ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံသစ်ထူထောင်ရေးတွင် တိုင်းဒေသကြီး ပြည်နယ်လွှတ်တော်များ၏အရေးပါမှု (အတွေးအမြင် ဆောင်းပါး)

 179

ကျွန်းသားငမန်း (NP News)

(၂၀၂၅)ခုနှစ်တွင်ကျင်းပပြုလုပ်ခဲ့သည့် တတိယအကြိမ် ပြည်သူ့လွှတ်တော်အပါအဝင် လွှတ် တော်အဆင့်ဆင့်တို့အား (၂၀၂၆)ခုနှစ် မတ်လတွင် ခေါ်ယူကျင်းပသွားမည်ဖြစ်သည်။ တတိယအကြိမ် ပြည်သူ့လွှတ်တော်အစည်းအဝေးကို (၂၀၂၆)ခုနှစ် မတ်လ (၁၆)ရက်တွင်လည်းကောင်း၊ အမျိုးသား လွှတ် တော်အစည်းအဝေးကို မတ်လ(၁၈)ရက်တွင်လည်းကောင်း၊ တိုင်းဒေသကြီးများနှင့် ပြည်နယ်လွှတ်တော် များအစည်းအဝေးကို (၂၀၂၆)ခုနှစ် မတ်လ (၂၀) ရက်တွင်လည်းကောင်း ကျင်းပသွားရန်အတွက် သက် ဆိုင်ရာ အနိုင်ရလွှတ်တော်ကိုယ်စားလှယ်များသို့ သက်ဆိုင်ရာမှ ဖိတ်ခေါ်ထားပြီးဖြစ်သည်။ ကျင်းပ သွား မည့်လွှတ်တော်အဆင့်ဆင့်အနေဖြင့် (၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေပါပေးထားချက်များအတိုင်း တိုင်းပြည်အတွက်လိုအပ်သည့် သမ္မတကြီးဦးဆောင်သောအစိုးရအဖွဲ့ကိုလည်းကောင်း၊ တိုင်း ဒေသကြီး၊ ပြည်နယ်အသီးသီးတွင်လည်း ပြည်နယ်အစိုးရအဖွဲ့များကိုလည်းကောင်း ဖွဲ့စည်းကာ အားသစ်လောင်း ထားသော အစိုးရအဖွဲ့များက (၂၀၂၆) ခုနှစ် ဧပြီလ(၁)ရက်နေ့မှစတင်ပြီး တာဝန်ယူကြတော့မည်ဖြစ် သည်။
လွှတ်တော်အဆင့်ဆင့်သည် ဥပဒေပြုရေးနှင့်အစိုးရအဖွဲ့အား ထိန်းကျောင်းသွားရမည့်တာဝန် ရှိ သည်။ လွှတ်တော်အဆင့်ဆင့်သည် အစိုးရအဖွဲ့အား ထိန်းကျောင်းနိုင်ရန်သော်လည်းကောင်း၊ မိမိတို့ သက်ဆိုင်ရာနယ်ပယ်အလိုက် (ပြည်ထောင်စုအစိုး ရအဖွဲ့၊ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများ)သို့ လုပ်ပိုင်ခွင့်ပေးအပ်သည့်ဥပဒေများကိုလည်းကောင်း ပြဋ္ဌာန်းသတ်မှတ်ပေးကြရန် တာဝန်ရှိသည်။
ထို့ကြောင့် သက်ဆိုင်ရာနယ်ပယ်အလိုက်ဥပဒေပြုရေးမှာ လွှတ်တော်အဆင့်ဆင့်၏ အရေးကြီးသော တာဝန်တစ်ရပ်လည်းဖြစ်သည်။

လွှတ်တော်ကိုယ်စားလှယ်များနှင့် ဥပဒေပြုရေးတာဝန်
(၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ နိုင်ငံ တော်၏အချုပ်အခြာအာဏာခက်မသုံးဖြာ၊ အာဏာ သုံးရပ်ကို ပြည်ထောင်စု၊ တိုင်းဒေသကြီး/ပြည်နယ်များနှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ အသီး သီးသို့ ခွဲဝေပေးထားပြီးဖြစ်သည်။ သို့ရာတွင် ပြီးခဲ့သည့်ဒီမိုကရေစီအစိုးရနှစ်ဆက်ကာလအတွင်း သက် ဆိုင်ရာ အဆင့်တိုင်းတွင် မိမိတို့အား ခွဲဝေအပ်နှင်းထားသည့် အာဏာသုံးရပ်ကို ပီပြင်စွာကျင့်သုံးနိုင်ခြင်း မရှိခဲ့ကြပေ။ ဤသို့မကျင့်သုံးနိုင်ခဲ့ခြင်းမှာလည်း လွှတ်တော်အဆင့်ဆင့်သို့ရောက်ရှိလာသည့် လွှတ်တော် ကိုယ်စားလှယ်များ၏အားနည်းချက်များကြောင့် ဖြစ်သည်။
စာရေးသူသည် ပထမအကြိမ်လွှတ်တော်နှင့် ဒုတိယအကြိမ်လွှတ်တော်များအနက် ပြည်နယ် လွှတ်တော်အတွင်းဖွဲ့စည်းခဲ့သည့် ရေးရာကော်မတီများအနက် ဥပဒေရေးရာနှင့် အခြားကိစ္စရပ်များ ဆိုင် ရာအ ကြံပေးအဖွဲ့တွင် အဖွဲ့ဝင်အဖြစ် တာဝန်ပေးခြင်းခံခဲ့ရသည်။ ဤအဖွဲ့ကို လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဦးဆောင်ပါဝင်ပြီး ပြင်ပအသိပညာရှင်၊ အတတ်ပညာရှင်များဖြင့် စုစည်းဖွဲ့စည်းပေးထားခြင်း ဖြစ်သည်။ ဤအဖွဲ့သည် ပြည်နယ်လွှတ်တော်၏ဥပဒေပြုခြင်း၊ လွှတ်တော်ဥက္ကဋ္ဌနှင့် လွှတ်တော်ကိုယ် စားလှယ်များမှတင်ပြမေးမြန်းလာကြသည့် ဥပဒေရေး ဆိုင်ရာပြဿနာများ၊ အစိုးရအဖွဲ့မှ ရေးဆွဲတင်ပြ လာသော နှစ်စဉ် ရသုံးခန့်မှန်းခြေငွေစာရင်း(ဘတ်ဂျက်)များကို စိစစ်သုံးသပ်ခြင်းနှင့် အခြား လူမှုရေး၊ စီးပွားရေး၊ ယဉ်ကျေးမှုနှင့် တိုင်းရင်းသားရေးရာကိစ္စရပ်များ တွင် လိုအပ်သလိုပါဝင်ခဲ့ကြကာ အကြံပေး ခြင်းများလုပ်ဆောင်ပေးခဲ့ကြရသည်။
