အမေရိကန်နှင့် အီရန်စစ်ပွဲမှ စိတ်ဝင်စားဖွယ်ကောင်းသည့်အကြောင်းအရာများနှင့် ကိန်းဂဏန်းများ

266

ဂျန်ဇက် (NP News) - မတ် ၇
အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ အီရန်နိုင်ငံအပေါ်တိုက်ခိုက်မှုများကြောင့် အရှေ့အလယ်ပိုင်း ဒေသတွင် စစ်ပွဲဖြစ်ပွားနေခြင်းသည် မတ်လ (၆) ရက်တွင် (၇) ရက် ပြည့်ပြီဖြစ်သည်။ စစ်ပွဲကာလအတွင်း စိတ်ဝင် စားဖွယ်ကောင်းသည့်အကြောင်းအရာများနှင့် ကိန်းဂဏန်းများကို ကောက်နုတ်ဖော်ပြပေးလိုက်ပါသည်။
အီရန်ခေါင်းဆောင် (၃) ဒါဇင်ကျော်ကို သေဆုံးရန် တိုက်ခိုက်ခဲ့မှုနှင့်အတူ စစ်ပွဲ
အမေရိကန်နှင့် အစ္စရေးနိုင်ငံတို့က အီရန်နိုင်ငံကို ပစ်မှတ်ထားပူးပေါင်းတိုက်ခိုက်ခဲ့သည့် Operation Epic Fury ဟု အမည်ပေးထားသောစစ် ဆင်ရေးစတင်ပြီးနောက် တစ်ပတ်အတွင်းတွင် အီရန်နိုင်ငံ၏လေတပ်နှင့်ရေတပ်သည် ကြီးမားသည့် ထိခိုက်ပျက်စီးမှုများဖြင့် ရင်ဆိုင်ခဲ့ရကြောင်း သိရသည်။
အမေရိကန်သည် အငြင်းပွားလျက်ရှိနေသည့် အီရန်နျူကလီးယားအရေး၊ ဒုံးကျည်စီမံကိန်းများနှင့်ပတ်သက်ပြီး အီရန်အစိုးရတာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ရာ အောင်မြင်မှုမရခဲ့ပြီးနောက် ဖေဖော်ဝါရီ (၂၈)ရက်တွင် အီရန် အပေါ် စတင်တိုက်ခိုက်ခဲ့ရာ အီရန်နိုင်ငံ၏အဆင့်အမြင့်ဆုံးဘာသာရေး ခေါင်းဆောင် အယာတိုလာခါမေနီနှင့် အီရန်စစ် ဗိုလ်ချုပ်ကြီးများအပါအဝင် အီရန်အစိုးရအဖွဲ့၏တာဝန်ရှိသူ အနည်းဆုံး (၃) ဒါဇင်ခန့် သေဆုံးထား ကြောင်းသိရသည်။ အီရန်အစိုးရကိုယ်တိုင်က အယာတိုလာခါမေနီသေဆုံးကြောင်းအတည်ပြုခဲ့ပြီး ဈာပနအခမ်းအနားကျင်းပရန် စီစဉ်ထား သော်လည်း “လူအုပ်ကြီးမားလွန်းမည်ကိုစိုးရိမ်၍” ရွှေ့ဆိုင်းခဲ့ရပြီး အီရန်နိုင်ငံ၏ ဘာသာရေးဆရာ (၈၈) ဦးပါဝင် သောအဖွဲ့က အယာတိုလာခါမေနီ၏သား ဖြစ်သူကို မတ်လ (၄) ရက် ညပိုင်းတွင် အီရန်နိုင်ငံ၏ အဆင့်မြင့်ဆုံး ဘာသာ ရေးခေါင်းဆောင်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရသည်။
အီရန်ဒုံးကျည်စခန်းများကို ပစ်မှတ်ထားတိုက်ခိုက်
အမေရိကန်နိုင်ငံသည် အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးစတင်ပြီး နာရီပိုင်းအကြာတွင် အီရန်နိုင်ငံ၏ ဒုံးကျည် စခန်းများကို ပစ်မှတ်ထားပြီးတိုက်ခိုက် ချေမှုန်းခဲ့ရာ အီရန်နိုင်ငံ၏ဒုံးကျည်စခန်းများထိ ခိုက်ပျက်စီးခဲ့ရကြောင်း သိရသည်။ အမေရိကန်၏ စစ်ဆင်ရေးရည်မှန်းချက်မှာ ယခုအခါ ပိုမိုကျယ် ပြန့်လာပြီဖြစ်သည်။ အီရန်အပေါ် ပြုလုပ် သည့် စစ်ဆင်ရေးစတင်ပြီးနောက် (၇၂) နာရီအတွင်း အမေရိကန် ဗုံးကြဲလေယာဉ်များသည် အီရန်နိုင်ငံ အတွင်းပိုင်းနှင့် တီဟီရန်မြို့ပတ်ဝန်းကျင်ရှိ ပစ်မှတ် ပေါင်း (၂၀ဝဝ) နီးပါးကို တိုက်ခိုက်ခဲ့ကြောင်းသိရသည်။ ထို့ပြင် B-2 ဗုံးကြဲ လေယာဉ် များက ပေါင် (၂၀ဝဝ) တန် မြေအောက်ထိုးဖောက်ဗုံး (Penetrator bombs) များအသုံးပြုကာ မြေအောက် အနက်ပိုင်းရှိ ဒုံးကျည်ပစ်စင်များကိုဖျက်ဆီးခဲ့သည်။ သမ္မတဒေါ်နယ်ထရမ့်၏ တိုက်ရိုက်ညွှန်ကြားချက်အရ အီရန်၏ “ဘယ်လစ်စတစ် ဒုံးကျည် ထုတ်လုပ်ရေးစက်မှုဇုန်တစ်ခုလုံးကို မြေလှန်ရှင်းလင်းရန် (Raze or Level)” ဆောင်ရွက်နေကြောင်း အမေရိကန်စစ်တပ်၏ ဗိုလ်ချုပ်ကြီးဘာ ရက်ကော်ပါးက အတည်ပြုပြောဆိုခဲ့သည်။
အီရန် လေတပ် နှင့်ရေတပ်ကို အပြင်းအထန်ချေမှုန်း
