" သူသတ်တာ ခံမလား။ ပြန်သတ်မလား။ အဲဒီစိတ်ဓာတ်နဲ့ " (မဆုတ်တမ်း ခံတပ်ငယ်မှ ရဲတပ်ဖွဲ့ဝင် (၁၇)ဦး ၏ အောင်ပွဲ) (တိုက်ပွဲ အင်တာဗျူး)

 955

သုတကျော် (NP News) - မတ်လ ၁၁

မကွေးတိုင်း ဆိပ်ဖြူမြို့နယ် လက်ဆည်ရဲကင်းစခန်းကို (၂၀၂၅) ခုနှစ် ဇူလိုင်လ(၂၁)ရက် နံနက် အစောပိုင်းတွင် PDF စုပေါင်းအဖွဲ့များက အပိုင်ဟုတွက်ကာ သာလွန်အင်အားဖြင့် တိုက်ခိုက်ခဲ့စဉ် ရဲကင်းစခန်းတွင် ရဲတပ်ဖွဲ့ဝင် (၁၇)ဦးရှိခဲ့သည်။ သို့သော် ရဲတပ်ဖွဲ့ဝင်တို့သည် ခံစစ်ဖြင့် ပြန်လည် တိုက်ခိုက်ခဲ့သည့်အပြင် စစ်ကူလည်းရောက်လာခဲ့ရာ PDF တို့မှာ ထိခိုက်မှုကြီးမားစွာဖြင့် ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားခဲ့ကြရ၏။ ယင်းအခြေအနေများနှင့်ပတ်သက်၍ ဦးဆောင်တိုက်ခိုက်ခဲ့သော လက်ဆည် ရဲကင်းစခန်းမှ ရဲအုပ်ဇော်မင်းထံ NP News က ထိုစဉ်ကအခြေအနေများကို ဆက်သွယ်မေးမြန်းခွင့်ရခဲ့ရာ စာဖတ်ပရိသတ်များအတွက် ဖော်ပြအပ်ပါသည်။

မေး - အရင်ဆုံး ပွင့်ဖြူမြို့နယ်ကအခြေအနေကို အရင်ဆုံးပြောပြပေးပါ။ သူတို့ အားကောင်းလာတာ က ဘယ်လောက်လဲ။
ဖြေ - သူတို့အားကောင်းတာက (၂၀၂၄)ခုနှစ်မှာ အားကောင်းလာတာဗျ။
မေး - သူတို့စဝင်ပြီးတဲ့နောက်မှာ ပြည်သူတွေ ဘယ် လိုအခက်အခဲစကြုံရလဲ။
ဖြေ - ဘယ်လိုအခက်အခဲလဲဆိုတော့ အကြောက် တရားပေါ့ဗျာ။ အကြောက်တရားဆိုတာဘာလဲဆို တော့ ခြိမ်းခြောက်မှု။ ခြိမ်းခြောက်မှုကနေ တ ဖြည်း ဖြည်းဘာဖြစ်လာလဲဆိုတော့ ဒလန်ဆိုပြီးတော့ ဆွဲခေါ် တယ်။ ဆွဲခေါ်ပြီးတော့ တချို့ဆို သေလား၊ ရှင်လား မသိတာရှိတယ်။ တချို့ကိုကျတော့ ငွေယူပြီးတော့ ပြန်လွှတ်တယ်။
မေး - ပြန်ပေးဆွဲတယ်ဆိုတဲ့အနေအထားအထိ လား။
ဖြေ - ပြန်ပေးဆွဲတယ်ဆိုတဲ့ အနေအထားဖြစ် နေ တာခင်ဗျာ။ သိန်း (၂၀)၊ သိန်း (၁၀ဝ) အဲဒီလိုမျိုး လူပြန်လွှတ်ဖို့ ပေးရတယ်။ ဟိုတလောက်ရွာသူတစ် ယောက်ဆို (၄၂)သိန်းပေးရတယ်။
မေး - ဆက်ကြေးတွေဘာတွေကော ဘယ်လို ကောက်လဲ။
ဖြေ - လစဉ်ကြေးကောက်တဲ့အတိုင်းအတာက သူတို့ ရပ်တည်မှုက ရေနံမှော်တွေရှိတယ်။ ရေနံမှော်နဲ့ အသက်ဆက်ကြတယ်။ ရွာအလိုက် ဆန်ဘယ်နှ အိတ်ပေး၊ ဆီဘယ်လောက်ပေး ကောက်တယ်။ ကြက် သွန်စိုက်ရင် ဝါးတကွက်ဆိုတာ ဒေသခံအခေါ်ပေါ့။ ဝါးတပြန်ပေါ့ဗျာ။ ဝါးတပြန် တကွက်ကို ကြက် သွန် စိုက်တယ်ဆိုရင် ကြက်သွန်ပေါ်တာနဲ့ ဘယ်လောက် ဆိုပြီး ကောက်တယ်။
မေး - ပွင့်ဖြူမှာ လုံခြုံရေးတပ်ဖွဲ့တွေကို ဘယ် အချိန် လောက်မှာ စတိုက်လာလဲ။
ဖြေ - စပြီးတော့ လုပ်တာက (၂၀၂၄)မှာဗျ။ နှစ်ကုန် ခါနီးမှာ အားကောင်းလာတယ်။ မိုင်းဆွဲတိုက် ခိုက် တယ် ခင်ဗျာ။ ရှော့တိုက်ဒုံးတွေပစ်တယ်ပေါ့။
မေး - တိုက်ခိုက်တဲ့အခါ ရဲတပ်ဖွဲ့ဝင်တွေဘက်က ဘယ်လို ခုခံတိုက်ခိုက်ခဲ့ကြလဲ။
ဖြေ - ရဲတပ်ဖွဲ့ဝင်တွေကတော့ ခံစစ်သဘောဆိုတော့ နယ်မြေရှင်းလင်းရေးမလုပ်ဘူးပေါ့။ စခန်းထဲမှာပဲ နဂို ခံစစ်ပြင်ဆင်ပြီးလာတဲ့အနေအထားကိုစောင့်တယ်။ (၂၀၂၅)ခုနှစ် ဇူလိုင်လ (၂၇) ရက် မနက် (၄ း ၂၀)နာရီမှာ ဒီကောင်တွေ PDO အဖွဲ့ရယ်။ ပေါက် ဘက် ကပေါ့ခင်ဗျာ။ နောက်ပြီးတော့ စိန်ပန်းကုန်း ကျေးရွာ ဘက်က PDF တွေရယ်၊ စခန်းနဲ့ သုံးမိုင်လောက် ဝေးတဲ့ရွာက ဗိုလ်မထားအဖွဲ့ရယ် ကျွန်တော်တို့ကို လာတိုက်တယ်။
မေး - ဒီ လက်ဆည်ရဲကင်းစခန်းကိုပေါ့။