ဤသို့ပါဝင်ဆောင်ရွက်ခဲ့ရသော်လည်း ဥပဒေပြုရေးအပိုင်းတွင် အားနည်းချက်များရှိခဲ့ကြ ကြောင်း ဝန်ခံလိုသည်။ ဤသို့ဖြစ်ရခြင်းမှာ အထူးသဖြင့် လွှတ် တော်ကိုယ်စားလှယ်များ စိတ်ပါဝင်စားမှု နည်းပါးခြင်းလည်း အကြောင်းတစ်ကြောင်းဖြစ်သည်။ လွှတ်တော် ကိုယ်စားလှယ်များသည် ဥပဒေပြု ရေး၏အရေးပါမှုကို နားလည်သဘောပေါက်ခြင်းလည်း ရှိကြဟန်မတူပေ။ ထို့ကြောင့်လည်း ဥပဒေပြု ရေးအဖွဲ့ကရေးဆွဲပြီး လွှတ်တော်အစည်းအဝေးတွင် အတည်ပြုနိုင်ရန် တင်ပြလိုက်သည့် ဥပဒေတစ်ရပ် အပေါ် ထောက်ပြဆွေးနွေးခြင်းမပြုကြသည်များ၊ မပြုနိုင်ကြသည်များကိုတွေ့ခဲ့ရရာ အားရမှုမရှိဖြစ်ခဲ့ရ သည်။ လွှတ်တော် ကိုယ်စားလှယ်များတွင် လူတန်းစားအလွှာအသီးသီးမှပုဂ္ဂိုလ်များ ပါဝင်လျက်ရှိနေကြ သည်။
ဥပဒေတစ်ရပ်ရေးဆွဲရာတွင် ဥပဒေတစ်ရပ်၏ အင်္ဂါရပ်နှင့်ကိုက်ညီရမည်ဖြစ်သလို၊ အဆိုပါဥပဒေ သည် မိမိတို့ဒေသ၏ ပထဝီအနေအထား၊ လူမှုစီးပွား အနေအထားနှင့် ကိုက်ညီခြင်း ရှိ မရှိ ထောက်ပြ ဝေဖန်ခြင်းဖြင့် လိုအပ်သည်များကိုဖြည့်စွက်ခြင်း၊ ပြင်ဆင် ခြင်းများပြုလုပ်နိုင်ကြသည်ဖြစ်ရာ ဥပဒေပြု ရေးသည် မိမိတို့ဒေသအတွက် အရေးကြီးလှကြောင်းသဘော ပေါက်ကြရန်လိုပေသည်။

(၂၀ဝ၈) ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ဖက်ဒရယ်ဒီမိုကရေစီ
လက်ရှိ မြန်မာနိုင်ငံတွင်ဖြစ်ပေါ်နေသည့်ပဋိပက္ခများ၏အကြောင်းတစ်ရပ်တွင် ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာအကြောင်းအချက်ကိုလည်း ထည့်သွင်းပြောကြားနေကြသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ပတ်သက်၍ ပြည်နယ်နှင့်တိုင်းဒေသကြီးများ အားလုံးတွင် လျော်ကန်သင့်မြတ်သည့် အုပ်ချုပ်ရေး၊ အာ ဏာကိုခွဲဝေသတ်မှတ်ပေးရမည်ဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် လိုအပ်ချက်များကိုဆွေးနွေးပြီး ပြည် ထောင်စုနှင့်တိုင်းဒေသကြီးများမှ ဆောင်ရွက်ရမည့်ဆောင်ရွက်ခွင့်ရသည့်အချက်များကို ဆွေးနွေး ဆုံး ဖြတ်ရမည်ဖြစ်သည်။ ပြောရမည်ဆိုပါက ဖက်ဒရယ်ဆိုင်ရာ လုပ်ပိုင်ခွင့်နှင့်ပတ်သက်၍ (၂၀ဝ၈)ခုနှစ် ဖွဲ့ စည်းပုံအခြေခံဥပဒေတွင် ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့်နှင့် ကိုယ်ပိုင်အုပ်ချုပ် ခွင့်ရတိုင်းဒေသကြီးများမှပြဋ္ဌာန်းထုတ်ပြန်ရမည့်ဥပဒေများ၊ စည်းမျဉ်းလုပ်ထုံးလုပ်နည်းများကို နောက် ဆက်တွဲဇယား (၁၊ ၂၊ ၃၊ ၅) တို့ဖြင့် သတ်မှတ်ပြဋ္ဌာန်းသတ်မှတ်ထားပြီးဖြစ်သည်။ ဇယား(၁)သည် ပြည် ထောင်စုအဆင့်၊ ဇယား(၂)သည် တိုင်းဒေသကြီး (သို့မဟုတ်)ပြည်နယ်၊ ဇယား(၃)သည် ကိုယ်ပိုင်အုပ် ချုပ်ခွင့်ရတိုင်း (သို့မဟုတ်) ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဦးစီးအဖွဲ့တို့၏ ဥပဒေပြုစာရင်းများဖြစ်သည်။ ဇယား (၅)သည် တိုင်းဒေသကြီး (သို့မဟုတ်) ပြည်နယ်များကကောက်ခံရမည့် အခွန်အခဖြစ်သည်။
တိုင်းဒေသကြီးနှင့်ပြည်နယ်အဆင့် ဥပဒေပြု ရေး၌ ဘဏ္ဍာရေးစီမံကိန်းကဏ္ဍတွင် ဥပဒေပြုမှု ဆိုင်ရာ အချက် (၁၁)ချက်၊ စီးပွားရေးကဏ္ဍတွင် အချက် (၃)ချက်၊ စိုက်ပျိုးရေးနှင့် မွေးမြူရေးကဏ္ဍတွင် အချက် (၇) ချက်၊ စွမ်းအင်၊ လျှပ်စစ်၊ သတ္တုနှင့် သစ် တောကဏ္ဍတွင် အချက်(၅)ချက်၊ စက်မှုလက်မှု ကဏ္ဍတွင် အချက်(၂)ချက်၊ ပို့ဆောင်ရေး၊ ဆက်သွယ်ရေး နှင့်ဆောက်လုပ်ရေးကဏ္ဍတွင် အချက်(၃)ချက်၊ လူမှုရေးကဏ္ဍတွင် အချက်(၇)ချက်၊ စီမံခန့်ခွဲရေးကဏ္ဍတွင် အချက်(၃)ချက် စသည်ဖြင့်ပါဝင်နေကြောင်း တွေ့ရသည်။ ဤအချက်များကို ဥပဒေရေးဆွဲခြင်းဖြင့် ဒေသ၏ဖွံ့ဖြိုးတိုးတက်ရေးကို အကောင်အထည် ဖော်ဆောင်ရွက်နိုင်ကြမည်ဖြစ်သည်။
ပြည်ထောင်စုအဆင့်၊ တိုင်းဒေသကြီးအဆင့်မှ ရေးဆွဲအတည်ပြုပြဋ္ဌာန်းလိုက်သည့် ဥပဒေများ သည် အစိုးရအဖွဲ့များက လိုက်နာကျင့်သုံး အကောင်အထည်ဖော်ရမည့် လမ်းညွှန်ချက်များလည်းဖြစ် သည်။ ရေးဆွဲအတည်ပြုလိုက်သောဥပဒေများသည် ကောင်းလျှင်ကောင်းသလို နိုင်ငံတော်၏ အကျိုး စီးပွားကို ဖော်ဆောင်နိုင်မည်လည်းဖြစ်သည်။