အမေရိကန်သည် အီရန်နိုင်ငံအပေါ် ပြုလုပ်သောစစ်ဆင်ရေးအတွင်း B 2 ဗုံးကြဲလေယာဉ်များ၊ F 35 တိုက်လေ ယာဉ်များ၊ B 52 အမျိုးအစား လေယာဉ်များအပါအဝင် မတူညီသောလက်နက် အမျိုးပေါင်း (၂) ဒါဇင်ကျော်အသုံးပြု တိုက်ခိုက်ခဲ့ပြီး စစ်ဆင်ရေးကာလ (၇) ရက်အတွင်းတွင် အီရန်လေတပ်နှင့် ရေတပ်ကို ဖျက်ဆီးနိုင်ခဲ့ဟု အမေရိ ကန်စစ် တပ်က သတင်းထုတ်ပြန်ထားသည်။
မတ်လ (၅) ရက်ကပြုလုပ်သည့် သတင်းစာ ရှင်းလင်းပွဲတွင် အမေရိကန်စစ်တပ်၏ဗိုလ်ချုပ်ကြီး ဘာရက်ကော် ပါးက အီရန်စစ်သင်္ဘောပေါင်း (၃၀) ကျော်ကို အမေရိကန်တပ်များက နှစ်မြှုပ်ဖျက် ဆီးနိုင်ခဲ့ကြောင်း အတည်ပြုပြော ကြားခဲ့သည်။ အထူးသဖြင့် ဒုတိယကမ္ဘာစစ်အတွင်းက လေယာဉ် တင်သင်္ဘောကြီးအရွယ်အစားရှိ အီရန်ရေတပ်၏ ဂုဏ်ယူဝင့်ကြွားလှသော “ဒရုန်းတင်သင်္ဘောကြီး (Drone Car- rier)’’ ကို အောင်မြင်စွာ ပစ်မှတ်ထားတိုက် ခိုက်နိုင်ခဲ့ သလို အီရန်ရေငုပ် သင်္ဘောများ ကိုလည်း ဖျက်ဆီးနိုင်ခဲ့ကြောင်း သိရသည်။
အီရန်၏ဒရုန်းတိုက်ခိုက်မှုကို ခေါင်းခဲနေရသည့် အမေရိကန်နှင့်မဟာမိတ်နိုင်ငံများ
အီရန်နိုင်ငံသည် အစ္စရေးအပြင် အမေရိကန် နိုင်ငံ၏အရှေ့အလယ်ပိုင်း ဒေသအတွင်းမဟာမိတ် နိုင်ငံများကို ဒုံးကျည်များ၊ ရှာဟတ် (၁၃၆) အမျိုး အစား တာဝေးပျံသန်းနိုင်မည့်ဒရုန်းများအသုံးပြု တိုက်ခိုက်ခဲ့ရာ ကူဝိတ်အပါအဝင် အရှေ့အလယ်ပိုင်း ဒေသအတွင်းရှိ အမေရိကန်၏မဟာမိတ်နိုင်ငံများတွင် လက်နက်ကုန်ခန်းမှုများရှိနေကြောင်း သတင်း များလည်းထွက်ပေါ်နေသည်။
အီရန်ဘက်က အသုံးပြုသော ရှာဟတ် (၁၃၆) အမျိုးအစား ဒရုန်းတစ်စင်း၏တန်ဖိုးသည် အမေရိကန်ဒေါ်လာ (၂) သောင်းနှင့် (၅) သောင်းကြားသာ ရှိသော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများက ရှာဟတ်ဒရုန်းကို ပစ်ချရန် အတွက် အဓိကအသုံးပြု နေရသည့်အမေရိကန်ထုတ် Patriot (PAC-3) ဒုံး ကျည်တစ်စင်း၏တန်ဖိုးမှာ အမေရိကန် ဒေါ်လာ (၃.၇) သန်းမှ (၄) သန်းအထိရှိနေရာ စစ်ပွဲအချိန်ကြာ လာချိန်တွင် အမေရိကန်သည် စစ်ပွဲကုန်ကျစရိတ် ဒဏ်ကို ပိုမိုခံစားရဖွယ်ရှိနေကြောင်း သိရသည်။
အမေရိကန်၏ ဒေါ်လာ (၁.၁) ဘီလျံတန် ရေဒါစနစ်ကြီးကို အီရန် ချေမှုန်း
အီရန်က အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန် စစ်စခန်းများကို ကြီးမားသောလက်တုံ့ပြန်တိုက် ခိုက်မှုများပြု လုပ်ခဲ့ရာတွင် ကာတာနိုင်ငံရှိ တန်ဖိုး ဒေါ်လာ (၁.၁) ဘီလျံတန်ကြေးရှိသည့် အမေရိကန်၏အဓိက ကြိုတင်သတိပေးရေ ဒါစနစ်ကြီး (Early-Warning Radar) အပါအဝင် အရေးပါသော စစ်ရေးပစ်မှတ်များ အကြီးအကျယ် ထိခိုက်ပျက်စီးခဲ့ ကြောင်း နိုင်ငံတကာသတင်းများကဖော်ပြလိုက်သည်။
Anadolu သတင်းဌာနနှင့် နိုင်ငံတကာ စစ်ရေးလေ့လာသူများ၏အချက်အလက်များအရ တိုက် ခိုက်မှုစတင် သည့် ပထမ (၄) ရက်အတွင်းမှာပင် အမေရိကန်အနေဖြင့် စစ်လက်နက်ပစ္စည်းတန်ဖိုး အမေရိကန်ဒေါ်လာ (၁.