စက်သုံးဆီအလုံအလောက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှု အခြေအနေများကိုလည်း ကွင်းဆင်းစစ်ဆေးနေ

 256

သုတကျော် (NP News) - မတ် ၅

စက်သုံးဆီအလုံအလောက်ရှိပြီး စက်သုံးဆီအရောင်းဆိုင်များ၏ စက်သုံးဆီရောင်းချမှု အခြေအနေများကိုလည်း ကွင်းဆင်းစစ်ဆေးနေကြောင်း စွမ်းအင်ဝန်ကြီးဌာနနှင့် မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်းတို့၏ အသီးသီး ထုတ်ပြန်ချက်အရ သိရသည်။

လတ်တလောဖြစ်ပေါ်နေသော အရှေ့အလယ်ပိုင်းဒေသ ကိစ္စရပ်များကြောင့် ပြည်ပမှစက်သုံးဆီတင်သွင်းရာတွင် ယာယီကြန့်ကြာမှုအချို့ရှိနိုင်သော်လည်း ပြည်သူလူထု၏ လိုအပ်ချက်များအတိုင်း စဉ်ဆက်မပြတ် ဖြန့်ဖြူးရောင်းချပေးနိုင်ရန် အရန်စက်သုံးဆီများကို လုံ လောက်စွာ ကြိုတင်စီစဉ် ဆောင်ရွက်ထားပြီးဖြစ်သည့်အပြင် စက်သုံးဆီတင် သင်္ဘောများ အဆက်မပြတ်ဝင်ရောက်လာနေသည့်အတွက် မြန်မာနိုင်ငံတွင် စက်သုံးဆီပြတ်လပ်မှု လုံးဝ မရှိနိုင်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီတင်သွင်းရောင်းချဖြန့်ဖြူးရေးအသင်း၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ထို့ကြောင့် ပြည်သူလူထုအနေဖြင့် စက်သုံးဆီနှင့်ပတ်သက်၍ စိုးရိမ်ကြောင့် ကြမှုမရှိကြပါရန်၊အတတ်နိုင်ဆုံးခြိုးခြံသုံးစွဲခြင်းဖြင့်အားလုံးလုံလောက်စွာသုံးစွဲနိုင်ရေး ကူညီ ပေးကြပါရန်၊ မိမိသုံးစွဲရန် လိုအပ်သလောက်သာဝယ်ယူကြပါရန် နှင့် စက်သုံးဆီများ အလုံအ လောက်ရှိပါသဖြင့် စိုးရိမ်စိတ်ကြောင့် မလိုအပ်ဘဲအချိန်ကုန်ခံ၍ တန်းစီဝယ်ယူခြင်း မပြုကြ ပါရန်မေတ္တာရပ်ခံအသိပေးကြေညာကြောင်းလည်း ဖော်ပြထားသည်။

စွမ်းအင်ဝန်ကြီးဌာနမှ စက်သုံးဆီဖူလုံမှုရှိစေရေးအစီအမံဖြင့် ဆောင်ရွက်ထားရှိသည့် အတွက်ရက်(၄၀)ခန့်စာ တင်သွင်းသိုလှောင်ထားရှိပြီး စက်သုံးဆီများကို သီလဝါမှ နိုင်ငံ တစ်ဝှမ်းသို့ ဆီတင်ယာဉ်များဖြင့် ဖြည့်တင်းဖြန့်ဖြူးပေးလျက်ရှိရာ ရန်ကုန်မြို့၊ သီလဝါရှိTerminal များမှ စက်သုံးဆီများကို ပုံမှန်ခွင့်ပြုထုတ်ပေးလျက်ရှိပြီး ရောင်းအားမြင့်တက်သည့် အရောင်းဆိုင်များကိုလည်း Urgent Po များကိုလည်းထပ်မံခွင့်ပြုထုတ်ပေးလျက်ရှိပါသဖြင့် စက်သုံးဆီပုံမှန်ရောင်းချ ပေးနိုင်ပါကြောင်း၊ မလိုအပ်ဘဲ ဝယ်ယူခြင်းမပြုရန် မေတ္တာရပ်ခံ ပါကြောင်း၊ စက်သုံးဆီရောင်းချ ပေးခြင်းမရှိပါက ဖုန်းဖြင့်ဆက်သွယ်တိုင်ကြားနိုင်ပါကြောင်းနှင့် ရောင်းချမှုမရှိကြောင်းစိစစ်တွေ့ရှိရပါက အရောင်းဆိုင်အား ပိတ်သိမ်းအရေးယူသွားမည်ဖြစ်ပါ ကြောင်းအား တာဝန်ရှိသူများမှ မိဘပြည်သူများသို့ စက်သုံးဆီအရောင်းဆိုင်များတွင် နှိုးဆော်အသိပေးဆောင်ရွက်လျက်ရှိသည်ဟု စွမ်းအင်ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

