနတာေတြအမ်ား ႀကီးပဲ ဘာေၾကာင့္လဲ။
ေမး။ ။ တင္ဒါစနစ္မွာတင္ အက်င့္ပ်က္ျခစားမႈေတြ ရွိေနတာ။
ေဆြးေႏြးေဖာ္။ ။ အဲဒီလိုမ်ိဳးျဖစ္ေနလို႔ဆိုၿပီး လက္ရွိ‌ ေခါင္းေဆာင္ ဘယ္သူပဲျဖစ္ျဖစ္ေပါ့။ တစ္ေယာက္ ေယာက္က စစ္ဆင္ေရးတစ္ခုလို စစ္ေဆးေရးအဖြဲ႕ ဖြဲ႕လိုက္ရင္လည္း ခုက ဗ်ဴ႐ိုကေရစီစနစ္ကေကာင္ ေတြက သြားၿပီးေတာ့ က်လိက်လိလုပ္ရင္ အဲဒီစစ္ ေဆးေရးအဖြဲ႕ကလည္း ဒီလိုပဲဝင္သြားျပန္ေရာ။ စစ္ ေဆးေရးအဖြဲ႕မွာ ေခါင္းေဆာင္က ပညာေရးပိုင္းေလ။ ပညာေရးပိုင္းဆိုလာၿပီးေတာ့ ဟိုဟာဆို ေအးေဆးေန၊ တကယ္လည္း ထိုင္ေနရတာပဲ။ အလုပ္သမားကလာ တဲ့òန္မႉးလည္း ထိုင္ေနရတာပဲ။ သူတို႔ကေတာ့ ရွင္း ရွင္းေျပာရင္ တခ်ိဳ႕က်ေတာ့ ပညာေရးပိုင္းက်ေတာ့ ဆရာ၊ ဆရာမေတြဆိုေတာ့ ဝင္မေျပာရဲဘူး။မေျပာခ်င္ ဘူး။ ငါေျပာလို႔ မွားသြားမလား။ အရွက္ေတြကြဲသြား မလားဆိုတဲ့ဟာေတြ ရွိေနတယ္။ ၾကည့္လိုက္တာနဲ႔ သိေနတယ္။
ေမး။ ။ ဘယ္သူမဆို ဆရာ၊ ဆရာမဆိုရင္ ေၾကာက္ရ တာပဲေလ။
ေဆြးေႏြးေဖာ္။ ။ ရွင္းရွင္းေျပာရရင္ ေၾကာက္ရမွာမ ဟုတ္ဘူး။ Respect ထားပါ၊ ႐ိုေသပါ။ မေၾကာက္ ပါနဲ႔ သရဲမွမဟုတ္တာ။ ေရွ႕က နမူနာလို႔ေျပာေပါ့။ အဂတိလိုက္စားမႈတိုက္ဖ်က္ေရး ေကာ္မရွင္လိုပဲေပါ့။ အလုပ္ေကာင္းေကာင္းမလုပ္ႏိုင္ဘူးေပါ့။ က်န္တဲ့ က႑ေတြကို သတ္သတ္မလုပ္ေပးႏိုင္ေတာ့ရင္ ပညာေရးကိုေတာ့ အဲဒီ အဂတိလိုက္စားမႈတိုက္ဖ်က္ ေရးေကာ္မရွင္လိုမ်ိဳးေလ။ အထူးအဖြဲ႕တစ္ခုေလာက္ ဖြဲ႕ၿပီးေတာ့ ေနာက္က်မွ လိမ္ပိန္သြားတာ ထားလိုက္ ေပါ့။ စစလုပ္ခ်င္းတစ္ႏွစ္ေလာက္ေတာ့ ေကာင္းမွာ ေပါ့။ အဲဒီတစ္ႏွစ္ေလာက္ေလးမွာထြက္လာတဲ့ Out­put ေတြေကာင္းတယ္ဆိုရင္ပဲ လူေကာင္းေလးေတြ ေတာ့ထြက္လာမယ္ေပါ့။ ရွင္းရွင္းေျပာရင္ ဥပမာ ေက်ာင္းဆရာမ ကိုယ့္ရပ္ကြက္ထဲမွာလာသင္ရင္ ဆယ္အိမ္မႉး ရာအိမ္မႉး ကေတာ့ သတင္းပို႔ၿပီးၿပီေပါ့။ ဥပေဒနဲ႔အညီ တရားစြဲသင့္တယ္။ လုပ္ၾကည့္လိုက္ပါ လား။ က်ဴရွင္မျပရဘူး။ ဥပေဒနဲ႔ တရားဝင္ရွိေနတယ္ ေလ။ တရားဝင္အစိုးရေက်ာင္းဆရာ၊ ဆရာမ က်ဴရွင္ မျပရဘူးဆိုတဲ့ဥပေဒရွိေနတယ္။ ထပ္ၿပီးေတာ့ လြတ္ ေနတာက က်ဴရွင္ဆရာေတြ အခြန္လည္းမေဆာင္ဘူး။ ေက်ာင္းလည္းမေထာင္ဘူး။ သူ႔တို႔ကိုအုပ္ခ်ဳပ္မယ့္လူ မရွိဘူး။ ဆရာတို႔တုန္းက လိုင္စင္ေတြလုပ္ရတယ္။ စနစ္နဲ႔ရွိတယ္။ ဗရမ္းဗတာဝင္လို႔မရဘူး။ က်ဴရွင္ ေတြက ဘာလဲဆိုရင္ ေက်ာင္းခ်ိန္ေတြနဲ႔တိုက္ၿပီးေတာ့ က်ဴရွင္ဖြင့္တာ။
ေမး။ ။ ေက်ာင္းကဆင္းရင္ သူ႔ဆီလာ။
ေဆြးေႏြးေဖာ္ ။ ။ ေျပာျပမယ္။ ဖြင့္တဲ့အခါက်ေတာ့ ဒီကေလးေတြကို ဘာလုပ္လဲ။ Enroll လုပ္တယ္။ Enroll ဆိုတာ ေက်ာင္းမွာေတာ့ စာရင္းေပးထား တယ္။ ေက်ာင္းမတက္ဘူး။ ဘယ္မွာထားလဲဆိုေတာ့ က်ဴရွင္ဆရာေတြဆီမွာ လာတက္ခိုင္းလိုက္တယ္။ လာတက္ခိုင္းလိုက္တဲ့အခါက်ေတာ့ ျပႆနာတက္ လာတာေလ။ ဒီေကာင္ေတြက ပိုက္ဆံရရင္ၿပီးေရာ ေလ။ သားတို႔သမီးတို႔နဲ႔ ၿပီးသြားတယ္။ ျပႆနာေတြ က ရန္ေတြျဖစ္ၾက အဲဒါေတြသူတို႔မသိဘူး။ စာရိတၱတို႔၊ ျပည္သူ႔နီတိတို႔မသင္ဘူး။ ျပည္သူ႔နီတိကို ဆရာတို႔ ျပ႒ာန္းေပးထားတာရွိတယ္ေလ။ ဘဝတစ္သက္တာ တို႔ သင္ေပးတုန္းကပါတယ္။ စာေမးပြဲမွာလည္း ထည့္ ေမးတာ မသင္ဘူး။ သူတို႔သင္တာ အဂၤလိပ္စာ၊ သခ်ၤာ ေလာက္ပဲသင္တယ္။ သမိုင္းမသင္ဘူး၊ ပထဝီမသင္ ဘူး။ ကေလးေတြကို လႊတ္ေပးထားတဲ့အခါက်ေတာ့ အဲဒီကေလးေတြ ႀကီးလာၿပီေလ။ ႀကီးလာေတာ့ ေျပာ ခ်င္တာေတြေျပာ၊ ဆိုခ်င္တာေတြဆို၊ လုပ္ခ်င္တာလုပ္။ အခုႀကိဳက္တာတစ္ခုရွိတယ္။ ဘာေတြျပ႒ာန္းလိုက္ၿပီ လဲဆိုရင္ လာမယ့္ႏွစ္ေတြမွာ ဥပေဒအရလုပ္ရမွာပါ။ ဥပေဒေတြသင္ခိုင္းၿပီ။ ဥပမာ ဖြဲ႕စည္းပုံအေျခခံဥပေဒ သင္ခိုင္းၿပီ။ ျပစ္မႈဆိုင္ရာဥပေဒသင္ခိုင္းတယ္။ ေနာက္ၿပီးေတာ့ ဗုဒၶဘာသာဝင္အမ်ိဳးသမီးမ်ား ထိမ္း ျမားျခင္းဆိုင္ရာကို သင္ခိုင္းတယ္။ ဒါလည္း ေကာင္း တယ္ေလ။ ေစာေစာတည္းက မင္း မႀကိဳက္နဲ႔ ႀကိဳက္ ရင္ ျပႆနာတက္မယ္ေလ။ ကိုယ္ေပးႏိုင္ရင္ေတာ့ယူ မေပးႏိုင္ရင္ေတာ့မယူနဲ႔။ အဲဒါေတြကို ျပ႒ာန္းၿပီးသင္ ခိုင္းေနၿပီ။ အခုကမသင္ဘူး။ ဆရာ၊ ဆရာမေတြေျပာ ခ်င္တဲ့သေဘာက က်ဴရွင္ေတြက ဘာလုပ္လဲဆိုေတာ့ အဂၤလိပ္၊ သခ်ၤာ၊ ႐ူပေဗဒ၊ ဓာတုေဗဒေလာက္ပဲသင္ တယ္။ ေနာက္တစ္ခုက အတန္းငယ္ဆိုရင္ ျမန္မာစာ၊ အဂၤလိပ္စာေလာက္ပဲ။ ျမန္မာစာေတာင္မသင္ေတာ့ ဘူး။ အဂၤလိပ္စာ၊ သခ်ၤာေလာက္ပဲသင္။ ေက်ာင္းသား ေတြ Free Style ထားတဲ့အခါက်ေတာ့ ဗလငါးတန္ ဖြံ႕ၿဖိဳးဖို႔မလုပ္ဘူး။ က်ဴရွင္ဆရာေတြကလည္း တိုင္း ျပည္ဖ်က္ဆီးတဲ့အထဲမွာပါတယ္။ လုပ္ပါ။ ဖြင့္ပါ။ ႏိုင္ငံေတာ္ကသတ္မွတ္တဲ့ (၂)ဘာသာလား၊ (၃)ဘာ သာလား။ သင္ပါ။ သို႔ေသာ္ ေက်ာင္းေတြကို Com­parison လုပ္ၿပီးေတာ့ ေက်ာင္းခ်ိန္လြတ္ေအာင္သင္။ ကေလးလည္းအက်ိဳးရွိမယ္။ ဒီမွာလည္းတက္ ေက်ာင္းက ဆရာ၊ ဆရာမေတြလည္း Control လုပ္ သင္။ သူ႔ဆီမွာလည္းလာသင္။ မရတဲ့ဘာသာပဲသင္ ေလ။ ေက်ာင္းႀကီးသဖြယ္လုပ္ၿပီးသင္ေနတာေလ။ အမ်ားႀကီးပဲ။ သူတို႔မွာ အခြန္မရွိဘူး။ ဆရာတို႔ဆီမွာ အနေႏၲာ အနႏၲ ငါးပါးဆိုၿပီးေတာ့လုပ္ထားတာ။ သကၤန္း႐ုံၿပီးရင္ ရွိခိုးသလိုေပါ့။ ဆရာဆိုရင္ ဟုတ္ကဲ့ ဆိုၿပီးေတာ့ အဲဒီလိုေတြျဖစ္ကုန္ေရာ။ ေတာ္ေတာ္မ်ား မ်ားကပ်က္စီးေနတာ ဘယ္လိုလုပ္ၾကမလဲ။ ဘယ္သူ ေတြတာဝန္ယူၿပီးလုပ္ၾကမလဲ။ အဖြဲ႕ေလးတစ္ဖြဲ႕လုပ္ ၿပီး ဒါေတြကို ဘာရမလဲ။ အေျခခံဆိုလည္းအေျခခံေပါ့။ ဥပမာ ရပ္မိရပ္ဖတို႔၊ ဆယ္အိမ္မႉး ရာအိမ္မႉးေတြတို႔ ကိုင္တြယ္ၿပီးေတာ့ ကိုယ့္လမ္းမကလူေတြ ရွိရင္ရွင္း။