၉) ဘီလျံခန့် ဆုံးရှုံးခဲ့ရကြောင်း ခန့်မှန်းထားသည်။ ဆုံးရှုံးခဲ့သော စစ်လက်နက် ပစ္စည်းများထဲတွင် ကာတာနိုင်ငံရှိ $1.1 ဘီလျံတန် AN/FPS-132 ရေဒါစနစ်ကြီး၊ ယူအေအီး (UAE) နိုင်ငံ Al-Ruwais ဒေသရှိ ခန့်မှန်းတန်ဖိုး $500 သန်းခန့်ရှိ THAAD ဒုံးကျည်ကာကွယ်ရေးစနစ်၏ AN/TPY-2 ရေဒါ ဘာရိန်းနိုင်ငံ မနာမာမြို့ရှိ အမေရိကန် ရေတပ်အမှတ် (၅) တပ်ဖွဲ့ဌာနချုပ်မှ (ခန့်မှန်းတန်ဖိုး $20 သန်းခန့်) AN/GSC-52B ဂြိုဟ်တုဆက်သွယ်ရေးစနစ်များနှင့် ကူဝိတ်နိုင်ငံ Ali Al Salem လေတပ်စခန်းအတွင်းရှိ အဆောက် အအုံများနှင့် အခြားသော ထိခိုက်မှုများတို့ဖြစ်ကြောင်း သိရသည်။ အီရန်နှင့် အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများကြား ဖြစ်ပွားနေသည့်စစ်ပွဲနှင့်ပတ်သက်ပြီး စစ်ပွဲကုန်ကျစရိတ် စုစုပေါင်း တန်ဖိုးသည် (၇) ရက်အတွင်း အမေရိကန်ဒေါ်လာ အနည်းဆုံး (၅) ဘီလျံကျော်ကုန်ကျထားပြီးဖြစ်ကြောင်း သိရသည်။ စစ်ပွဲ အချိန်ကြာလာချိန်တွင် အမေရိကန် ဦးဆောင်သော မဟာမိတ်နိုင်ငံများ၏ စစ်လက်နက် ပစ္စည်းကုန်ကျစရိတ် ပိုမိုမြင့်တက်လာဖွယ်ရှိနေကြောင်း သိရသည်။
စစ်ပွဲကာလ( ၇)ရက်အတွင်း လူပေါင်း (၁၂၀ဝ) ကျော်သေဆုံး
အီရန်နှင့်အမေရိကန်ဦးဆောင်သော မဟာမိတ်နိုင်ငံများကြားဖြစ်ပွားသည့် စစ်ပွဲကာလ (၇) ရက် အတွင်း အီရန် ဘက်မှ အနည်းဆုံး (၁၂၃၀) ဦးသေ ဆုံးခဲ့သလို ရာနှင့်ချီဒဏ်ရာရခဲ့ပြီး အမေရိကန်စစ် တပ်ဘက်မှ (၆) ဦးသေဆုံးကာ (၁၆) ဦးဒဏ်ရာရ ခဲ့သလို အခြားမဟာမိတ်နိုင်ငံများတွင်လည်း ရာနှင့် ချီသေဆုံးခဲ့ကြောင်းသိရသည်။
အီရန်၏ဒုံးကျည်နှင့် ဒရုန်းတိုက်ခိုက်မှုအား လျော့နည်းကျဆင်းလာ
စစ်ဆင်ရေးစတင်သည့် ပထမနေ့နှင့် နှိုင်းယှဉ်ပါက အီရန်၏ ဘယ်လစ်စတစ်ဒုံးကျည်ဖြင့် တိုက် ခိုက်မှုများ (၉၀) ရာခိုင်နှုန်းအထိ ကျဆင်းသွားခဲ့ပြီး၊ ဒရုန်းဖြင့် တိုက်ခိုက်မှုများမှာလည်း (၈၃) ရာခိုင်နှုန်း အထိလျော့ကျသွားကြောင်း CENTCOM က အတည်ပြုထားသည်။ ယခုစစ်ဆင်ရေးသည် သာမန် တုံ့ပြန်မှု (Prop- ortional response) မျိုးမဟုတ်ဘဲ၊ ရန်ဘက် နိုင်ငံတစ်နိုင်ငံ၏ စစ်ပွဲဆင်နွှဲနိုင်စွမ်းကိုစနစ် တကျ ဖြိုခွင်းနေခြင်းဖြစ်သည်။ “မကြာမီ အီရန် လေပိုင်နက်ထဲမှာ အမေရိကန်ရဲ့ပစ်အားတွေ အဆမတန် ထပ်တိုးလာဦးမယ်” ဟု အမေရိကန်ကာကွယ် ရေးဝန်ကြီး ပီတီဟတ်ဆီက သတိပေးခဲ့သည်။
အမေရိကန်စစ်သားများ၏ ရုပ်အလောင်းများကို ပါရှန်ပင်လယ်၏ရေအောက်ကြမ်းပြင်တွင် နစ်မြှုပ်မည်
စစ်ပွဲကာလ (၇) ရက်ခန့်ရှိလာချိန်တွင် အီရန် စစ်တပ်၏ Khatam al-Anbiya ဗဟိုဌာနချုပ် ဒုတိယတပ် မှူးဗိုလ်ချုပ်ကြီး ကီအူမာစ်ဟေဒါရီ “အမေရိကန်အရာရှိတွေ၊ စစ်သားတွေနဲ့ အကြပ်တပ်သား တွေရဲ့ တစ်စိတ် တစ်ပိုင်းဟာ ပါရှန်ပင်လယ်ကွေ့နဲ့ အိုမန် ပင်လယ်ရဲ့ရေအောက်ကြမ်းပြင်ဆီကို သေချာ ပေါက်ရောက်သွားကြပြီး ပင်လယ်သတ္တဝါတွေရဲ့ အစာဖြစ်သွားလိမ့်မယ်။ နောက်ထပ် သိသာထင်ရှား တဲ့အရေအတွက်တစ်ခုကတော့ ကျန်ရစ်တဲ့ တပ်မှူး တွေက တစ်ဆင့်ခေါင်းတလားတွေနဲ့ အမေရိကန်ကို ပြန်သယ်သွားရလိမ့်မယ်”ဟုပြောသည်။
တပ်ဖွဲ့ဝင် (၅) သောင်းနှင့် စစ်ဘက်သုံး လေယာဉ်အစင်းရေ
(၂၀ဝ)ကျော်ဖြင့် စစ်ဆင်နေသောအမေရိကန်
အမေရိကန်သမ္မတ၏ အမိန့်ဖြင့် စတင်ခဲ့သော စစ်ဆင်ရေးတွင် အမေရိကန်တပ်ဖွဲ့ဝင် (၅၀ဝဝဝ) ကျော်၊ တိုက်လေယာဉ် (၂၀ဝ) ကျော်နှင့် လေယာဉ် တင်သင်္ဘောကြီးများ ပါဝင်ကာ အစ္စရေးနှင့်ပူး ပေါင်း ဆင်နွှဲနေခြင်း ဖြစ်သည်။
အမေရိကန်ဗိုလ်ချုပ်ကြီး ဘာရက်ကော်ပါး၏ အဆိုအရ အီရန်နိုင်ငံအပေါ် စစ်ဆင်ရေးစတင်ပြီး နာရီ (၁၀ဝ) အတွင်းမှာပင် ပစ်မှတ်ပေါင်း (၂,ဝဝဝ)နီးပါးကို လက်နက်ခဲယမ်း (၂,ဝဝဝ) ကျော်ဖြင့် တိုက်ခိုက်ခဲ့ပြီးဖြစ်သည်။
ကမ္ဘာ့ရေနံဈေးကွက်ကို ကယ်တင်မည့် ဆော်ဒီ၏ ပင်လယ်နီထွက်ပေါက်