ဖြေ - ဟုတ်တယ် ခင်ဗျာ။ လက်ဆည်ရဲကင်းစခန်းကို လာတိုက်တယ်။ လာတိုက်တဲ့အချိန်မှာ (၁+၁၆)။ (၁၇) ဦးနဲ့ ပြန်လည်ခုခံတိုက်ခိုက်ခဲ့တယ်။ ရန်သူ အင် အားက (၂၀ဝ)လောက်လို့ကြားတယ်။ ပထမစည်းက တော့ စခန်းဖွဲ့စည်းပုံက စခန်းကကုန်းပေါ်မှာရှိတယ်။ ကုန်းအောက်မှာ လိုင်းခန်းတစ်ထပ်ရှိတယ်။ လိုင်းခ န်းကိုတော့ ဒီကောင်တွေက ဖောက်ပြီးသွားပြီ။ ဖောက် ပြီးသွားပြီးတော့ လိုင်းခန်းကိုရပြီဆိုတာနဲ့ အပိုင်ပဲ ဆိုပြီးတော့ ကုန်းပေါ်တက်လာတာ။ သတ်ကွင်းပေး ထားတာလေ။ သတ်ကွင်းပေးထားတော့ ဘန်ကာက လည်း ရှေ့တည့်တည့်မှာ သဲအိတ်ဘန်ကာထားတယ် လေ။ ကျွန်တော့်ဆီက အခုတော့ ဒုတပ်ကြပ်ဖြစ်သွား ပါတယ်။ အဲဒီ ရဲဘော်လေးက အော်တိုဆွဲတော့ သုံး ယောက်ထွေးခနဲကျသွားတယ်။ သူတို့ အလောင်းတွေ ပြန်ကောက်တယ်။ ပြန်ကောက်တော့ အဲဒီမှာ ကျန်ခဲ့ တာက နဂါးပေါ့ဗျာ။ စစ်ရေးချုပ်တာဝန်ခံ ဘာညာ ယူထားတာပေါ့ဗျာ။ ဝါးလုံးအရှည်နဲ့ဆွဲထုတ်တာ မရဘူး။ သူတို့ထားခဲ့ရတယ်။ သူ့တစ်ယောက်ရတယ်။ (Type 81) သေနတ်နှစ်လက်ရတယ်။ ကျည်ဘောက် တွေရတယ်။ (Type 81) ဆိုတာ ကချင်ထုတ်ပေါ့ဗျာ စသည်ဖြင့် ရပါတယ်။
မေး - ခံစစ်ကို ရဲတပ်ဖွဲ့တွေပဲ အစ၊ အဆုံး တိုက် ခိုက်ခဲ့တာလား။
ဖြေ - ကျွန်တော်တို့ (၁၇)ဦးပဲချခဲ့တာခင်ဗျ။ စစ်ကူ လည်းလာပါတယ်။
မေး - ရဲတပ်ဖွဲ့ဝင်တွေဟာ လုံခြုံရေး၊ တရားဥပဒေ ထိန်းသိမ်းရေးအတွက် အထူးလေ့ကျင်ထားကြတာ ဖြစ်တယ်လို့ နားလည်ထားရပါတယ်။ တကယ် တိုက် ခိုက်ရတဲ့အခါ စိုးရိမ်မှုရှိလား။
ဖြေ - စိုးရိမ်မှုကတော့မရှိဘူး။ စိတ်ဓာတ်ပေါ့ဗျာ။ ရဲဘော်တွေကိုပြောထားတာက ဆုတ်လမ်းမရှိဘူး။ ပတ်ပတ်လည်မှာ ဒီကောင်တွေရှိတယ်။ ဘုရင့်နောင် ဖောင်ဖျက် သူသတ်တာခံမလား။ ပြန်သတ်မလား။ အဲဒီစိတ်ဓာတ်နဲ့။ လက်နက်တစ်လက်စီရှိပါတယ်။ ကျည်ဆန်ကတော့ ပိုပိုလျှံလျှံရှိပါတယ်။ ကိုယ်စီ လက်နက်ရှိပါတယ်။
မေး - အရင်ကကော တိုက်ပွဲအတွေ့အကြုံရှိဖူးလား။ အခုမှသာ အပြင်းအထန်တိုက်ခိုက်ရတာလား။
ဖြေ - အမှန်အတိုင်းဝန်ခံရရင် ဒါ ပထမဆုံး တိုက်ပွဲ ပါပဲ ခင်ဗျာ။
မေး - တိုက်ပွဲအချိန်က ဘယ်လောက်ကြာလဲ။ အမိန့် ပေးခဲ့တဲ့ ပုံစံ၊ စစ်ပရိယာယ်တွေကော ဘယ်လိုစဉ်း စားခဲ့လဲ။
ဖြေ - အချိန်ကတော့ မနက် (၄ း ၂၀)နာရီက ဖြစ် တယ်။ (၆ း ၂၀)နာရီမှာ ဒီကောင်တွေက အပစ် ရပ်သွားပါတယ်။ ကပစ (၂၂)ကလည်း လက်နက်ကြီး တွေပစ်ပေးပါတယ်။ တက်လုံးလို့လည်း မရ၊ မိုးလည်း လင်းလာပြီ။ ဒီကောင်တွေဆီက ပြန်ကြားရတာတော့ နောက်က ယောချောင်းကဖြတ်ပြီးပို့ပေးတဲ့ ထောက်ပို့ ကျည်တွေက မရောက်လာဘူး။ အဲဒီဟာတစ်ခုတော့ ခံသာသွားတာပေါ့ခင်ဗျာ။
မေး - အဲဒီလို တိုက်ခိုက်နေရတဲ့အချိန်မှာ ရဲတပ်ဖွဲ့ ဝင်တွေအနေနဲ့ စစ်သားစိတ်ဝင်သွားတယ်ဆိုမလား။ ဒါမှမဟုတ် နောက်မဆုတ်တော့ဘူးဆိုတဲ့စိတ်က အပြည့်အဝလွှမ်းမိုးခဲ့တယ်ထင်လား။
ဖြေ - ကျွန်တော်တို့က အဲဒီအချိန်မှာ ရဲဆိုတာ ပျောက်သွားတယ်ခင်ဗျာ။ ရဲစိတ်မရှိတော့ဘူး။ ကိုယ့် ကိုယ်ကိုယ် ငါတို့က စစ်သားတစ်ပိုင်း၊ ရဲတစ်ပိုင်းလို့ ခံယူထားပြီးသား။ အဲဒီတော့ ရဲနဲ့ပတ်သက်တဲ့ရုံးလုပ် ငန်းလည်း လူကြီးတွေကမခိုင်းပါဘူး။ လုံခြုံရေးပဲ ယူထားတယ်။ ယူထားတော့ ခံစစ်ကို သေချာပြင် တယ်။ လာနိုင်တဲ့နေရာကို အလယ်ထားပြီးတော့မှ ကျွန်တော်တို့ သဲအိတ်ဘန်ကာတွေ တည်ဆောက် ထားတယ်ခင်ဗျာ။ ပြီးခဲ့တဲ့အခါ တစ်နှစ်ကျော်တည်းက ကျွန်တော်က ပစ်ပိုင်ပေးထားတယ်ခင်ဗျာ။ ဒါ မင်း ပစ်ပိုင်၊ ပစ်ပိုင်းအတွင်းမှာ ပစ်။ ဖြစ်လာတဲ့အချိန်မှာ ယောက်ယက်မခတ်ဘူး။ တည်တည်ငြိမ်ငြိမ်နဲ့ ပြန်ပြီး တော့တုံ့ပြန်နိုင်တယ်။ ကျွန်တော်ကတော့ ရွေ့လျား ကစားပေါ့။
မေး - ရဲတပ်ဖွဲ့အရာရှိတစ်ယောက်အနေနဲ့ အဲဒီလို တိုက်ပွဲအတွင်း ကွပ်ကဲစဉ်မှာ စိတ်ဝေဝါးထွေပြား သွားတာကောရှိလား။ ကိုယ့်လူတွေအပေါ်ကော ယုံကြည်မှု မြင့်မြင့်မားမား ရှိနေခဲ့လား။
