မြဝတီတွင် ကားအတွင်းမှဆီထုတ်ယူစဉ် ရုတ်တရက်မီးလောင်မှုဖြစ်ကာ အမျိုးသားတစ်ဦး ဒဏ်ရာရ

227

သန့်မင်းအိမ် (NP News) - မတ် ၁၀
မြန်မာ-ထိုင်းနယ်စပ်၊ ကရင်ပြည်နယ်၊ မြဝတီမြို့တွင် ယနေ့(မတ်လ ၁၀ ရက်) နံနက်ပိုင်းက ကားအတွင်းမှဆီထုတ်ယူစဉ် ရုတ်တရက် မီးလောင်မှုဖြစ်ကာ အမျိုးသားတစ်ဦး ဒဏ်ရာရရှိခဲ့ကြောင်း Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ထံမှ သိရသည်။
ဖြစ်စဉ်မှာ ကားအတွင်းမှ စက်သုံးဆီအား အပြင်ပုံးအတွင်းသို့ ပြောင်းရွေ့ထုတ်ယူနေစဉ် ရုတ်တရက် မီးထလောင်ကျွမ်းခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
"လူနာရှင်တွေ ပြောပြချက်အရတော့ ကားထဲကနေ ဓာတ်ဆီတွေကို အပြင်ပုံးထဲ ပြောင်းထုတ်နေတဲ့အချိန်မှာ မီးက ရုတ်တရက် ထလောင်တာလို့ သိရပါတယ်။ အရင်တုန်းကလည်း မြဝတီမှာ အခုလိုမျိုး ဆီထုတ်ရင်းနဲ့ မီးလန့်တဲ့ဖြစ်စဉ်မျိုးတွေ ရှိခဲ့ဖူးပါတယ်။ အခုဖြစ်စဉ်မှာတော့ ကံကောင်းထောက်မစွာနဲ့ အနီးနားမှာရှိတဲ့ မီးသတ်ဆေးဘူးတွေနဲ့ ချက်ချင်း ပြန်ငြှိမ်းသတ်နိုင်ခဲ့လို့ အကြီးအကျယ် မဖြစ်သွားတာပါ" ဟု Z-Rescue အရေးပေါ်ကယ်ဆယ်ရေးအဖွဲ့ ၏တာဝန်ရှိသူတစ်ဦးကပြောသည်။
အဆိုပါ မီးလောင်မှုကြောင့် လူလက်ပိုင်းအရွယ်အမျိုးသားတွင် မျက်နှာတွင်မီးလောင်ဒဏ်ရာများရရှိခဲ့ကြောင်း သိရသည်။
"လူနာနှစ်ဦးကတော့ မျက်နှာတွေမှာ မီးလောင်ဒဏ်ရာတွေ တွေ့ရတယ်ပေါ့နော်။ ဒါပေမဲ့ အသက်အန္တရာယ်စိုးရိမ်ရတဲ့ အခြေအနေမျိုးတော့ မရှိပါဘူး။ ကျွန်တော်တို့ သတ်မှတ်ချက်အရဆိုရင်တော့ သူက အနီရောင်အဆင့်ပေါ့၊ အရေးပေါ်လူနာအဖြစ် သတ်မှတ်ပါတယ်။ အပေါ်ယံအရေပြားတွေ မီးလောင်သွားတာပါ။ သူတို့ကို မြဝတီဆေးရုံကနေ မဲဆောက်ဆေးရုံကို ကုသဖို့အတွက် ကျွန်တော်တို့ ပို့ဆောင်ပေးခဲ့ရပါတယ်" ဟု ၎င်းက ဆိုသည်။