စစ်ပွဲကြောင့် ကမ္ဘာ့ရေနံစီးဆင်းမှု၏အဓိက ရေလမ်းကြောင်းဖြစ်သော ဟော်မုဇ်ရေလက်ကြား ဖြတ်သန်းသွား လာမှုများ ရပ်တန့်လုနီးပါးဖြစ်နေရာ ရေနံဈေးနှုန်းများမြင့်တက်လျက်ရှိနေပြီး ရေနံစိမ်း တစ်စည်ကို အမေရိကန်ဒေါ်လာ (၁၀ဝ)အထက်ကို တက်လာနိုင်ကြောင်း သုံးသပ်မှုများရှိနေသည်။
ဆော်ဒီအာရေဗျနိုင်ငံပိုင် ရေနံကုမ္ပဏီကြီး Aramco သည် ဟော်မုဇ်ရေလက်ကြား ပိတ်ဆို့မှုကြောင့် ကြုံတွေ့ရ မည့်အကျပ်အတည်းကိုကျော် လွှားရန် ၎င်း၏မဟာဗျူဟာမြောက် ကီလိုမီတာ (၁၂၀ဝ) ရှည်လျားသော အရှေ့-အနောက် ပိုက်လိုင်း (East-West Pipeline) ကို အရေးပေါ် အသုံးပြုကာ တစ်နေ့လျှင် ရေနံစည်ပေါင်း (၅) သန်းမှ (၇) သန်းအထိကို ပင်လယ်နီကမ်းခြေရှိ့ညေဘက ဆိပ်ကမ်းသို့ပို့ဆောင်ရန်ပြင်ဆင်ပြီး ကမ္ဘာ့ရေနံလမ်းကြောင်း လုံးဝပြတ် တောက်မသွား စေရန် ကြိုးစားနေသည်။
ကမ္ဘာ့စီးပွားရေးတိုးတက်မှုနှုန်း နှေးကွေးကျဆင်းလာ
ကမ္ဘာ့စီးပွားရေးကိုလည်း ရိုက်ခတ်မှုများရှိလာ ခဲ့ရာ (၂၀၂၆) ခုနှစ်တွင် ကမ္ဘာ့စီးပွားရေးတိုးတက်မှု နှုန်း (၃ ဒသမ ၂) ရာခိုင်နှုန်းတိုးတက်မည်ဟု ခန့်မှန်းခဲ့သော်လည်း အီရန်နှင့် အမေရိကန်ဦးဆောင် သောစစ်ပွဲနှင့်ဆက်နွှယ်ပြီး ကမ္ဘာ့ စီးပွားရေးတိုး တက်မှု နှုန်းကျဆင်းမည်ဟု ခန့်မှန်းလာကြသည်။
ဟော့မုဇ်ရေလက်ကြား ပိတ်ပင်လုနီးပါး အခြေနေများကြောင့် ထောက်ပံ့ရေးကွင်းဆက်များ ပြတ်ခဲ့ကာ ရေနံ ဈေးနှုန်းမြင့်တက်လာမှု၊ စစ်ပွဲကြောင့် လေကြောင်းလိုင်းများစွာ ဖျက်သိမ်းရမှု၊ ဘဏ္ဍာရေးနှင့် ကုန်သွယ်ရေးကို ထိခိုက် ရမှုများဖြစ် လာခဲ့ကြောင်း နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့ တာဝန်ရှိသူတစ်ဦးက ပြောသည်။ စစ်ပွဲကြောင့် အရှေ့ အလယ်ပိုင်းဒေသအတွင်း အခြေခံအဆောက်အအုံများ ထိခိုက်ပျက်စီးရခြင်း၊ ထုတ်လုပ်ရေးလုပ်ငန်းများ နှောင့်နှေး ရခြင်း၊ စွမ်းအင်လုပ် ငန်းများအပေါ် ကြီးမားသည့်သက်ရောက်မှုများ ရှိလာခြင်းများရှိနေကြောင်း နိုင်ငံတကာ ငွေကြေး ရန်ပုံငွေအဖွဲ့ကပြောသည်။
အီရန်စစ်ပွဲကို နောက်ထပ်အဆင့်တစ်ဆင့် တက်လှမ်းလိုက်ပြီဟု အသိပေးလိုက်သည့် အစ္စရေး
i24N- EWS နှင့် Caspian Post သတင်းဌာနတို့၏ ဖော်ပြချက်များအရ ပြီးခဲ့သည့် မတ်လ (၂) ရက်မှစတင်ကာ ကာ့ဒ်တိုက်ခိုက်ရေးသမား ထောင်ပေါင်းများစွာသည် အီရန်နိုင်ငံအနောက် မြောက်ပိုင်း နယ်စပ်ကိုဖြတ်ကျော်ဝင် ရောက်ခဲ့ပြီး စစ်ရေးအရ နေရာယူမှုများ ပြုလုပ်နေကြောင်း သိရသည်။ ထို့ပြင် အစ္စရေးစစ်တပ်က အီရန်နှင့် ဖြစ်ပွားနေ သည့်စစ်ပွဲကာလ (၇) ရက်မြောက်တွင် စစ်ပွဲ၏နောက်ထပ်အဆင့် ကိုတက်လှမ်းတော့မည်ဖြစ်ပြီး ယခင်ထက်ပိုမို အံ့အားသင့်ဖွယ်ကောင်း သောတိုက်ခိုက်မှုများလုပ်ဆောင်မည်ဟုပြောသည်။
အီရန်စစ်ပွဲကို သီတင်းပတ် (၄) ပတ်ကျော်အတွင်း အဆုံးသတ်မည်ဟု
ကတိပြုထားသည့် အမေရိကန်သမ္မတ
အမေရိကန်သည် အီရန်နိုင်ငံအပေါ် ပြင်းထန်သော ထိုးစစ်ဆင်တိုက်ခိုက်မှုများရှိနေသော်လည်း အီရန်စစ် တပ်က အစွမ်းကုန်ခုခံတိုက်ခိုက်မှုများရှိနေဆဲဖြစ်ရာ စစ်ပွဲအချိန်ပိုမိုကြာမြင့်လာမည်ကို စိုးရိမ်မှု မင့်တက်လျက်ရှိ နေသည်။
ထို့ကြောင့် အမေရိကန်သမ္မတက အီရန်နိုင်ငံအပေါ် ပြုလုပ်နေသောစစ်ဆင်ရေးကို သီတင်းပတ် (၄) ပတ် သို့မဟုတ် (၅) ပတ်အတွင်း အဆုံးသတ် သွား မည်ဟု ကြုံးဝါးပြောဆိုထားရာ အမေရိကန် နိုင်ငံအနေဖြင့် အီရန်အပေါ် ပြုလုပ်နေသည့်စစ်ပွဲကို ၎င်းတို့ ပေးထားသည့်ကတိအတိုင်း အပြီးတိုင် အဆုံးသတ်နိုင်မည်လားဆိုသည့်အချက်က စိတ် ဝင်စားဖွယ် ကောင်းနေသည်။

