ပင်လယ်ကွေ့ဒေသ မတည်ငြိမ်မှုတွေနဲ့ပတ်သက်ပြီး သတိပေးချက်တစ်ခုကို အာဖရိကသမဂ္ဂထုတ်ပြန်

391

Pika(NP News) - မတ်လ ၁၂
အမေရိကန်-အစ္စရေးတို့ရဲ့ အီရန်အပေါ် တိုက်ခိုက်မှုတွေကြောင့် ဖြစ်ပေါ်လာတဲ့စစ်ပွဲက အရှိန်မြင့်တက်နေချိန်မှာပဲ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ စွမ်းအင်နဲ့သယ်ယူပို့ဆောင်ရေးအဆောက်အဦးတွေအပေါ် တိုက်ခိုက်မှုတွေကို အာဖရိကသမဂ္ဂ (AU) က ပြစ်တင်ရှုတ်ချခဲ့တယ်လို့ သိရပါတယ်။ဒါ့ပြင် အဲ့ဒီလိုမျိုး အကြမ်းဖက်တိုက်ခိုက်မှုတွေဟာ ကမ္ဘာလုံးဆိုင်ရာထောက်ပံ့ရေးကွင်းဆက်တွေကို ခြိမ်းခြောက်နေပြီး အာဖရိကတိုက်ကြီးတစ်ခုလုံးကို ထိခိုက်စေနိုင်တယ်လို့ အာဖရိကသမဂ္ဂက သတိပေးပြောဆိုခဲ့ပါတယ်။အရှေ့အလယ်ပိုင်းဒေသမှာဖြစ်ပွားနေတဲ့စစ်ပွဲနဲ့ပတ်သက်တဲ့ ဖြစ်ရပ်တွေအားလုံးကို အနီးကပ်စောင့်ကြည့်နေသလို ပါဝင်ပတ်သက်တဲ့နိုင်ငံတွေအားလုံးနဲ့ ထိန်းထိန်းသိမ်းသိမ်း လုပ်ဆောင်ကြဖို့နဲ့ တင်းမာမှုတွေကို မြန်မြန်လျှော့ချဖို့ အာဖရိကသမဂ္ဂကော်မရှင်ဥက္ကဋ္ဌမာမွတ်ယူဆွတ်ဖ်က တိုက်တွန်းခဲ့တယ်လို့လည်း သိရပါတယ်။မာမွတ်ယူဆွတ်ဖ်က”ပင်လယ်ကွေ့ဒေသတည်ငြိမ်မှုဟာ ကမ္ဘာလုံးဆိုင်ရာစွမ်းအင်လုံခြုံရေးနဲ့ နိုင်ငံတကာစီးပွားရေးအတွက် အထူးအရေးကြီးပြီး အာဖရိကစီးပွားရေးတွေအတွက် တိုက်ရိုက်သက်ရောက်မှုတွေ ရှိနေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် ရေနံဈေးနှုန်းမြင့်တက်လာတာ၊ကုန်သွယ်ရေးလမ်းကြောင်းတွေ ပျက်စီးတာနဲ့ လေကြောင်းပိုင်နက်တွေ ပိတ်ဆို့ခံရတာဟာ အာဖရိကပို့ကုန်လုပ်ငန်းရှင်တွေ၊လေကြောင်းလိုင်းတွေနဲ့ ဒေသတွင်းမှာနေထိုင်တဲ့ နိုင်ငံသားတွေကို ထိခိုက်စေတယ်လို့လည်း မာမွတ်ယူဆွတ်ဖ်က ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပင္လယ္ေကြ႕ေဒသ မတည္ၿငိမ္မႈေတြနဲ႔ပတ္သက္ၿပီး သတိေပးခ်က္တစ္ခုကို အာဖရိကသမဂၢထုတ္ျပန္
Pika(NP News) - မတ္လ ၁၂
အေမရိကန္-အစၥေရးတို႔ရဲ႕ အီရန္အေပၚ တိုက္ခိုက္မႈေတြေၾကာင့္ ျဖစ္ေပၚလာတဲ့စစ္ပြဲက အရွိန္ျမင့္တက္ေနခ်ိန္မွာပဲ ပါရွန္းပင္လယ္ေကြ႕မွာရွိတဲ့ စြမ္းအင္နဲ႔သယ္ယူပို႔ေဆာင္ေရးအေဆာက္အဦးေတြအေပၚ တိုက္ခိုက္မႈေတြကို အာဖရိကသမဂၢ (AU) က ျပစ္တင္ရႈတ္ခ်ခဲ့တယ္လို႔ သိရပါတယ္။ဒါ့ျပင္ အဲ့ဒီလိုမ်ိဳး အၾကမ္းဖက္တိုက္ခိုက္မႈေတြဟာ ကမာၻလုံးဆိုင္ရာေထာက္ပံ့ေရးကြင္းဆက္ေတြကို ၿခိမ္းေျခာက္ေနၿပီး အာဖရိကတိုက္ႀကီးတစ္ခုလုံးကို ထိခိုက္ေစႏိုင္တယ္လို႔ အာဖရိကသမဂၢက သတိေပးေျပာဆိုခဲ့ပါတယ္။အေရွ႕အလယ္ပိုင္းေဒသမွာျဖစ္ပြားေနတဲ့စစ္ပြဲနဲ႔ပတ္သက္တဲ့ ျဖစ္ရပ္ေတြအားလုံးကို အနီးကပ္ေစာင့္ၾကည့္ေနသလို ပါဝင္ပတ္သက္တဲ့ႏိုင္ငံေတြအားလုံးနဲ႔ ထိန္းထိန္းသိမ္းသိမ္း လုပ္ေဆာင္ၾကဖို႔နဲ႔ တင္းမာမႈေတြကို ျမန္ျမန္ေလွ်ာ့ခ်ဖို႔ အာဖရိကသမဂၢေကာ္မရွင္ဥကၠ႒မာမြတ္ယူဆြတ္ဖ္က တိုက္တြန္းခဲ့တယ္လို႔လည္း သိရပါတယ္။မာမြတ္ယူဆြတ္ဖ္က”ပင္လယ္ေကြ႕ေဒသတည္ၿငိမ္မႈဟာ ကမာၻလုံးဆိုင္ရာစြမ္းအင္လုံၿခဳံေရးနဲ႔ ႏိုင္ငံတကာစီးပြားေရးအတြက္ အထူးအေရးႀကီးၿပီး အာဖရိကစီးပြားေရးေတြအတြက္ တိုက္႐ိုက္သက္ေရာက္မႈေတြ ရွိေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ ေရနံေဈးႏႈန္းျမင့္တက္လာတာ၊ကုန္သြယ္ေရးလမ္းေၾကာင္းေတြ ပ်က္စီးတာနဲ႔ ေလေၾကာင္းပိုင္နက္ေတြ ပိတ္ဆို႔ခံရတာဟာ အာဖရိကပို႔ကုန္လုပ္ငန္းရွင္ေတြ၊ေလေၾကာင္းလိုင္းေတြနဲ႔ ေဒသတြင္းမွာေနထိုင္တဲ့ ႏိုင္ငံသားေတြကို ထိခိုက္ေစတယ္လို႔လည္း မာမြတ္ယူဆြတ္ဖ္က ထပ္မံေျပာၾကားခဲ့ပါတယ္။