ဖြေ - ကျွန်တော့်စိတ်ထဲမှာ ဝေဝါးမှုမရှိဘူး။ ကျန်တဲ့ တပ်ဖွဲ့ဝင်တွေ ဗဟုသုတရအောင် တစ်ခုပြောပြပါ့ မယ်။ ဒီကောင်တွေက အသံနဲ့ ဇာတ်လမ်းဆင်တာ။ နောက်ပြီးတော့ ဒီကောင်တွေက ခရာသုံးတယ်။ ခရာ တစ်ချက်မှုတ်လိုက်တာနဲ့ ပစ်တယ်။ ခရာတစ်ချက် မှုတ်လိုက်တာနဲ့ နားတယ်ပေါ့။ ခရာပဲသုံးတာ။ အသံ လုံးဝမကြားရဘူး။ ဒီကောင်တွေ စနစ်က သူတို့ စပစ် တဲ့အချိန်မှာ ဘယ်လိုလုပ်လဲဆိုတော့ အသံနဲ့ သရုပ် ဆောင်တယ်ပေါ့ဗျာ။ ဟေ့ကောင်တွေ မင်းတို့ လူတွေ ဖမ်းမိထားပြီ။ လက်နက်ချတော့ ဘာညာလုပ်တာ။ ကျွန်တော်တောင်မှ နည်းနည်းဝေဝါးသွားတယ် ခင်ဗျာ။ ဟာ ငါ့လူပါသွားပြီလား၊ မိသွားပြီလားပေါ့။ ပစ်ခတ်နေရင်း လူလိုက်စစ်တော့ ဒီကောင်တွေ ဆိုက် ဝါးပဲဆိုတာသိလိုက်ရတယ်။ ကြောက်ပါပြီဗျ၊ မသတ် ပါနဲ့ အဲဒီလိုမျိုး။ ကျွန်တော်ဆက်ပြောရရင် ကျန်တာ ဝေဝါးတာမရှိတာပါဘူး။ ဘာလို့လဲဆိုတော့ ကြိုပြီး တွေးထားပြီးသားလေ။ ဆုတ်လမ်းမရှိတဲ့ အနေအ ထားမျိုးမှာလာခဲ့။ မနိုင်ရင်တောင် လုပ်သွားမယ်ဆို တဲ့ စိတ်ဓာတ်ပေါ့ဗျာ။ ကျွန်တော်တို့တပ်ဖွဲ့ဝင်တွေမှာ လည်း ကြောက်ရွံ့မှုဆိုတာမရှိဘူး။ ဒေါသ တရားတွေပဲ ရှိတယ်။ သူဆဲ၊ ကိုယ်ဆဲပေါ့ဗျာ။
မေး - လူတွေမထိခိုက်အောင် ဦးဆောင်ပေးနိုင်ခဲ့ တာပေါ့။
ဖြေ - ဟုတ်ကဲ့ ကံနည်းနည်းဆိုးသွားတာက တပ် ကြပ်ကြီးတစ်ယောက်တော့ ပါးဖောက်ပြီးဝင်သွား တယ်ခင်ဗျ။ ခေါင်းကိုမထိဘဲဖောက်ထွက်သွားတာ။ ဘန်ကာထဲကပစ်ပြီးတော့ ရှောင်လိုက်တဲ့အချိန်မှာ စနိုက်ပါ ပါတယ် ထင်တယ်ခင်ဗျ။ ခေါင်းမကွယ်ခင်မှာ ပစ်လိုက်တာပါ။ အသက်ဆုံးရှုံးတာမရှိပါဘူးခင်ဗျာ။ အဲဒါလေးပဲဆုံးရှုံးမှုရှိပါတယ်။ သူတို့တင်ထားတဲ့ ဘယ်နှယောက်သေတယ်ဆိုတာမဟုတ်ပါဘူး။ တစ်ယောက်ပဲဒဏ်ရာရပါတယ်။
မေး - ဒီမတိုင်ခင်က ရန်သူကို သတ်ကွင်းဘယ်လို ဖော်မယ်။ ဘယ်အထိ စစ်မျှားမယ်၊ ဘယ်နေရာမှာ စပစ်မယ်ဆိုတာ အကုန်လုံး ခေါင်းဆောင်တစ်ယောက် အနေနဲ့ ဆုံးဖြတ်ခဲ့တာလား။
ဖြေ - ကျွန်တော်တို့က ဒီနယ်မှာ စခန်းထီးထီးရပ် တည်နေတာ။ ဘေးပတ်ဝန်းကျင်မှာ သူတို့ စိမ့်ဝင်နေ တာ။ ခံစစ်ကြီးလိုနေရတာ။ တံခါး အထပ်ထပ်နေ ရတာ။ တိုက်ကွက်သွားဖော်ဖို့က နောက်ကျောမလုံ ဘူး။ လာရင်ချမယ်ဆိုတဲ့အနေအထားနဲ့ ရပ်တည် တာပါ။
မေး - ခုခံဖို့ တိုက်ကွက်ဖော်တာကကော ကိုယ်တိုင်ပဲ ဆုံးဖြတ်ချမှတ်ခဲ့တာလား။
ဖြေ - ဒါ ကျွန်တော်သင်တန်းကျောင်းမှာသင်ခဲ့တဲ့ ဟာတွေ၊ ကျွန်တော့်အတွေးလေးနဲ့ သဲအိတ်ဘန်ကာ တွေ၊ ဆက်သွယ်ရေးမြောင်းတွေ၊ ဒါ လိုအပ်တယ်၊ ဒါကတော့ ခံရမယ် စသည်ဖြင့် တွေးပြီးလုပ်ခဲ့တာပါ။
မေး - သူတို့ဘက်က သေဆုံးအခြေအနေက ဘယ် လို ရှိပါသလဲ။
မေး - သူတို့ဘက်မှာ မိန်းကလေးတစ်ယောက်၊ ယောကျာ်းလေး ငါးယောက် ခြောက်ယောက်။ ချက် ချင်းပေါ့။ ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်။ ခြောက် ဘီးကားနဲ့တိုက်သွားတယ်လို့ သတင်းပြန်ရပါတယ်။ တော်တော်အထိနာသွားပါတယ်။
မေး - တိုက်ရင်းကနေ ဖြည်းဖြည်းချင်းစိမ့်ဝင်လာနေ တုန်းမှာ စောင့်နေတုန်း ပစ်ချင်စိတ်ဖြစ်မနေဘူး လား။
ဖြေ - ဒေါသတရားပဲရှိတယ်။ မင်းတို့ကောင်တွေ လာစမ်းကွာ အမှိုက်တွေဆိုပြီး အကုန်လုံးက ဒေါသ တရားတွေပဲပြောင်းသွားတာ။ ငါတို့ မသေမချင်း မင်းတို့ ဒီစခန်းကိုမရစေရဘူးဆိုပြီးတော့။
မေး - လူ (၁၇)ယောက်ရှိခဲ့ကြတယ်။ သာလွန်အင် အားနဲ့လာတိုက်ချိန်မှာ အောင်အောင်မြင်မြင် ခုခံနိုင် ခဲ့တာက စိတ်ဓာတ်လို့ပြောနိုင်မလား။ စည်းစနစ် ကျနမှုလား။