Zawgyi Version;
အေမရိကန္ႏွင့္ အီရန္စစ္ပြဲမွ စိတ္ဝင္စားဖြယ္ေကာင္းသည့္အေၾကာင္းအရာမ်ားႏွင့္ ကိန္းဂဏန္းမ်ား
ဂ်န္ဇက္ (NP News) - မတ္ ၇
အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ား၏ အီရန္ႏိုင္ငံအေပၚတိုက္ခိုက္မႈမ်ားေၾကာင့္ အေရွ႕အလယ္ပိုင္း ေဒသတြင္ စစ္ပြဲျဖစ္ပြားေနျခင္းသည္ မတ္လ (၆) ရက္တြင္ (၇) ရက္ ျပည့္ၿပီျဖစ္သည္။ စစ္ပြဲကာလအတြင္း စိတ္ဝင္ စားဖြယ္ေကာင္းသည့္အေၾကာင္းအရာမ်ားႏွင့္ ကိန္းဂဏန္းမ်ားကို ေကာက္ႏုတ္ေဖာ္ျပေပးလိုက္ပါသည္။
အီရန္ေခါင္းေဆာင္ (၃) ဒါဇင္ေက်ာ္ကို ေသဆုံးရန္ တိုက္ခိုက္ခဲ့မႈႏွင့္အတူ စစ္ပြဲ
အေမရိကန္ႏွင့္ အစၥေရးႏိုင္ငံတို႔က အီရန္ႏိုင္ငံကို ပစ္မွတ္ထားပူးေပါင္းတိုက္ခိုက္ခဲ့သည့္ Operation Epic Fury ဟု အမည္ေပးထားေသာစစ္ ဆင္ေရးစတင္ၿပီးေနာက္ တစ္ပတ္အတြင္းတြင္ အီရန္ႏိုင္ငံ၏ေလတပ္ႏွင့္ေရတပ္သည္ ႀကီးမားသည့္ ထိခိုက္ပ်က္စီးမႈမ်ားျဖင့္ ရင္ဆိုင္ခဲ့ရေၾကာင္း သိရသည္။
အေမရိကန္သည္ အျငင္းပြားလ်က္ရွိေနသည့္ အီရန္န်ဴကလီးယားအေရး၊ ဒုံးက်ည္စီမံကိန္းမ်ားႏွင့္ပတ္သက္ၿပီး အီရန္အစိုးရတာဝန္ရွိသူမ်ားႏွင့္ ေတြ႕ဆုံေဆြးေႏြးခဲ့ရာ ေအာင္ျမင္မႈမရခဲ့ၿပီးေနာက္ ေဖေဖာ္ဝါရီ (၂၈)ရက္တြင္ အီရန္ အေပၚ စတင္တိုက္ခိုက္ခဲ့ရာ အီရန္ႏိုင္ငံ၏အဆင့္အျမင့္ဆုံးဘာသာေရး ေခါင္းေဆာင္ အယာတိုလာခါေမနီႏွင့္ အီရန္စစ္ ဗိုလ္ခ်ဳပ္ႀကီးမ်ားအပါအဝင္ အီရန္အစိုးရအဖြဲ႕၏တာဝန္ရွိသူ အနည္းဆုံး (၃) ဒါဇင္ခန႔္ ေသဆုံးထား ေၾကာင္းသိရသည္။ အီရန္အစိုးရကိုယ္တိုင္က အယာတိုလာခါေမနီေသဆုံးေၾကာင္းအတည္ျပဳခဲ့ၿပီး ဈာပနအခမ္းအနားက်င္းပရန္ စီစဥ္ထား ေသာ္လည္း “လူအုပ္ႀကီးမားလြန္းမည္ကိုစိုးရိမ္၍” ေ႐ႊ႕ဆိုင္းခဲ့ရၿပီး အီရန္ႏိုင္ငံ၏ ဘာသာေရးဆရာ (၈၈) ဦးပါဝင္ ေသာအဖြဲ႕က အယာတိုလာခါေမနီ၏သား ျဖစ္သူကို မတ္လ (၄) ရက္ ညပိုင္းတြင္ အီရန္ႏိုင္ငံ၏ အဆင့္ျမင့္ဆုံး ဘာသာ ေရးေခါင္းေဆာင္အျဖစ္ ေ႐ြးခ်ယ္ခဲ့ေၾကာင္း သိရသည္။
အီရန္ဒုံးက်ည္စခန္းမ်ားကို ပစ္မွတ္ထားတိုက္ခိုက္
အေမရိကန္ႏိုင္ငံသည္ အီရန္ႏိုင္ငံအေပၚ စစ္ဆင္ေရးစတင္ၿပီး နာရီပိုင္းအၾကာတြင္ အီရန္ႏိုင္ငံ၏ ဒုံးက်ည္ စခန္းမ်ားကို ပစ္မွတ္ထားၿပီးတိုက္ခိုက္ ေခ်မႈန္းခဲ့ရာ အီရန္ႏိုင္ငံ၏ဒုံးက်ည္စခန္းမ်ားထိ ခိုက္ပ်က္စီးခဲ့ရေၾကာင္း သိရသည္။ အေမရိကန္၏ စစ္ဆင္ေရးရည္မွန္းခ်က္မွာ ယခုအခါ ပိုမိုက်ယ္ ျပန႔္လာၿပီျဖစ္သည္။ အီရန္အေပၚ ျပဳလုပ္ သည့္ စစ္ဆင္ေရးစတင္ၿပီးေနာက္ (၇၂) နာရီအတြင္း အေမရိကန္ ဗုံးႀကဲေလယာဥ္မ်ားသည္ အီရန္ႏိုင္ငံ အတြင္းပိုင္းႏွင့္ တီဟီရန္ၿမိဳ႕ပတ္ဝန္းက်င္ရွိ ပစ္မွတ္ ေပါင္း (၂၀ဝဝ) နီးပါးကို တိုက္ခိုက္ခဲ့ေၾကာင္းသိရသည္။ ထို႔ျပင္ B-2 ဗုံးႀကဲ ေလယာဥ္ မ်ားက ေပါင္ (၂၀ဝဝ) တန္ ေျမေအာက္ထိုးေဖာက္ဗုံး (Penetrator bombs) မ်ားအသုံးျပဳကာ ေျမေအာက္ အနက္ပိုင္းရွိ ဒုံးက်ည္ပစ္စင္မ်ားကိုဖ်က္ဆီးခဲ့သည္။ သမၼတေဒၚနယ္ထရမ့္၏ တိုက္႐ိုက္ၫႊန္ၾကားခ်က္အရ အီရန္၏ “ဘယ္လစ္စတစ္ ဒုံးက်ည္ ထုတ္လုပ္ေရးစက္မႈဇုန္တစ္ခုလုံးကို ေျမလွန္ရွင္းလင္းရန္ (Raze or Level)” ေဆာင္႐ြက္ေနေၾကာင္း အေမရိကန္စစ္တပ္၏ ဗိုလ္ခ်ဳပ္ႀကီးဘာ ရက္ေကာ္ပါးက အတည္ျပဳေျပာဆိုခဲ့သည္။
အီရန္ ေလတပ္ ႏွင့္ေရတပ္ကို အျပင္းအထန္ေခ်မႈန္း