ထို့ကြောင် မီးလောင်ဒဏ်ရာရရှိသူအမျိုးသားအား မြဝတီမြို့ပြည်သူ့ဆေးရုံသို့ပို့ဆောင်ပေးခဲ့ပြီး ထိုမှတစ်ဆင့် ထိုင်းနိုင်ငံ မဲဆောင်ဆေးရုံသို့ ဆက်လက်ပို့ဆောင်ခဲ့ကာ လက်ရှိတွင် ဆေးကုသမှုခံယူနေကြောင်း သိရသည်။
လက်ရှိ မြဝတီမြို့တွင် အရှေ့အလယ်ပိုင်းမှ ပရိပက္ခများ၏ ရိုက်ခက်မှုများကြောင့် ထိုင်းနိုင်ငံမှ ဆီအဝင်မရှိသည့်အတွက် စက်သုံးဆီ ဈေးနှုန်းများ မြင့်တက်နေပြီး မြန်မာ-ထိုင်းနယ်စပ်ဒေသများတွင် စက်သုံးဆီပြတ်လပ်မည်ကို စိုးရိမ်နေကြရကြောင်း သိရသည်။
မြဝတီမြို့တွင်လည်း ပြီးခဲ့သည့် ရက်ပိုင်းက ထိုင်းဘက်မှ စက်သုံးဆီကန့်သတ်မှုများကြောင့် စက်သုံးဆီ (၂၀) လီတာပုံးတစ်ပုံးလျှင် ထိုင်းဘတ်ငွေ (၁၈၀၀) မှ (၂၀၀၀) ဝန်းကျင်အထိ ပေါက်ဈေးရှိခဲ့ပြီး စက်သုံးဆီတန်းစီဝယ်ယူခြင်းများရှိခဲ့ရာ လက်ရှိတွင် ပြန်လည်တည်ငြိမ်စပြုနေပြီဖြစ်ကြောင်း သိရသည်။

Zawgyi Version:
ျမဝတီတြင္ ကားအတြင္းမွဆီထုတ္ယူစဥ္ ႐ုတ္တရက္မီးေလာင္မႈျဖစ္ကာ အမ်ိဳးသားတစ္ဦး ဒဏ္ရာရ
သန႔္မင္းအိမ္ (NP News) - မတ္ ၁၀
ျမန္မာ-ထိုင္းနယ္စပ္၊ ကရင္ျပည္နယ္၊ ျမဝတီၿမိဳ႕တြင္ ယေန႔(မတ္လ ၁၀ ရက္) နံနက္ပိုင္းက ကားအတြင္းမွဆီထုတ္ယူစဥ္ ႐ုတ္တရက္ မီးေလာင္မႈျဖစ္ကာ အမ်ိဳးသားတစ္ဦး ဒဏ္ရာရရွိခဲ့ေၾကာင္း Z-Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ ထံမွ သိရသည္။
ျဖစ္စဥ္မွာ ကားအတြင္းမွ စက္သုံးဆီအား အျပင္ပုံးအတြင္းသို႔ ေျပာင္းေ႐ြ႕ထုတ္ယူေနစဥ္ ႐ုတ္တရက္ မီးထေလာင္ကြၽမ္းခဲ့ျခင္း ျဖစ္ေၾကာင္း သိရသည္။