ဖြေ - နှစ်ခုလုံးပြောလို့ရပါတယ်။ နံပါတ်တစ်က စိတ် ဓာတ်။ နောက်တစ်ခုက နည်းစနစ်ကျနမှု၊ အမိန့်နာ ခံမှုပါ။
မေး - တိုက်ပွဲမှာပါဝင်တိုက်ခိုက်ခဲ့သူတွေက ဒီတိုက် ပွဲအပြီးမှာ ပိုပြီး စည်းလုံးလာကြမှာပေါ့။
မေး - ပိုပြီး စည်းလုံးလာပါတယ်။ ဘယ်လိုခေါ်မလဲ သေမတူ၊ ရှင်မကွာ စိတ်ဓာတ်တွေ ပိုပြင်းထန်လာပါ တယ်။ ကျွန်တော်က အရာရှိဆိုပေမယ့် သူတို့နဲ့ လက် ရည်တစ်ပြင်တည်း၊ တပူးတတွဲတည်း ညီအစ်ကို အရင်းတွေထက် ချစ်ခင်လာကြပါတယ်။
မေး - တိုက်ခိုက်နေကြချိန်မှာ မိသားစုစိုးရိမ်မှုက ဘယ်လိုရှိမလဲ။
ဖြေ - မိသားစုဝင်တွေကို (၂၀၂၃)ခုနှစ်တည်းက တခြားနေရာကိုရွှေ့ထားပါတယ်။ တပ်ဖွဲ့ဝင်ယော ကျာ်းသားတွေချည်းပဲကျန်ခဲ့တော့ နောက်ဆံ မတင်း ဘဲနဲ့တိုက်ပွဲဝင်နိုင်တယ်။ ဇနီးမယား၊ သားသမီးတွေ ကစိုးရိမ်တယ်။ ဒါပေမဲ့ ကျွန်တော်တို့ပြောမှ သူတို့က သိရတာ။ တစ်ခုကောင်းတာက လူပျိုလူလွတ်များ တယ်။ အိမ်ထောင်သည်နည်းတယ် ခင်ဗျာ။
မေး - မိသားစုဝင်တွေကိုကော ကြုံသမျှ ပြန်ပြောဖြစ် လား။
ဖြေ - ကျွန်တော့်အနေနဲ့ကတော့ သမီးကို ပြောပြဖြစ် တယ်။ ဒါပေမဲ့ ဒီလိုမျိုး အသေးစိတ်မပြောပြဘူး။ ငါတို့ကို လာချတယ်၊ ငါတို့ ပြန်ချတယ်၊ အလောင်းရ တယ်။ နိုင်ငံတော်က ငါတို့ကို ဆုချတယ် အဲဒီလိုတော့ ပြောတယ်။ အသေးစိတ်တော့ မပြောပါဘူး။
မေး - စိုးရိမ်စိတ် ဖြစ်မှာစိုးလို့လား။
ဖြေ - ဟုတ်တယ် စိုးရိမ်စိတ်ဖြစ်သွားနိုင်တယ်။ ကျွန် တော်တို့က ပေါ့ပေါ့ပါးပါးပဲပြောကြတာပေါ့ခင်ဗျာ။ သူတို့ခမြာ အဝေးမှာစိတ်ပင်ပန်းမှာလေ။
မေး - နောက်ပိုင်းကော စခန်းကို သူတို့ ထပ်လုံးတာ ရှိသေးလား။
ဖြေ - အဲဒီနောက်ပိုင်းက စပြီးတော့မရှိတော့ဘူး။ Drop bomb လာချတာတော့ရှိတယ်။ လူကြီးက လည်း ဒရုန်းဖြတ်စက်ချပေးထားပါတယ်။
မေး - ရဲတပ်ဖွဲ့ဝင်တွေရဲ့ သမိုင်းမှာ မှတ်ကျောက်တင် ရမယ့်တိုက်ပွဲအတွက် ဆုချီးမြှင့်ခံရတယ်လို့ သိရပါ တယ်။
ဖြေ - ဟုတ်ကဲ့ ခင်ဗျာ။ ကျွန်တော်တို့ကို တစ်ဆင့်တိုး ရာထူးတွေပေးပါတယ်ခင်ဗျာ။ ပြီးတော့ ရဲတပ်ဖွဲ့နေ့ မှာ တိုင်းရုံးမှာ ကျွန်တော်တို့ကိုဆုချီးမြှင့်ပါတယ် ခင်ဗျာ။ မနှစ်ကလည်း မကွေးတိုင်းဒေသကြီးအစိုးရ ကလည်း ဂုဏ်ထူးဆောင်ဆုတွေပေးပါတယ် ခင်ဗျာ။
မေး - ရဲတပ်ဖွဲ့ဝင်တွေကို အခုလိုတိုက်ခိုက်ဖို့အတွက် အဓိကစိတ်ဝင်စေခဲ့တာက ဘာလို့ထင်ပါ သလဲ။
ဖြေ - နိုင်ငံ့ချစ်စိတ်။
မေး - နိုင်ငံ့ချစ်စိတ်နဲ့ တိုက်ခိုက်ခဲ့ကြတာပေါ့။
ဖြေ - ဟုတ်တယ်ခင်ဗျာ။ နိုင်ငံ့ချစ်စိတ်၊ တပ်ဖွဲ့ အပေါ်မှာ သစ္စာစောင့်သိမှု။ ကျွန်တော်တို့ မယိမ်းယိုင် ဘူး။ ကျွန်တော်တို့ အလံဖြူမထောင်ဘူး။ အဲဒီလို စိတ်ဓာတ်ပါ။ ဒါကို ရဲရဲပြောရဲပါတယ်။ ကိုယ့်လူတွေ အတွက်လည်း အာမခံရဲတယ်။
မေး - ခေါင်းဆောင်တစ်ယောက်အနေနဲ့ တခြား တပ်ဖွဲ့ဝင်တွေကို ဘာများပြောချင်လဲ။
ဖြေ - တပ်ဖွဲ့အပေါ်မှာ စေတနာထားပါ။ နိုင်ငံ့အ ပေါ်မှာစေတနာထားပါ၊ သစ္စာရှိပါ။ မြူတစ်မှုန်မှ မဖောက်ပါစေနဲ့။ အဲဒီအတွက် သစ္စာနဲ့စေတနာက အကျိုးပေးပါတယ်။ အသက်အန္တရာယ်လည်း ကာ ကွယ်ပါတယ်။ စိတ်ဓာတ်ကိုမယိမ်းယိုင်ပါနဲ့။ ကျွန် တော်တို့လည်း အသက်နဲ့၊ သူတို့လည်းအသက်နဲ့။ ကိုယ့်ဘက်ကမာပြရင် သူတို့ဘက်က လန်သွားပါ တယ်ခင်ဗျာ။ အဓိကပြောချင်တာက သစ္စာတရား။ သစ္စာတရားရှိရင် နတ်ကောင်းနတ်မြတ်တွေက စောင့်ရှောက်ပါတယ်ခင်ဗျာ။
မေး - အဓိက တိုင်းပြည်နဲ့လူမျိုးအပေါ် သစ္စာရှိဖို့ ပေါ့။
ဖြေ - မှန်တယ် ခင်ဗျာ။ သစ္စာ မဖောက်မိစေနဲ့။
ကျေးဇူးတင်ပါတယ် ခင်ဗျာ။

