မအူပင်မြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲအား စာစစ်ဌာန (၁၀)ခုဖြင့်ကျောင်းသားကျောင်းသူ (၂၀၀၀)ကျော်ဖြေဆိုမည်

 174

ပြည့်ဖြိုးပိုင် (မအူပင်)မတ် - ၉
ဧရာဝတီတိုင်းဒေသကြီး မအူပင်မြို့နယ်တွင် လာမည့် မတ်လ (၁၁)ရက်နေ့တွင်စတင်ကျင်းပမည့် ၂၀၂၅- ၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း (G12) စာမေးပွဲအား စာစစ်ဌာန (၁၀)ခုဖွင့်လှစ်ကာ ကျောင်းသားကျောင်းသူ (၂၀၀၀)ကျော်မှ ဝင်ရောက်ဖြေဆိုသွားမည်ဖြစ်ကြောင်းသိရသည်။

"စာစစ်ဌာနကတော့ တစ်မြို့နယ်လုံး (၁၀)ခုရှိတယ် ဖြေဆိုမည့်ကျောင်းသားကျောင်းသူ စုစုပေါင်း (၂၀၉၈)ဦးရှိပါတယ်"ဟု မအူပင်မြို့နယ်ပညာရေးမှူးရုံးမှ NP News သို့ပြောသည်။

၂၀၂၅ - ၂၀၂၆ပညာသင်နှစ် တက္ကသိုလ်ဝင်တန်း Grade 12 စာမေးပွဲအား ဧရာဝတီတိုင်းဒေသကြီးတွင် စာစစ်ဌာန (၂၄၇) ခု ၊ ကျောင်းသားကျောင်းသူ (၃၉၃၂၇)ဦးမှ ဝင်ရောက်ဖြေဆိုမည်ဖြစ်ကာ တစ်နိုင်ငံလုံး တွင် စာစစ်ဌာနပေါင်း (၈၉၀)၌ ကျောင်းသားကျောင်းသူ (၂၆၅၀၀၀)မှ ဖြေဆိုသွားမည်ဖြစ်ကြောင်းထုတ်ပြန်ချက်များအရသိရသည်။

Zawgyi Version:
မအူပင္ၿမိဳ႕နယ္တြင္ တကၠသိုလ္ဝင္တန္းစာေမးပြဲအား စာစစ္ဌာန (၁၀)ခုျဖင့္ေက်ာင္းသားေက်ာင္းသူ (၂၀၀၀)ေက်ာ္ေျဖဆိုမည္
ျပည့္ၿဖိဳးပိုင္ (မအူပင္)မတ္ - ၉
ဧရာဝတီတိုင္းေဒသႀကီး မအူပင္ၿမိဳ႕နယ္တြင္ လာမည့္ မတ္လ (၁၁)ရက္ေန႔တြင္စတင္က်င္းပမည့္ ၂၀၂၅- ၂၀၂၆ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း (G12) စာေမးပြဲအား စာစစ္ဌာန (၁၀)ခုဖြင့္လွစ္ကာ ေက်ာင္းသားေက်ာင္းသူ (၂၀၀၀)ေက်ာ္မွ ဝင္ေရာက္ေျဖဆိုသြားမည္ျဖစ္ေၾကာင္းသိရသည္။

"စာစစ္ဌာနကေတာ့ တစ္ၿမိဳ႕နယ္လုံး (၁၀)ခုရွိတယ္ ေျဖဆိုမည့္ေက်ာင္းသားေက်ာင္းသူ စုစုေပါင္း (၂၀၉၈)ဦးရွိပါတယ္"ဟု မအူပင္ၿမိဳ႕နယ္ပညာေရးမႉး႐ုံးမွ NP News သို႔ေျပာသည္။

၂၀၂၅ - ၂၀၂၆ပညာသင္ႏွစ္ တကၠသိုလ္ဝင္တန္း Grade 12 စာေမးပြဲအား ဧရာဝတီတိုင္းေဒသႀကီးတြင္ စာစစ္ဌာန (၂၄၇) ခု ၊ ေက်ာင္းသားေက်ာင္းသူ (၃၉၃၂၇)ဦးမွ ဝင္ေရာက္ေျဖဆိုမည္ျဖစ္ကာ တစ္ႏိုင္ငံလုံး တြင္ စာစစ္ဌာနေပါင္း (၈၉၀)၌ ေက်ာင္းသားေက်ာင္းသူ (၂၆၅၀၀၀)မွ ေျဖဆိုသြားမည္ျဖစ္ေၾကာင္းထုတ္ျပန္ခ်က္မ်ားအရသိရသည္။

Related news

© 2021. All rights reserved.