အေမရိကန္သည္ အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ေသာစစ္ဆင္ေရးအတြင္း B 2 ဗုံးႀကဲေလယာဥ္မ်ား၊ F 35 တိုက္ေလ ယာဥ္မ်ား၊ B 52 အမ်ိဳးအစား ေလယာဥ္မ်ားအပါအဝင္ မတူညီေသာလက္နက္ အမ်ိဳးေပါင္း (၂) ဒါဇင္ေက်ာ္အသုံးျပဳ တိုက္ခိုက္ခဲ့ၿပီး စစ္ဆင္ေရးကာလ (၇) ရက္အတြင္းတြင္ အီရန္ေလတပ္ႏွင့္ ေရတပ္ကို ဖ်က္ဆီးႏိုင္ခဲ့ဟု အေမရိ ကန္စစ္ တပ္က သတင္းထုတ္ျပန္ထားသည္။
မတ္လ (၅) ရက္ကျပဳလုပ္သည့္ သတင္းစာ ရွင္းလင္းပြဲတြင္ အေမရိကန္စစ္တပ္၏ဗိုလ္ခ်ဳပ္ႀကီး ဘာရက္ေကာ္ ပါးက အီရန္စစ္သေဘၤာေပါင္း (၃၀) ေက်ာ္ကို အေမရိကန္တပ္မ်ားက ႏွစ္ျမႇဳပ္ဖ်က္ ဆီးႏိုင္ခဲ့ေၾကာင္း အတည္ျပဳေျပာ ၾကားခဲ့သည္။ အထူးသျဖင့္ ဒုတိယကမာၻစစ္အတြင္းက ေလယာဥ္ တင္သေဘၤာႀကီးအ႐ြယ္အစားရွိ အီရန္ေရတပ္၏ ဂုဏ္ယူဝင့္ႂကြားလွေသာ “ဒ႐ုန္းတင္သေဘၤာႀကီး (Drone Car- rier)’’ ကို ေအာင္ျမင္စြာ ပစ္မွတ္ထားတိုက္ ခိုက္ႏိုင္ခဲ့ သလို အီရန္ေရငုပ္ သေဘၤာမ်ား ကိုလည္း ဖ်က္ဆီးႏိုင္ခဲ့ေၾကာင္း သိရသည္။
အီရန္၏ဒ႐ုန္းတိုက္ခိုက္မႈကို ေခါင္းခဲေနရသည့္ အေမရိကန္ႏွင့္မဟာမိတ္ႏိုင္ငံမ်ား
အီရန္ႏိုင္ငံသည္ အစၥေရးအျပင္ အေမရိကန္ ႏိုင္ငံ၏အေရွ႕အလယ္ပိုင္း ေဒသအတြင္းမဟာမိတ္ ႏိုင္ငံမ်ားကို ဒုံးက်ည္မ်ား၊ ရွာဟတ္ (၁၃၆) အမ်ိဳး အစား တာေဝးပ်ံသန္းႏိုင္မည့္ဒ႐ုန္းမ်ားအသုံးျပဳ တိုက္ခိုက္ခဲ့ရာ ကူဝိတ္အပါအဝင္ အေရွ႕အလယ္ပိုင္း ေဒသအတြင္းရွိ အေမရိကန္၏မဟာမိတ္ႏိုင္ငံမ်ားတြင္ လက္နက္ကုန္ခန္းမႈမ်ားရွိေနေၾကာင္း သတင္း မ်ားလည္းထြက္ေပၚေနသည္။
အီရန္ဘက္က အသုံးျပဳေသာ ရွာဟတ္ (၁၃၆) အမ်ိဳးအစား ဒ႐ုန္းတစ္စင္း၏တန္ဖိုးသည္ အေမရိကန္ေဒၚလာ (၂) ေသာင္းႏွင့္ (၅) ေသာင္းၾကားသာ ရွိေသာ္လည္း အေမရိကန္ႏွင့္ မဟာမိတ္ႏိုင္ငံမ်ားက ရွာဟတ္ဒ႐ုန္းကို ပစ္ခ်ရန္ အတြက္ အဓိကအသုံးျပဳ ေနရသည့္အေမရိကန္ထုတ္ Patriot (PAC-3) ဒုံး က်ည္တစ္စင္း၏တန္ဖိုးမွာ အေမရိကန္ ေဒၚလာ (၃.၇) သန္းမွ (၄) သန္းအထိရွိေနရာ စစ္ပြဲအခ်ိန္ၾကာ လာခ်ိန္တြင္ အေမရိကန္သည္ စစ္ပြဲကုန္က်စရိတ္ ဒဏ္ကို ပိုမိုခံစားရဖြယ္ရွိေနေၾကာင္း သိရသည္။
အေမရိကန္၏ ေဒၚလာ (၁.၁) ဘီလ်ံတန္ ေရဒါစနစ္ႀကီးကို အီရန္ ေခ်မႈန္း
အီရန္က အေရွ႕အလယ္ပိုင္းေဒသရွိ အေမရိကန္ စစ္စခန္းမ်ားကို ႀကီးမားေသာလက္တုံ႔ျပန္တိုက္ ခိုက္မႈမ်ားျပဳ လုပ္ခဲ့ရာတြင္ ကာတာႏိုင္ငံရွိ တန္ဖိုး ေဒၚလာ (၁.၁) ဘီလ်ံတန္ေၾကးရွိသည့္ အေမရိကန္၏အဓိက ႀကိဳတင္သတိေပးေရ ဒါစနစ္ႀကီး (Early-Warning Radar) အပါအဝင္ အေရးပါေသာ စစ္ေရးပစ္မွတ္မ်ား အႀကီးအက်ယ္ ထိခိုက္ပ်က္စီးခဲ့ ေၾကာင္း ႏိုင္ငံတကာသတင္းမ်ားကေဖာ္ျပလိုက္သည္။
Anadolu သတင္းဌာနႏွင့္ ႏိုင္ငံတကာ စစ္ေရးေလ့လာသူမ်ား၏အခ်က္အလက္မ်ားအရ တိုက္ ခိုက္မႈစတင္ သည့္ ပထမ (၄) ရက္အတြင္းမွာပင္ အေမရိကန္အေနျဖင့္ စစ္လက္နက္ပစၥည္းတန္ဖိုး အေမရိကန္ေဒၚလာ (၁.