အဆိုပါပြဋ္ဌာန်းချက်များတွင်ပါရှိသည့် ဥပဒေ များကိုရေးဆွဲခြင်းဖြင့် ဥပဒေနှင့်လိုက်နာကျင့်သုံး အကောင်အထည်ဖော်နိုင်သည်ဖြစ်ရာ တိုင်းရင်းသား ပြည်သူများကပြောနေသည့် အာဏာခွဲဝေသုံးစွဲရေး ကိုရရှိနိုင်ကြသည်ဖြစ်ရာ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းသို့ လျှောက်လှမ်းနိုင်ကြပေမည်။ တိုင်း ဒေသကြီးနှင့်ပြည်နယ်များသို့ လုပ်ပိုင်ခွင့်ပိုမိုရရှိစေရန်အတွက် ဤပြဋ္ဌာန်းချက်များတွင် မူလပြဋ္ဌာန်း ချက်များအပြင် ပထမအကြိမ်လွှတ်တော်က တိုးချဲ့ပြင်ဆင်ခဲ့ ပြီး တိုင်းဒေသကြီးနှင့်ပြည်နယ်များ၏ လုပ်ပိုင်ခွင့်များကို တိုးမြှင့်သတ်မှတ်ပေးခဲ့သည်။

လွှတ်တော်ကိုယ်စားလှယ်များ၏အရေးပါမှု
နိုင်ငံရေးသမားများ နိုင်ငံရေးလုပ်သည်ဆိုခြင်းမှာ နိုင်ငံ့အရေးအတွက် ဆောင်ရွက်ရန်ဖြစ်သည် ဟု ယေဘုယျ နားလည်သဘောပေါက်ရသည်။ နိုင်ငံရေးပါတီများသည် နိုင်ငံ့အရေးအတွက် စိတ်တူ ကိုယ်တူ သဘောထားတိုက်ဆိုင်သူများနှင့် စုပေါင်းဖွဲ့စည်းထား ခြင်းပင်ဖြစ်သည်။ မဲဆန္ဒရှင်ပြည်သူများ သည် မိမိတို့ ၏အရေးအတွက်၊ နိုင်ငံ့အရေးအတွက် မိမိတို့ကိုယ်စားဆောင်ရွက်ပေးနိုင်မည့်သူများကို ရွေးချယ်ပေးလိုက်ခြင်းဖြစ်ရာ၊ ရွေးချယ်ခြင်းခံရသော နိုင်ငံရေးပါတီများ၊ နိုင်ငံရေးသမားများသည် အမှန် တကယ် ပြည်သူကိုကိုယ်စားပြုလုပ်ဆောင်နိုင်သူများဖြစ်ကြရန် ကြိုးစားလုပ်ဆောင်ပြကြရန်လိုသည်။
နိုင်ငံရေးပါတီအသီးသီးသည် တိုင်းပြည်တည်ဆောက်ရေးအတွက် မိမိတို့ပါတီများ၏ မူဝါဒ သဘောထား၊ ရည်မှန်းချက်များကိုထုတ်ဖော်ကြေညာထားကြပြီဖြစ်သည်။ မိမိတို့တာဝန်ယူရသောအခါ မိမိတို့ ချမှတ်ခဲ့သည့် မူဝါဒ၊ သဘောတရားများကို အကောင်အထည်ဖော်လုပ်ဆောင်ကြရမည့်ဥပဒေ များကို ရေးဆွဲပြဋ္ဌာန်းနိုင်ရန် ကြိုးစားသွားကြရမည်ဖြစ်သည်။ မိမိတို့ ရေးဆွဲပြဋ္ဌာန်းပေးလိုက်သော ဥပဒေများဖြင့် တိုင်း ပြည်နိုင်ငံနှင့် ပြည်သူများ၏အကျိုးစီးပွားကို ရည်မှန်းချက်အတိုင်း အကောင်အ ထည်ဖော်လုပ်ဆောင်သွားနိုင်ကြမည်ဖြစ်သည်။
ယနေ့တိုင်းရင်းသားများနှင့် ဖြစ်ပေါ်နေရသည့် ပဋိပက္ခများတွင် ဖွဲ့စည်းပုံအခြေခံဥပဒေ ဆိုင်ရာ အကျပ်အတည်းများနှင့် ဖက်ဒရယ်ဒီမိုကရေစီနိုင်ငံတော် တည်ဆောက်ရေးရည်မှန်းချက်အပေါ် မူတည် ဖြစ်ပေါ်နေရခြင်းဖြင့် လက်ရှိအနေအထားတွင်လည်း နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်း သားလက် နက်ကိုင်အဖွဲ့အစည်းများနှင့် တရားဝင်ရပ်တည် လျက်ရှိသည့် နိုင်ငံရေးပါတီတို့၏ မျှော်မှန်း ချက်မှာ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကိုအခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေးဖြစ်သည်။ (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေက ပေးထားချက်များသည် ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အသွင် ဆောင်နေသည် ကိုမည်သူမျှငြင်းပယ်နိုင်ကြမည်မဟုတ်ပေ။ တိုင်းရင်းသားပြည်သူများလိုလားသော အာဏာခွဲဝေကျင့် သုံးမှုနှင့် ဥပဒေပြုရေးအာဏာများကိုလည်းရရှိထားကြပြီးဖြစ်သည်။ တိုင်းဒေသကြီး နှင့် ပြည်နယ်လွှတ်တော်များသည် (၂၀ဝ၈)ခုနှစ်အခြေခံဥပဒေကပေး ထားချက်များအတိုင်း ဥပဒေများ ကိုရေးဆွဲပြဋ္ဌာန်းနိုင်ပြီး အဆိုပါဥပဒေများနှင့်အညီ အစိုးရအဖွဲ့က လိုက်နာကျင့်သုံးခြင်းဖြင့် တိုင်းဒေသ ကြီးများ၊ ပြည်နယ်များ၏စီမံခန့်ခွဲရေးလုပ်ငန်းများပိုမိုပီပြင်လာကာ ဖက်ဒရယ်စနစ် ဆီသို့ အရွေ့တစ်ခု အဖြစ်ရောက်ရှိနိုင်လိမ့်မည်ဖြစ်သည်။

အားကောင်းသောလွှတ်တော်များဖြစ်ပေါ်ရေး
မိမိတို့သည် (၂၀ဝ၈)ခုနှစ် ဖွဲ့စည်းပုံအခြေခံ ဥပဒေအရ ဒီမိုကရေစီအစိုးရနှစ်ဆက်ကိုကြုံခဲ့ရပြီး ဖြစ်သည်။ သို့ရာတွင် တိုင်းဒေသကြီးနှင့်ပြည်နယ် လွှတ်တော်အချို့သည် (၂၀ဝ၈)ခုနှစ်ဖွဲ့စည်းပုံအခြေခံ ဥပဒေကပေးထားသည့်ဥပဒေများရေးဆွဲရာတွင် အားနည်းချက်များရှိခဲ့ကြသည်။ ပေးထားသော ဥပဒေ ပြုရေးအာဏာအတွင်း ဥပဒေရေးဆွဲပြဋ္ဌာန်းနိုင်ခဲ့သည်မှာ (၁၅)ရာခိုင်နူန်းခန့်သာရှိကြောင်းလည်း လေ့ လာတွေ့ရှိရသည်။ ဤသည်မှာ လွှတ်တော်ကိုယ်စားလှယ်များ၏ဥပဒေပြုရေးတွင် စိတ်ပါဝင်စားမှုနည်း ပါးခြင်းနှင့် အလေးမထားခြင်းလည်း ပါဝင်လျက်ရှိ သည်။ လွှတ်တော်အဆင့်ဆင့်သည် မိမိတို့ဒေသနှင့် လိုက်လျောညီသည့်ဥပဒေများကို ပြဋ္ဌာန်းခြင်းအပြင် အစိုးရအဖွဲ့များ၏လုပ်ဆောင်ချက်များကို ထိန်းညှိ ပေးရန်တာဝန်ရှိသည်။ နိုင်ငံတော်အစိုးရ၊ ပြည်သူ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အ စည်းများနှင့် တရားဝင်ရပ်တည်နေသည့် နိုင်ငံရေးပါတီတို့၏မျှော်မှန်းချက်ဖြစ်သော ဒီမိုကရေစီနှင့် ဖက် ဒရယ်စနစ်ကိုအခြေခံသည့်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အရွေ့တစ်ခုသို့သွားနိုင်ရန်မှာ လွှတ် တော်တွင်း ဥပဒေပြုရေးအာဏာကို အပြည့်အဝ ကျင့်သုံးသွားနိုင်ရန်လိုအပ်သည်။
ဥပဒေတစ်ရပ်ရေးဆွဲရာတွင် ဥပဒေကြောင်းဆိုင်ရာ အချက်များပါဝင်ရန်လိုအပ်သကဲ့သို့ လူတန်း စား ပေါင်းစုံတို့၏အမြင်သဘောထားများလည်း ပါဝင်ရ မည်ဖြစ်သည်။ ထို့အတူ မိမိဒေသအတွက် အ ကျိုးဖြစ်ထွန်းစေမည့်၊ မိမိတို့ဒေသ လူမှုစီးပွားအခြေအနေများနှင့် သဟဇာတဖြစ်စေမည့်အကြောင်း အချက်များကိုလည်း ထည့်သွင်းရေးဆွဲရမည်ဖြစ်သည်။
ထို့ကြောင့် လွှတ်တော်သို့ ဥပဒေတစ်ရပ်တင် သွင်းလာတိုင်း မူလဥပဒေရေးဆွဲရာတွင် မပါဝင်ခဲ့ သည့်တိုင် လွှတ်တော်ကိုယ်စားလှယ်များ ထောက်ပြဝေဖန်ပေးခြင်းဖြင့် အကောင်းဆုံးသောဥပဒေ တစ် ရပ်စီပေါ်ထွန်းလာစေမည်ဖြစ်ပြီး မိမိတို့ဒေသ၏အကျိုးစီးပွားကိုကောင်းစွာ အထောက်အကူပြုနိုင်မည် လည်း ဖြစ်သည်။ ဤသို့သောဥပဒေများ ရေးဆွဲပြဋ္ဌာန်းနိုင် ရန်အတွက် တိုင်းဒေသကြီးနှင့် ပြည်နယ် လွှတ်တော်များအနေဖြင့် အားကောင်းသောလွှတ်တော်တစ်ရပ် ဖြစ်ရန်လိုအပ်သည်။ ဤသို့ အား ကောင်းသောလွှတ် တော်တစ်ရပ်ပေါ်လာရေးအတွက် လွှတ်တော်ကိုယ်စားလှယ်များအပေါ် မူတည်နေ သည်။ အခြားတစ်ဖက်တွင်လည်း ဥပဒေများအသက်ဝင်စေရန်အတွက် နည်းဥပဒေများကို ထုတ်ပြန် ပြဋ္ဌာန်းရန်လည်း လိုအပ်သည်ဖြစ်ရာ သက်ဆိုင်ရာအစိုးရအဖွဲ့များအနေဖြင့် လွှတ်တော်များမှပြဋ္ဌာန်း ပေးလိုက်သည့်ဥပဒေများ အသက်ဝင်နိုင်စေရေးအတွက် နည်းဥပဒေများကို ဆောလျင်စွာထုတ်ပြန်သွား ကြရန်လည်း လိုအပ်သည်။ အချို့တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပထမအကြိမ်လွှတ်တော်မှ ထုတ် ပြန်ခဲ့သည့် ဥပဒေများအတွက် နည်းဥပဒေများထုတ်ပြန်ခြင်းမပြုနိုင်သေးသည်မှာလည်း အများပြည်သူ လိုအပ်သည့် အရွေ့တစ်ခုသို့မရောက်နိုင်သည့် အတားအဆီးတစ်ခုလည်းဖြစ်သည်။
(၂၀၂၅)ခုနှစ် ဒီဇင်ဘာလ (၂၈)ရက်တွင်ကျင်းပခဲ့သည့် စတုတ္ထအကြိမ်ရွေးကောက်ပွဲမှာ ယခင်ရွေး ကောက်ပွဲများနှင့်မတူ ကွဲပြားခြားနားချက်များရှိသည်။ ဤသည်မှာ တစ်ပြည်လုံးအတိုင်းအတာဖြင့် ရွေး ကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပါတီကြီး (၆)ခုသာရှိခဲ့ပြီး ကျန်ပါတီများမှာ ပြည်နယ်တစ်ခုချင်းစီ သော်လည်းကောင်း၊ တိုင်းဒေသကြီးတစ်ခုချင်းစီတွင်လည်းကောင်း ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ် သည်။ တစ်ပြည်လုံးအတိုင်းအတာဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် နိုင်ငံရေးပါတီများသည် ပြည်ထောင်စု အစိုးရ ဖွဲ့စည်းနိုင်ရေးအတွက် ရည်မှန်းချက်ဖြင့် ဝင်ရောက်ယှဉ်ပြိုင်ခဲ့ကြခြင်းဖြစ်သည်။
ထို့အတူ တိုင်းဒေသကြီး၊ ပြည်နယ်တစ်ခုချင်းစီတွင်ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် နိုင်ငံရေးပါတီများ သည် သက်ဆိုင်ရာဒေသများ၏ လွှတ်တော်နှင့်အစိုးရအဖွဲ့ များကိုဖွဲ့စည်းနိုင်ရေးအတွက် ရည်မှန်း ယှဉ် ပြိုင်ခဲ့ကြခြင်းဖြစ်သည်။ သို့ဖြစ်ရာ ဖြစ်ပေါ်လာမည့် နိုင်ငံရေးအခင်းအကျင်းတွင် လွှတ်တော်နှင့်အစိုးရ အဖွဲ့များတွင်ပါဝင်ကြမည့် လွှတ်တော်ကိုယ်စားလှယ်များသည် နိုင်ငံတော်အတွက်အရေးကြီးသော နေရာတွင် ပါဝင်လျက်ရှိနေကြကြောင်း ရေးသားလိုက်ရပေသည်။

