တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်စည်ပင်သာယာရေးဝန်ကြီးအား မြို့တော်ဝန်အဖြစ် ခန့်အပ်နိုင်ရန် ဥပဒေပြင်ဆင်ပြဋ္ဌာန်း

315

သန့်ဇင်(NP News)-မတ် ၅
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးအား မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ရန်အတွက် သက်ဆိုင်ရာဥပဒေကို ပြင်ဆင်သည့်ဥပဒေအား ယမန်နေ့ (မတ်လ ၄ ရက်) က အမျိုးသားကာကွယ်ရေးနှင့် လုံခြုံရေးကောင်စီ၏ ဥပဒေအမှတ် (၁၁/၂၀၂၆) ဖြင့် ထုတ်ပြန်ပြဋ္ဌာန်းလိုက်ကြောင်း သိရှိရပါသည်။
တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၊ ပုဒ်မခွဲ(ခ)ကို တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ဝန်ကြီး ဦးရေကို အနည်းဆုံး (၅) ဦးမှ အများဆုံး (၁၀) ဦးအထိ သတ်မှတ်တာဝန်ပေးရမည်ဖြစ်ကာ ယင်းသို့ သတ်မှတ် သောဝန်ကြီးဦးရေအတွင်း တိုးခြင်းနှင့် လျှော့ခြင်းများပြုနိုင်သည်ကြောင်း သိရသည်။
ဝန်ကြီး များ သတ်မှတ်တာဝန်ပေးအပ်ရာတွင် ရန်ကုန်တိုင်းဒေသကြီးအတွက်နှင့် မန္တလေးတိုင်းဒေသကြီးအတွက်ဝန်ကြီးတစ်ဦးစီကို မြို့တော်ဝန် အဖြစ် တာဝန်ပေးအပ်နိုင်ကြောင်း သိရသည်။
ထို့ပြင် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ်အစိုးရအဖွဲ့ဝင် စည်ပင်သာယာရေးဝန်ကြီးအား တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် မြို့တော်တွင် မြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်ကြောင်း အစားထိုးပြင်ဆင်လိုက်ကြောင်း သိရသည်။
ထို့ပြင် အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီသည် ဥပဒေအမှတ် ( ၁၀ /၂၀၂၆) အရ ယင်းနေ့တွင်ပင် နေပြည်တော်ကောင်စီဥပဒေကို ပြင်ဆင်သည့်ဥပဒေ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ ပုဒ်မ ၄၂၇ အရ ပြဋ္ဌာန်းလိုက်ကြောင်း သိရသည်။
နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ခ)၏နောက်တွင် ပုဒ်မခွဲ(ဂ)အား ကောင်စီဝင်တစ်ဦးအား နေပြည်တော်စည်ပင်သာယာရေး ကော်မတီ ဒုတိယ ဥက္ကဋ္ဌ၊ ဒုတိယမြို့တော်ဝန်အဖြစ် ခန့်အပ်တာဝန်ပေးနိုင်သည်ကြောင်း သိရသည်။
ထို့ပြင် ယင်းဥပဒေကို နေပြည်တော်ကောင်စီဥပဒေ ပုဒ်မ ၃၊ ပုဒ်မခွဲ(ဂ) အား ပုဒ်မခွဲ(ဃ)အဖြစ် ပြန်လည် အမှတ်စဉ်ရမည်ဖြစ်ကြောင်း ပြဋ္ဌာန်းထားသည်။

Zawgyi version:
တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီးအား ၿမိဳ႕ေတာ္ဝန္အျဖစ္ ခန႔္အပ္တာဝန္ေပးႏိုင္ရန္အတြက္ သက္ဆိုင္ရာဥပေဒကို ျပင္ဆင္သည့္ဥပေဒအား ယမန္ေန႔ (မတ္လ ၄ ရက္) က အမ်ိဳးသားကာကြယ္ေရးႏွင့္ လုံၿခဳံေရးေကာင္စီ၏ ဥပေဒအမွတ္ (၁၁/၂၀၂၆) ျဖင့္ ထုတ္ျပန္ျပ႒ာန္းလိုက္ေၾကာင္း သိရွိရပါသည္။
တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ဥပေဒ ပုဒ္မ ၄၊ ပုဒ္မခြဲ(ခ)ကို တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ဝန္ႀကီး ဦးေရကို အနည္းဆုံး (၅) ဦးမွ အမ်ားဆုံး (၁၀) ဦးအထိ သတ္မွတ္တာဝန္ေပးရမည္ျဖစ္ကာ ယင္းသို႔ သတ္မွတ္ ေသာဝန္ႀကီးဦးေရအတြင္း တိုးျခင္းႏွင့္ ေလွ်ာ့ျခင္းမ်ားျပဳႏိုင္သည္ေၾကာင္း သိရသည္။
ဝန္ႀကီး မ်ား သတ္မွတ္တာဝန္ေပးအပ္ရာတြင္ ရန္ကုန္တိုင္းေဒသႀကီးအတြက္ႏွင့္ မႏၲေလးတိုင္းေဒသႀကီးအတြက္ဝန္ႀကီးတစ္ဦးစီကို ၿမိဳ႕ေတာ္ဝန္ အျဖစ္ တာဝန္ေပးအပ္ႏိုင္ေၾကာင္း သိရသည္။
ထို႔ျပင္ တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္အစိုးရအဖြဲ႕ဝင္ စည္ပင္သာယာေရးဝန္ႀကီးအား တိုင္းေဒသႀကီး သို႔မဟုတ္ ျပည္နယ္ ၿမိဳ႕ေတာ္တြင္ ၿမိဳ႕ေတာ္ဝန္အျဖစ္ ခန႔္အပ္တာဝန္ေပးႏိုင္ေၾကာင္း အစားထိုးျပင္ဆင္လိုက္ေၾကာင္း သိရသည္။
ထို႔ျပင္ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီသည္ ဥပေဒအမွတ္ ( ၁၀ /၂၀၂၆) အရ ယင္းေန႔တြင္ပင္ ေနျပည္ေတာ္ေကာင္စီဥပေဒကို ျပင္ဆင္သည့္ဥပေဒ ျပည္ေထာင္စုသမၼတျမန္မာ ႏိုင္ငံေတာ္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ပုဒ္မ ၄၂၇ အရ ျပ႒ာန္းလိုက္ေၾကာင္း သိရသည္။
ေနျပည္ေတာ္ေကာင္စီဥပေဒ ပုဒ္မ ၃၊ ပုဒ္မခြဲ(ခ)၏ေနာက္တြင္ ပုဒ္မခြဲ(ဂ)အား ေကာင္စီဝင္တစ္ဦးအား ေနျပည္ေတာ္စည္ပင္သာယာေရး ေကာ္မတီ ဒုတိယ ဥကၠ႒၊ ဒုတိယၿမိဳ႕ေတာ္ဝန္အျဖစ္ ခန႔္အပ္တာဝန္ေပးႏိုင္သည္ေၾကာင္း သိရသည္။
ထို႔ျပင္ ယင္းဥပေဒကို ေနျပည္ေတာ္ေကာင္စီဥပေဒ ပုဒ္မ ၃၊ ပုဒ္မခြဲ(ဂ) အား ပုဒ္မခြဲ(ဃ)အျဖစ္ ျပန္လည္ အမွတ္စဥ္ရမည္ျဖစ္ေၾကာင္း ျပ႒ာန္းထားသည္။