၉) ဘီလ်ံခန႔္ ဆုံးရႈံးခဲ့ရေၾကာင္း ခန႔္မွန္းထားသည္။ ဆုံးရႈံးခဲ့ေသာ စစ္လက္နက္ ပစၥည္းမ်ားထဲတြင္ ကာတာႏိုင္ငံရွိ $1.1 ဘီလ်ံတန္ AN/FPS-132 ေရဒါစနစ္ႀကီး၊ ယူေအအီး (UAE) ႏိုင္ငံ Al-Ruwais ေဒသရွိ ခန႔္မွန္းတန္ဖိုး $500 သန္းခန႔္ရွိ THAAD ဒုံးက်ည္ကာကြယ္ေရးစနစ္၏ AN/TPY-2 ေရဒါ ဘာရိန္းႏိုင္ငံ မနာမာၿမိဳ႕ရွိ အေမရိကန္ ေရတပ္အမွတ္ (၅) တပ္ဖြဲ႕ဌာနခ်ဳပ္မွ (ခန႔္မွန္းတန္ဖိုး $20 သန္းခန႔္) AN/GSC-52B ၿဂိဳဟ္တုဆက္သြယ္ေရးစနစ္မ်ားႏွင့္ ကူဝိတ္ႏိုင္ငံ Ali Al Salem ေလတပ္စခန္းအတြင္းရွိ အေဆာက္ အအုံမ်ားႏွင့္ အျခားေသာ ထိခိုက္မႈမ်ားတို႔ျဖစ္ေၾကာင္း သိရသည္။ အီရန္ႏွင့္ အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ားၾကား ျဖစ္ပြားေနသည့္စစ္ပြဲႏွင့္ပတ္သက္ၿပီး စစ္ပြဲကုန္က်စရိတ္ စုစုေပါင္း တန္ဖိုးသည္ (၇) ရက္အတြင္း အေမရိကန္ေဒၚလာ အနည္းဆုံး (၅) ဘီလ်ံေက်ာ္ကုန္က်ထားၿပီးျဖစ္ေၾကာင္း သိရသည္။ စစ္ပြဲ အခ်ိန္ၾကာလာခ်ိန္တြင္ အေမရိကန္ ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ား၏ စစ္လက္နက္ ပစၥည္းကုန္က်စရိတ္ ပိုမိုျမင့္တက္လာဖြယ္ရွိေနေၾကာင္း သိရသည္။
စစ္ပြဲကာလ( ၇)ရက္အတြင္း လူေပါင္း (၁၂၀ဝ) ေက်ာ္ေသဆုံး
အီရန္ႏွင့္အေမရိကန္ဦးေဆာင္ေသာ မဟာမိတ္ႏိုင္ငံမ်ားၾကားျဖစ္ပြားသည့္ စစ္ပြဲကာလ (၇) ရက္ အတြင္း အီရန္ ဘက္မွ အနည္းဆုံး (၁၂၃၀) ဦးေသ ဆုံးခဲ့သလို ရာႏွင့္ခ်ီဒဏ္ရာရခဲ့ၿပီး အေမရိကန္စစ္ တပ္ဘက္မွ (၆) ဦးေသဆုံးကာ (၁၆) ဦးဒဏ္ရာရ ခဲ့သလို အျခားမဟာမိတ္ႏိုင္ငံမ်ားတြင္လည္း ရာႏွင့္ ခ်ီေသဆုံးခဲ့ေၾကာင္းသိရသည္။
အီရန္၏ဒုံးက်ည္ႏွင့္ ဒ႐ုန္းတိုက္ခိုက္မႈအား ေလ်ာ့နည္းက်ဆင္းလာ
စစ္ဆင္ေရးစတင္သည့္ ပထမေန႔ႏွင့္ ႏႈိင္းယွဥ္ပါက အီရန္၏ ဘယ္လစ္စတစ္ဒုံးက်ည္ျဖင့္ တိုက္ ခိုက္မႈမ်ား (၉၀) ရာခိုင္ႏႈန္းအထိ က်ဆင္းသြားခဲ့ၿပီး၊ ဒ႐ုန္းျဖင့္ တိုက္ခိုက္မႈမ်ားမွာလည္း (၈၃) ရာခိုင္ႏႈန္း အထိေလ်ာ့က်သြားေၾကာင္း CENTCOM က အတည္ျပဳထားသည္။ ယခုစစ္ဆင္ေရးသည္ သာမန္ တုံ႔ျပန္မႈ (Prop- ortional response) မ်ိဳးမဟုတ္ဘဲ၊ ရန္ဘက္ ႏိုင္ငံတစ္ႏိုင္ငံ၏ စစ္ပြဲဆင္ႏႊဲႏိုင္စြမ္းကိုစနစ္ တက် ၿဖိဳခြင္းေနျခင္းျဖစ္သည္။ “မၾကာမီ အီရန္ ေလပိုင္နက္ထဲမွာ အေမရိကန္ရဲ႕ပစ္အားေတြ အဆမတန္ ထပ္တိုးလာဦးမယ္” ဟု အေမရိကန္ကာကြယ္ ေရးဝန္ႀကီး ပီတီဟတ္ဆီက သတိေပးခဲ့သည္။
အေမရိကန္စစ္သားမ်ား၏ ႐ုပ္အေလာင္းမ်ားကို ပါရွန္ပင္လယ္၏ေရေအာက္ၾကမ္းျပင္တြင္ နစ္ျမႇဳပ္မည္
စစ္ပြဲကာလ (၇) ရက္ခန႔္ရွိလာခ်ိန္တြင္ အီရန္ စစ္တပ္၏ Khatam al-Anbiya ဗဟိုဌာနခ်ဳပ္ ဒုတိယတပ္ မႉးဗိုလ္ခ်ဳပ္ႀကီး ကီအူမာစ္ေဟဒါရီ “အေမရိကန္အရာရွိေတြ၊ စစ္သားေတြနဲ႔ အၾကပ္တပ္သား ေတြရဲ႕ တစ္စိတ္ တစ္ပိုင္းဟာ ပါရွန္ပင္လယ္ေကြ႕နဲ႔ အိုမန္ ပင္လယ္ရဲ႕ေရေအာက္ၾကမ္းျပင္ဆီကို ေသခ်ာ ေပါက္ေရာက္သြားၾကၿပီး ပင္လယ္သတၱဝါေတြရဲ႕ အစာျဖစ္သြားလိမ့္မယ္။ ေနာက္ထပ္ သိသာထင္ရွား တဲ့အေရအတြက္တစ္ခုကေတာ့ က်န္ရစ္တဲ့ တပ္မႉး ေတြက တစ္ဆင့္ေခါင္းတလားေတြနဲ႔ အေမရိကန္ကို ျပန္သယ္သြားရလိမ့္မယ္”ဟုေျပာသည္။
တပ္ဖြဲ႕ဝင္ (၅) ေသာင္းႏွင့္ စစ္ဘက္သုံး ေလယာဥ္အစင္းေရ
(၂၀ဝ)ေက်ာ္ျဖင့္ စစ္ဆင္ေနေသာအေမရိကန္
အေမရိကန္သမၼတ၏ အမိန႔္ျဖင့္ စတင္ခဲ့ေသာ စစ္ဆင္ေရးတြင္ အေမရိကန္တပ္ဖြဲ႕ဝင္ (၅၀ဝဝဝ) ေက်ာ္၊ တိုက္ေလယာဥ္ (၂၀ဝ) ေက်ာ္ႏွင့္ ေလယာဥ္ တင္သေဘၤာႀကီးမ်ား ပါဝင္ကာ အစၥေရးႏွင့္ပူး ေပါင္း ဆင္ႏႊဲေနျခင္း ျဖစ္သည္။
အေမရိကန္ဗိုလ္ခ်ဳပ္ႀကီး ဘာရက္ေကာ္ပါး၏ အဆိုအရ အီရန္ႏိုင္ငံအေပၚ စစ္ဆင္ေရးစတင္ၿပီး နာရီ (၁၀ဝ) အတြင္းမွာပင္ ပစ္မွတ္ေပါင္း (၂,ဝဝဝ)နီးပါးကို လက္နက္ခဲယမ္း (၂,ဝဝဝ) ေက်ာ္ျဖင့္ တိုက္ခိုက္ခဲ့ၿပီးျဖစ္သည္။
ကမာၻ႔ေရနံေဈးကြက္ကို ကယ္တင္မည့္ ေဆာ္ဒီ၏ ပင္လယ္နီထြက္ေပါက္
