လူမှုကွန်ရက်တွင်ကြွေးကြော်နေသော်လည်း ရန်ကုန်တွင် PDF တို့ကို လုံခြုံရေးတပ်ဖွဲ့က လက်ဦးမှု ရယူထားနိုင်

 1162

သုတကျော် (NP News)-မတ် ၉
အွန်လိုင်းထက် ကြွေးကြော်နေသော်လည်း ရန်ကုန်တွင် PDF တို့လှုပ်ရှားမှု အလွန်အမင်း နည်း ပါးလာပြီး လုံခြုံရေးတပ်ဖွဲ့က လက်ဦးမှုရယူထားနိုင်ကြောင်း လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူများထံ NP News က ဆက်သွယ်မေးမြန်းထားချက်များအရ သိရသည်။
ရန်ကုန်မြို့သည် မြန်မာနိုင်ငံ၏ စီးပွားရေးမြို့တော်ဖြစ်သည့်အတွက် PDF တို့အနေဖြင့် အဖျက် အမှောင့်လုပ်ငန်းများဆောင်ရွက်ပြီး ပြည်သူများကို ခြောက်လှန့်ရန် မျှော်မှန်းခဲ့ကြခြင်းဖြစ်သည်။
အင်တာနက် စာမျက်နှာများထက်တွင် ရန်ကုန်သို့လာမည်ဖြစ်ကြောင်း PDF တို့က ကမ်ပိန်းများ ပြုလုပ်နေသော်လည်း မြေပြင်တွင် ဦးနှိမ်ထားနိုင်သောအခြေအနေ ဖြစ်ကြောင်း လုံခြုံရေးတပ်ဖွဲ့ နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
“တစ်တိုင်းလုံးက တော်တော်ရှင်းသွားတာ။ အဘချိုထွန်းအောင် အပစ်ခံရပြီးနောက်ပိုင်းမှာ တော်တော်ကြီးကို ရှင်းသွားတယ်။ Safe ဖြစ်သွားတယ်။ လုံခြုံရေးလည်းအားကောင်းလာတယ်။ သတင်း ထောက်လှမ်းရေးကော အကုန်အားကောင်းနေတာကို။ စရဖတို့၊ စသုံးလုံးတို့၊ SP တို့ အကုန်ပါပဲ။ လှုပ် ရှားမယ်ဆိုတာနဲ့ အရင်ဆုံး မိတာများတာကိုး” ဟု လုံခြုံရေးတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။
ပြီးခဲ့သည့် ရွေးကောက်ပွဲတွင်လည်း ရန်ကုန်တိုင်းဒေသကြီးအတွင်း လုံခြုံရေးတိုးမြှင့်ခဲ့ရာ PDF တို့က တိုက်ခိုက်မည်ဖြစ်ကြောင်း ပြောကြားခဲ့သော်လည်း သတင်းမှားများထုတ်ခဲ့သည်မှအပ ၎င်းတို့ အနေဖြင့် အဖျက်အမှောင့်လုပ်ငန်းများကို ကောင်းစွာဆောင်ရွက်နိုင်ခြင်း မရှိပေ။
“ရန်ကုန်မှာ အရင်က ဘာတပ်ရင်း၊ ညာတပ်ရင်းဆိုပြီး PDF တွေက ဖွဲ့တာရှိတယ်လေ။ ဒါပေမဲ့ ဒီ ကောင်တွေ အင်အားနည်းလာတယ်။ တော်တော်များများက အားနည်းကုန်ပြီ။ ပျက်တာတွေလည်း ရှိ လာတယ်။ ဒါကြောင့်မို့လို့ သူတို့ဘက်က တော်တော်လေး အားနည်းသွားတယ်လို့ အတိအကျ ပြောနိုင် တယ်” ဟု ၎င်းက ဆိုသည်။
ယခင်က မြို့ပြပျောက်ကျားလှုပ်ရှားမည်ဟုဆိုကာ PDF အဖွဲ့များက ဗုံးခွဲတိုက်ခိုက်ခြင်း၊ ပစ်ခတ် ခြင်းတို့ ရှိခဲ့သော်လည်း ရန်ကုန်သည်ခြေကုပ်ယူရန် နည်းပါးလာခြင်းနှင့်အတူ တစ်ဖက်တွင်လည်း ရန် ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ် အချို့တွင် NUG က ပကဖ အဖွဲ့တို့ကို ဖွဲ့စည်းခဲ့ သည်ဆိုသော် လည်း ယင်းတို့မှာ နာမည်ခံဖြစ်သည်။
“အကြောင်းအကျိုးကိုလည်း ဆက်စပ်တွေးတောရမှာပေါ့။ ဘာလို့လဲဆိုတော့ တစ်ဖက်မှာ ပြည်သူတွေက စစ်ကို ညီးညူလာကြပြီး။ စစ်ပွဲကို မကြားချင်တော့ဘူး။ PDF တွေကိုလည်း ယုံကြည်မှု ကျသလို တစ်ဖက်မှာလည်း PDF ထဲ ပါတဲ့ လူငယ်တွေကိုယ်တိုင်က သူတို့အဖွဲ့အစည်းကို မယုံကြည်ဘူး ဆိုတာ ဖြစ်လာနေတယ်။ ဒါကလည်း အကြောင်းတွေထဲက တစ်ချက်ဖြစ်မယ်”ဟု နိုင်ငံရေးသုံးသပ် လေ့ လာသူတစ်ဦးက ပြောသည်။

