ဥရောပချန်ပီယံလိဂ် (၁၆) သင်းရှုံးထွက်အဆင့် ပထမအကျော့ ပွဲကြိုသုံးသပ်ချက်များ

727

ရဲထက် (NP News) - မတ် ၁ဝ
ချန်ပီယံလိဂ်ညချမ်းတွေကတော့ ပရိသတ်တွေအတွက် ရင်ခုန်စိတ်လှုပ်ရှားစရာ အကောင်းဆုံး အခိုက်အတန့်တွေကိုရောက်ရှိလာပြီလို့ ပြောလို့ရနေပြီး (၁၆)သင်းရှုံးထွက်အဆင့်ကို ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ အသင်းကြီးတော်တော်များများတက် လှမ်းလာတဲ့အဆင့်ဖြစ်တာကြောင့် ပွဲစဉ်တိုင်းကို မ လွတ်တမ်းစောင့်ကြည့်ရဖို့ရှိနေပြီး ပြိုင်ဆိုင်မှုတွေကလည်း ပြင်းထန်လာဖို့ရှိနေပါတယ်။ အိမ်ကွင်း-အ ဝေးကွင်းပွဲစဉ်တွေဖြစ်တာကြောင့် ပထမအကြိမ်တွေ့ဆုံမှုတွေမှာ ဂိုးပြတ်ရှုံးလို့မရတဲ့အနေအထားမျိုး တွေဖြစ်တာကြောင့် အသင်းတိုင်းက သတိထားဖို့လည်း လိုမှာဖြစ်ပါတယ်။ ဒါကြောင့် NP News ကနေ ချန်ပီယံလိဂ်(၁၆)သင်း ရှုံးထွက်အဆင့်ရဲ့ အကောင်းဆုံးပွဲစဉ်တွေကို ရွေးချယ်သုံးသပ်ပေးသွားချင်ပါ တယ်။
ရီးရဲလ်မက်ဒရစ် Vs မန်စီးတီး
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ရီးရဲလ် ၁ - ၂ မန်စီတီး (၁၁- ၁၂ -၂၀၂၅)
ရီးရဲလ် ၃ - ၁ မန်စီတီး (၂၀ -၂ -၂၀၂၅)
မန်စီတီး ၂ - ၃ ရီးရဲလ် (၁၂ -၂ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
ရီးရဲလ် ၁ - ၁ မန်စီတီး
ရီးရဲလ် ၂ -၂ မန်စီတီး
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုက အစဉ် အလာတစ်ခုလိုတောင်ဖြစ်နေပြီး တွေ့တဲ့အချိန်တိုင်း မှာလည်း တကယ်ကို ကြည့်ကောင်းခဲ့ပြီး ပြိုင်ဆိုင် မှုကလည်း ကြမ်းတမ်းခဲ့သလို တိုက်ပွဲဝင်စိတ် အ ပြည့်နဲ့ ကစားလာတတ်တာကိုတွေ့ရပါတယ်။ ဒီနှစ်သင်းကြားက ထိပ်တိုက်တွေ့ဆုံမှုတွေကို ပြန်ပြော ရရင် (၂၀၂၂) ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင် နယ်အဆင့်မှာ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ရီးရဲလ် မက် ဒရစ်အသင်းက မန်စီးတီးအသင်းကို အနိုင်ယူ ကျော်ဖြတ်ပြီး ဗိုလ်လုပွဲကို တက်လှမ်းနိုင်ခဲ့ပါတယ်။ ဒါ့ပြင် အဲဒီနှစ်က ရီးရဲလ်မက်ဒရစ်အသင်းက လီဗာ ပူးလ်အသင်းကို ဗိုလ်လုပွဲမှာအနိုင်ယူပြီး ချိန်ပီယံ လိဂ်ဖလားကို ရယူနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ (၂၀၂၃) ဘော လုံးရာသီမှာတော့ ချန်ပီယံလိဂ်ရဲ့ ဆီမီးဖိုင်နယ် အဆင့်မှာ ထပ်မံတွေ့ဆုံခဲ့ပြီး မန်စီးတီးအသင်း နှစ်ကျော့ပေါင်း ဂိုးပြတ်ရလဒ်တွေ ရီးရဲလ်မက်ဒရစ် အသင်းကိုကျော်ဖြတ်ပြီး ဗိုလ်လုပွဲအထိ တက်လှမ်းသွားခဲ့ပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်ပဲ အဲဒီနှစ်မှာ မန်စီးတီးအသင်းက အင်တာမီလန်အသင်းကို တစ်လုံးတည်းသော ဂိုးနဲ့ သမိုင်းတစ်လျှောက် ပထမဆုံး ချန်ပီယံလိဂ်ဖလားကို ကိုင်မြောက်နိုင်ခဲ့ပါတယ်။ ဒါ့ပြင် (၂၀၂၄) ဘောလုံးရာသီမှာလည်း ကွာတား ဖိုင် နယ်အဆင့်မှာတွေ့ဆုံခဲ့ပြီး ရီးရဲလ်မက်ဒရစ်အသင်းက မန်စီးတီးအသင်းကို အနိုင်ယူကျော်ဖြတ်ပြီး