စစ္ပြဲေၾကာင့္ ကမာၻ႔ေရနံစီးဆင္းမႈ၏အဓိက ေရလမ္းေၾကာင္းျဖစ္ေသာ ေဟာ္မုဇ္ေရလက္ၾကား ျဖတ္သန္းသြား လာမႈမ်ား ရပ္တန႔္လုနီးပါးျဖစ္ေနရာ ေရနံေဈးႏႈန္းမ်ားျမင့္တက္လ်က္ရွိေနၿပီး ေရနံစိမ္း တစ္စည္ကို အေမရိကန္ေဒၚလာ (၁၀ဝ)အထက္ကို တက္လာႏိုင္ေၾကာင္း သုံးသပ္မႈမ်ားရွိေနသည္။
ေဆာ္ဒီအာေရဗ်ႏိုင္ငံပိုင္ ေရနံကုမၸဏီႀကီး Aramco သည္ ေဟာ္မုဇ္ေရလက္ၾကား ပိတ္ဆို႔မႈေၾကာင့္ ႀကဳံေတြ႕ရ မည့္အက်ပ္အတည္းကိုေက်ာ္ လႊားရန္ ၎၏မဟာဗ်ဴဟာေျမာက္ ကီလိုမီတာ (၁၂၀ဝ) ရွည္လ်ားေသာ အေရွ႕-အေနာက္ ပိုက္လိုင္း (East-West Pipeline) ကို အေရးေပၚ အသုံးျပဳကာ တစ္ေန႔လွ်င္ ေရနံစည္ေပါင္း (၅) သန္းမွ (၇) သန္းအထိကို ပင္လယ္နီကမ္းေျခရွိ႕ေညဘက ဆိပ္ကမ္းသို႔ပို႔ေဆာင္ရန္ျပင္ဆင္ၿပီး ကမာၻ႔ေရနံလမ္းေၾကာင္း လုံးဝျပတ္ ေတာက္မသြား ေစရန္ ႀကိဳးစားေနသည္။
ကမာၻ႔စီးပြားေရးတိုးတက္မႈႏႈန္း ေႏွးေကြးက်ဆင္းလာ
ကမာၻ႔စီးပြားေရးကိုလည္း ႐ိုက္ခတ္မႈမ်ားရွိလာ ခဲ့ရာ (၂၀၂၆) ခုႏွစ္တြင္ ကမာၻ႔စီးပြားေရးတိုးတက္မႈ ႏႈန္း (၃ ဒသမ ၂) ရာခိုင္ႏႈန္းတိုးတက္မည္ဟု ခန႔္မွန္းခဲ့ေသာ္လည္း အီရန္ႏွင့္ အေမရိကန္ဦးေဆာင္ ေသာစစ္ပြဲႏွင့္ဆက္ႏႊယ္ၿပီး ကမာၻ႔ စီးပြားေရးတိုး တက္မႈ ႏႈန္းက်ဆင္းမည္ဟု ခန႔္မွန္းလာၾကသည္။
ေဟာ့မုဇ္ေရလက္ၾကား ပိတ္ပင္လုနီးပါး အေျခေနမ်ားေၾကာင့္ ေထာက္ပံ့ေရးကြင္းဆက္မ်ား ျပတ္ခဲ့ကာ ေရနံ ေဈးႏႈန္းျမင့္တက္လာမႈ၊ စစ္ပြဲေၾကာင့္ ေလေၾကာင္းလိုင္းမ်ားစြာ ဖ်က္သိမ္းရမႈ၊ ဘ႑ာေရးႏွင့္ ကုန္သြယ္ေရးကို ထိခိုက္ ရမႈမ်ားျဖစ္ လာခဲ့ေၾကာင္း ႏိုင္ငံတကာေငြေၾကးရန္ပုံေငြအဖြဲ႕ တာဝန္ရွိသူတစ္ဦးက ေျပာသည္။ စစ္ပြဲေၾကာင့္ အေရွ႕ အလယ္ပိုင္းေဒသအတြင္း အေျခခံအေဆာက္အအုံမ်ား ထိခိုက္ပ်က္စီးရျခင္း၊ ထုတ္လုပ္ေရးလုပ္ငန္းမ်ား ေႏွာင့္ေႏွး ရျခင္း၊ စြမ္းအင္လုပ္ ငန္းမ်ားအေပၚ ႀကီးမားသည့္သက္ေရာက္မႈမ်ား ရွိလာျခင္းမ်ားရွိေနေၾကာင္း ႏိုင္ငံတကာ ေငြေၾကး ရန္ပုံေငြအဖြဲ႕ကေျပာသည္။
အီရန္စစ္ပြဲကို ေနာက္ထပ္အဆင့္တစ္ဆင့္ တက္လွမ္းလိုက္ၿပီဟု အသိေပးလိုက္သည့္ အစၥေရး
i24N- EWS ႏွင့္ Caspian Post သတင္းဌာနတို႔၏ ေဖာ္ျပခ်က္မ်ားအရ ၿပီးခဲ့သည့္ မတ္လ (၂) ရက္မွစတင္ကာ ကာ့ဒ္တိုက္ခိုက္ေရးသမား ေထာင္ေပါင္းမ်ားစြာသည္ အီရန္ႏိုင္ငံအေနာက္ ေျမာက္ပိုင္း နယ္စပ္ကိုျဖတ္ေက်ာ္ဝင္ ေရာက္ခဲ့ၿပီး စစ္ေရးအရ ေနရာယူမႈမ်ား ျပဳလုပ္ေနေၾကာင္း သိရသည္။ ထို႔ျပင္ အစၥေရးစစ္တပ္က အီရန္ႏွင့္ ျဖစ္ပြားေန သည့္စစ္ပြဲကာလ (၇) ရက္ေျမာက္တြင္ စစ္ပြဲ၏ေနာက္ထပ္အဆင့္ ကိုတက္လွမ္းေတာ့မည္ျဖစ္ၿပီး ယခင္ထက္ပိုမို အံ့အားသင့္ဖြယ္ေကာင္း ေသာတိုက္ခိုက္မႈမ်ားလုပ္ေဆာင္မည္ဟုေျပာသည္။
အီရန္စစ္ပြဲကို သီတင္းပတ္ (၄) ပတ္ေက်ာ္အတြင္း အဆုံးသတ္မည္ဟု
ကတိျပဳထားသည့္ အေမရိကန္သမၼတ
အေမရိကန္သည္ အီရန္ႏိုင္ငံအေပၚ ျပင္းထန္ေသာ ထိုးစစ္ဆင္တိုက္ခိုက္မႈမ်ားရွိေနေသာ္လည္း အီရန္စစ္ တပ္က အစြမ္းကုန္ခုခံတိုက္ခိုက္မႈမ်ားရွိေနဆဲျဖစ္ရာ စစ္ပြဲအခ်ိန္ပိုမိုၾကာျမင့္လာမည္ကို စိုးရိမ္မႈ မင့္တက္လ်က္ရွိ ေနသည္။
ထို႔ေၾကာင့္ အေမရိကန္သမၼတက အီရန္ႏိုင္ငံအေပၚ ျပဳလုပ္ေနေသာစစ္ဆင္ေရးကို သီတင္းပတ္ (၄) ပတ္ သို႔မဟုတ္ (၅) ပတ္အတြင္း အဆုံးသတ္ သြား မည္ဟု ႀကဳံးဝါးေျပာဆိုထားရာ အေမရိကန္ ႏိုင္ငံအေနျဖင့္ အီရန္အေပၚ ျပဳလုပ္ေနသည့္စစ္ပြဲကို ၎တို႔ ေပးထားသည့္ကတိအတိုင္း အၿပီးတိုင္ အဆုံးသတ္ႏိုင္မည္လားဆိုသည့္အခ်က္က စိတ္ ဝင္စားဖြယ္ ေကာင္းေနသည္။