ေမး။ ။ အဲဒီေကာ္မရွင္ေတာင္မွ သက္တမ္းတိုတိုပဲ ထားရင္ေကာင္းမယ္ထင္တယ္။ လွည့္လွည့္ၿပီးေတာ့။
ေဆြးေႏြးေဖာ္။ ။ ဟုတ္တယ္။ အရွည္ႀကီးထားရင္ ၾကာေတာ့လည္း ခင္သြားတို႔၊ ႐ိုးသြားတို႔ေနာ္။ စလာ တည္းက ဆရာ ဘာညာ။ ျမန္မာစကားရွိတယ္ေလ မ်က္ႏွာနာတာ။ အဲဒါကဘာမွမဟုတ္ဘူး။ အမွန္တ ကယ္က လိမ္ေနလို႔ စကားေရွာင္တာ။
ေမး။ ။ ပုဂၢလိကေက်ာင္းေတြ ပိုက္ဆံတိုးေကာက္ဖို႔ ျပင္ေနတယ္လို႔ၾကားတယ္။ ဟုတ္ပါသလား။
ေဆြးေႏြးေဖာ္။ ။ ပိုက္ဆံတိုးေကာက္ဖို႔ ျဖစ္ေနတာ မဟုတ္ဘူး။ ကုန္ေဈးႏႈန္းတက္တာေၾကာင့္ေဈးႏႈန္း တက္လို႔ တခ်ိဳ႕ေက်ာင္းေတြလည္းတက္ၾကတာ။ စရိတ္ေတြလည္းရွိတယ္။ တစ္ေက်ာင္းနဲ႔တစ္ေက်ာင္း သိပ္ေတာ့မတူဘူးေပါ့။ ကြၽန္ေတာ္တို႔ေက်ာင္းဆိုရင္ ၿပီးခဲ့တဲ့ႏွစ္ကဆိုရင္ တစ္ေသာင္း တိုးေကာက္တယ္။ တစ္လကို လခ်င္းေပးတာေလ။ ပိုက္ဆံတိုးေကာက္ တယ္ဆိုေတာ့ စဥ္းစားၾကည့္ေလ။
ေမး။ ။ အတန္းတိုင္းေပါ့။
ေဆြးေႏြးေဖာ္။ ။ အတန္းတိုင္းေတာ့မဟုတ္ဘူး။ KG နဲ႔ Grade 1 ကိုတစ္ေသာင္းတိုးတယ္။Grade 2 က ေနၿပီးေတာ့ Grade 5 အထိကို တစ္ေသာင္းတိုးတယ္။ အဲဒီလိုတိုးတယ္။ ၾကည့္တိုးရတာေပါ့။ တစ္ဝက္တိုး တာတို႔ေပါ့။ ဒါေပမဲ့ တိုးေကာက္တာအမ်ားဆုံးကInternational School ပဲ။ သူ႔က စည္းမဲ့ကမ္းမဲ့ကို တိုးၿပီး စည္းမဲ့ကမ္းမဲ့ကိုလုပ္တာ။ ကိုယ္ပိုင္ေက်ာင္းေတြ ေထာင္မယ္။ ကိုယ္ပိုင္ေက်ာင္းေတြ ေဆာ္တယ္။ ဟိုဘက္ကိုမေဆာ္ဘူး။ ခုနကေျပာတဲ့ Enroll ကိစၥဆို တာ ေက်ာင္းမတက္ဘဲနဲ႔ ေက်ာင္းတက္တာေပါ့ေနာ္။ အဲဒါဘာေၾကာင့္ေပၚလဲဆိုရင္ က်ဴရွင္ဆရာေတြ ေၾကာင့္ေပၚတာ။