အဲဒီ နှစ်ရဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပါတယ်။ ဒီအချက်တွေကိုကြည့်ရင် ဒီရာသီ (၁၆)သင်းရှုံး ထွက်အဆင့်မှာတွေ့ဆုံနေတာက အနိုင်ရရှိတဲ့အသင်း ဟာ ချန်ပီယံလိဂ်ရဲ့ ချန်ပီယံဖြစ်ဖို့ အခွင့်အရေးရှိ နေပြီလို့တောင် ပြောလို့ရနေတဲ့အနေအထား မျိုးဖြစ်ပါ တယ်။ ဒါပေမဲ့ ထိပ်တိုက်တွေ့ဆုံမှုတွေမှာတော့ ရီးရဲလ်မက်ဒရစ်အသင်းက နှစ်ကြိမ် ချန်ပီယံဖြစ်ခဲ့ပြီး မန်စီးတီးအသင်း တစ်ကြိမ်သာ ချန်ပီယံဖြစ်ခဲ့တာ ကိုတွေ့ရပါတယ်။ ဒီရာသီ အုပ်စုတွင်းပွဲစဉ်တွေမှာ လည်း ဒီနှစ်သင်းက ထိပ်တိုက်တွေ့ဆုံထားပြီး တစ်ပွဲ စီ အနိုင်ရထားတာကိုတွေ့ရပြီး (၁၆)သင်းရှုံးထွက် အဆင့်မှာ ထပ်မံထိပ်တိုက်တွေ့ဆုံခဲ့တာဖြစ်ပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းကိုကြည့်ရင် ရီးရဲလ်မက်ဒရစ် အသင်းက လာလီဂါ ချန်ပီယံဆုအတွက် တိုက်ပွဲဝင်ရဖို့ ရှိနေပြီး မန်စီးတီးအသင်းကလည်း အာဆင်နယ် အသင်းနဲ့အပြိုင် ပရီးမီးယာလိဂ်ချန်ပီယံဆုကို စိန်ခေါ် နေတာကိုတွေ့ရပါတယ်။ ရီးရဲလ်မက်ဒရစ် အသင်း ရဲ့ ဒီရာသီချန်ပီယံလိဂ် ခြေစွမ်းက အားရစရာ ခြေ စွမ်းမျိုးမဟုတ်တာကြောင့် လက်ရှိမှာ မန်စီးတီး အသင်းက အနည်းငယ်အသာရနေတယ်လို့ ပြောလို့ရပါ တယ်။ ဒါပေမဲ့ ပထမအကျော့ပွဲစဉ်က ရီးရဲလ်မက်ဒရစ် အိမ်ကွင်းမှာဖြစ်တာကြောင့် မန်စီးတီးအသင်း အတွက် အနိုင်ရရှိဖို့ခက်ခဲနိုင်ပြီး သရေကျဖို့များတဲ့ ပွဲစဉ်ဖြစ်ပါတယ်။ ဂိုးလည်းမပြတ်ပါဘူး။
PSG Vs ချဲလ်ဆီး
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
ချဲလ်ဆီး ၃ - ဝ PSG (၁၄- ၇ -၂၀၂၅)
ချဲလ်ဆီး ၁ - ၂ PSG (၁၀ - ၃ -၂၀၁၆)
PSG ၂ - ၁ ချဲလ်ဆီး (၁၇ -၂ -၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
PSG ၃ -၂ ချဲလ်ဆီး
PSG ၂ - ၁ ချဲလ်ဆီး
ဒီရာသီ ချန်ပီယံလိဂ်ပွဲစဉ်တွေထဲမှာ ကြည့်ကောင်းဆုံးပွဲစဉ်နဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံးဖြစ်လာ မယ့်ပွဲစဉ်ကိုပြောပါဆိုရင် PSG အသင်းနဲ့ ချဲလ်ဆီးအသင်းတို့ရဲ့ ထိပ်တိုက်တွေ့ဆုံနေတဲ့ ပွဲစဉ်လို့တောင် ပြောလို့ရနေပါတယ်။ ဘာဖြစ်လို့လဲဆိုရင် ပြီးခဲ့တဲ့ (၂၀၂၄-၂၀၂၅) ဘောလုံးရာသီဟာ PSG အသင်းရဲ့ ရွှေ ရောင်နှစ်လို့ ပြောလို့ရသလို ပြည်တွင်းမှာ ပြင်သစ်လီဂူးအပါအဝင် ပြည်တွင်း ဖလား (၃)လုံးနဲ့ ချန်ပီယံ လိဂ်ဆုဖလားတို့ကို တစ်နှစ်တည်းမှာ ရရှိခဲ့တဲ့ PSG အသင်းဟာ ပရီးယားလိဂ်မှာ ချန်ပီယံလိဂ်ဝင်ခွင့် တစ်နေရာရဖို့ကိုတောင် ရုန်းကန်နေရတဲ့အပြင် ဥရောပကွန်းဖရန့်လိဂ်ကိုသာ ရရှိခဲ့တဲ့ ချဲလ်ဆီးအသင်း ကို ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ (၃)ဂိုးပြတ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့်ပဲဖြစ်ပါတယ်။ အဲဒီပွဲစဉ်ဟာ (၂၀၂၅) ခုနှစ်မှာ PSG အသင်းရဲ့အောင်မြင်ထားသမျှတွေကို အရှက်ခွဲခံခဲ့ရတဲ့ ပွဲစဉ်လို့ဆိုနိုင်ပြီး ပထမပိုင်းမှာတင် (၃)ဂိုးပြတ်ခဲ့တာကြောင့်လည်း