Zawgyi Version:
ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံသစ္ထူေထာင္ေရးတြင္ တိုင္းေဒသႀကီး ျပည္နယ္လႊတ္ေတာ္မ်ား၏အေရးပါမႈ
(အေတြးအျမင္ ေဆာင္းပါး)
ကြၽန္းသားငမန္း (NP News)

(၂၀၂၅)ခုႏွစ္တြင္က်င္းပျပဳလုပ္ခဲ့သည့္ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္အပါအဝင္ လႊတ္ ေတာ္အဆင့္ဆင့္တို႔အား (၂၀၂၆)ခုႏွစ္ မတ္လတြင္ ေခၚယူက်င္းပသြားမည္ျဖစ္သည္။ တတိယအႀကိမ္ ျပည္သူ႔လႊတ္ေတာ္အစည္းအေဝးကို (၂၀၂၆)ခုႏွစ္ မတ္လ (၁၆)ရက္တြင္လည္းေကာင္း၊ အမ်ိဳးသား လႊတ္ ေတာ္အစည္းအေဝးကို မတ္လ(၁၈)ရက္တြင္လည္းေကာင္း၊ တိုင္းေဒသႀကီးမ်ားႏွင့္ ျပည္နယ္လႊတ္ေတာ္ မ်ားအစည္းအေဝးကို (၂၀၂၆)ခုႏွစ္ မတ္လ (၂၀) ရက္တြင္လည္းေကာင္း က်င္းပသြားရန္အတြက္ သက္ ဆိုင္ရာ အႏိုင္ရလႊတ္ေတာ္ကိုယ္စားလွယ္မ်ားသို႔ သက္ဆိုင္ရာမွ ဖိတ္ေခၚထားၿပီးျဖစ္သည္။ က်င္းပ သြား မည့္လႊတ္ေတာ္အဆင့္ဆင့္အေနျဖင့္ (၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒပါေပးထားခ်က္မ်ားအတိုင္း တိုင္းျပည္အတြက္လိုအပ္သည့္ သမၼတႀကီးဦးေဆာင္ေသာအစိုးရအဖြဲ႕ကိုလည္းေကာင္း၊ တိုင္း ေဒသႀကီး၊ ျပည္နယ္အသီးသီးတြင္လည္း ျပည္နယ္အစိုးရအဖြဲ႕မ်ားကိုလည္းေကာင္း ဖြဲ႕စည္းကာ အားသစ္ေလာင္း ထားေသာ အစိုးရအဖြဲ႕မ်ားက (၂၀၂၆) ခုႏွစ္ ဧၿပီလ(၁)ရက္ေန႔မွစတင္ၿပီး တာဝန္ယူၾကေတာ့မည္ျဖစ္ သည္။
လႊတ္ေတာ္အဆင့္ဆင့္သည္ ဥပေဒျပဳေရးႏွင့္အစိုးရအဖြဲ႕အား ထိန္းေက်ာင္းသြားရမည့္တာဝန္ ရွိ သည္။ လႊတ္ေတာ္အဆင့္ဆင့္သည္ အစိုးရအဖြဲ႕အား ထိန္းေက်ာင္းႏိုင္ရန္ေသာ္လည္းေကာင္း၊ မိမိတို႔ သက္ဆိုင္ရာနယ္ပယ္အလိုက္ (ျပည္ေထာင္စုအစိုး ရအဖြဲ႕၊ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္အစိုးရမ်ား)သို႔ လုပ္ပိုင္ခြင့္ေပးအပ္သည့္ဥပေဒမ်ားကိုလည္းေကာင္း ျပ႒ာန္းသတ္မွတ္ေပးၾကရန္ တာဝန္ရွိသည္။
ထို႔ေၾကာင့္ သက္ဆိုင္ရာနယ္ပယ္အလိုက္ဥပေဒျပဳေရးမွာ လႊတ္ေတာ္အဆင့္ဆင့္၏ အေရးႀကီးေသာ တာဝန္တစ္ရပ္လည္းျဖစ္သည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ားႏွင့္ ဥပေဒျပဳေရးတာဝန္
(၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒအရ ႏိုင္ငံ ေတာ္၏အခ်ဳပ္အျခာအာဏာခက္မသုံးျဖာ၊ အာဏာ သုံးရပ္ကို ျပည္ေထာင္စု၊ တိုင္းေဒသႀကီး/ျပည္နယ္မ်ားႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရေဒသ အသီး သီးသို႔ ခြဲေဝေပးထားၿပီးျဖစ္သည္။ သို႔ရာတြင္ ၿပီးခဲ့သည့္ဒီမိုကေရစီအစိုးရႏွစ္ဆက္ကာလအတြင္း သက္ ဆိုင္ရာ အဆင့္တိုင္းတြင္ မိမိတို႔အား ခြဲေဝအပ္ႏွင္းထားသည့္ အာဏာသုံးရပ္ကို ပီျပင္စြာက်င့္သုံးႏိုင္ျခင္း မရွိခဲ့ၾကေပ။ ဤသို႔မက်င့္သုံးႏိုင္ခဲ့ျခင္းမွာလည္း လႊတ္ေတာ္အဆင့္ဆင့္သို႔ေရာက္ရွိလာသည့္ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ား၏အားနည္းခ်က္မ်ားေၾကာင့္ ျဖစ္သည္။
စာေရးသူသည္ ပထမအႀကိမ္လႊတ္ေတာ္ႏွင့္ ဒုတိယအႀကိမ္လႊတ္ေတာ္မ်ားအနက္ ျပည္နယ္ လႊတ္ေတာ္အတြင္းဖြဲ႕စည္းခဲ့သည့္ ေရးရာေကာ္မတီမ်ားအနက္ ဥပေဒေရးရာႏွင့္ အျခားကိစၥရပ္မ်ား ဆိုင္ ရာအ ႀကံေပးအဖြဲ႕တြင္ အဖြဲ႕ဝင္အျဖစ္ တာဝန္ေပးျခင္းခံခဲ့ရသည္။ ဤအဖြဲ႕ကို လႊတ္ေတာ္ကိုယ္စားလွယ္ တစ္ဦးက ဦးေဆာင္ပါဝင္ၿပီး ျပင္ပအသိပညာရွင္၊ အတတ္ပညာရွင္မ်ားျဖင့္ စုစည္းဖြဲ႕စည္းေပးထားျခင္း ျဖစ္သည္။ ဤအဖြဲ႕သည္ ျပည္နယ္လႊတ္ေတာ္၏ဥပေဒျပဳျခင္း၊ လႊတ္ေတာ္ဥကၠ႒ႏွင့္ လႊတ္ေတာ္ကိုယ္ စားလွယ္မ်ားမွတင္ျပေမးျမန္းလာၾကသည့္ ဥပေဒေရး ဆိုင္ရာျပႆနာမ်ား၊ အစိုးရအဖြဲ႕မွ ေရးဆြဲတင္ျပ လာေသာ ႏွစ္စဥ္ ရသုံးခန႔္မွန္းေျခေငြစာရင္း(ဘတ္ဂ်က္)မ်ားကို စိစစ္သုံးသပ္ျခင္းႏွင့္ အျခား လူမႈေရး၊ စီးပြားေရး၊ ယဥ္ေက်းမႈႏွင့္ တိုင္းရင္းသားေရးရာကိစၥရပ္မ်ား တြင္ လိုအပ္သလိုပါဝင္ခဲ့ၾကကာ အႀကံေပး ျခင္းမ်ားလုပ္ေဆာင္ေပးခဲ့ၾကရသည္။