ေမး။ ။ Enroll ကလုပ္လို႔ရပါသလား။
ေဆြးေႏြးေဖာ္။ ။ မရဘူးေလ။ Enroll လုပ္တဲ့ေက်ာင္း ေတြဆိုရင္ ဒီႏွစ္ဆိုရင္ (၁၅)ေက်ာင္းေလာက္ရွိတယ္။ (၁၅)ေက်ာင္းမွာ (၅)ေက်ာင္းေလာက္ကိုင္ပစ္လိုက္ တာ။ တစ္ႏိုင္ငံလုံးအတိုင္းအတာနဲ႔ လိုင္စင္ပိတ္သိမ္း လိုက္တာ။ ရန္ကုန္ေက်ာင္းမွာဆိုရင္ သုံးေက်ာင္း ေလာက္ပါသြားတယ္။
ေမး။ ။ ပုဂၢလိကေက်ာင္းကိုလား။
ေဆြးေႏြးေဖာ္။ ။ ပုဂၢလိကေက်ာင္း။ မရဘူး။ ဘယ္လို ျဖစ္လဲဆိုတဲ့အခါက်ေတာ့ ေက်ာင္းမတက္ဘဲနဲ႔ အိမ္ မွာဝိုင္းဖြဲ႕တာေသာ္လည္းေကာင္း၊ က်ဴရွင္က ေက်ာင္း ကဆရာေတြလုပ္တာေသာ္လည္းေကာင္း ေက်ာင္း မတက္ေတာ့ဘူး။
ေမး။ ။ ပုဂၢလိကေက်ာင္းကို အတန္းတက္ႏိုင္ဖို႔ပဲအပ္ တယ္။ အျပင္မွာက်ဴရွင္သင္တယ္။ က်ဴရွင္နဲ႔သြား တယ္။ ဒီေက်ာင္းကိုအပ္ထားတဲ့ဆိုတာ ႏွစ္တန္းၿပီးရင္ သုံးတန္းျဖစ္ခ်င္လို႔လား။
ေဆြးေႏြးေဖာ္။ ။ ဒါေပမဲ့ သို႔ေသာ္ အဲဒီေက်ာင္းမွာ တ ကယ္ေတာ့လာမတက္ဘူး။ လာမတက္ဘဲ ရွင္းရွင္း ေျပာရင္ တခ်ိဳ႕ေက်ာင္းေတြက်ေတာ့ ေက်ာင္းသားမရ ဘူး။ စီးပြားေရးသမားေတြဝင္တာ ေစာနက ေျပာတာ ေပါ့။ ေက်ာင္းသားမရွိဘူး။ သူက အဲဒီလို ေက်ာင္းလာ မတက္တဲ့ကေလးေတြ ရွင္းရွင္းေျပာရင္ အျပင္သမား ေတြနဲ႔ဝိသမေတြနဲ႔ေပါင္းၿပီးေတာ့ စာရင္းပဲယူထား တာ၊ ပိုက္ဆံပဲယူထားတာ ေက်ာင္းသားတစ္ေယာက္ ကို (၅)သိန္း၊ (၁၀)သိန္း။ ေက်ာင္းသား တစ္ေယာက္ ကို (၁၀)သိန္းဆိုရင္ အေယာက္(၁၀ဝ)ဆိုရင္ ၿပီး သြားၿပီ။ Facility ေပးစရာလည္းမလိုဘူး။ သင္စရာ လည္းမလိုဘူး။ ဆရာ၊ ဆရာမေတြလည္း ထားစရာ မလိုေတာ့ဘူးဆိုေတာ့ ရတယ္။ အဲဒီေက်ာင္‌းေတြကို ပုဂၢလိကေက်ာင္းေတြလုပ္ေတာ့ ပညာေရးဝန္ႀကီးဌာန ေတြ ၾကပ္ၾကပ္မတ္မတ္လိုက္ေဆာင္႐ြက္တဲ့အတြက္ အခုတစ္ေလာမွာ ေတာ္ေတာ္ေလးကင္းစင္သြားၿပီ။ က်န္တာက ဘယ္သူလဲဆိုရင္ ေဈးကြက္က ဘယ္ကို ေျပာင္းသြားလဲဆိုရင္ အေျခခံပညာေက်ာင္းေတြ‌ ေရာက္သြားေရာ။ ဆရာ၊ ဆရာမေတြ ေက်ာင္းအုပ္ ေတြဆီေရာက္သြားေရာ။ ေက်ာင္းအုပ္ေတြကလည္း သီတင္းကြၽတ္ၿပီးလာမတက္နဲ႔ဆိုတာျဖစ္သြားေရာ။ ခံရရင္ ပညာေရးဝန္ႀကီးဌာနက ပုဂၢလိကေက်ာင္းေတြ ပဲလာလာေဆာ္တာ။ ကိုယ္ပိုင္ေက်ာင္းေတြပဲလာလာ ေဆာ္တာ။ ကိုယ္ပိုင္ေက်ာင္းမွာ ကင္းစင္သေလာက္ ျဖစ္သြားၿပီ။ ပိုၿပီးေတာ့ ေဈးကြက္ေျပာင္းသြာတာ။ အေျခခံပညာကို အဲဒီဗိုင္းရပ္စ္ ကူးသြားတယ္။ အဓိကအရင္းအျမစ္က ေရေသာက္ျမစ္က ဘယ္သူ ကလုပ္တာလဲ က်ဴရွင္ဆရာေတြ။ အဲဒီေဈးကြက္ကို သတ္ပစ္ရမွာ။ သတ္ပစ္မွ ေဈးကြက္ကျပတ္မွာ။ တစ္နည္းအားျဖင့္ အက်င့္ပ်က္တာေပါ့။ က်ဴရွင္ဆရာ ေတြဆို ခုနကေျပာသလိုပဲေပါ့။ သင္သင့္ သင္အပ္တဲ့ ဥပေဒေတြ ေက်ာင္းမွာျပ႒ာန္းၿပီေလ။ သင္႐ိုးၫႊန္း တမ္းကိုျပ႒ာန္းတာေနာ္။ ျပည္သူ႔နီတိ မသင္ေတာ့ဘူး၊ ဖြံ႕ၿဖိဳးေရးဘာသာရပ္ေတြ မသင္ေတာ့ဘူး၊ စာရိတၱမ သင္ေတာ့ဘူး။ အဲဒီကေလးေတြက က်ဴရွင္လိုလို ဘာ လိုလိုနဲ႔ အထိန္းအကြပ္မဲ့ၿပီးေတာ့ ႀကီးေလးေသာ ျပႆနာ ရန္ျဖစ္မႈေတြ၊ ျပႆာနာတက္မႈေတြေပၚ ေနတာ။ ဒါပဲ။
ေမး၊ ။ လိုင္းေပၚမွာေရာ၊ ဆိုရွယ္မီဒီယာေပၚမွာေရာ ေတြ႕ေနတဲ့ ကေလးေတြ အုပ္စုဖြဲ႕ရန္ျဖစ္တာေတြ၊ ေက်ာင္းသူငယ္ငယ္ေလးေတြရန္ျဖစ္တာေတြ၊ ဖ႐ု ႆဝါစေျပာတာေတြက အေျခခံေတြက ဒီကလာတာ။
ေဆြးေႏြးေဖာ္။ ။ ဆရာမေတြက သြန္သင္မဆုံးမ တဲ့အေၾကာင္းအရင္းကလည္း က်ဴရွင္ဆရာ၊ ဆရာမ ေတြလုပ္တာ။ တခ်ိဳ႕ဆရာ၊ ဆရာမေတြက မ႐ိုက္ဘူး။ မဆုံးမဘူး။

အခုလိုေျဖၾကားေဆြးေႏြးေပးတာ ေက်းဇူးတင္ပါတယ္။

Related news

© 2021. All rights reserved.