စွမ်းအင်ဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် ရေနံထွက်ပစ္စည်းကြီးကြပ်စစ်ဆေးရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးချုပ်မှ ဦးဆောင်၍ နေပြည်တော်ရှိ Real Time စက်သုံးဆီအရောင်းဆိုင်များတွင် စက်သုံးဆီအမှန်တကယ်ရောက်ရှိမှုအခြေအနေများအား ကွင်းဆင်းစစ်ဆေးခြင်းများဆောင်ရွက် လျက်ရှိပြီး စက်သုံးဆီထပ်မံ ဖြည့်ဆည်းပေးရန်လိုအပ်သည့် စက်သုံးဆီအရောင်းဆိုင်များ ကိုလည်း အမြန်ဖြည့်ဆည်းပေးနိုင်ရေး ဆောင်ရွက်ပေးလျက်ရှိပြီး သက်ဆိုင်ရာတိုင်းဒေသကြီး/ပြည်နယ်များရှိ ကြီးကြပ်စစ်ဆေးရေး အရာရှိများမှလည်း သက်ဆိုင်ရာဌာနများနှင့် ပူးပေါင်း၍ စက်သုံးဆီ အရောင်းဆိုင်များ အမှန်တကယ်ရောင်းချမှု ရှိ/မရှိ၊ စက်သုံးဆီရောက်ရှိမှု ရှိ/မရှိတို့အား စက်သုံးဆီ လက်ကျန်များ တိုင်းတာ စစ်ဆေးခြင်း၊ Auto Tank Gauge (ATG)များအား စစ်ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိကာ စက်သုံးဆီများ အချိန်မီထုတ်ယူ သယ်ဆောင် ရောင်းချနိုင်ရေးနှင့် စက်သုံးဆီပြတ်လပ်မှု မရှိစေရေးအတွက် ကြီးကြပ်စစ်ဆေးဆောင်ရွက်လျက် ရှိကြောင်း ထုတ်ပြန်ချက်တွင် ရေးသားထားသည်။

zawgyi version

စက္သုံးဆီအလုံအေလာက္ရွိၿပီး စက္သုံးဆီအေရာင္းဆိုင္မ်ား၏ စက္သုံးဆီေရာင္းခ်မႈ အေျခအေနမ်ားကိုလည္း ကြင္းဆင္းစစ္ေဆးေန

သုတေက်ာ္ (NP News) - မတ္ ၅

စက္သုံးဆီအလုံအေလာက္ရွိၿပီး စက္သုံးဆီအေရာင္းဆိုင္မ်ား၏ စက္သုံးဆီေရာင္းခ်မႈ အေျခအေနမ်ားကိုလည္း ကြင္းဆင္းစစ္ေဆးေနေၾကာင္း စြမ္းအင္ဝန္ႀကီးဌာနႏွင့္ ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္းတို႔၏ အသီးသီး ထုတ္ျပန္ခ်က္အရ သိရသည္။

လတ္တေလာျဖစ္ေပၚေနေသာ အေရွ႕အလယ္ပိုင္းေဒသ ကိစၥရပ္မ်ားေၾကာင့္ ျပည္ပမွစက္သုံးဆီတင္သြင္းရာတြင္ ယာယီၾကန႔္ၾကာမႈအခ်ိဳ႕ရွိႏိုင္ေသာ္လည္း ျပည္သူလူထု၏ လိုအပ္ခ်က္မ်ားအတိုင္း စဥ္ဆက္မျပတ္ ျဖန႔္ျဖဴးေရာင္းခ်ေပးႏိုင္ရန္ အရန္စက္သုံးဆီမ်ားကို လုံ ေလာက္စြာ ႀကိဳတင္စီစဥ္ ေဆာင္႐ြက္ထားၿပီးျဖစ္သည့္အျပင္ စက္သုံးဆီတင္ သေဘၤာမ်ား အဆက္မျပတ္ဝင္ေရာက္လာေနသည့္အတြက္ ျမန္မာႏိုင္ငံတြင္ စက္သုံးဆီျပတ္လပ္မႈ လုံးဝ မရွိႏိုင္ေၾကာင္း ျမန္မာႏိုင္ငံစက္သုံးဆီတင္သြင္းေရာင္းခ်ျဖန႔္ျဖဴးေရးအသင္း၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

ထို႔ေၾကာင့္ ျပည္သူလူထုအေနျဖင့္ စက္သုံးဆီႏွင့္ပတ္သက္၍ စိုးရိမ္ေၾကာင့္ ၾကမႈမရွိၾကပါရန္၊အတတ္ႏိုင္ဆုံးၿခိဳးၿခံသုံးစြဲျခင္းျဖင့္အားလုံးလုံေလာက္စြာသုံးစြဲႏိုင္ေရး ကူညီ ေပးၾကပါရန္၊ မိမိသုံးစြဲရန္ လိုအပ္သေလာက္သာဝယ္ယူၾကပါရန္ ႏွင့္ စက္သုံးဆီမ်ား အလုံအ ေလာက္ရွိပါသျဖင့္ စိုးရိမ္စိတ္ေၾကာင့္ မလိုအပ္ဘဲအခ်ိန္ကုန္ခံ၍ တန္းစီဝယ္ယူျခင္း မျပဳၾက ပါရန္ေမတၱာရပ္ခံအသိေပးေၾကညာေၾကာင္းလည္း ေဖာ္ျပထားသည္။

