ပြင်ဦးလွင်တွင် မြေယာအသုံးချမှုများကို ဥပဒေနှင့်အညီ စနစ်ကျစေရန် မြေပြင် ကွင်းဆင်း စစ်ဆေး မည်

 484

သန့်မင်းအိမ်(NP News) - မတ်လ ၈
မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့နယ်တွင် မြေယာအသုံးချမှုများကို ဥပဒေနှင့်အညီ စနစ်ကျစေရန် မြေပြင် ကွင်းဆင်း စစ်ဆေး မည် ဖြစ်ကြောင်း သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ထံက သိရသည်။
အဆိုပါ ကိစ္စနှင့် ပတ်သက်၍ ယမန်နေ့ (မတ်လ ၈ ရက်) က သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် မန္တလေးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးအောင်၊ တာဝန်ရှိသူများနှင့်အတူ ပြင်ဦးလွင်မြို့နယ်အတွင်း မြေအသုံးချမှု ပြောင်းလဲနေမှုများကို လေယာဉ်ဖြင့် ဝေဟင်မှ လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်းသိရသည်။
ထိုသို့ ဝေဟင်မှ လှည့်လည်စစ်ဆေးရာတွင် ပြင်ဦးလွင်မြို့နယ်အတွင်းရှိ သစ်တောကြိုးဝိုင်းနှင့် သစ်တောကြိုးပြင်ကာကွယ်တောများအတွင်း တရားမဝင်ကျူးကျော်ဝင်ရောက်နေမှုများ၊ မြေလွတ်မြေရိုင်းနှင့် လယ်ယာမြေများကို ခွင့်ပြုချက်မရဘဲ အခြားမြေအသုံးချမှုအဖြစ် ပြောင်းလဲအသုံးပြုနေမှုများနှင့် အစိုးရစီမံခန့်ခွဲပိုင်ခွင့်ရှိသော မြေများကို ခွင့်ပြုချက်မရှိဘဲ အသုံးချနေမှုများကို ကနဦး စစ်ဆေးကြည့်ရှုခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက ပြင်ဦးလွင်မြို့နယ်အတွင်း သစ်တောဖုံးလွှမ်းမှု တိုးတက်လာစေရေးနှင့် စိမ်းလန်းစိုပြည်သော ပတ်ဝန်းကျင်ဖန်တီးနိုင်ရေးအတွက် သဘာဝတောများ ထိန်းသိမ်းခြင်း၊ စနစ်တကျ စီမံအုပ်ချုပ်ခြင်း၊ ရေဝေရေလဲဒေသများ ထိန်းသိမ်းခြင်းနှင့် သစ်တောစိုက်ခင်းများ တည်ထောင်ခြင်းတို့ကို အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်
ထို့အပြင် တရားမဝင်ကျူးကျော်အခြေချနေထိုင်မှုများနှင့် တရားမဝင် မြေအသုံးချမှုများ မဖြစ်ပေါ်စေရေးအတွက် သက်ဆိုင်ရာဌာနများမှ ကိုယ်စားလှယ်များ ပါဝင်သည့်အဖွဲ့များဖွဲ့စည်းကာ မြေပြင်ကွင်းဆင်း စစ်ဆေးဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
အလားတူ သစ်တောထိန်းသိမ်းရေးလုပ်ငန်းများ၊ တောမီးနှင့် မီးခိုးမြူငွေ့အန္တရာယ် တားဆီးကာကွယ်ရေးလုပ်ငန်းများကို ထိရောက်စွာ ကြီးကြပ်ဆောင်ရွက်နိုင်ရန် လေယာဉ်ဖြင့် ဝေဟင်မှ လှည့်လည်စစ်ဆေးခြင်းများကိုလည်း ဆက်လက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Zawgyi Version:

