၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်း (၃ ဒသမ ၄) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထား

79

သုတကျော် (NP News) - မတ် ၇
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုနှုန်း (၃ ဒသမ ၄) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထား ကြောင်း ဘဏ္ဍာရေးဆိုင်ရာကော်မရှင်ဥက္ကဋ္ဌ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ယာယီသမ္မတ နိုင်ငံတော် လုံခြုံရေး နှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြောသည်။
ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အစည်းအဝေး အမှတ်စဉ် (၁/၂၀၂၆) ကို ယမန်နေ့ (မတ်လ ၆ ရက်) က နေပြည်တော် ရှိ အမျိုးသားကာကွယ်ရေးနှင့်လုံခြုံရေးကောင်စီဥက္ကဋ္ဌရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်စဉ် မိန့်ခွန်းအတွင်း ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။
အစိုးရအနေဖြင့် ကောင်းမွန်သည့်ဆောင်ရွက်ချက်များနှင့် အောင်မြင်မှုများကို မျိုးစေ့ချပေးခဲ့ပြီးဖြစ်သည့်အတွက် ဆက်လက်တာဝန်ယူသွားမည့်အစိုးရအနေဖြင့်လည်း လုပ်ငန်းများ အရှိန်အဟုန်မပြတ် ဆက်လက်ဆောင်ရွက်နိုင် ရေး ကဏ္ဍအလိုက် ဦးစားပေးအသုံးစရိတ်များကို လျာထားသတ်မှတ်ပေးခဲ့ကြရမည်ဖြစ်ကြောင်း ထည့်သွင်း ပြောကြားသည်။
နိုင်ငံတော်၏ဦးစားပေးကဏ္ဍဖြစ်သည့် စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ နိုင်ငံ့စီးပွား မြှင့်တင်ရေးနှင့် ပြည်ပသွင်းကုန်အစားထိုးနိုင်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေး အသုံးစရိတ်များ၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရေးအတွက် ပညာရေး၊ ကျန်းမာရေးကဏ္ဍဆိုင်ရာ အသုံးစရိတ်များ၊ အခြားကဏ္ဍများတွင် မဖြစ်မနေသုံးစွဲရမည့် အသုံးစရိတ် များနှင့် သဘာဝဘေးအန္တရာယ်နှင့် အခြားဘေးအန္တရာယ်များကြောင့် ပျက်စီးဆုံးရှုံးမှုများနှင့်ပတ်သက်၍ နိုင်ငံတော် ပိုင်အခြေခံအဆောက်အအုံများ ပြုပြင်ထိန်းသိမ်းရန်၊ အသစ်ဆောက်လုပ်ရန်နှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းများ ဆောင်ရွက်ရန်အတွက် အသုံးစရိတ်များကို လိုအပ်ချက်များနှင့်အညီ နိုင်ငံတော်က နှစ်စဉ်ခွင့်ပြုပေးခဲ့ သကဲ့သို့ ယခုတွင်လည်း လိုအပ်ချက်များကို စိစစ်လျာထားပေးသွားမည်ဖြစ်ကြောင်း ပြောကြားသည်။
၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်တွင် တစ်မျိုးသားလုံး၏ ပြည်တွင်းအသားတင်ထုတ်လုပ်မှုနှင့် ဝန်ဆောင်မှုတန်ဖိုး (GDP) ကို ကျပ် ၁၉၅,ဝ၃၂ ဘီလီယံရရှိရန် မျှော်မှန်းထားပြီး စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုနှုန်းကိုလည်း (၃ ဒသမ ၄) ရာခိုင်နှုန်းရရှိရန် မျှော်မှန်းထားကြောင်း၊ ဘဏ္ဍာရေးဆိုင်ရာကော်မရှင်အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးအတည် ပြုပေးကြရန်လိုကြောင်းလည်း ထည့်သွင်းပြောကြားသည်။
မိမိတို့အနေဖြင့်နိုင်ငံ၏ GDP တိုးတက်စေရေးအတွက် ဆက်လက်ကြိုးပမ်းဆောင်ရွက်သွားကြရန်လိုကြောင်း၊ မိမိတို့နိုင်ငံ၏ အဓိကစီးပွားရေးဖြစ်သည့် စိုက်ပျိုးမွေးမြူရေးကုန်ထုတ်လုပ်ငန်းများ တိုးတက်အောင်ဆောင်ရွက် သွားရန်လိုကြောင်း၊ ထိုသို့ဆောင်ရွက်ခြင်းဖြင့် အခြားစက်မှုကုန်ထုတ်လုပ်မှုကဏ္ဍနှင့် ဝန်ဆောင်မှုကဏ္ဍများလည်း တိုးတက်လာမည်ဖြစ်ကြောင်း၊ အဓိကအားဖြင့် အမှန်တကယ်အလုပ်လုပ်ကြရန် လိုအပ်ခြင်းဖြစ်ကြောင်း၊ ထို့ကြောင့် နိုင်ငံ့စီးပွားတိုးတက်ရေးအတွက် ပြည်ထောင်စုအဆင့်နှင့် တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရအဖွဲ့များ အနေဖြင့် အလေးထားဆောင်ရွက်သွားကြစေလိုကြောင်း၊ လျာထားခွင့်ပြုငွေများအား လာမည့်အစိုးရအဖွဲ့အနေ ဖြင့် အမှန်တကယ်အသုံးပြုနိုင်ရန်အတွက် အသေးစိတ်စနစ်တကျဆောင်ရွက်သွားကြရန်လိုကြောင်းလည်း အဆိုပါ အစည်းအဝေးတွင် ဖြည့်စွက်ပြောကြားသည်။

Zawgyi Version;
၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္တြင္ စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္း (၃ ဒသမ ၄) ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထား
သုတေက်ာ္ (NP News) - မတ္ ၇
၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္တြင္ စီးပြားေရး ဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္း (၃ ဒသမ ၄) ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထား ေၾကာင္း ဘ႑ာေရးဆိုင္ရာေကာ္မရွင္ဥကၠ႒ ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံေတာ္ယာယီသမၼတ ႏိုင္ငံေတာ္ လုံၿခဳံေရး ႏွင့္ ေအးခ်မ္းသာယာေရးေကာ္မရွင္ဥကၠ႒ ဗိုလ္ခ်ဳပ္မႉးႀကီး မင္းေအာင္လႈိင္ က ေျပာသည္။
ဘ႑ာေရးဆိုင္ရာေကာ္မရွင္အစည္းအေဝး အမွတ္စဥ္ (၁/၂၀၂၆) ကို ယမန္ေန႔ (မတ္လ ၆ ရက္) က ေနျပည္ေတာ္ ရွိ အမ်ိဳးသားကာကြယ္ေရးႏွင့္လုံၿခဳံေရးေကာင္စီဥကၠ႒႐ုံး အစည္းအေဝးခန္းမ၌ ျပဳလုပ္စဥ္ မိန႔္ခြန္းအတြင္း ထည့္သြင္းေျပာၾကားခဲ့ျခင္းျဖစ္သည္။
အစိုးရအေနျဖင့္ ေကာင္းမြန္သည့္ေဆာင္႐ြက္ခ်က္မ်ားႏွင့္ ေအာင္ျမင္မႈမ်ားကို မ်ိဳးေစ့ခ်ေပးခဲ့ၿပီးျဖစ္သည့္အတြက္ ဆက္လက္တာဝန္ယူသြားမည့္အစိုးရအေနျဖင့္လည္း လုပ္ငန္းမ်ား အရွိန္အဟုန္မျပတ္ ဆက္လက္ေဆာင္႐ြက္ႏိုင္ ေရး က႑အလိုက္ ဦးစားေပးအသုံးစရိတ္မ်ားကို လ်ာထားသတ္မွတ္ေပးခဲ့ၾကရမည္ျဖစ္ေၾကာင္း ထည့္သြင္း ေျပာၾကားသည္။