လူပြောများခဲ့တဲ့ ပွဲစဉ်လို့လည်းဆိုနိုင်ပါတယ်။ ဒါကြောင့်ပဲ PSG အသင်း ရဲ့ တစ်နှစ်တည်းမှာ ဆုဖလား(၅)လုံးရရှိနိုင်မယ့် အခွင့်အရေးကို ဆုံးရှုံးလိုက်ရတဲ့ ပွဲစဉ်လို့လည်း ဆိုနိုင် ပါတယ်။ ဒါ့ပြင် အဲဒီပွဲစဉ် ပြီးဆုံးချိန်မှာ ချဲလ်ဆီးအသင်းရဲ့ကစားသမားတွေနဲ့ PSG အသင်းနည်းပြ အင်းန ရစ်တို့ ကတောက်ကဆ ဖြစ်မှုတွေရှိခဲ့သလို ကစားသမားတွေကြားမှာလည်း အဖုအထစ်တွေ ကိုယ်စီရှိခဲ့ ကြတယ်လို့ပြောရမှာပါ။ ဒါကြောင့် ဒီရာသီ (၁၆)သင်းရှုံးထွက်အဆင့်မှာ ဒီနှစ်ရဲ့ ထိပ်တိုက်တွေ့ဆုံမှုဟာ ကစားပွဲတစ်ခုထက် ပိုတဲ့ ဂုဏ်သိက္ခာပိုင်းအရ ပြန်လည် လက်စားချေမယ့် ပွဲကောင်းတစ်ပွဲလို့ဆိုနိုင်ပြီး PSG အသင်းရဲ့ အိမ်ကွင်းမှာ ချဲလ်ဆီးအသင်းအနေနဲ့ အလူးအလဲ လက်စားချေခံရဖို့ရှိနေပါတယ်။ လက်ရှိ ခြေစွမ်းပိုင်းအရ ကြည့်ရင်လည်း PSG အသင်းရဲ့ ခြေစွမ်းပိုင်းဟာ ချဲလ်ဆီးအသင်းနဲ့ ဆီနဲ့ရေလို ကွာခြား နေပြီး ရလဒ်ပိုင်းမှာလည်း ကွာဟချက် မြင့်မားနေတာကိုတွေ့ရမှာပါ။ ဒါပေမဲ့ ချဲလ်ဆီးအသင်းဟာ ချန်ပီ ယံလိဂ်သမိုင်းအပြင် တစ်ပွဲတိုးပွဲစဉ်တွေမှာ အစဉ်အလာကောင်းတဲ့အသင်းဖြစ်တဲ့အပြင် ချန်ပီယံလိဂ် ချန်ပီယံဖြစ်ခဲ့တဲ့ (၂)ကြိမ်လုံးမှာလည်း ပြိုင်ဘက်အသင်းထက် ခြေစွမ်းမကောင်းဘဲ Underdog အသင်း အနေနဲ့ သတ်မှတ်ခံခဲ့ရတာပါ။ ဒီလိုအခြေအနေမျိုးတွေကပဲ ချဲလ်ဆီးအသင်းက ချန်ပီယံဖြစ်ခဲ့ဖူးတာ ကြောင့် PSG အသင်းအနေနဲ့ လျှော့တွက်ခဲ့မယ်ဆိုရင် ပေးဆပ်မှုကြီးသွားနိုင်ပါတယ်။ ဒါကြောင့် ဒီပွဲစဉ် ကို ခန့်မှန်းရရင် PSG အသင်းက အိမ်ကွင်းမှာ အသားစီးရယူပြီး အပြန်အလှန်သွင်းဂိုးတွေနဲ့ (၁)ဂိုးကွာပြီး နိုင်ပွဲရယူသွားနိုင်ပါတယ်။
နယူးကာဆယ် Vs ဘာစီလိုနာ
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
နယူးကာဆယ် ၁ - ၂ ဘာစီလိုနာ (၁၉ - ၈ -၂၀၂၅)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
နယူးကာဆယ် ၁ - ၂ ဘာစီလိုနာ
နယူးကာဆယ် ဝ - ၁ ဘာစီလိုနာ
ဘာစီလိုနာအသင်းရဲ့ လက်ရှိခြေစွမ်းပိုင်းက လာလီဂါမှာ ရီးရဲလ်မက်ဒရစ်အသင်းထက်ပိုကောင်း တဲ့ စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း ခြေစွမ်းပိုင်းအရ မနှစ်က ရာသီနီး ပါး ကောင်းမွန်တဲ့ ခြေစွမ်းခြေစမျိုးပြန်မြင်လာရပြီလို့ဆိုနိုင်ပါတယ်။ ဒါ့ပြင် ခြေစွမ်းပိုင်း အနည်းငယ်ကျ ဆင်းသွားခဲ့သလို ယုံကြည်မှုပိုင်းမှာပါ အားနည်းလာတဲ့ ဘာစီလိုနာကြယ်ပွင့် လမိုင်းယာမယ်ရဲ့ ခြေစွမ်း ပိုင်းပြန်လည်တိုးတက်လာမှုတွေအပြင် လူငယ်ကစားသမားအများစုနဲ့ ဖွဲ့စည်းထားတဲ့ အသင်း လို့တောင် ဆိုနိုင်ပါတယ်။ အစဉ်အလာကြီးမားတဲ့ လာမာစီရာ အကယ်ဒမီ တစ်ခုတည်းကနေ အရည်အသွေးမြင့် လူငယ်ကစားသမားအများစု ရရှိနေတာကိုက ဘာစီလိုနာအသင်းရဲ့ ပြယုဂ်တစ်ခုဖြစ်ပြီး ငွေကြေးပိုင်း ထက် အရည်အသွေးပိုင်းမှာ အားသာချက်ရှိနေတာကို