ျပင္ဦးလြင္တြင္ ေျမယာအသုံးခ်မႈမ်ားကို ဥပေဒႏွင့္အညီ စနစ္က်ေစရန္ ေျမျပင္ ကြင္းဆင္း စစ္ေဆး မည္
သန႔္မင္းအိမ္(NP News) - မတ္လ ၈
မႏၲေလးတိုင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕နယ္တြင္ ေျမယာအသုံးခ်မႈမ်ားကို ဥပေဒႏွင့္အညီ စနစ္က်ေစရန္ ေျမျပင္ ကြင္းဆင္း စစ္ေဆး မည္ ျဖစ္ေၾကာင္း သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ထံက သိရသည္။
အဆိုပါ ကိစၥႏွင့္ ပတ္သက္၍ ယမန္ေန႔ (မတ္လ ၈ ရက္) က သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီး ဦးခင္ေမာင္ရီသည္ မႏၲေလးတိုင္းေဒသႀကီး ဝန္ႀကီးခ်ဳပ္ ဦးမ်ိဳးေအာင္၊ တာဝန္ရွိသူမ်ားႏွင့္အတူ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္း ေျမအသုံးခ်မႈ ေျပာင္းလဲေနမႈမ်ားကို ေလယာဥ္ျဖင့္ ေဝဟင္မွ လွည့္လည္ၾကည့္ရႈ စစ္ေဆးခဲ့ေၾကာင္းသိရသည္။
ထိုသို႔ ေဝဟင္မွ လွည့္လည္စစ္ေဆးရာတြင္ ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္းရွိ သစ္ေတာႀကိဳးဝိုင္းႏွင့္ သစ္ေတာႀကိဳးျပင္ကာကြယ္ေတာမ်ားအတြင္း တရားမဝင္က်ဴးေက်ာ္ဝင္ေရာက္ေနမႈမ်ား၊ ေျမလြတ္ေျမ႐ိုင္းႏွင့္ လယ္ယာေျမမ်ားကို ခြင့္ျပဳခ်က္မရဘဲ အျခားေျမအသုံးခ်မႈအျဖစ္ ေျပာင္းလဲအသုံးျပဳေနမႈမ်ားႏွင့္ အစိုးရစီမံခန႔္ခြဲပိုင္ခြင့္ရွိေသာ ေျမမ်ားကို ခြင့္ျပဳခ်က္မရွိဘဲ အသုံးခ်ေနမႈမ်ားကို ကနဦး စစ္ေဆးၾကည့္ရႈခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာနက ျပင္ဦးလြင္ၿမိဳ႕နယ္အတြင္း သစ္ေတာဖုံးလႊမ္းမႈ တိုးတက္လာေစေရးႏွင့္ စိမ္းလန္းစိုျပည္ေသာ ပတ္ဝန္းက်င္ဖန္တီးႏိုင္ေရးအတြက္ သဘာဝေတာမ်ား ထိန္းသိမ္းျခင္း၊ စနစ္တက် စီမံအုပ္ခ်ဳပ္ျခင္း၊ ေရေဝေရလဲေဒသမ်ား ထိန္းသိမ္းျခင္းႏွင့္ သစ္ေတာစိုက္ခင္းမ်ား တည္ေထာင္ျခင္းတို႔ကို အရွိန္အဟုန္ျမႇင့္ ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္
ထို႔အျပင္ တရားမဝင္က်ဴးေက်ာ္အေျခခ်ေနထိုင္မႈမ်ားႏွင့္ တရားမဝင္ ေျမအသုံးခ်မႈမ်ား မျဖစ္ေပၚေစေရးအတြက္ သက္ဆိုင္ရာဌာနမ်ားမွ ကိုယ္စားလွယ္မ်ား ပါဝင္သည့္အဖြဲ႕မ်ားဖြဲ႕စည္းကာ ေျမျပင္ကြင္းဆင္း စစ္ေဆးေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။
အလားတူ သစ္ေတာထိန္းသိမ္းေရးလုပ္ငန္းမ်ား၊ ေတာမီးႏွင့္ မီးခိုးျမဴေငြ႕အႏၲရာယ္ တားဆီးကာကြယ္ေရးလုပ္ငန္းမ်ားကို ထိေရာက္စြာ ႀကီးၾကပ္ေဆာင္႐ြက္ႏိုင္ရန္ ေလယာဥ္ျဖင့္ ေဝဟင္မွ လွည့္လည္စစ္ေဆးျခင္းမ်ားကိုလည္း ဆက္လက္ေဆာင္႐ြက္လ်က္ရွိေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.