ႏိုင္ငံေတာ္၏ဦးစားေပးက႑ျဖစ္သည့္ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑ဆိုင္ရာ အသုံးစရိတ္မ်ား၊ ႏိုင္ငံ့စီးပြား ျမႇင့္တင္ေရးႏွင့္ ျပည္ပသြင္းကုန္အစားထိုးႏိုင္ေရးအတြက္ အေသးစား၊ အငယ္စားႏွင့္ အလတ္စား စီးပြားေရး လုပ္ငန္းမ်ား ဖြံ႕ၿဖိဳးတိုးတက္ေစေရး အသုံးစရိတ္မ်ား၊ လူ႔စြမ္းအားအရင္းအျမစ္ဖြံ႕ၿဖိဳးတိုးတက္ေစေရးအတြက္ ပညာေရး၊ က်န္းမာေရးက႑ဆိုင္ရာ အသုံးစရိတ္မ်ား၊ အျခားက႑မ်ားတြင္ မျဖစ္မေနသုံးစြဲရမည့္ အသုံးစရိတ္ မ်ားႏွင့္ သဘာဝေဘးအႏၲရာယ္ႏွင့္ အျခားေဘးအႏၲရာယ္မ်ားေၾကာင့္ ပ်က္စီးဆုံးရႈံးမႈမ်ားႏွင့္ပတ္သက္၍ ႏိုင္ငံေတာ္ ပိုင္အေျခခံအေဆာက္အအုံမ်ား ျပဳျပင္ထိန္းသိမ္းရန္၊ အသစ္ေဆာက္လုပ္ရန္ႏွင့္ ျပန္လည္ထူေထာင္ေရး လုပ္ငန္းမ်ား ေဆာင္႐ြက္ရန္အတြက္ အသုံးစရိတ္မ်ားကို လိုအပ္ခ်က္မ်ားႏွင့္အညီ ႏိုင္ငံေတာ္က ႏွစ္စဥ္ခြင့္ျပဳေပးခဲ့ သကဲ့သို႔ ယခုတြင္လည္း လိုအပ္ခ်က္မ်ားကို စိစစ္လ်ာထားေပးသြားမည္ျဖစ္ေၾကာင္း ေျပာၾကားသည္။
၂၀၂၆-၂၀၂၇ ဘ႑ာေရးႏွစ္တြင္ တစ္မ်ိဳးသားလုံး၏ ျပည္တြင္းအသားတင္ထုတ္လုပ္မႈႏွင့္ ဝန္ေဆာင္မႈတန္ဖိုး (GDP) ကို က်ပ္ ၁၉၅,ဝ၃၂ ဘီလီယံရရွိရန္ ေမွ်ာ္မွန္းထားၿပီး စီးပြားေရးဖြံ႕ၿဖိဳးတိုးတက္မႈႏႈန္းကိုလည္း (၃ ဒသမ ၄) ရာခိုင္ႏႈန္းရရွိရန္ ေမွ်ာ္မွန္းထားေၾကာင္း၊ ဘ႑ာေရးဆိုင္ရာေကာ္မရွင္အဖြဲ႕ဝင္မ်ားက ဝိုင္းဝန္းေဆြးေႏြးအတည္ ျပဳေပးၾကရန္လိုေၾကာင္းလည္း ထည့္သြင္းေျပာၾကားသည္။
မိမိတို႔အေနျဖင့္ႏိုင္ငံ၏ GDP တိုးတက္ေစေရးအတြက္ ဆက္လက္ႀကိဳးပမ္းေဆာင္႐ြက္သြားၾကရန္လိုေၾကာင္း၊ မိမိတို႔ႏိုင္ငံ၏ အဓိကစီးပြားေရးျဖစ္သည့္ စိုက္ပ်ိဳးေမြးျမဴေရးကုန္ထုတ္လုပ္ငန္းမ်ား တိုးတက္ေအာင္ေဆာင္႐ြက္ သြားရန္လိုေၾကာင္း၊ ထိုသို႔ေဆာင္႐ြက္ျခင္းျဖင့္ အျခားစက္မႈကုန္ထုတ္လုပ္မႈက႑ႏွင့္ ဝန္ေဆာင္မႈက႑မ်ားလည္း တိုးတက္လာမည္ျဖစ္ေၾကာင္း၊ အဓိကအားျဖင့္ အမွန္တကယ္အလုပ္လုပ္ၾကရန္ လိုအပ္ျခင္းျဖစ္ေၾကာင္း၊ ထို႔ေၾကာင့္ ႏိုင္ငံ့စီးပြားတိုးတက္ေရးအတြက္ ျပည္ေထာင္စုအဆင့္ႏွင့္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ အစိုးရအဖြဲ႕မ်ား အေနျဖင့္ အေလးထားေဆာင္႐ြက္သြားၾကေစလိုေၾကာင္း၊ လ်ာထားခြင့္ျပဳေငြမ်ားအား လာမည့္အစိုးရအဖြဲ႕အေန ျဖင့္ အမွန္တကယ္အသုံးျပဳႏိုင္ရန္အတြက္ အေသးစိတ္စနစ္တက်ေဆာင္႐ြက္သြားၾကရန္လိုေၾကာင္းလည္း အဆိုပါ အစည္းအေဝးတြင္ ျဖည့္စြက္ေျပာၾကားသည္။