ဤသို႔ပါဝင္ေဆာင္႐ြက္ခဲ့ရေသာ္လည္း ဥပေဒျပဳေရးအပိုင္းတြင္ အားနည္းခ်က္မ်ားရွိခဲ့ၾက ေၾကာင္း ဝန္ခံလိုသည္။ ဤသို႔ျဖစ္ရျခင္းမွာ အထူးသျဖင့္ လႊတ္ ေတာ္ကိုယ္စားလွယ္မ်ား စိတ္ပါဝင္စားမႈ နည္းပါးျခင္းလည္း အေၾကာင္းတစ္ေၾကာင္းျဖစ္သည္။ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားသည္ ဥပေဒျပဳ ေရး၏အေရးပါမႈကို နားလည္သေဘာေပါက္ျခင္းလည္း ရွိၾကဟန္မတူေပ။ ထို႔ေၾကာင့္လည္း ဥပေဒျပဳ ေရးအဖြဲ႕ကေရးဆြဲၿပီး လႊတ္ေတာ္အစည္းအေဝးတြင္ အတည္ျပဳႏိုင္ရန္ တင္ျပလိုက္သည့္ ဥပေဒတစ္ရပ္ အေပၚ ေထာက္ျပေဆြးေႏြးျခင္းမျပဳၾကသည္မ်ား၊ မျပဳႏိုင္ၾကသည္မ်ားကိုေတြ႕ခဲ့ရရာ အားရမႈမရွိျဖစ္ခဲ့ရ သည္။ လႊတ္ေတာ္ ကိုယ္စားလွယ္မ်ားတြင္ လူတန္းစားအလႊာအသီးသီးမွပုဂၢိဳလ္မ်ား ပါဝင္လ်က္ရွိေနၾက သည္။
ဥပေဒတစ္ရပ္ေရးဆြဲရာတြင္ ဥပေဒတစ္ရပ္၏ အဂၤါရပ္ႏွင့္ကိုက္ညီရမည္ျဖစ္သလို၊ အဆိုပါဥပေဒ သည္ မိမိတို႔ေဒသ၏ ပထဝီအေနအထား၊ လူမႈစီးပြား အေနအထားႏွင့္ ကိုက္ညီျခင္း ရွိ မရွိ ေထာက္ျပ ေဝဖန္ျခင္းျဖင့္ လိုအပ္သည္မ်ားကိုျဖည့္စြက္ျခင္း၊ ျပင္ဆင္ ျခင္းမ်ားျပဳလုပ္ႏိုင္ၾကသည္ျဖစ္ရာ ဥပေဒျပဳ ေရးသည္ မိမိတို႔ေဒသအတြက္ အေရးႀကီးလွေၾကာင္းသေဘာ ေပါက္ၾကရန္လိုေပသည္။

(၂၀ဝ၈) ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ဖက္ဒရယ္ဒီမိုကေရစီ
လက္ရွိ ျမန္မာႏိုင္ငံတြင္ျဖစ္ေပၚေနသည့္ပဋိပကၡမ်ား၏အေၾကာင္းတစ္ရပ္တြင္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒဆိုင္ရာအေၾကာင္းအခ်က္ကိုလည္း ထည့္သြင္းေျပာၾကားေနၾကသည္။ ဖြဲ႕စည္းပုံအေျခခံဥပေဒႏွင့္ ပတ္သက္၍ ျပည္နယ္ႏွင့္တိုင္းေဒသႀကီးမ်ား အားလုံးတြင္ ေလ်ာ္ကန္သင့္ျမတ္သည့္ အုပ္ခ်ဳပ္ေရး၊ အာ ဏာကိုခြဲေဝသတ္မွတ္ေပးရမည္ျဖစ္သည္။ ထိုသို႔ေဆာင္႐ြက္ရာတြင္ လိုအပ္ခ်က္မ်ားကိုေဆြးေႏြးၿပီး ျပည္ ေထာင္စုႏွင့္တိုင္းေဒသႀကီးမ်ားမွ ေဆာင္႐ြက္ရမည့္ေဆာင္႐ြက္ခြင့္ရသည့္အခ်က္မ်ားကို ေဆြးေႏြး ဆုံး ျဖတ္ရမည္ျဖစ္သည္။ ေျပာရမည္ဆိုပါက ဖက္ဒရယ္ဆိုင္ရာ လုပ္ပိုင္ခြင့္ႏွင့္ပတ္သက္၍ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕ စည္းပုံအေျခခံဥပေဒတြင္ ျပည္ေထာင္စုအဆင့္၊ တိုင္းေဒသႀကီးႏွင့္ျပည္နယ္အဆင့္ႏွင့္ ကိုယ္ပိုင္အုပ္ခ်ဳပ္ ခြင့္ရတိုင္းေဒသႀကီးမ်ားမွျပ႒ာန္းထုတ္ျပန္ရမည့္ဥပေဒမ်ား၊ စည္းမ်ဥ္းလုပ္ထုံးလုပ္နည္းမ်ားကို ေနာက္ ဆက္တြဲဇယား (၁၊ ၂၊ ၃၊ ၅) တို႔ျဖင့္ သတ္မွတ္ျပ႒ာန္းသတ္မွတ္ထားၿပီးျဖစ္သည္။ ဇယား(၁)သည္ ျပည္ ေထာင္စုအဆင့္၊ ဇယား(၂)သည္ တိုင္းေဒသႀကီး (သို႔မဟုတ္)ျပည္နယ္၊ ဇယား(၃)သည္ ကိုယ္ပိုင္အုပ္ ခ်ဳပ္ခြင့္ရတိုင္း (သို႔မဟုတ္) ကိုယ္ပိုင္အုပ္ခ်ဳပ္ခြင့္ရဦးစီးအဖြဲ႕တို႔၏ ဥပေဒျပဳစာရင္းမ်ားျဖစ္သည္။ ဇယား (၅)သည္ တိုင္းေဒသႀကီး (သို႔မဟုတ္) ျပည္နယ္မ်ားကေကာက္ခံရမည့္ အခြန္အချဖစ္သည္။
တိုင္းေဒသႀကီးႏွင့္ျပည္နယ္အဆင့္ ဥပေဒျပဳ ေရး၌ ဘ႑ာေရးစီမံကိန္းက႑တြင္ ဥပေဒျပဳမႈ ဆိုင္ရာ အခ်က္ (၁၁)ခ်က္၊ စီးပြားေရးက႑တြင္ အခ်က္ (၃)ခ်က္၊ စိုက္ပ်ိဳးေရးႏွင့္ ေမြးျမဴေရးက႑တြင္ အခ်က္ (၇) ခ်က္၊ စြမ္းအင္၊ လွ်ပ္စစ္၊ သတၱဳႏွင့္ သစ္ ေတာက႑တြင္ အခ်က္(၅)ခ်က္၊ စက္မႈလက္မႈ က႑တြင္ အခ်က္(၂)ခ်က္၊ ပို႔ေဆာင္ေရး၊ ဆက္သြယ္ေရး ႏွင့္ေဆာက္လုပ္ေရးက႑တြင္ အခ်က္(၃)ခ်က္၊ လူမႈေရးက႑တြင္ အခ်က္(၇)ခ်က္၊ စီမံခန႔္ခြဲေရးက႑တြင္ အခ်က္(၃)ခ်က္ စသည္ျဖင့္ပါဝင္ေနေၾကာင္း ေတြ႕ရသည္။ ဤအခ်က္မ်ားကို ဥပေဒေရးဆြဲျခင္းျဖင့္ ေဒသ၏ဖြံ႕ၿဖိဳးတိုးတက္ေရးကို အေကာင္အထည္ ေဖာ္ေဆာင္႐ြက္ႏိုင္ၾကမည္ျဖစ္သည္။
ျပည္ေထာင္စုအဆင့္၊ တိုင္းေဒသႀကီးအဆင့္မွ ေရးဆြဲအတည္ျပဳျပ႒ာန္းလိုက္သည့္ ဥပေဒမ်ား သည္ အစိုးရအဖြဲ႕မ်ားက လိုက္နာက်င့္သုံး အေကာင္အထည္ေဖာ္ရမည့္ လမ္းၫႊန္ခ်က္မ်ားလည္းျဖစ္ သည္။ ေရးဆြဲအတည္ျပဳလိုက္ေသာဥပေဒမ်ားသည္ ေကာင္းလွ်င္ေကာင္းသလို ႏိုင္ငံေတာ္၏ အက်ိဳး စီးပြားကို ေဖာ္ေဆာင္ႏိုင္မည္လည္းျဖစ္သည္။