Zawgyi Version:
လူမႈကြန္ရက္တြင္ေႂကြးေၾကာ္ေနေသာ္လည္း ရန္ကုန္တြင္ PDF တို႔ကို လုံၿခဳံေရးတပ္ဖြဲ႕က လက္ဦးမႈ ရယူထားႏိုင္
သုတေက်ာ္ (NP News)-မတ္ ၉
အြန္လိုင္းထက္ ေႂကြးေၾကာ္ေနေသာ္လည္း ရန္ကုန္တြင္ PDF တို႔လႈပ္ရွားမႈ အလြန္အမင္း နည္း ပါးလာၿပီး လုံၿခဳံေရးတပ္ဖြဲ႕က လက္ဦးမႈရယူထားႏိုင္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူမ်ားထံ NP News က ဆက္သြယ္ေမးျမန္းထားခ်က္မ်ားအရ သိရသည္။
ရန္ကုန္ၿမိဳ႕သည္ ျမန္မာႏိုင္ငံ၏ စီးပြားေရးၿမိဳ႕ေတာ္ျဖစ္သည့္အတြက္ PDF တို႔အေနျဖင့္ အဖ်က္ အေမွာင့္လုပ္ငန္းမ်ားေဆာင္႐ြက္ၿပီး ျပည္သူမ်ားကို ေျခာက္လွန႔္ရန္ ေမွ်ာ္မွန္းခဲ့ၾကျခင္းျဖစ္သည္။
အင္တာနက္ စာမ်က္ႏွာမ်ားထက္တြင္ ရန္ကုန္သို႔လာမည္ျဖစ္ေၾကာင္း PDF တို႔က ကမ္ပိန္းမ်ား ျပဳလုပ္ေနေသာ္လည္း ေျမျပင္တြင္ ဦးႏွိမ္ထားႏိုင္ေသာအေျခအေန ျဖစ္ေၾကာင္း လုံၿခဳံေရးတပ္ဖြဲ႕ ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
“တစ္တိုင္းလုံးက ေတာ္ေတာ္ရွင္းသြားတာ။ အဘခ်ိဳထြန္းေအာင္ အပစ္ခံရၿပီးေနာက္ပိုင္းမွာ ေတာ္ေတာ္ႀကီးကို ရွင္းသြားတယ္။ Safe ျဖစ္သြားတယ္။ လုံၿခဳံေရးလည္းအားေကာင္းလာတယ္။ သတင္း ေထာက္လွမ္းေရးေကာ အကုန္အားေကာင္းေနတာကို။ စရဖတို႔၊ စသုံးလုံးတို႔၊ SP တို႔ အကုန္ပါပဲ။ လႈပ္ ရွားမယ္ဆိုတာနဲ႔ အရင္ဆုံး မိတာမ်ားတာကိုး” ဟု လုံၿခဳံေရးတပ္ဖြဲ႕ႏွင့္ နီးစပ္သူတစ္ဦးက ဆိုသည္။