Zawgyi Version:

" သူသတ္တာ ခံမလား။ ျပန္သတ္မလား။ အဲဒီစိတ္ဓာတ္နဲ႔ "
(မဆုတ္တမ္း ခံတပ္ငယ္မွ ရဲတပ္ဖြဲ႕ဝင္ (၁၇)ဦး ၏ ေအာင္ပြဲ)
(တိုက္ပြဲ အင္တာဗ်ဴး)
သုတေက်ာ္ (NPNews) - မတ္လ ၁၁

မေကြးတိုင္း ဆိပ္ျဖဴၿမိဳ႕နယ္ လက္ဆည္ရဲကင္းစခန္းကို (၂၀၂၅) ခုႏွစ္ ဇူလိုင္လ(၂၁)ရက္ နံနက္ အေစာပိုင္းတြင္ PDF စုေပါင္းအဖြဲ႕မ်ားက အပိုင္ဟုတြက္ကာ သာလြန္အင္အားျဖင့္ တိုက္ခိုက္ခဲ့စဥ္ ရဲကင္းစခန္းတြင္ ရဲတပ္ဖြဲ႕ဝင္ (၁၇)ဦးရွိခဲ့သည္။ သို႔ေသာ္ ရဲတပ္ဖြဲ႕ဝင္တို႔သည္ ခံစစ္ျဖင့္ ျပန္လည္ တိုက္ခိုက္ခဲ့သည့္အျပင္ စစ္ကူလည္းေရာက္လာခဲ့ရာ PDF တို႔မွာ ထိခိုက္မႈႀကီးမားစြာျဖင့္ ျပန္လည္ ဆုတ္ခြာ ထြက္ေျပးသြားခဲ့ၾကရ၏။ ယင္းအေျခအေနမ်ားႏွင့္ပတ္သက္၍ ဦးေဆာင္တိုက္ခိုက္ခဲ့ေသာ လက္ဆည္ ရဲကင္းစခန္းမွ ရဲအုပ္ေဇာ္မင္းထံ NP News က ထိုစဥ္ကအေျခအေနမ်ားကို ဆက္သြယ္ေမးျမန္းခြင့္ရခဲ့ရာ စာဖတ္ပရိသတ္မ်ားအတြက္ ေဖာ္ျပအပ္ပါသည္။

ေမး - အရင္ဆုံး ပြင့္ျဖဴၿမိဳ႕နယ္ကအေျခအေနကို အရင္ဆုံးေျပာျပေပးပါ။ သူတို႔ အားေကာင္းလာတာ က ဘယ္ေလာက္လဲ။
ေျဖ - သူတို႔အားေကာင္းတာက (၂၀၂၄)ခုႏွစ္မွာ အားေကာင္းလာတာဗ်။
ေမး - သူတို႔စဝင္ၿပီးတဲ့ေနာက္မွာ ျပည္သူေတြ ဘယ္ လိုအခက္အခဲစႀကဳံရလဲ။
ေျဖ - ဘယ္လိုအခက္အခဲလဲဆိုေတာ့ အေၾကာက္ တရားေပါ့ဗ်ာ။ အေၾကာက္တရားဆိုတာဘာလဲဆို ေတာ့ ၿခိမ္းေျခာက္မႈ။ ၿခိမ္းေျခာက္မႈကေန တ ျဖည္း ျဖည္းဘာျဖစ္လာလဲဆိုေတာ့ ဒလန္ဆိုၿပီးေတာ့ ဆြဲေခၚ တယ္။ ဆြဲေခၚၿပီးေတာ့ တခ်ိဳ႕ဆို ေသလား၊ ရွင္လား မသိတာရွိတယ္။ တခ်ိဳ႕ကိုက်ေတာ့ ေငြယူၿပီးေတာ့ ျပန္လႊတ္တယ္။
ေမး - ျပန္ေပးဆြဲတယ္ဆိုတဲ့အေနအထားအထိ လား။
ေျဖ - ျပန္ေပးဆြဲတယ္ဆိုတဲ့ အေနအထားျဖစ္ ေန တာခင္ဗ်ာ။ သိန္း (၂၀)၊ သိန္း (၁၀ဝ) အဲဒီလိုမ်ိဳး လူျပန္လႊတ္ဖို႔ ေပးရတယ္။ ဟိုတေလာက္႐ြာသူတစ္ ေယာက္ဆို (၄၂)သိန္းေပးရတယ္။
ေမး - ဆက္ေၾကးေတြဘာေတြေကာ ဘယ္လို ေကာက္လဲ။
ေျဖ - လစဥ္ေၾကးေကာက္တဲ့အတိုင္းအတာက သူတို႔ ရပ္တည္မႈက ေရနံေမွာ္ေတြရွိတယ္။ ေရနံေမွာ္နဲ႔ အသက္ဆက္ၾကတယ္။ ႐ြာအလိုက္ ဆန္ဘယ္ႏွ အိတ္ေပး၊ ဆီဘယ္ေလာက္ေပး ေကာက္တယ္။ ၾကက္ သြန္စိုက္ရင္ ဝါးတကြက္ဆိုတာ ေဒသခံအေခၚေပါ့။ ဝါးတျပန္ေပါ့ဗ်ာ။ ဝါးတျပန္ တကြက္ကို ၾကက္ သြန္ စိုက္တယ္ဆိုရင္ ၾကက္သြန္ေပၚတာနဲ႔ ဘယ္ေလာက္ ဆိုၿပီး ေကာက္တယ္။
ေမး - ပြင့္ျဖဴမွာ လုံၿခဳံေရးတပ္ဖြဲ႕ေတြကို ဘယ္ အခ်ိန္ ေလာက္မွာ စတိုက္လာလဲ။
ေျဖ - စၿပီးေတာ့ လုပ္တာက (၂၀၂၄)မွာဗ်။ ႏွစ္ကုန္ ခါနီးမွာ အားေကာင္းလာတယ္။ မိုင္းဆြဲတိုက္ ခိုက္ တယ္ ခင္ဗ်ာ။ ေရွာ့တိုက္ဒုံးေတြပစ္တယ္ေပါ့။
ေမး - တိုက္ခိုက္တဲ့အခါ ရဲတပ္ဖြဲ႕ဝင္ေတြဘက္က ဘယ္လို ခုခံတိုက္ခိုက္ခဲ့ၾကလဲ။
ေျဖ - ရဲတပ္ဖြဲ႕ဝင္ေတြကေတာ့ ခံစစ္သေဘာဆိုေတာ့ နယ္ေျမရွင္းလင္းေရးမလုပ္ဘူးေပါ့။ စခန္းထဲမွာပဲ နဂို ခံစစ္ျပင္ဆင္ၿပီးလာတဲ့အေနအထားကိုေစာင့္တယ္။ (၂၀၂၅)ခုႏွစ္ ဇူလိုင္လ (၂၇) ရက္ မနက္ (၄ း ၂၀)နာရီမွာ ဒီေကာင္ေတြ PDO အဖြဲ႕ရယ္။ ေပါက္ ဘက္ ကေပါ့ခင္ဗ်ာ။ ေနာက္ၿပီးေတာ့ စိန္ပန္းကုန္း ေက်း႐ြာ ဘက္က PDF ေတြရယ္၊ စခန္းနဲ႔ သုံးမိုင္ေလာက္ ေဝးတဲ့႐ြာက ဗိုလ္မထားအဖြဲ႕ရယ္ ကြၽန္ေတာ္တို႔ကို လာတိုက္တယ္။
ေမး - ဒီ လက္ဆည္ရဲကင္းစခန္းကိုေပါ့။