မြင်တွေ့ရမှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ရာသီ ချန်ပီယံ လိဂ်မှာ ဆီးမီးဖိုင်နယ်အထိ တက်လှမ်းနိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းအနေနဲ့ ဒီရာသီမှာလည်း အကောင်း ဆုံးလုပ်ပြနိုင်မလားဆိုတာကို စောင့်ကြည့်ရမယ့် ပွဲကောင်းတစ်ပွဲလည်းဖြစ်ပါတယ်။ နယူးကာဆယ်အ သင်းကတော့ ပြီးခဲ့တဲ့ရာသီနဲ့ယှဉ်ရင် ဒီရာသီစွမ်းဆောင်ရည်က အခြေအနေဆိုးရွားလွန်းနေတဲ့အပြင် ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ်ဝင်ခွင့်တစ်နေရာအတွက်ကိုတောင် မရရှိနိုင်တဲ့အနေအထားမျိုးမှာ ရှိနေပါ တယ်။ ဒီရာသီ ချန်ပီယံလိဂ် အုပ်စုတွင်းမှာလည်း ဘာစီလိုနာအသင်းနဲ့ ထိပ်တိုက်တွေ့ဆုံခဲ့ပြီး ခြေစွမ်း ပိုင်းမှာရော ကစားကွက်ပိုင်းမှာပါ ဘာမှ မယှဉ်နိုင်ခဲ့တဲ့ ဘာစီလိုနာအသင်းကို ရှုံးနိမ့်ထားတာကို တွေ့ ရပါတယ်။ ဒါကြောင့် ဒီပွဲစဉ်ကို ခန့်မှန်းရရင် နယူးကာဆယ်အိမ်ကွင်းဖြစ်တာကြောင့် ဘာစီလိုနာ အသင်း နိုင်ပွဲရဖို့ ခက်ခဲနိုင်ပေမယ့် အနည်းဆုံး(၁)ဂိုး လောက်နဲ့ကို ကပ်နိုင်ဖို့ရှိပြီး အပြန်အလှန်သွင်းဂိုး တွေကို မြင်တွေ့ရဖို့ရှိနေပါတယ်။
အက်သလက်တီကို Vs စပါးစ်
ချန်ပီယံလိဂ် နောက်ဆုံးထိပ်တိုက်တွေ့ဆုံမှု
စပါးစ် ဝ - ၁ အက်သလက် (၂၉ - ၇ -၂၀၁၆)
NP News အကြိုက် ပွဲကြိုသုံးသပ်ချက်
အက်သလက် ၂ - ၁ စပါးစ်
အက်သလက် ၃ - ၂ စပါးစ်
ဒီနှစ်သင်းရဲ့ ထိပ်တိုက်တွေ့ဆုံမှုကတော့ ဘောလုံးပွဲတစ်ခုဆိုတာထက် ကစားပုံကြမ်းတမ်းမှု တွေ၊ ဖြက်ထုတ်မှုတွေနဲ့ တွန်းတွန်းတိုက်တိုက် ကစားဟန်တွေကို နှစ်ဖက်အသင်းတွေဆီကနေ မြင်တွေ့ ရဖို့ရှိနေပြီး အကြိတ်အနယ်ရှိလာနိုင်ပါတယ်။ အက်သလက်တီကိုအသင်းဟာ ဥရောပပြိုင်ပွဲတွေမှာ အစဉ်အလာကောင်းရှိတဲ့အသင်းဆိုပေမယ့် ပရီးမီးယားလိဂ် ကလပ်အသင်းတွေနဲ့ တွေ့ဆုံမှုတိုင်းမှာ အနိုင်ရဖို့ရုန်းကန်ရသလို ဂိုးရဖို့လည်းခက်ခဲနေတတ်တာကို မြင်တွေ့ရမှာပါ။ ပရီးမီးယားလိဂ်ကလပ်အ သင်းတွေကို ဂိုးပြတ်နိုင်ပွဲရတယ်ဆိုတာ မရှိသလောက်ရှားပါးသလို အသင်းကြီးတွေနဲ့တွေ့ရင်လည်း ဂိုး ပြတ်ရှုံးနိမ့်တတ်ပါတယ်။ အထူးသဖြင့် လန်ဒန်ကအသင်းတွေဖြစ်တဲ့ အာဆင်နယ်နဲ့ ချဲလ်ဆီး အသင်း တို့ကိုအနိုင်ယူဖို့ မလွယ်ကူခဲ့တဲ့အပြင် ဂိုးပြတ်တောင် ရှုံးနိမ့်ခဲ့ဖူးတာကြောင့် စပါးစ်အသင်းကလည်း လန်ဒန်အသင်းတစ်သင်းဖြစ်တဲ့အနေအထားမှာ အက်သလက်တီကိုအသင်းအတွက် ရှုံးထွက်ပွဲစဉ်မှာ အနိုင်ရဖို့အနည်းငယ်ခက်ခဲနိုင်ပါတယ်။ ဒါပေမဲ့ စပါးစ်အသင်းဟာ အာဆင်နယ်နဲ့ ချဲလ်ဆီးအသင်းတို့ကို စွမ်းဆောင်ရည်ကောင်းတွေနဲ့ ကစားသမားကောင်းတွေ နည်းပါးတာကြောင့် အက်သလက်တီကို အသင်းကပဲ (၁)ဂိုးလောက်အကွာနဲ့ ကပ်နိုင်ဖို့များပါတယ်။
၁၁ - ၃ - ၂၀၂၆ (ဗုဒ္ဓဟူးနေ့ )
နံနက် (၂း၃၀) အက်သလက်တီကို Vs စပါးစ်
နံနက် (၂း၃၀) နယူးကာဆယ် Vs ဘာစီလိုနာ
၁၂ - ၃ - ၂၀၂၆ (ကြာသပတေးနေ့ )
နံနက် (၂း၃၀) PSG Vs ချဲလ်ဆီး
နံနက် (၂း၃၀) ရီးရဲလ်မက်ဒရစ် Vs မန်စီးတီး