ၿပီးခဲ့သည့္ ေ႐ြးေကာက္ပြဲတြင္လည္း ရန္ကုန္တိုင္းေဒသႀကီးအတြင္း လုံၿခဳံေရးတိုးျမႇင့္ခဲ့ရာ PDF တို႔က တိုက္ခိုက္မည္ျဖစ္ေၾကာင္း ေျပာၾကားခဲ့ေသာ္လည္း သတင္းမွားမ်ားထုတ္ခဲ့သည္မွအပ ၎တို႔ အေနျဖင့္ အဖ်က္အေမွာင့္လုပ္ငန္းမ်ားကို ေကာင္းစြာေဆာင္႐ြက္ႏိုင္ျခင္း မရွိေပ။
“ရန္ကုန္မွာ အရင္က ဘာတပ္ရင္း၊ ညာတပ္ရင္းဆိုၿပီး PDF ေတြက ဖြဲ႕တာရွိတယ္ေလ။ ဒါေပမဲ့ ဒီ ေကာင္ေတြ အင္အားနည္းလာတယ္။ ေတာ္ေတာ္မ်ားမ်ားက အားနည္းကုန္ၿပီ။ ပ်က္တာေတြလည္း ရွိ လာတယ္။ ဒါေၾကာင့္မို႔လို႔ သူတို႔ဘက္က ေတာ္ေတာ္ေလး အားနည္းသြားတယ္လို႔ အတိအက် ေျပာႏိုင္ တယ္” ဟု ၎က ဆိုသည္။
ယခင္က ၿမိဳ႕ျပေပ်ာက္က်ားလႈပ္ရွားမည္ဟုဆိုကာ PDF အဖြဲ႕မ်ားက ဗုံးခြဲတိုက္ခိုက္ျခင္း၊ ပစ္ခတ္ ျခင္းတို႔ ရွိခဲ့ေသာ္လည္း ရန္ကုန္သည္ေျခကုပ္ယူရန္ နည္းပါးလာျခင္းႏွင့္အတူ တစ္ဖက္တြင္လည္း ရန္ ကုန္တိုင္းေဒသႀကီးအတြင္းရွိ ၿမိဳ႕နယ္ အခ်ိဳ႕တြင္ NUG က ပကဖ အဖြဲ႕တို႔ကို ဖြဲ႕စည္းခဲ့ သည္ဆိုေသာ္ လည္း ယင္းတို႔မွာ နာမည္ခံျဖစ္သည္။
“အေၾကာင္းအက်ိဳးကိုလည္း ဆက္စပ္ေတြးေတာရမွာေပါ့။ ဘာလို႔လဲဆိုေတာ့ တစ္ဖက္မွာ ျပည္သူေတြက စစ္ကို ညီးညဴလာၾကၿပီး။ စစ္ပြဲကို မၾကားခ်င္ေတာ့ဘူး။ PDF ေတြကိုလည္း ယုံၾကည္မႈ က်သလို တစ္ဖက္မွာလည္း PDF ထဲ ပါတဲ့ လူငယ္ေတြကိုယ္တိုင္က သူတို႔အဖြဲ႕အစည္းကို မယုံၾကည္ဘူး ဆိုတာ ျဖစ္လာေနတယ္။ ဒါကလည္း အေၾကာင္းေတြထဲက တစ္ခ်က္ျဖစ္မယ္”ဟု ႏိုင္ငံေရးသုံးသပ္ ေလ့ လာသူတစ္ဦးက ေျပာသည္။

Related news

© 2021. All rights reserved.