ေျဖ - ဟုတ္တယ္ ခင္ဗ်ာ။ လက္ဆည္ရဲကင္းစခန္းကို လာတိုက္တယ္။ လာတိုက္တဲ့အခ်ိန္မွာ (၁+၁၆)။ (၁၇) ဦးနဲ႔ ျပန္လည္ခုခံတိုက္ခိုက္ခဲ့တယ္။ ရန္သူ အင္ အားက (၂၀ဝ)ေလာက္လို႔ၾကားတယ္။ ပထမစည္းက ေတာ့ စခန္းဖြဲ႕စည္းပုံက စခန္းကကုန္းေပၚမွာရွိတယ္။ ကုန္းေအာက္မွာ လိုင္းခန္းတစ္ထပ္ရွိတယ္။ လိုင္းခ န္းကိုေတာ့ ဒီေကာင္ေတြက ေဖာက္ၿပီးသြားၿပီ။ ေဖာက္ ၿပီးသြားၿပီးေတာ့ လိုင္းခန္းကိုရၿပီဆိုတာနဲ႔ အပိုင္ပဲ ဆိုၿပီးေတာ့ ကုန္းေပၚတက္လာတာ။ သတ္ကြင္းေပး ထားတာေလ။ သတ္ကြင္းေပးထားေတာ့ ဘန္ကာက လည္း ေရွ႕တည့္တည့္မွာ သဲအိတ္ဘန္ကာထားတယ္ ေလ။ ကြၽန္ေတာ့္ဆီက အခုေတာ့ ဒုတပ္ၾကပ္ျဖစ္သြား ပါတယ္။ အဲဒီ ရဲေဘာ္ေလးက ေအာ္တိုဆြဲေတာ့ သုံး ေယာက္ေထြးခနဲက်သြားတယ္။ သူတို႔ အေလာင္းေတြ ျပန္ေကာက္တယ္။ ျပန္ေကာက္ေတာ့ အဲဒီမွာ က်န္ခဲ့ တာက နဂါးေပါ့ဗ်ာ။ စစ္ေရးခ်ဳပ္တာဝန္ခံ ဘာညာ ယူထားတာေပါ့ဗ်ာ။ ဝါးလုံးအရွည္နဲ႔ဆြဲထုတ္တာ မရဘူး။ သူတို႔ထားခဲ့ရတယ္။ သူ႔တစ္ေယာက္ရတယ္။ (Type 81) ေသနတ္ႏွစ္လက္ရတယ္။ က်ည္ေဘာက္ ေတြရတယ္။ (Type 81) ဆိုတာ ကခ်င္ထုတ္ေပါ့ဗ်ာ စသည္ျဖင့္ ရပါတယ္။
ေမး - ခံစစ္ကို ရဲတပ္ဖြဲ႕ေတြပဲ အစ၊ အဆုံး တိုက္ ခိုက္ခဲ့တာလား။
ေျဖ - ကြၽန္ေတာ္တို႔ (၁၇)ဦးပဲခ်ခဲ့တာခင္ဗ်။ စစ္ကူ လည္းလာပါတယ္။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြဟာ လုံၿခဳံေရး၊ တရားဥပေဒ ထိန္းသိမ္းေရးအတြက္ အထူးေလ့က်င္ထားၾကတာ ျဖစ္တယ္လို႔ နားလည္ထားရပါတယ္။ တကယ္ တိုက္ ခိုက္ရတဲ့အခါ စိုးရိမ္မႈရွိလား။
ေျဖ - စိုးရိမ္မႈကေတာ့မရွိဘူး။ စိတ္ဓာတ္ေပါ့ဗ်ာ။ ရဲေဘာ္ေတြကိုေျပာထားတာက ဆုတ္လမ္းမရွိဘူး။ ပတ္ပတ္လည္မွာ ဒီေကာင္ေတြရွိတယ္။ ဘုရင့္ေနာင္ ေဖာင္ဖ်က္ သူသတ္တာခံမလား။ ျပန္သတ္မလား။ အဲဒီစိတ္ဓာတ္နဲ႔။ လက္နက္တစ္လက္စီရွိပါတယ္။ က်ည္ဆန္ကေတာ့ ပိုပိုလွ်ံလွ်ံရွိပါတယ္။ ကိုယ္စီ လက္နက္ရွိပါတယ္။
ေမး - အရင္ကေကာ တိုက္ပြဲအေတြ႕အႀကဳံရွိဖူးလား။ အခုမွသာ အျပင္းအထန္တိုက္ခိုက္ရတာလား။
ေျဖ - အမွန္အတိုင္းဝန္ခံရရင္ ဒါ ပထမဆုံး တိုက္ပြဲ ပါပဲ ခင္ဗ်ာ။
ေမး - တိုက္ပြဲအခ်ိန္က ဘယ္ေလာက္ၾကာလဲ။ အမိန႔္ ေပးခဲ့တဲ့ ပုံစံ၊ စစ္ပရိယာယ္ေတြေကာ ဘယ္လိုစဥ္း စားခဲ့လဲ။
ေျဖ - အခ်ိန္ကေတာ့ မနက္ (၄ း ၂၀)နာရီက ျဖစ္ တယ္။ (၆ း ၂၀)နာရီမွာ ဒီေကာင္ေတြက အပစ္ ရပ္သြားပါတယ္။ ကပစ (၂၂)ကလည္း လက္နက္ႀကီး ေတြပစ္ေပးပါတယ္။ တက္လုံးလို႔လည္း မရ၊ မိုးလည္း လင္းလာၿပီ။ ဒီေကာင္ေတြဆီက ျပန္ၾကားရတာေတာ့ ေနာက္က ေယာေခ်ာင္းကျဖတ္ၿပီးပို႔ေပးတဲ့ ေထာက္ပို႔ က်ည္ေတြက မေရာက္လာဘူး။ အဲဒီဟာတစ္ခုေတာ့ ခံသာသြားတာေပါ့ခင္ဗ်ာ။
ေမး - အဲဒီလို တိုက္ခိုက္ေနရတဲ့အခ်ိန္မွာ ရဲတပ္ဖြဲ႕ ဝင္ေတြအေနနဲ႔ စစ္သားစိတ္ဝင္သြားတယ္ဆိုမလား။ ဒါမွမဟုတ္ ေနာက္မဆုတ္ေတာ့ဘူးဆိုတဲ့စိတ္က အျပည့္အဝလႊမ္းမိုးခဲ့တယ္ထင္လား။
ေျဖ - ကြၽန္ေတာ္တို႔က အဲဒီအခ်ိန္မွာ ရဲဆိုတာ ေပ်ာက္သြားတယ္ခင္ဗ်ာ။ ရဲစိတ္မရွိေတာ့ဘူး။ ကိုယ့္ ကိုယ္ကိုယ္ ငါတို႔က စစ္သားတစ္ပိုင္း၊ ရဲတစ္ပိုင္းလို႔ ခံယူထားၿပီးသား။ အဲဒီေတာ့ ရဲနဲ႔ပတ္သက္တဲ့႐ုံးလုပ္ ငန္းလည္း လူႀကီးေတြကမခိုင္းပါဘူး။ လုံၿခဳံေရးပဲ ယူထားတယ္။ ယူထားေတာ့ ခံစစ္ကို ေသခ်ာျပင္ တယ္။ လာႏိုင္တဲ့ေနရာကို အလယ္ထားၿပီးေတာ့မွ ကြၽန္ေတာ္တို႔ သဲအိတ္ဘန္ကာေတြ တည္ေဆာက္ ထားတယ္ခင္ဗ်ာ။ ၿပီးခဲ့တဲ့အခါ တစ္ႏွစ္ေက်ာ္တည္းက ကြၽန္ေတာ္က ပစ္ပိုင္ေပးထားတယ္ခင္ဗ်ာ။ ဒါ မင္း ပစ္ပိုင္၊ ပစ္ပိုင္းအတြင္းမွာ ပစ္။ ျဖစ္လာတဲ့အခ်ိန္မွာ ေယာက္ယက္မခတ္ဘူး။ တည္တည္ၿငိမ္ၿငိမ္နဲ႔ ျပန္ၿပီး ေတာ့တုံ႔ျပန္ႏိုင္တယ္။ ကြၽန္ေတာ္ကေတာ့ ေ႐ြ႕လ်ား ကစားေပါ့။
ေမး - ရဲတပ္ဖြဲ႕အရာရွိတစ္ေယာက္အေနနဲ႔ အဲဒီလို တိုက္ပြဲအတြင္း ကြပ္ကဲစဥ္မွာ စိတ္ေဝဝါးေထြျပား သြားတာေကာရွိလား။ ကိုယ့္လူေတြအေပၚေကာ ယုံၾကည္မႈ ျမင့္ျမင့္မားမား ရွိေနခဲ့လား။