အဆိုပါျပ႒ာန္းခ်က္မ်ားတြင္ပါရွိသည့္ ဥပေဒ မ်ားကိုေရးဆြဲျခင္းျဖင့္ ဥပေဒႏွင့္လိုက္နာက်င့္သုံး အေကာင္အထည္ေဖာ္ႏိုင္သည္ျဖစ္ရာ တိုင္းရင္းသား ျပည္သူမ်ားကေျပာေနသည့္ အာဏာခြဲေဝသုံးစြဲေရး ကိုရရွိႏိုင္ၾကသည္ျဖစ္ရာ ဖက္ဒရယ္ဒီမိုကေရစီလမ္းေၾကာင္းသို႔ ေလွ်ာက္လွမ္းႏိုင္ၾကေပမည္။ တိုင္း ေဒသႀကီးႏွင့္ျပည္နယ္မ်ားသို႔ လုပ္ပိုင္ခြင့္ပိုမိုရရွိေစရန္အတြက္ ဤျပ႒ာန္းခ်က္မ်ားတြင္ မူလျပ႒ာန္း ခ်က္မ်ားအျပင္ ပထမအႀကိမ္လႊတ္ေတာ္က တိုးခ်ဲ႕ျပင္ဆင္ခဲ့ ၿပီး တိုင္းေဒသႀကီးႏွင့္ျပည္နယ္မ်ား၏ လုပ္ပိုင္ခြင့္မ်ားကို တိုးျမႇင့္သတ္မွတ္ေပးခဲ့သည္။

လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏အေရးပါမႈ
ႏိုင္ငံေရးသမားမ်ား ႏိုင္ငံေရးလုပ္သည္ဆိုျခင္းမွာ ႏိုင္ငံ့အေရးအတြက္ ေဆာင္႐ြက္ရန္ျဖစ္သည္ ဟု ေယဘုယ် နားလည္သေဘာေပါက္ရသည္။ ႏိုင္ငံေရးပါတီမ်ားသည္ ႏိုင္ငံ့အေရးအတြက္ စိတ္တူ ကိုယ္တူ သေဘာထားတိုက္ဆိုင္သူမ်ားႏွင့္ စုေပါင္းဖြဲ႕စည္းထား ျခင္းပင္ျဖစ္သည္။ မဲဆႏၵရွင္ျပည္သူမ်ား သည္ မိမိတို႔ ၏အေရးအတြက္၊ ႏိုင္ငံ့အေရးအတြက္ မိမိတို႔ကိုယ္စားေဆာင္႐ြက္ေပးႏိုင္မည့္သူမ်ားကို ေ႐ြးခ်ယ္ေပးလိုက္ျခင္းျဖစ္ရာ၊ ေ႐ြးခ်ယ္ျခင္းခံရေသာ ႏိုင္ငံေရးပါတီမ်ား၊ ႏိုင္ငံေရးသမားမ်ားသည္ အမွန္ တကယ္ ျပည္သူကိုကိုယ္စားျပဳလုပ္ေဆာင္ႏိုင္သူမ်ားျဖစ္ၾကရန္ ႀကိဳးစားလုပ္ေဆာင္ျပၾကရန္လိုသည္။
ႏိုင္ငံေရးပါတီအသီးသီးသည္ တိုင္းျပည္တည္ေဆာက္ေရးအတြက္ မိမိတို႔ပါတီမ်ား၏ မူဝါဒ သေဘာထား၊ ရည္မွန္းခ်က္မ်ားကိုထုတ္ေဖာ္ေၾကညာထားၾကၿပီျဖစ္သည္။ မိမိတို႔တာဝန္ယူရေသာအခါ မိမိတို႔ ခ်မွတ္ခဲ့သည့္ မူဝါဒ၊ သေဘာတရားမ်ားကို အေကာင္အထည္ေဖာ္လုပ္ေဆာင္ၾကရမည့္ဥပေဒ မ်ားကို ေရးဆြဲျပ႒ာန္းႏိုင္ရန္ ႀကိဳးစားသြားၾကရမည္ျဖစ္သည္။ မိမိတို႔ ေရးဆြဲျပ႒ာန္းေပးလိုက္ေသာ ဥပေဒမ်ားျဖင့္ တိုင္း ျပည္ႏိုင္ငံႏွင့္ ျပည္သူမ်ား၏အက်ိဳးစီးပြားကို ရည္မွန္းခ်က္အတိုင္း အေကာင္အ ထည္ေဖာ္လုပ္ေဆာင္သြားႏိုင္ၾကမည္ျဖစ္သည္။
ယေန႔တိုင္းရင္းသားမ်ားႏွင့္ ျဖစ္ေပၚေနရသည့္ ပဋိပကၡမ်ားတြင္ ဖြဲ႕စည္းပုံအေျခခံဥပေဒ ဆိုင္ရာ အက်ပ္အတည္းမ်ားႏွင့္ ဖက္ဒရယ္ဒီမိုကေရစီႏိုင္ငံေတာ္ တည္ေဆာက္ေရးရည္မွန္းခ်က္အေပၚ မူတည္ ျဖစ္ေပၚေနရျခင္းျဖင့္ လက္ရွိအေနအထားတြင္လည္း ႏိုင္ငံေတာ္အစိုးရ၊ ျပည္သူ၊ တပ္မေတာ္၊ တိုင္းရင္း သားလက္ နက္ကိုင္အဖြဲ႕အစည္းမ်ားႏွင့္ တရားဝင္ရပ္တည္ လ်က္ရွိသည့္ ႏိုင္ငံေရးပါတီတို႔၏ ေမွ်ာ္မွန္း ခ်က္မွာ ဒီမိုကေရစီႏွင့္ ဖက္ဒရယ္စနစ္ကိုအေျခခံသည့္ ျပည္ေထာင္စုတည္ေဆာက္ေရးျဖစ္သည္။ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံဥပေဒက ေပးထားခ်က္မ်ားသည္ ဖက္ဒရယ္ ဒီမိုကေရစီစနစ္ကို အသြင္ ေဆာင္ေနသည္ ကိုမည္သူမွ်ျငင္းပယ္ႏိုင္ၾကမည္မဟုတ္ေပ။ တိုင္းရင္းသားျပည္သူမ်ားလိုလားေသာ အာဏာခြဲေဝက်င့္ သုံးမႈႏွင့္ ဥပေဒျပဳေရးအာဏာမ်ားကိုလည္းရရွိထားၾကၿပီးျဖစ္သည္။ တိုင္းေဒသႀကီး ႏွင့္ ျပည္နယ္လႊတ္ေတာ္မ်ားသည္ (၂၀ဝ၈)ခုႏွစ္အေျခခံဥပေဒကေပး ထားခ်က္မ်ားအတိုင္း ဥပေဒမ်ား ကိုေရးဆြဲျပ႒ာန္းႏိုင္ၿပီး အဆိုပါဥပေဒမ်ားႏွင့္အညီ အစိုးရအဖြဲ႕က လိုက္နာက်င့္သုံးျခင္းျဖင့္ တိုင္းေဒသ ႀကီးမ်ား၊ ျပည္နယ္မ်ား၏စီမံခန႔္ခြဲေရးလုပ္ငန္းမ်ားပိုမိုပီျပင္လာကာ ဖက္ဒရယ္စနစ္ ဆီသို႔ အေ႐ြ႕တစ္ခု အျဖစ္ေရာက္ရွိႏိုင္လိမ့္မည္ျဖစ္သည္။

အားေကာင္းေသာလႊတ္ေတာ္မ်ားျဖစ္ေပၚေရး
