အီရန်က လုံးဝလက်နက်ချပြီး အရှုံးပေးတာမျိုးကလွဲရင် ဘယ်လိုသဘောတူညီချက်မျိုးကိုမှ လက်မခံဘူးလို့ ဒေါ်နယ်ထရမ့်ပြော

2285

Pika (NP News) - မတ် ၈
အီရန်က လုံးဝလက်နက်ချပြီး အရှုံးပေးတာမျိုးကလွဲရင် ဘယ်လိုသဘောတူညီချက်မျိုးကိုမှ ရယူသွားမှာ မဟုတ်ဘူးလို့ အမေရိကန်သမ္မတဒေါ်နယ်ထရမ့်က ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် တိုက်ခိုက်မှုတွေကို စတင်လုပ်ဆောင်ခဲ့ပြီးနောက် သီတင်းပတ်(၁)ပတ် အကြာမှာ ဒေါ်နယ်ထရမ့်က ယခုလိုထုတ်ဖော်ပြောဆိုခဲ့တာဖြစ်ပါတယ်။ ဒေါ်နယ်ထရမ့်က “အီရန်မှာ သင့်လျော် တဲ့ ခေါင်းဆောင်တစ်ယောက်ကို ရွေးချယ်ပြီးပြီဆိုရင် ကျွန်တော်တို့ရဲ့အံ့ဩဖွယ်ကောင်းပြီး ရဲရင့်တဲ့ မိတ်ဖက်များ စွာဟာ အီရန်ကို ပျက်စီးခြင်းရဲ့အစွန်းတစ်ဖက်ကနေ ပြန်လည်ကောင်းမွန်လာအောင် ကြိုးပမ်းလုပ်ဆောင်သွားမှာ ပါ။ အီရန်ရဲ့စီးပွားရေးကို မြှင့်တင်ဖို့ ကျွန်တော်တို့အကောင်းဆုံးလုပ်ဆောင်သွားမှာပါ” လို့ ပြောခဲ့ပါတယ်။
ဒါ့ပြင် ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ သေဆုံးသွားခဲ့တဲ့ အီရန်ထိပ်တန်းခေါင်းဆောင်အလီခါမေနီရဲ့ နေရာမှာ အစားထိုး မယ့်ခေါင်းဆောင်သစ်ကို ရွေးချယ်ရာမှာ ကူညီခွင့်တွေပေးဖို့ကလည်း အမေရိကန်က တောင်းဆိုနေတယ်လို့ ဒေါ်နယ်ထရမ့်က ပြောကြားခဲ့ပါတယ်။ အမေရိကန်-အစ္စရေးတို့နဲ့ အီရန်တို့ကြား အပြန်အလှန် ပစ်ခတ်တိုက်ခိုက်မှုတွေဟာ နေ့စဉ်နီးပါးဆက်တိုက်ဖြစ်ပွားနေတာဖြစ်ပြီး တင်းမာမှုတွေဟာ သမိုင်းတစ်လျှောက် အမြင့်ဆုံး အဆင့်အထိကို ရောက်ရှိနေပြီဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version;
အီရန္က လုံးဝလက္နက္ခ်ၿပီး အရႈံးေပးတာမ်ိဳးကလြဲရင္ ဘယ္လိုသေဘာတူညီခ်က္မ်ိဳးကိုမွ လက္မခံဘူးလို႔ ေဒၚနယ္ထရမ့္ေျပာ
Pika (NP News) - မတ္ ၈
အီရန္က လုံးဝလက္နက္ခ်ၿပီး အရႈံးေပးတာမ်ိဳးကလြဲရင္ ဘယ္လိုသေဘာတူညီခ်က္မ်ိဳးကိုမွ ရယူသြားမွာ မဟုတ္ဘူးလို႔ အေမရိကန္သမၼတေဒၚနယ္ထရမ့္က ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ တိုက္ခိုက္မႈေတြကို စတင္လုပ္ေဆာင္ခဲ့ၿပီးေနာက္ သီတင္းပတ္(၁)ပတ္ အၾကာမွာ ေဒၚနယ္ထရမ့္က ယခုလိုထုတ္ေဖာ္ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ေဒၚနယ္ထရမ့္က “အီရန္မွာ သင့္ေလ်ာ္ တဲ့ ေခါင္းေဆာင္တစ္ေယာက္ကို ေ႐ြးခ်ယ္ၿပီးၿပီဆိုရင္ ကြၽန္ေတာ္တို႔ရဲ႕အံ့ဩဖြယ္ေကာင္းၿပီး ရဲရင့္တဲ့ မိတ္ဖက္မ်ား စြာဟာ အီရန္ကို ပ်က္စီးျခင္းရဲ႕အစြန္းတစ္ဖက္ကေန ျပန္လည္ေကာင္းမြန္လာေအာင္ ႀကိဳးပမ္းလုပ္ေဆာင္သြားမွာ ပါ။ အီရန္ရဲ႕စီးပြားေရးကို ျမႇင့္တင္ဖို႔ ကြၽန္ေတာ္တို႔အေကာင္းဆုံးလုပ္ေဆာင္သြားမွာပါ” လို႔ ေျပာခဲ့ပါတယ္။
ဒါ့ျပင္ ၿပီးခဲ့တဲ့ရက္ပိုင္းအတြင္းမွာ ေသဆုံးသြားခဲ့တဲ့ အီရန္ထိပ္တန္းေခါင္းေဆာင္အလီခါေမနီရဲ႕ ေနရာမွာ အစားထိုး မယ့္ေခါင္းေဆာင္သစ္ကို ေ႐ြးခ်ယ္ရာမွာ ကူညီခြင့္ေတြေပးဖို႔ကလည္း အေမရိကန္က ေတာင္းဆိုေနတယ္လို႔ ေဒၚနယ္ထရမ့္က ေျပာၾကားခဲ့ပါတယ္။ အေမရိကန္-အစၥေရးတို႔နဲ႔ အီရန္တို႔ၾကား အျပန္အလွန္ ပစ္ခတ္တိုက္ခိုက္မႈေတြဟာ ေန႔စဥ္နီးပါးဆက္တိုက္ျဖစ္ပြားေနတာျဖစ္ၿပီး တင္းမာမႈေတြဟာ သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံး အဆင့္အထိကို ေရာက္ရွိေနၿပီျဖစ္တယ္လို႔လည္း သိရပါတယ္။