Zawgyi Version;
ဥေရာပခ်န္ပီယံလိဂ္ (၁၆) သင္းရႈံးထြက္အဆင့္ ပထမအေက်ာ့ ပြဲႀကိဳသုံးသပ္ခ်က္မ်ား
ရဲထက္ (NP News) - မတ္ ၁ဝ
ခ်န္ပီယံလိဂ္ညခ်မ္းေတြကေတာ့ ပရိသတ္ေတြအတြက္ ရင္ခုန္စိတ္လႈပ္ရွားစရာ အေကာင္းဆုံး အခိုက္အတန႔္ေတြကိုေရာက္ရွိလာၿပီလို႔ ေျပာလို႔ရေနၿပီး (၁၆)သင္းရႈံးထြက္အဆင့္ကို ေရာက္ရွိလာခဲ့ၿပီ ျဖစ္ပါတယ္။ အသင္းႀကီးေတာ္ေတာ္မ်ားမ်ားတက္ လွမ္းလာတဲ့အဆင့္ျဖစ္တာေၾကာင့္ ပြဲစဥ္တိုင္းကို မ လြတ္တမ္းေစာင့္ၾကည့္ရဖို႔ရွိေနၿပီး ၿပိဳင္ဆိုင္မႈေတြကလည္း ျပင္းထန္လာဖို႔ရွိေနပါတယ္။ အိမ္ကြင္း-အ ေဝးကြင္းပြဲစဥ္ေတြျဖစ္တာေၾကာင့္ ပထမအႀကိမ္ေတြ႕ဆုံမႈေတြမွာ ဂိုးျပတ္ရႈံးလို႔မရတဲ့အေနအထားမ်ိဳး ေတြျဖစ္တာေၾကာင့္ အသင္းတိုင္းက သတိထားဖို႔လည္း လိုမွာျဖစ္ပါတယ္။ ဒါေၾကာင့္ NP News ကေန ခ်န္ပီယံလိဂ္(၁၆)သင္း ရႈံးထြက္အဆင့္ရဲ႕ အေကာင္းဆုံးပြဲစဥ္ေတြကို ေ႐ြးခ်ယ္သုံးသပ္ေပးသြားခ်င္ပါ တယ္။
ရီးရဲလ္မက္ဒရစ္ Vs မန္စီးတီး
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ရီးရဲလ္ ၁ - ၂ မန္စီတီး (၁၁- ၁၂ -၂၀၂၅)
ရီးရဲလ္ ၃ - ၁ မန္စီတီး (၂၀ -၂ -၂၀၂၅)
မန္စီတီး ၂ - ၃ ရီးရဲလ္ (၁၂ -၂ -၂၀၂၅)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
ရီးရဲလ္ ၁ - ၁ မန္စီတီး
ရီးရဲလ္ ၂ -၂ မန္စီတီး
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈက အစဥ္ အလာတစ္ခုလိုေတာင္ျဖစ္ေနၿပီး ေတြ႕တဲ့အခ်ိန္တိုင္း မွာလည္း တကယ္ကို ၾကည့္ေကာင္းခဲ့ၿပီး ၿပိဳင္ဆိုင္ မႈကလည္း ၾကမ္းတမ္းခဲ့သလို တိုက္ပြဲဝင္စိတ္ အ ျပည့္နဲ႔ ကစားလာတတ္တာကိုေတြ႕ရပါတယ္။ ဒီႏွစ္သင္းၾကားက ထိပ္တိုက္ေတြ႕ဆုံမႈေတြကို ျပန္ေျပာ ရရင္ (၂၀၂၂) ေဘာလုံးရာသီမွာ ခ်န္ပီယံလိဂ္ရဲ႕ ဆီမီးဖိုင္ နယ္အဆင့္မွာ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ရီးရဲလ္ မက္ ဒရစ္အသင္းက မန္စီးတီးအသင္းကို အႏိုင္ယူ ေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲကို တက္လွမ္းႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ အဲဒီႏွစ္က ရီးရဲလ္မက္ဒရစ္အသင္းက လီဗာ ပူးလ္အသင္းကို ဗိုလ္လုပြဲမွာအႏိုင္ယူၿပီး ခ်ိန္ပီယံ လိဂ္ဖလားကို ရယူႏိုင္ခဲ့ပါတယ္။ ဒါေပမဲ့ (၂၀၂၃) ေဘာ လုံးရာသီမွာေတာ့ ခ်န္ပီယံလိဂ္ရဲ႕ ဆီမီးဖိုင္နယ္ အဆင့္မွာ ထပ္မံေတြ႕ဆုံခဲ့ၿပီး မန္စီးတီးအသင္း ႏွစ္ေက်ာ့ေပါင္း ဂိုးျပတ္ရလဒ္ေတြ ရီးရဲလ္မက္ဒရစ္ အသင္းကိုေက်ာ္ျဖတ္ၿပီး ဗိုလ္လုပြဲအထိ တက္လွမ္းသြားခဲ့ပါတယ္။ တိုက္တိုက္ဆိုင္ဆိုင္ပဲ အဲဒီႏွစ္မွာ မန္စီးတီးအသင္းက အင္တာမီလန္အသင္းကို တစ္လုံးတည္းေသာ ဂိုးနဲ႔ သမိုင္းတစ္ေလွ်ာက္ ပထမဆုံး ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမာက္ႏိုင္ခဲ့ပါတယ္။ ဒါ့ျပင္ (၂၀၂၄) ေဘာလုံးရာသီမွာလည္း ကြာတား ဖိုင္ နယ္အဆင့္မွာေတြ႕ဆုံခဲ့ၿပီး ရီးရဲလ္မက္ဒရစ္အသင္းက မန္စီးတီးအသင္းကို အႏိုင္ယူေက်ာ္ျဖတ္ၿပီး အဲဒီ ႏွစ္ရဲ႕ ခ်န္ပီယံလိဂ္ဖလားကို ကိုင္ေျမႇာက္ႏိုင္ခဲ့ပါတယ္။ ဒီအခ်က္ေတြကိုၾကည့္ရင္ ဒီရာသီ (၁၆)သင္းရႈံး ထြက္အဆင့္မွာေတြ႕ဆုံေနတာက အႏိုင္ရရွိတဲ့အသင္း ဟာ ခ်န္ပီယံလိဂ္ရဲ႕ ခ်န္ပီယံျဖစ္ဖို႔ အခြင့္အေရးရွိ ေနၿပီလို႔ေတာင္ ေျပာလို႔ရေနတဲ့အေနအထား မ်ိဳးျဖစ္ပါ တယ္။ ဒါေပမဲ့ ထိပ္တိုက္ေတြ႕ဆုံမႈေတြမွာေတာ့ ရီးရဲလ္မက္ဒရစ္အသင္းက ႏွစ္ႀကိမ္ ခ်န္ပီယံျဖစ္ခဲ့ၿပီး မန္စီးတီးအသင္း တစ္ႀကိမ္သာ ခ်န္ပီယံျဖစ္ခဲ့တာ ကိုေတြ႕ရပါတယ္။ ဒီရာသီ အုပ္စုတြင္းပြဲစဥ္ေတြမွာ လည္း ဒီႏွစ္သင္းက ထိပ္တိုက္ေတြ႕ဆုံထားၿပီး တစ္ပြဲ စီ အႏိုင္ရထားတာကိုေတြ႕ရၿပီး (၁၆)သင္းရႈံးထြက္ အဆင့္မွာ ထပ္မံထိပ္တိုက္ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။ လက္ရွိ ေျခစြမ္းပိုင္းကိုၾကည့္ရင္ ရီးရဲလ္မက္ဒရစ္ အသင္းက လာလီဂါ ခ်န္ပီယံဆုအတြက္ တိုက္ပြဲဝင္ရဖို႔ ရွိေနၿပီး မန္စီးတီးအသင္းကလည္း အာဆင္နယ္ အသင္းနဲ႔အၿပိဳင္ ပရီးမီးယာလိဂ္ခ်န္ပီယံဆုကို စိန္ေခၚ ေနတာကိုေတြ႕ရပါတယ္။ ရီးရဲလ္မက္ဒရစ္ အသင္း ရဲ႕ ဒီရာသီခ်န္ပီယံလိဂ္ ေျခစြမ္းက အားရစရာ ေျခ စြမ္းမ်ိဳးမဟုတ္တာေၾကာင့္ လက္ရွိမွာ မန္စီးတီး အသင္းက အနည္းငယ္အသာရေနတယ္လို႔ ေျပာလို႔ရပါ တယ္။ ဒါေပမဲ့ ပထမအေက်ာ့ပြဲစဥ္က ရီးရဲလ္မက္ဒရစ္ အိမ္ကြင္းမွာျဖစ္တာေၾကာင့္ မန္စီးတီးအသင္း အတြက္ အႏိုင္ရရွိဖို႔ခက္ခဲႏိုင္ၿပီး သေရက်ဖို႔မ်ားတဲ့ ပြဲစဥ္ျဖစ္ပါတယ္။ ဂိုးလည္းမျပတ္ပါဘူး။
PSG Vs ခ်ဲလ္ဆီး
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
ခ်ဲလ္ဆီး ၃ - ဝ PSG (၁၄- ၇ -၂၀၂၅)
ခ်ဲလ္ဆီး ၁ - ၂ PSG (၁၀ - ၃ -၂၀၁၆)
PSG ၂ - ၁ ခ်ဲလ္ဆီး (၁၇ -၂ -၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
PSG ၃ -၂ ခ်ဲလ္ဆီး
PSG ၂ - ၁ ခ်ဲလ္ဆီး
ဒီရာသီ ခ်န္ပီယံလိဂ္ပြဲစဥ္ေတြထဲမွာ ၾကည့္ေကာင္းဆုံးပြဲစဥ္နဲ႔ ၿပိဳင္ဆိုင္မႈ အျပင္းထန္ဆုံးျဖစ္လာ မယ့္ပြဲစဥ္ကိုေျပာပါဆိုရင္ PSG အသင္းနဲ႔ ခ်ဲလ္ဆီးအသင္းတို႔ရဲ႕ ထိပ္တိုက္ေတြ႕ဆုံေနတဲ့ ပြဲစဥ္လို႔ေတာင္ ေျပာလို႔ရေနပါတယ္။ ဘာျဖစ္လို႔လဲဆိုရင္ ၿပီးခဲ့တဲ့ (၂၀၂၄-၂၀၂၅) ေဘာလုံးရာသီဟာ PSG အသင္းရဲ႕ ေ႐ႊ ေရာင္ႏွစ္လို႔ ေျပာလို႔ရသလို ျပည္တြင္းမွာ ျပင္သစ္လီဂူးအပါအဝင္ ျပည္တြင္း ဖလား (၃)လုံးနဲ႔ ခ်န္ပီယံ လိဂ္ဆုဖလားတို႔ကို တစ္ႏွစ္တည္းမွာ ရရွိခဲ့တဲ့ PSG အသင္းဟာ ပရီးယားလိဂ္မွာ ခ်န္ပီယံလိဂ္ဝင္ခြင့္ တစ္ေနရာရဖို႔ကိုေတာင္ ႐ုန္းကန္ေနရတဲ့အျပင္ ဥေရာပကြန္းဖရန႔္လိဂ္ကိုသာ ရရွိခဲ့တဲ့ ခ်ဲလ္ဆီးအသင္း ကို ကလပ္ကမာၻ႔ဖလားၿပိဳင္ပြဲမွာ (၃)ဂိုးျပတ္နဲ႔ ရႈံးနိမ့္ခဲ့တာေၾကာင့္ပဲျဖစ္ပါတယ္။ အဲဒီပြဲစဥ္ဟာ (၂၀၂၅) ခုႏွစ္မွာ PSG အသင္းရဲ႕ေအာင္ျမင္ထားသမွ်ေတြကို အရွက္ခြဲခံခဲ့ရတဲ့ ပြဲစဥ္လို႔ဆိုႏိုင္ၿပီး ပထမပိုင္းမွာတင္ (၃)ဂိုးျပတ္ခဲ့တာေၾကာင့္လည္း လူေျပာမ်ားခဲ့တဲ့ ပြဲစဥ္လို႔လည္းဆိုႏိုင္ပါတယ္။ ဒါေၾကာင့္ပဲ PSG အသင္း ရဲ႕ တစ္ႏွစ္တည္းမွာ ဆုဖလား(၅)လုံးရရွိႏိုင္မယ့္ အခြင့္အေရးကို ဆုံးရႈံးလိုက္ရတဲ့ ပြဲစဥ္လို႔လည္း ဆိုႏိုင္ ပါတယ္။ ဒါ့ျပင္ အဲဒီပြဲစဥ္ ၿပီးဆုံးခ်ိန္မွာ ခ်ဲလ္ဆီးအသင္းရဲ႕ကစားသမားေတြနဲ႔ PSG အသင္းနည္းျပ အင္းန ရစ္တို႔ ကေတာက္ကဆ ျဖစ္မႈေတြရွိခဲ့သလို ကစားသမားေတြၾကားမွာလည္း အဖုအထစ္ေတြ ကိုယ္စီရွိခဲ့ ၾကတယ္လို႔ေျပာရမွာပါ။ ဒါေၾကာင့္ ဒီရာသီ (၁၆)သင္းရႈံးထြက္အဆင့္မွာ ဒီႏွစ္ရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈဟာ ကစားပြဲတစ္ခုထက္ ပိုတဲ့ ဂုဏ္သိကၡာပိုင္းအရ ျပန္လည္ လက္စားေခ်မယ့္ ပြဲေကာင္းတစ္ပြဲလို႔ဆိုႏိုင္ၿပီး PSG အသင္းရဲ႕ အိမ္ကြင္းမွာ ခ်ဲလ္ဆီးအသင္းအေနနဲ႔ အလူးအလဲ လက္စားေခ်ခံရဖို႔ရွိေနပါတယ္။ လက္ရွိ ေျခစြမ္းပိုင္းအရ ၾကည့္ရင္လည္း PSG အသင္းရဲ႕ ေျခစြမ္းပိုင္းဟာ ခ်ဲလ္ဆီးအသင္းနဲ႔ ဆီနဲ႔ေရလို ကြာျခား ေနၿပီး ရလဒ္ပိုင္းမွာလည္း ကြာဟခ်က္ ျမင့္မားေနတာကိုေတြ႕ရမွာပါ။ ဒါေပမဲ့ ခ်ဲလ္ဆီးအသင္းဟာ ခ်န္ပီ ယံလိဂ္သမိုင္းအျပင္ တစ္ပြဲတိုးပြဲစဥ္ေတြမွာ အစဥ္အလာေကာင္းတဲ့အသင္းျဖစ္တဲ့အျပင္ ခ်န္ပီယံလိဂ္ ခ်န္ပီယံျဖစ္ခဲ့တဲ့ (၂)ႀကိမ္လုံးမွာလည္း ၿပိဳင္ဘက္အသင္းထက္ ေျခစြမ္းမေကာင္းဘဲ Underdog အသင္း အေနနဲ႔ သတ္မွတ္ခံခဲ့ရတာပါ။ ဒီလိုအေျခအေနမ်ိဳးေတြကပဲ ခ်ဲလ္ဆီးအသင္းက ခ်န္ပီယံျဖစ္ခဲ့ဖူးတာ ေၾကာင့္ PSG အသင္းအေနနဲ႔ ေလွ်ာ့တြက္ခဲ့မယ္ဆိုရင္ ေပးဆပ္မႈႀကီးသြားႏိုင္ပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ ကို ခန႔္မွန္းရရင္ PSG အသင္းက အိမ္ကြင္းမွာ အသားစီးရယူၿပီး အျပန္အလွန္သြင္းဂိုးေတြနဲ႔ (၁)ဂိုးကြာၿပီး ႏိုင္ပြဲရယူသြားႏိုင္ပါတယ္။
နယူးကာဆယ္ Vs ဘာစီလိုနာ
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
နယူးကာဆယ္ ၁ - ၂ ဘာစီလိုနာ (၁၉ - ၈ -၂၀၂၅)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
နယူးကာဆယ္ ၁ - ၂ ဘာစီလိုနာ
နယူးကာဆယ္ ဝ - ၁ ဘာစီလိုနာ
ဘာစီလိုနာအသင္းရဲ႕ လက္ရွိေျခစြမ္းပိုင္းက လာလီဂါမွာ ရီးရဲလ္မက္ဒရစ္အသင္းထက္ပိုေကာင္း တဲ့ စြမ္းေဆာင္ရည္ေတြကို ျပသထားႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္မွာလည္း ေျခစြမ္းပိုင္းအရ မႏွစ္က ရာသီနီး ပါး ေကာင္းမြန္တဲ့ ေျခစြမ္းေျခစမ်ိဳးျပန္ျမင္လာရၿပီလို႔ဆိုႏိုင္ပါတယ္။ ဒါ့ျပင္ ေျခစြမ္းပိုင္း အနည္းငယ္က် ဆင္းသြားခဲ့သလို ယုံၾကည္မႈပိုင္းမွာပါ အားနည္းလာတဲ့ ဘာစီလိုနာၾကယ္ပြင့္ လမိုင္းယာမယ္ရဲ႕ ေျခစြမ္း ပိုင္းျပန္လည္တိုးတက္လာမႈေတြအျပင္ လူငယ္ကစားသမားအမ်ားစုနဲ႔ ဖြဲ႕စည္းထားတဲ့ အသင္း လို႔ေတာင္ ဆိုႏိုင္ပါတယ္။ အစဥ္အလာႀကီးမားတဲ့ လာမာစီရာ အကယ္ဒမီ တစ္ခုတည္းကေန အရည္အေသြးျမင့္ လူငယ္ကစားသမားအမ်ားစု ရရွိေနတာကိုက ဘာစီလိုနာအသင္းရဲ႕ ျပယုဂ္တစ္ခုျဖစ္ၿပီး ေငြေၾကးပိုင္း ထက္ အရည္အေသြးပိုင္းမွာ အားသာခ်က္ရွိေနတာကို ျမင္ေတြ႕ရမွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ ရာသီ ခ်န္ပီယံ လိဂ္မွာ ဆီးမီးဖိုင္နယ္အထိ တက္လွမ္းႏိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းအေနနဲ႔ ဒီရာသီမွာလည္း အေကာင္း ဆုံးလုပ္ျပႏိုင္မလားဆိုတာကို ေစာင့္ၾကည့္ရမယ့္ ပြဲေကာင္းတစ္ပြဲလည္းျဖစ္ပါတယ္။ နယူးကာဆယ္အ သင္းကေတာ့ ၿပီးခဲ့တဲ့ရာသီနဲ႔ယွဥ္ရင္ ဒီရာသီစြမ္းေဆာင္ရည္က အေျခအေနဆိုး႐ြားလြန္းေနတဲ့အျပင္ ခ်န္ပီယံလိဂ္နဲ႔ ယူ႐ိုပါလိဂ္ဝင္ခြင့္တစ္ေနရာအတြက္ကိုေတာင္ မရရွိႏိုင္တဲ့အေနအထားမ်ိဳးမွာ ရွိေနပါ တယ္။ ဒီရာသီ ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာလည္း ဘာစီလိုနာအသင္းနဲ႔ ထိပ္တိုက္ေတြ႕ဆုံခဲ့ၿပီး ေျခစြမ္း ပိုင္းမွာေရာ ကစားကြက္ပိုင္းမွာပါ ဘာမွ မယွဥ္ႏိုင္ခဲ့တဲ့ ဘာစီလိုနာအသင္းကို ရႈံးနိမ့္ထားတာကို ေတြ႕ ရပါတယ္။ ဒါေၾကာင့္ ဒီပြဲစဥ္ကို ခန႔္မွန္းရရင္ နယူးကာဆယ္အိမ္ကြင္းျဖစ္တာေၾကာင့္ ဘာစီလိုနာ အသင္း ႏိုင္ပြဲရဖို႔ ခက္ခဲႏိုင္ေပမယ့္ အနည္းဆုံး(၁)ဂိုး ေလာက္နဲ႔ကို ကပ္ႏိုင္ဖို႔ရွိၿပီး အျပန္အလွန္သြင္းဂိုး ေတြကို ျမင္ေတြ႕ရဖို႔ရွိေနပါတယ္။
အက္သလက္တီကို Vs စပါးစ္
ခ်န္ပီယံလိဂ္ ေနာက္ဆုံးထိပ္တိုက္ေတြ႕ဆုံမႈ
စပါးစ္ ဝ - ၁ အက္သလက္ (၂၉ - ၇ -၂၀၁၆)
NP News အႀကိဳက္ ပြဲႀကိဳသုံးသပ္ခ်က္
အက္သလက္ ၂ - ၁ စပါးစ္
အက္သလက္ ၃ - ၂ စပါးစ္
ဒီႏွစ္သင္းရဲ႕ ထိပ္တိုက္ေတြ႕ဆုံမႈကေတာ့ ေဘာလုံးပြဲတစ္ခုဆိုတာထက္ ကစားပုံၾကမ္းတမ္းမႈ ေတြ၊ ျဖက္ထုတ္မႈေတြနဲ႔ တြန္းတြန္းတိုက္တိုက္ ကစားဟန္ေတြကို ႏွစ္ဖက္အသင္းေတြဆီကေန ျမင္ေတြ႕ ရဖို႔ရွိေနၿပီး အႀကိတ္အနယ္ရွိလာႏိုင္ပါတယ္။ အက္သလက္တီကိုအသင္းဟာ ဥေရာပၿပိဳင္ပြဲေတြမွာ အစဥ္အလာေကာင္းရွိတဲ့အသင္းဆိုေပမယ့္ ပရီးမီးယားလိဂ္ ကလပ္အသင္းေတြနဲ႔ ေတြ႕ဆုံမႈတိုင္းမွာ အႏိုင္ရဖို႔႐ုန္းကန္ရသလို ဂိုးရဖို႔လည္းခက္ခဲေနတတ္တာကို ျမင္ေတြ႕ရမွာပါ။ ပရီးမီးယားလိဂ္ကလပ္အ သင္းေတြကို ဂိုးျပတ္ႏိုင္ပြဲရတယ္ဆိုတာ မရွိသေလာက္ရွားပါးသလို အသင္းႀကီးေတြနဲ႔ေတြ႕ရင္လည္း ဂိုး ျပတ္ရႈံးနိမ့္တတ္ပါတယ္။ အထူးသျဖင့္ လန္ဒန္ကအသင္းေတြျဖစ္တဲ့ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီး အသင္း တို႔ကိုအႏိုင္ယူဖို႔ မလြယ္ကူခဲ့တဲ့အျပင္ ဂိုးျပတ္ေတာင္ ရႈံးနိမ့္ခဲ့ဖူးတာေၾကာင့္ စပါးစ္အသင္းကလည္း လန္ဒန္အသင္းတစ္သင္းျဖစ္တဲ့အေနအထားမွာ အက္သလက္တီကိုအသင္းအတြက္ ရႈံးထြက္ပြဲစဥ္မွာ အႏိုင္ရဖို႔အနည္းငယ္ခက္ခဲႏိုင္ပါတယ္။ ဒါေပမဲ့ စပါးစ္အသင္းဟာ အာဆင္နယ္နဲ႔ ခ်ဲလ္ဆီးအသင္းတို႔ကို စြမ္းေဆာင္ရည္ေကာင္းေတြနဲ႔ ကစားသမားေကာင္းေတြ နည္းပါးတာေၾကာင့္ အက္သလက္တီကို အသင္းကပဲ (၁)ဂိုးေလာက္အကြာနဲ႔ ကပ္ႏိုင္ဖို႔မ်ားပါတယ္။
၁၁ - ၃ - ၂၀၂၆ (ဗုဒၶဟူးေန႔ )
နံနက္ (၂း၃၀) အက္သလက္တီကို Vs စပါးစ္
နံနက္ (၂း၃၀) နယူးကာဆယ္ Vs ဘာစီလိုနာ
၁၂ - ၃ - ၂၀၂၆ (ၾကာသပေတးေန႔ )
နံနက္ (၂း၃၀) PSG Vs ခ်ဲလ္ဆီး
နံနက္ (၂း၃၀) ရီးရဲလ္မက္ဒရစ္ Vs မန္စီးတီး