ေျဖ - ကြၽန္ေတာ့္စိတ္ထဲမွာ ေဝဝါးမႈမရွိဘူး။ က်န္တဲ့ တပ္ဖြဲ႕ဝင္ေတြ ဗဟုသုတရေအာင္ တစ္ခုေျပာျပပါ့ မယ္။ ဒီေကာင္ေတြက အသံနဲ႔ ဇာတ္လမ္းဆင္တာ။ ေနာက္ၿပီးေတာ့ ဒီေကာင္ေတြက ခရာသုံးတယ္။ ခရာ တစ္ခ်က္မႈတ္လိုက္တာနဲ႔ ပစ္တယ္။ ခရာတစ္ခ်က္ မႈတ္လိုက္တာနဲ႔ နားတယ္ေပါ့။ ခရာပဲသုံးတာ။ အသံ လုံးဝမၾကားရဘူး။ ဒီေကာင္ေတြ စနစ္က သူတို႔ စပစ္ တဲ့အခ်ိန္မွာ ဘယ္လိုလုပ္လဲဆိုေတာ့ အသံနဲ႔ သ႐ုပ္ ေဆာင္တယ္ေပါ့ဗ်ာ။ ေဟ့ေကာင္ေတြ မင္းတို႔ လူေတြ ဖမ္းမိထားၿပီ။ လက္နက္ခ်ေတာ့ ဘာညာလုပ္တာ။ ကြၽန္ေတာ္ေတာင္မွ နည္းနည္းေဝဝါးသြားတယ္ ခင္ဗ်ာ။ ဟာ ငါ့လူပါသြားၿပီလား၊ မိသြားၿပီလားေပါ့။ ပစ္ခတ္ေနရင္း လူလိုက္စစ္ေတာ့ ဒီေကာင္ေတြ ဆိုက္ ဝါးပဲဆိုတာသိလိုက္ရတယ္။ ေၾကာက္ပါၿပီဗ်၊ မသတ္ ပါနဲ႔ အဲဒီလိုမ်ိဳး။ ကြၽန္ေတာ္ဆက္ေျပာရရင္ က်န္တာ ေဝဝါးတာမရွိတာပါဘူး။ ဘာလို႔လဲဆိုေတာ့ ႀကိဳၿပီး ေတြးထားၿပီးသားေလ။ ဆုတ္လမ္းမရွိတဲ့ အေနအ ထားမ်ိဳးမွာလာခဲ့။ မႏိုင္ရင္ေတာင္ လုပ္သြားမယ္ဆို တဲ့ စိတ္ဓာတ္ေပါ့ဗ်ာ။ ကြၽန္ေတာ္တို႔တပ္ဖြဲ႕ဝင္ေတြမွာ လည္း ေၾကာက္႐ြံ႕မႈဆိုတာမရွိဘူး။ ေဒါသ တရားေတြပဲ ရွိတယ္။ သူဆဲ၊ ကိုယ္ဆဲေပါ့ဗ်ာ။
ေမး - လူေတြမထိခိုက္ေအာင္ ဦးေဆာင္ေပးႏိုင္ခဲ့ တာေပါ့။
ေျဖ - ဟုတ္ကဲ့ ကံနည္းနည္းဆိုးသြားတာက တပ္ ၾကပ္ႀကီးတစ္ေယာက္ေတာ့ ပါးေဖာက္ၿပီးဝင္သြား တယ္ခင္ဗ်။ ေခါင္းကိုမထိဘဲေဖာက္ထြက္သြားတာ။ ဘန္ကာထဲကပစ္ၿပီးေတာ့ ေရွာင္လိုက္တဲ့အခ်ိန္မွာ စႏိုက္ပါ ပါတယ္ ထင္တယ္ခင္ဗ်။ ေခါင္းမကြယ္ခင္မွာ ပစ္လိုက္တာပါ။ အသက္ဆုံးရႈံးတာမရွိပါဘူးခင္ဗ်ာ။ အဲဒါေလးပဲဆုံးရႈံးမႈရွိပါတယ္။ သူတို႔တင္ထားတဲ့ ဘယ္ႏွေယာက္ေသတယ္ဆိုတာမဟုတ္ပါဘူး။ တစ္ေယာက္ပဲဒဏ္ရာရပါတယ္။
ေမး - ဒီမတိုင္ခင္က ရန္သူကို သတ္ကြင္းဘယ္လို ေဖာ္မယ္။ ဘယ္အထိ စစ္မွ်ားမယ္၊ ဘယ္ေနရာမွာ စပစ္မယ္ဆိုတာ အကုန္လုံး ေခါင္းေဆာင္တစ္ေယာက္ အေနနဲ႔ ဆုံးျဖတ္ခဲ့တာလား။
ေျဖ - ကြၽန္ေတာ္တို႔က ဒီနယ္မွာ စခန္းထီးထီးရပ္ တည္ေနတာ။ ေဘးပတ္ဝန္းက်င္မွာ သူတို႔ စိမ့္ဝင္ေန တာ။ ခံစစ္ႀကီးလိုေနရတာ။ တံခါး အထပ္ထပ္ေန ရတာ။ တိုက္ကြက္သြားေဖာ္ဖို႔က ေနာက္ေက်ာမလုံ ဘူး။ လာရင္ခ်မယ္ဆိုတဲ့အေနအထားနဲ႔ ရပ္တည္ တာပါ။
ေမး - ခုခံဖို႔ တိုက္ကြက္ေဖာ္တာကေကာ ကိုယ္တိုင္ပဲ ဆုံးျဖတ္ခ်မွတ္ခဲ့တာလား။
ေျဖ - ဒါ ကြၽန္ေတာ္သင္တန္းေက်ာင္းမွာသင္ခဲ့တဲ့ ဟာေတြ၊ ကြၽန္ေတာ့္အေတြးေလးနဲ႔ သဲအိတ္ဘန္ကာ ေတြ၊ ဆက္သြယ္ေရးေျမာင္းေတြ၊ ဒါ လိုအပ္တယ္၊ ဒါကေတာ့ ခံရမယ္ စသည္ျဖင့္ ေတြးၿပီးလုပ္ခဲ့တာပါ။
ေမး - သူတို႔ဘက္က ေသဆုံးအေျခအေနက ဘယ္ လို ရွိပါသလဲ။
ေမး - သူတို႔ဘက္မွာ မိန္းကေလးတစ္ေယာက္၊ ေယာက်ာ္းေလး ငါးေယာက္ ေျခာက္ေယာက္။ ခ်က္ ခ်င္းေပါ့။ ဒဏ္ရာရတဲ့သူေတြလည္းရွိတယ္။ ေျခာက္ ဘီးကားနဲ႔တိုက္သြားတယ္လို႔ သတင္းျပန္ရပါတယ္။ ေတာ္ေတာ္အထိနာသြားပါတယ္။
ေမး - တိုက္ရင္းကေန ျဖည္းျဖည္းခ်င္းစိမ့္ဝင္လာေန တုန္းမွာ ေစာင့္ေနတုန္း ပစ္ခ်င္စိတ္ျဖစ္မေနဘူး လား။
ေျဖ - ေဒါသတရားပဲရွိတယ္။ မင္းတို႔ေကာင္ေတြ လာစမ္းကြာ အမႈိက္ေတြဆိုၿပီး အကုန္လုံးက ေဒါသ တရားေတြပဲေျပာင္းသြားတာ။ ငါတို႔ မေသမခ်င္း မင္းတို႔ ဒီစခန္းကိုမရေစရဘူးဆိုၿပီးေတာ့။
ေမး - လူ (၁၇)ေယာက္ရွိခဲ့ၾကတယ္။ သာလြန္အင္ အားနဲ႔လာတိုက္ခ်ိန္မွာ ေအာင္ေအာင္ျမင္ျမင္ ခုခံႏိုင္ ခဲ့တာက စိတ္ဓာတ္လို႔ေျပာႏိုင္မလား။ စည္းစနစ္ က်နမႈလား။