"လူနာရွင္ေတြ ေျပာျပခ်က္အရေတာ့ ကားထဲကေန ဓာတ္ဆီေတြကို အျပင္ပုံးထဲ ေျပာင္းထုတ္ေနတဲ့အခ်ိန္မွာ မီးက ႐ုတ္တရက္ ထေလာင္တာလို႔ သိရပါတယ္။ အရင္တုန္းကလည္း ျမဝတီမွာ အခုလိုမ်ိဳး ဆီထုတ္ရင္းနဲ႔ မီးလန႔္တဲ့ျဖစ္စဥ္မ်ိဳးေတြ ရွိခဲ့ဖူးပါတယ္။ အခုျဖစ္စဥ္မွာေတာ့ ကံေကာင္းေထာက္မစြာနဲ႔ အနီးနားမွာရွိတဲ့ မီးသတ္ေဆးဘူးေတြနဲ႔ ခ်က္ခ်င္း ျပန္ျငႇိမ္းသတ္ႏိုင္ခဲ့လို႔ အႀကီးအက်ယ္ မျဖစ္သြားတာပါ" ဟု Z-Rescue အေရးေပၚကယ္ဆယ္ေရးအဖြဲ႕ ၏တာဝန္ရွိသူတစ္ဦးကေျပာသည္။
အဆိုပါ မီးေလာင္မႈေၾကာင့္ လူလက္ပိုင္းအ႐ြယ္အမ်ိဳးသားတြင္ မ်က္ႏွာတြင္မီးေလာင္ဒဏ္ရာမ်ားရရွိခဲ့ေၾကာင္း သိရသည္။
"လူနာႏွစ္ဦးကေတာ့ မ်က္ႏွာေတြမွာ မီးေလာင္ဒဏ္ရာေတြ ေတြ႕ရတယ္ေပါ့ေနာ္။ ဒါေပမဲ့ အသက္အႏၲရာယ္စိုးရိမ္ရတဲ့ အေျခအေနမ်ိဳးေတာ့ မရွိပါဘူး။ ကြၽန္ေတာ္တို႔ သတ္မွတ္ခ်က္အရဆိုရင္ေတာ့ သူက အနီေရာင္အဆင့္ေပါ့၊ အေရးေပၚလူနာအျဖစ္ သတ္မွတ္ပါတယ္။ အေပၚယံအေရျပားေတြ မီးေလာင္သြားတာပါ။ သူတို႔ကို ျမဝတီေဆး႐ုံကေန မဲေဆာက္ေဆး႐ုံကို ကုသဖို႔အတြက္ ကြၽန္ေတာ္တို႔ ပို႔ေဆာင္ေပးခဲ့ရပါတယ္" ဟု ၎က ဆိုသည္။
ထို႔ေၾကာင္ မီးေလာင္ဒဏ္ရာရရွိသူအမ်ိဳးသားအား ျမဝတီၿမိဳ႕ျပည္သူ႔ေဆး႐ုံသို႔ပို႔ေဆာင္ေပးခဲ့ၿပီး ထိုမွတစ္ဆင့္ ထိုင္းႏိုင္ငံ မဲေဆာင္ေဆး႐ုံသို႔ ဆက္လက္ပို႔ေဆာင္ခဲ့ကာ လက္ရွိတြင္ ေဆးကုသမႈခံယူေနေၾကာင္း သိရသည္။
လက္ရွိ ျမဝတီၿမိဳ႕တြင္ အေရွ႕အလယ္ပိုင္းမွ ပရိပကၡမ်ား၏ ႐ိုက္ခက္မႈမ်ားေၾကာင့္ ထိုင္းႏိုင္ငံမွ ဆီအဝင္မရွိသည့္အတြက္ စက္သုံးဆီ ေဈးႏႈန္းမ်ား ျမင့္တက္ေနၿပီး ျမန္မာ-ထိုင္းနယ္စပ္ေဒသမ်ားတြင္ စက္သုံးဆီျပတ္လပ္မည္ကို စိုးရိမ္ေနၾကရေၾကာင္း သိရသည္။
ျမဝတီၿမိဳ႕တြင္လည္း ၿပီးခဲ့သည့္ ရက္ပိုင္းက ထိုင္းဘက္မွ စက္သုံးဆီကန႔္သတ္မႈမ်ားေၾကာင့္ စက္သုံးဆီ (၂၀) လီတာပုံးတစ္ပုံးလွ်င္ ထိုင္းဘတ္ေငြ (၁၈၀၀) မွ (၂၀၀၀) ဝန္းက်င္အထိ ေပါက္ေဈးရွိခဲ့ၿပီး စက္သုံးဆီတန္းစီဝယ္ယူျခင္းမ်ားရွိခဲ့ရာ လက္ရွိတြင္ ျပန္လည္တည္ၿငိမ္စျပဳေနၿပီျဖစ္ေၾကာင္း သိရသည္။