စြမ္းအင္ဝန္ႀကီးဌာနမွ စက္သုံးဆီဖူလုံမႈရွိေစေရးအစီအမံျဖင့္ ေဆာင္႐ြက္ထားရွိသည့္ အတြက္ရက္(၄၀)ခန႔္စာ တင္သြင္းသိုေလွာင္ထားရွိၿပီး စက္သုံးဆီမ်ားကို သီလဝါမွ ႏိုင္ငံ တစ္ဝွမ္းသို႔ ဆီတင္ယာဥ္မ်ားျဖင့္ ျဖည့္တင္းျဖန႔္ျဖဴးေပးလ်က္ရွိရာ ရန္ကုန္ၿမိဳ႕၊ သီလဝါရွိTerminal မ်ားမွ စက္သုံးဆီမ်ားကို ပုံမွန္ခြင့္ျပဳထုတ္ေပးလ်က္ရွိၿပီး ေရာင္းအားျမင့္တက္သည့္ အေရာင္းဆိုင္မ်ားကိုလည္း Urgent Po မ်ားကိုလည္းထပ္မံခြင့္ျပဳထုတ္ေပးလ်က္ရွိပါသျဖင့္ စက္သုံးဆီပုံမွန္ေရာင္းခ် ေပးႏိုင္ပါေၾကာင္း၊ မလိုအပ္ဘဲ ဝယ္ယူျခင္းမျပဳရန္ ေမတၱာရပ္ခံ ပါေၾကာင္း၊ စက္သုံးဆီေရာင္းခ် ေပးျခင္းမရွိပါက ဖုန္းျဖင့္ဆက္သြယ္တိုင္ၾကားႏိုင္ပါေၾကာင္းႏွင့္ ေရာင္းခ်မႈမရွိေၾကာင္းစိစစ္ေတြ႕ရွိရပါက အေရာင္းဆိုင္အား ပိတ္သိမ္းအေရးယူသြားမည္ျဖစ္ပါ ေၾကာင္းအား တာဝန္ရွိသူမ်ားမွ မိဘျပည္သူမ်ားသို႔ စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ ႏႈိးေဆာ္အသိေပးေဆာင္႐ြက္လ်က္ရွိသည္ဟု စြမ္းအင္ဝန္ႀကီးဌာန၏ ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။

စြမ္းအင္ဝန္ႀကီးဌာန၏ လမ္းၫႊန္မႈျဖင့္ ေရနံထြက္ပစၥည္းႀကီးၾကပ္စစ္ေဆးေရးဦးစီးဌာန၊ ၫႊန္ၾကားေရးမႉးခ်ဳပ္မွ ဦးေဆာင္၍ ေနျပည္ေတာ္ရွိ Real Time စက္သုံးဆီအေရာင္းဆိုင္မ်ားတြင္ စက္သုံးဆီအမွန္တကယ္ေရာက္ရွိမႈအေျခအေနမ်ားအား ကြင္းဆင္းစစ္ေဆးျခင္းမ်ားေဆာင္႐ြက္ လ်က္ရွိၿပီး စက္သုံးဆီထပ္မံ ျဖည့္ဆည္းေပးရန္လိုအပ္သည့္ စက္သုံးဆီအေရာင္းဆိုင္မ်ား ကိုလည္း အျမန္ျဖည့္ဆည္းေပးႏိုင္ေရး ေဆာင္႐ြက္ေပးလ်က္ရွိၿပီး သက္ဆိုင္ရာတိုင္းေဒသႀကီး/ျပည္နယ္မ်ားရွိ ႀကီးၾကပ္စစ္ေဆးေရး အရာရွိမ်ားမွလည္း သက္ဆိုင္ရာဌာနမ်ားႏွင့္ ပူးေပါင္း၍ စက္သုံးဆီ အေရာင္းဆိုင္မ်ား အမွန္တကယ္ေရာင္းခ်မႈ ရွိ/မရွိ၊ စက္သုံးဆီေရာက္ရွိမႈ ရွိ/မရွိတို႔အား စက္သုံးဆီ လက္က်န္မ်ား တိုင္းတာ စစ္ေဆးျခင္း၊ Auto Tank Gauge (ATG)မ်ားအား စစ္ေဆးျခင္းမ်ားကို ေဆာင္႐ြက္လ်က္ရွိကာ စက္သုံးဆီမ်ား အခ်ိန္မီထုတ္ယူ သယ္ေဆာင္ ေရာင္းခ်ႏိုင္ေရးႏွင့္ စက္သုံးဆီျပတ္လပ္မႈ မရွိေစေရးအတြက္ ႀကီးၾကပ္စစ္ေဆးေဆာင္႐ြက္လ်က္ ရွိေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေရးသားထားသည္။

Related news

© 2021. All rights reserved.