ေျဖ - ႏွစ္ခုလုံးေျပာလို႔ရပါတယ္။ နံပါတ္တစ္က စိတ္ ဓာတ္။ ေနာက္တစ္ခုက နည္းစနစ္က်နမႈ၊ အမိန႔္နာ ခံမႈပါ။
ေမး - တိုက္ပြဲမွာပါဝင္တိုက္ခိုက္ခဲ့သူေတြက ဒီတိုက္ ပြဲအၿပီးမွာ ပိုၿပီး စည္းလုံးလာၾကမွာေပါ့။
ေမး - ပိုၿပီး စည္းလုံးလာပါတယ္။ ဘယ္လိုေခၚမလဲ ေသမတူ၊ ရွင္မကြာ စိတ္ဓာတ္ေတြ ပိုျပင္းထန္လာပါ တယ္။ ကြၽန္ေတာ္က အရာရွိဆိုေပမယ့္ သူတို႔နဲ႔ လက္ ရည္တစ္ျပင္တည္း၊ တပူးတတြဲတည္း ညီအစ္ကို အရင္းေတြထက္ ခ်စ္ခင္လာၾကပါတယ္။
ေမး - တိုက္ခိုက္ေနၾကခ်ိန္မွာ မိသားစုစိုးရိမ္မႈက ဘယ္လိုရွိမလဲ။
ေျဖ - မိသားစုဝင္ေတြကို (၂၀၂၃)ခုႏွစ္တည္းက တျခားေနရာကိုေ႐ႊ႕ထားပါတယ္။ တပ္ဖြဲ႕ဝင္ေယာ က်ာ္းသားေတြခ်ည္းပဲက်န္ခဲ့ေတာ့ ေနာက္ဆံ မတင္း ဘဲနဲ႔တိုက္ပြဲဝင္ႏိုင္တယ္။ ဇနီးမယား၊ သားသမီးေတြ ကစိုးရိမ္တယ္။ ဒါေပမဲ့ ကြၽန္ေတာ္တို႔ေျပာမွ သူတို႔က သိရတာ။ တစ္ခုေကာင္းတာက လူပ်ိဳလူလြတ္မ်ား တယ္။ အိမ္ေထာင္သည္နည္းတယ္ ခင္ဗ်ာ။
ေမး - မိသားစုဝင္ေတြကိုေကာ ႀကဳံသမွ် ျပန္ေျပာျဖစ္ လား။
ေျဖ - ကြၽန္ေတာ့္အေနနဲ႔ကေတာ့ သမီးကို ေျပာျပျဖစ္ တယ္။ ဒါေပမဲ့ ဒီလိုမ်ိဳး အေသးစိတ္မေျပာျပဘူး။ ငါတို႔ကို လာခ်တယ္၊ ငါတို႔ ျပန္ခ်တယ္၊ အေလာင္းရ တယ္။ ႏိုင္ငံေတာ္က ငါတို႔ကို ဆုခ်တယ္ အဲဒီလိုေတာ့ ေျပာတယ္။ အေသးစိတ္ေတာ့ မေျပာပါဘူး။
ေမး - စိုးရိမ္စိတ္ ျဖစ္မွာစိုးလို႔လား။
ေျဖ - ဟုတ္တယ္ စိုးရိမ္စိတ္ျဖစ္သြားႏိုင္တယ္။ ကြၽန္ ေတာ္တို႔က ေပါ့ေပါ့ပါးပါးပဲေျပာၾကတာေပါ့ခင္ဗ်ာ။ သူတို႔ချမာ အေဝးမွာစိတ္ပင္ပန္းမွာေလ။
ေမး - ေနာက္ပိုင္းေကာ စခန္းကို သူတို႔ ထပ္လုံးတာ ရွိေသးလား။
ေျဖ - အဲဒီေနာက္ပိုင္းက စၿပီးေတာ့မရွိေတာ့ဘူး။ Drop bomb လာခ်တာေတာ့ရွိတယ္။ လူႀကီးက လည္း ဒ႐ုန္းျဖတ္စက္ခ်ေပးထားပါတယ္။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ သမိုင္းမွာ မွတ္ေက်ာက္တင္ ရမယ့္တိုက္ပြဲအတြက္ ဆုခ်ီးျမႇင့္ခံရတယ္လို႔ သိရပါ တယ္။
ေျဖ - ဟုတ္ကဲ့ ခင္ဗ်ာ။ ကြၽန္ေတာ္တို႔ကို တစ္ဆင့္တိုး ရာထူးေတြေပးပါတယ္ခင္ဗ်ာ။ ၿပီးေတာ့ ရဲတပ္ဖြဲ႕ေန႔ မွာ တိုင္း႐ုံးမွာ ကြၽန္ေတာ္တို႔ကိုဆုခ်ီးျမႇင့္ပါတယ္ ခင္ဗ်ာ။ မႏွစ္ကလည္း မေကြးတိုင္းေဒသႀကီးအစိုးရ ကလည္း ဂုဏ္ထူးေဆာင္ဆုေတြေပးပါတယ္ ခင္ဗ်ာ။
ေမး - ရဲတပ္ဖြဲ႕ဝင္ေတြကို အခုလိုတိုက္ခိုက္ဖို႔အတြက္ အဓိကစိတ္ဝင္ေစခဲ့တာက ဘာလို႔ထင္ပါ သလဲ။
ေျဖ - ႏိုင္ငံ့ခ်စ္စိတ္။
ေမး - ႏိုင္ငံ့ခ်စ္စိတ္နဲ႔ တိုက္ခိုက္ခဲ့ၾကတာေပါ့။
ေျဖ - ဟုတ္တယ္ခင္ဗ်ာ။ ႏိုင္ငံ့ခ်စ္စိတ္၊ တပ္ဖြဲ႕ အေပၚမွာ သစၥာေစာင့္သိမႈ။ ကြၽန္ေတာ္တို႔ မယိမ္းယိုင္ ဘူး။ ကြၽန္ေတာ္တို႔ အလံျဖဴမေထာင္ဘူး။ အဲဒီလို စိတ္ဓာတ္ပါ။ ဒါကို ရဲရဲေျပာရဲပါတယ္။ ကိုယ့္လူေတြ အတြက္လည္း အာမခံရဲတယ္။
ေမး - ေခါင္းေဆာင္တစ္ေယာက္အေနနဲ႔ တျခား တပ္ဖြဲ႕ဝင္ေတြကို ဘာမ်ားေျပာခ်င္လဲ။
ေျဖ - တပ္ဖြဲ႕အေပၚမွာ ေစတနာထားပါ။ ႏိုင္ငံ့အ ေပၚမွာေစတနာထားပါ၊ သစၥာရွိပါ။ ျမဴတစ္မႈန္မွ မေဖာက္ပါေစနဲ႔။ အဲဒီအတြက္ သစၥာနဲ႔ေစတနာက အက်ိဳးေပးပါတယ္။ အသက္အႏၲရာယ္လည္း ကာ ကြယ္ပါတယ္။ စိတ္ဓာတ္ကိုမယိမ္းယိုင္ပါနဲ႔။ ကြၽန္ ေတာ္တို႔လည္း အသက္နဲ႔၊ သူတို႔လည္းအသက္နဲ႔။ ကိုယ့္ဘက္ကမာျပရင္ သူတို႔ဘက္က လန္သြားပါ တယ္ခင္ဗ်ာ။ အဓိကေျပာခ်င္တာက သစၥာတရား။ သစၥာတရားရွိရင္ နတ္ေကာင္းနတ္ျမတ္ေတြက ေစာင့္ေရွာက္ပါတယ္ခင္ဗ်ာ။
ေမး - အဓိက တိုင္းျပည္နဲ႔လူမ်ိဳးအေပၚ သစၥာရွိဖို႔ ေပါ့။
ေျဖ - မွန္တယ္ ခင္ဗ်ာ။ သစၥာ မေဖာက္မိေစနဲ႔။
ေက်းဇူးတင္ပါတယ္ ခင္ဗ်ာ။

Related news

© 2021. All rights reserved.