အီရန်နဲ့ အဆုံးမဲ့စစ်ပွဲဖြစ်ပွားဖို့ ကြိုးပမ်းသွားမှာမဟုတ်ဘူးလို့ အစ္စရေးပြော

 511

Pika (NP News)-မတ် ၁၁

အီရန်နဲ့ဖြစ်ပွားနေတဲ့ စစ်ပွဲကို အချိန်အတိုင်းအတာမရှိ တိုက်ခိုက်သွားဖို့ ကြိုးပမ်းမှာမဟုတ်ကြောင်းနဲ့ စစ်ပွဲကိုဘယ်အချိန်မှာ အဆုံးသတ်ရမယ်ဆိုတာကို အမေရိကန်နဲ့ ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ အစ္စရေးအစိုးရက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် လက်ရှိဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်ပြီး ပြီးဆုံးနိုင်တဲ့အချိန်ကို လူသိရှင်ကြားထုတ်ဖော်ပြောဆိုဖို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီး ဂီဒီယွန်ဆားက ငြင်းဆိုခဲ့တယ်လို့လည်း သိရပါတယ်။

အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ကြားဖြစ်ပွားနေတဲ့ စစ်ပွဲဟာ (၁၂)ရက်မြောက်နေ့ကို ရောက်ရှိလာပြီဖြစ်ပြီး အရှေ့အလယ်ပိုင်းဒေသမှာ ကျယ်ပြန်တဲ့ပဋိပက္ခကြီးတစ်ခုပေါ်ပေါက်လာမှာကို နိုင်ငံအများအပြားက စိုးရိမ်နေကြတယ်လို့လည်း သိရပါတယ်။ဂီဒီယွန်ဆားက”ဒီစစ်ပွဲကို ရပ်တန့်ဖို့ သင့်တော်တယ်လို့ ထင်တဲ့အချိန်အထိ ကျွန်တော်တို့နဲ့ မိတ်ဖက်တွေက လုပ်သင့်တာကို ဆက်လုပ်သွားမှာပါ။ အီရန်နဲ့ အဆုံးမဲ့စစ်ပွဲဖြစ်ပွားဖို့ ကျွန်တော်တို့ ကြိုးပမ်းသွားမှာမဟုတ်ပါဘူး။”လို့ပြောဆိုခဲ့ပါတယ်။

အမေရိကန်-အစ္စရေးတို့ရဲ့ တိုက်ခိုက်မှုတွေကြောင့် အီရန်အစိုးရဟာ ဟော်မုဇ်ရေလက်ကြားကိုလည်း ပိတ်ဆို့ပစ်လိုက်ပြီး ရေနံနဲ့ကုန်သွယ်မှုတွေအပေါ် အကြီးအကျယ်ထိခိုက်မှုတွေ ရှိစေခဲ့တယ်လို့လည်း သိရပါတယ်။

ဒါ့ပြင် တရုတ်နဲ့ဆက်စပ်တဲ့ ကုန်တင်သင်္ဘောတွေနဲ့ရေနံတင်သင်္ဘောတွေကိုပဲ ဟော်မုဇ်ရေလက်ကြားကနေ ဖြတ်သန်းခွင့်ပြုသွားမှာဖြစ်ပြီး အခြားနိုင်ငံတွေရဲ့သင်္ဘောတွေအားလုံးကို ပစ်မှတ်ထားတိုက်ခိုက်သွားမယ်လို့လည်း အီရန်အစိုးရက ခြိမ်းခြောက်ပြောဆိုခဲ့ပါတယ်။

zawgyi version

အီရန္နဲ႔ အဆုံးမဲ့စစ္ပြဲျဖစ္ပြားဖို႔ ႀကိဳးပမ္းသြားမွာမဟုတ္ဘူးလို႔ အစၥေရးေျပာ

Pika (NP News)-မတ္ ၁၁

အီရန္နဲ႔ျဖစ္ပြားေနတဲ့ စစ္ပြဲကို အခ်ိန္အတိုင္းအတာမရွိ တိုက္ခိုက္သြားဖို႔ ႀကိဳးပမ္းမွာမဟုတ္ေၾကာင္းနဲ႔ စစ္ပြဲကိုဘယ္အခ်ိန္မွာ အဆုံးသတ္ရမယ္ဆိုတာကို အေမရိကန္နဲ႔ ညႇိႏႈိင္းေဆာင္႐ြက္သြားမယ္လို႔ အစၥေရးအစိုးရက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ လက္ရွိျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္ၿပီး ၿပီးဆုံးႏိုင္တဲ့အခ်ိန္ကို လူသိရွင္ၾကားထုတ္ေဖာ္ေျပာဆိုဖို႔ အစၥေရးႏိုင္ငံျခားေရးဝန္ႀကီး ဂီဒီယြန္ဆားက ျငင္းဆိုခဲ့တယ္လို႔လည္း သိရပါတယ္။

အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ၾကားျဖစ္ပြားေနတဲ့ စစ္ပြဲဟာ (၁၂)ရက္ေျမာက္ေန႔ကို ေရာက္ရွိလာၿပီျဖစ္ၿပီး အေရွ႕အလယ္ပိုင္းေဒသမွာ က်ယ္ျပန္တဲ့ပဋိပကၡႀကီးတစ္ခုေပၚေပါက္လာမွာကို ႏိုင္ငံအမ်ားအျပားက စိုးရိမ္ေနၾကတယ္လို႔လည္း သိရပါတယ္။ဂီဒီယြန္ဆားက”ဒီစစ္ပြဲကို ရပ္တန႔္ဖို႔ သင့္ေတာ္တယ္လို႔ ထင္တဲ့အခ်ိန္အထိ ကြၽန္ေတာ္တို႔နဲ႔ မိတ္ဖက္ေတြက လုပ္သင့္တာကို ဆက္လုပ္သြားမွာပါ။ အီရန္နဲ႔ အဆုံးမဲ့စစ္ပြဲျဖစ္ပြားဖို႔ ကြၽန္ေတာ္တို႔ ႀကိဳးပမ္းသြားမွာမဟုတ္ပါဘူး။”လို႔ေျပာဆိုခဲ့ပါတယ္။

အေမရိကန္-အစၥေရးတို႔ရဲ႕ တိုက္ခိုက္မႈေတြေၾကာင့္ အီရန္အစိုးရဟာ ေဟာ္မုဇ္ေရလက္ၾကားကိုလည္း ပိတ္ဆို႔ပစ္လိုက္ၿပီး ေရနံနဲ႔ကုန္သြယ္မႈေတြအေပၚ အႀကီးအက်ယ္ထိခိုက္မႈေတြ ရွိေစခဲ့တယ္လို႔လည္း သိရပါတယ္။

ဒါ့ျပင္ တ႐ုတ္နဲ႔ဆက္စပ္တဲ့ ကုန္တင္သေဘၤာေတြနဲ႔ေရနံတင္သေဘၤာေတြကိုပဲ ေဟာ္မုဇ္ေရလက္ၾကားကေန ျဖတ္သန္းခြင့္ျပဳသြားမွာျဖစ္ၿပီး အျခားႏိုင္ငံေတြရဲ႕သေဘၤာေတြအားလုံးကို ပစ္မွတ္ထားတိုက္ခိုက္သြားမယ္လို႔လည္း အီရန္အစိုးရက ၿခိမ္းေျခာက္ေျပာဆိုခဲ့ပါတယ္။

Related news

© 2021. All rights reserved.