မိမိတို႔သည္ (၂၀ဝ၈)ခုႏွစ္ ဖြဲ႕စည္းပုံအေျခခံ ဥပေဒအရ ဒီမိုကေရစီအစိုးရႏွစ္ဆက္ကိုႀကဳံခဲ့ရၿပီး ျဖစ္သည္။ သို႔ရာတြင္ တိုင္းေဒသႀကီးႏွင့္ျပည္နယ္ လႊတ္ေတာ္အခ်ိဳ႕သည္ (၂၀ဝ၈)ခုႏွစ္ဖြဲ႕စည္းပုံအေျခခံ ဥပေဒကေပးထားသည့္ဥပေဒမ်ားေရးဆြဲရာတြင္ အားနည္းခ်က္မ်ားရွိခဲ့ၾကသည္။ ေပးထားေသာ ဥပေဒ ျပဳေရးအာဏာအတြင္း ဥပေဒေရးဆြဲျပ႒ာန္းႏိုင္ခဲ့သည္မွာ (၁၅)ရာခိုင္ႏူန္းခန႔္သာရွိေၾကာင္းလည္း ေလ့ လာေတြ႕ရွိရသည္။ ဤသည္မွာ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၏ဥပေဒျပဳေရးတြင္ စိတ္ပါဝင္စားမႈနည္း ပါးျခင္းႏွင့္ အေလးမထားျခင္းလည္း ပါဝင္လ်က္ရွိ သည္။ လႊတ္ေတာ္အဆင့္ဆင့္သည္ မိမိတို႔ေဒသႏွင့္ လိုက္ေလ်ာညီသည့္ဥပေဒမ်ားကို ျပ႒ာန္းျခင္းအျပင္ အစိုးရအဖြဲ႕မ်ား၏လုပ္ေဆာင္ခ်က္မ်ားကို ထိန္းညႇိ ေပးရန္တာဝန္ရွိသည္။ ႏိုင္ငံေတာ္အစိုးရ၊ ျပည္သူ၊ တပ္မေတာ္၊ တိုင္းရင္းသားလက္နက္ကိုင္အဖြဲ႕အ စည္းမ်ားႏွင့္ တရားဝင္ရပ္တည္ေနသည့္ ႏိုင္ငံေရးပါတီတို႔၏ေမွ်ာ္မွန္းခ်က္ျဖစ္ေသာ ဒီမိုကေရစီႏွင့္ ဖက္ ဒရယ္စနစ္ကိုအေျခခံသည့္ျပည္ေထာင္စု တည္ေဆာက္ေရးအတြက္ အေ႐ြ႕တစ္ခုသို႔သြားႏိုင္ရန္မွာ လႊတ္ ေတာ္တြင္း ဥပေဒျပဳေရးအာဏာကို အျပည့္အဝ က်င့္သုံးသြားႏိုင္ရန္လိုအပ္သည္။
ဥပေဒတစ္ရပ္ေရးဆြဲရာတြင္ ဥပေဒေၾကာင္းဆိုင္ရာ အခ်က္မ်ားပါဝင္ရန္လိုအပ္သကဲ့သို႔ လူတန္း စား ေပါင္းစုံတို႔၏အျမင္သေဘာထားမ်ားလည္း ပါဝင္ရ မည္ျဖစ္သည္။ ထို႔အတူ မိမိေဒသအတြက္ အ က်ိဳးျဖစ္ထြန္းေစမည့္၊ မိမိတို႔ေဒသ လူမႈစီးပြားအေျခအေနမ်ားႏွင့္ သဟဇာတျဖစ္ေစမည့္အေၾကာင္း အခ်က္မ်ားကိုလည္း ထည့္သြင္းေရးဆြဲရမည္ျဖစ္သည္။
ထို႔ေၾကာင့္ လႊတ္ေတာ္သို႔ ဥပေဒတစ္ရပ္တင္ သြင္းလာတိုင္း မူလဥပေဒေရးဆြဲရာတြင္ မပါဝင္ခဲ့ သည့္တိုင္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား ေထာက္ျပေဝဖန္ေပးျခင္းျဖင့္ အေကာင္းဆုံးေသာဥပေဒ တစ္ ရပ္စီေပၚထြန္းလာေစမည္ျဖစ္ၿပီး မိမိတို႔ေဒသ၏အက်ိဳးစီးပြားကိုေကာင္းစြာ အေထာက္အကူျပဳႏိုင္မည္ လည္း ျဖစ္သည္။ ဤသို႔ေသာဥပေဒမ်ား ေရးဆြဲျပ႒ာန္းႏိုင္ ရန္အတြက္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္ လႊတ္ေတာ္မ်ားအေနျဖင့္ အားေကာင္းေသာလႊတ္ေတာ္တစ္ရပ္ ျဖစ္ရန္လိုအပ္သည္။ ဤသို႔ အား ေကာင္းေသာလႊတ္ ေတာ္တစ္ရပ္ေပၚလာေရးအတြက္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားအေပၚ မူတည္ေန သည္။ အျခားတစ္ဖက္တြင္လည္း ဥပေဒမ်ားအသက္ဝင္ေစရန္အတြက္ နည္းဥပေဒမ်ားကို ထုတ္ျပန္ ျပ႒ာန္းရန္လည္း လိုအပ္သည္ျဖစ္ရာ သက္ဆိုင္ရာအစိုးရအဖြဲ႕မ်ားအေနျဖင့္ လႊတ္ေတာ္မ်ားမွျပ႒ာန္း ေပးလိုက္သည့္ဥပေဒမ်ား အသက္ဝင္ႏိုင္ေစေရးအတြက္ နည္းဥပေဒမ်ားကို ေဆာလ်င္စြာထုတ္ျပန္သြား ၾကရန္လည္း လိုအပ္သည္။ အခ်ိဳ႕တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားတြင္ ပထမအႀကိမ္လႊတ္ေတာ္မွ ထုတ္ ျပန္ခဲ့သည့္ ဥပေဒမ်ားအတြက္ နည္းဥပေဒမ်ားထုတ္ျပန္ျခင္းမျပဳႏိုင္ေသးသည္မွာလည္း အမ်ားျပည္သူ လိုအပ္သည့္ အေ႐ြ႕တစ္ခုသို႔မေရာက္ႏိုင္သည့္ အတားအဆီးတစ္ခုလည္းျဖစ္သည္။
(၂၀၂၅)ခုႏွစ္ ဒီဇင္ဘာလ (၂၈)ရက္တြင္က်င္းပခဲ့သည့္ စတုတၳအႀကိမ္ေ႐ြးေကာက္ပြဲမွာ ယခင္ေ႐ြး ေကာက္ပြဲမ်ားႏွင့္မတူ ကြဲျပားျခားနားခ်က္မ်ားရွိသည္။ ဤသည္မွာ တစ္ျပည္လုံးအတိုင္းအတာျဖင့္ ေ႐ြး ေကာက္ပြဲဝင္ေရာက္ယွဥ္ၿပိဳင္မည့္ ပါတီႀကီး (၆)ခုသာရွိခဲ့ၿပီး က်န္ပါတီမ်ားမွာ ျပည္နယ္တစ္ခုခ်င္းစီ ေသာ္လည္းေကာင္း၊ တိုင္းေဒသႀကီးတစ္ခုခ်င္းစီတြင္လည္းေကာင္း ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္ သည္။ တစ္ျပည္လုံးအတိုင္းအတာျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့သည့္ ႏိုင္ငံေရးပါတီမ်ားသည္ ျပည္ေထာင္စု အစိုးရ ဖြဲ႕စည္းႏိုင္ေရးအတြက္ ရည္မွန္းခ်က္ျဖင့္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။
ထို႔အတူ တိုင္းေဒသႀကီး၊ ျပည္နယ္တစ္ခုခ်င္းစီတြင္ပါဝင္ယွဥ္ၿပိဳင္ခဲ့ၾကသည့္ ႏိုင္ငံေရးပါတီမ်ား သည္ သက္ဆိုင္ရာေဒသမ်ား၏ လႊတ္ေတာ္ႏွင့္အစိုးရအဖြဲ႕ မ်ားကိုဖြဲ႕စည္းႏိုင္ေရးအတြက္ ရည္မွန္း ယွဥ္ ၿပိဳင္ခဲ့ၾကျခင္းျဖစ္သည္။ သို႔ျဖစ္ရာ ျဖစ္ေပၚလာမည့္ ႏိုင္ငံေရးအခင္းအက်င္းတြင္ လႊတ္ေတာ္ႏွင့္အစိုးရ အဖြဲ႕မ်ားတြင္ပါဝင္ၾကမည့္ လႊတ္ေတာ္ကိုယ္စားလွယ္မ်ားသည္ ႏိုင္ငံေတာ္အတြက္အေရးႀကီးေသာ ေနရာတြင္ ပါဝင္လ်က္ရွိေနၾကေၾကာင္း ေရးသားလိုက္ရေပသည္။

Related news

© 2021. All rights reserved.