အီရန်စစ်ပွဲကြောင့် ဖြစ်နေတဲ့ လောင်စာဆီလိုအပ်ချက်ပြသာနာများကို အာရှနိုင်ငံတွေ ဘယ်လိုမျိုး ရင်ဆိုင်ဖြေရှင်းနေကြရသလဲ

 688

ဂျန်ဇက်(NP News) - မတ် ၁၂
ဖေဖော်ဝါရီ ၂၈ရက်မှာစတင်ခဲ့တဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံများနဲ အီရန်နိုင်ငံကြားဖြစ်ပွားတဲ့ စစ်ပွဲဟာ သီတင်းပတ် နှစ်ပတ်နီးပါးရှိလာပြီဖြစ်ပါတယ်။စစ်ပွဲကြောင့်တစ်ချိန်က ကမ္ဘာ့အစည်ကားဆုံး ရေကြောင်းလမ်းဖြစ်တဲ့ ဟောမုဇ့် ရေလက်ကြားဟာလက်ရှိအချိန်မှာအသက်လုရတဲ့ စစ်တလင်းပြင်သဖွယ် ဖြစ်လာနေပါတယ်။ အမေရိကန် နဲ့ အီရန်ကြားစစ်ရေးလှုပ်ရှားမှုတွေနဲ့အတူ ဒရုန်းနဲ့ ဒုံးကျည်တိုက်ခိုက်မှု အန္တရာယ်တွေကြောင့် ကုန်တင်သင်္ဘော ဒါဇင်ပေါင်းများစွာဟာ ခရီးစဉ်တွေ ရပ်တန့်ထားရသလို လမ်းကြောင်းပြောင်းလဲ ပြေးဆွဲနေရပါတယ်။ကမ္ဘာ့ရေနံကုန်သွယ်မှုရဲ့ ၂၀ ရာခိုင်နှုန်းကို သယ်ယူပို့ဆောင်ပေးနေတဲ့ နေရာဖြစ်တဲ့ ဟော်မုဇ့် ရေလက်ကြားမှာ မတည်ငြိမ်မှုများ၊ ဂယက်ရိုက်မှုများစွာဖြစ်လာတဲ့အတွက် အမေရိကန် အပါအဝင် ကမ္ဘာာနိုင်ငံများဟာ ရေနံ အပါအဝင် လောင်စာဆီလိုအပ်ချက်များစွာရှိနေခဲ့ပါတယ်။အမေရိကန်မှာဆိုရင် ရေနံဈေးနှုန်းဟာ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ် ဇူလိုင်လနောက်ပိုင်း ပထမဆုံးအကြိမ်အဖြစ် ရေနံစိမ်းတစ်စည်ကို အမေရိကန်ဒေါ်လာ ၁၁၁ ဒေါ်လာအထက်ကို စံချိန်တင် မြင့်တက်လာခဲ့ပါတယ်။ဒါ့အပြင် အာရှတိုက်အတွင်းရှိ နိုင်ငံများဟာလည်း လောင်စာဆီလိုအပ်ချက် အခက်ခဲများရှိနေခဲ့ပါတယ်။လတ်တလောဖြစ်ပေါ်နေတဲ့ အီရန်နဲ့ အမေရိကန်ဦးဆောင်တဲ့ မဟာမိတ်နိုင်ငံများကြားဖြစ်ပွားနေတဲ့ အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခတွေကြောင့် စက်သုံးဆီတင်သွင်းမှုလမ်းကြောင်း အကျပ်အတည်းဖြစ်ပေါ်မှုဟာ မြန်မာနိုင်ငံအပါအဝင် ကမ္ဘာ့နိုင်ငံတွေအားလုံးကို ရိုက်ခတ်ပါတယ်။ မြန်မာနိုင်ငံ အပါအဝင် အာရှတိုက်အတွင်းရှိ နိုင်ငံအချို့ဟာ လက်ရှိအချိန်မှာ လောင်စာဆီချွေတာရေးကို ရည်ရွယ်ပြီး လောင်စာဆီများကိုအလှည့်ကျ ဖြန့်ဖြူးရောင်းချပေးမယ့် အစီအစဉ်များကို စီမံဆောင်ရွက်လျက်ရှိနေပါတယ်။နိုင်ငံတော်အစိုးရဟာ စက်သုံးဆီချွေတာရေး စီမံချက်အနေနဲ့ အိမ်စီးကားတွေကို မတ် ၇ ရက်ကစပြီး စုံဂဏန်းနဲ့ မဂဏန်း ခွဲခြားပြီး စုံ၊ မ နေ့ရက်အလိုက် မောင်းနှင်ဖို့ ထုတ်ပြန်ထားကာ မတ် ၇ ရက်ကနေ ၁၃ ရက်အထိ ပညာပေးကာလအဖြစ်သတ်မှတ်ပြီး မတ်လ ၁၄ရက်နေ့ကစတင်ကာ ယာဉ်များဟာ သတ်မှတ်ထားတဲ့ စည်းကမ်းအတိုင်းမောင်းနှင်ရမှာဖြစ်ပါတယ်။
မြန်မာနိုင်ငံ အပြင် အာရှတိုက်အတွင်းရှိ နိုင်ငံအချို့ဟာလည်း လောင်စာဆီအခက်ခဲများ ရင်ဆိုင်နေရပြီး ဘင်္ဂလားဒေရှ့်နိုင်ငံဆိုရင် ရေနံ၊ ဒီဇယ်နဲ့ ဓါတ်ငွေ့လိုအပ်ချက်များကြောင့်စာသင်ကျောင်းအချို့ ပိတ်ထားရတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ လောင်စာဆီဆိုင်များမှာ လုံခြုံရေးတပ်ဖွဲ့များ ဖြန့်ကြတ်ချထားရပြီးလောင်စာဆီများကိုအလှည့်ကျရောင်းချခြင်း၊ ဒီဇယ်ရောင်းချမှုများကို ကန့်သတ်ခြင်း အပြင် တက္ကသိုလ်များကို ပိတ်ထားခြင်းများ လုပ်ဆောင်ထားရပါတယ်။လူဦးရေသန်းပေါင်း ၁၇၀ခန့်ရှိနေတဲ့ဘင်္ဂလားဒေရှ့်နိုင်ငံဟာ နိုင်ငံအတွင်း လိုအပ်တဲ့ ရေနံနဲ့ ဓါတ်ငွေ့များအားလုံးရဲ့ ၉၅ ရာခိုင်နှုန်းကို ပြည်ပနိုင်ငံများက တင်သွင်းရပြီး လက်ရှိအချိန်မှာအီရန် စစ်ပွဲ အပြင် ဟောမုဇ့် ရေလက်ကြားပိတ်ပင်မှုများကြောင့်စွမ်းအင် လိုအပ်ချက်များ အခက်ခဲများစွာဖြစ်နေရတယ်လို့ သိရပါတယ်။ ဘင်္ဂလားဒေရှ့်နိုင်ငံရှိ အထည်ချုပ်စက်ရုံတွေဟာလျှပ်စီး ပြတ်တောက်မှုကို ရင်ဆိုင်နေရသလို မီးစက်များအတွက် ဒီဇယ်အလုံလောက် မပေးနိုင်တဲ့အတွက် ပိတ်ပင်ထားရတယ်လို့သိရပါတယ်။ဘင်္ဂလားဒေရှ့်နိုင်ငံအပြင် အိန္ဒိယနိုင်ငံဟာလည်း လောင်စာဆီလိုအပ်ချက်အခက်ခဲကို ရင်ဆိုင်နိုင်ဖို့ ဓာတ်ငွေ့ခွဲတမ်းစနစ်ကို အရေးပေါ်ကျင့်သုံးနေရတယ်လို့သိရပါတယ်။အီရန်စစ်ပွဲကြောင့်ဟော်မုဇ်ရေလက်ကြားပိတ်ဆို့မှု နဲ့အတူ ကာတာနိုင်ငံရဲ့ သဘာဝဓာတ်ငွေ့တင်ပို့မှု ရပ်ဆိုင်းသွားခြင်းတို့ကြောင့် အိန္ဒိယအစိုးရဟာ ပြည်တွင်းရှိ သဘာဝဓာတ်ငွေ့ (Gas) ထောက်ပံ့မှုများကို အရေးပေါ် ဦးစား ပေးအဆင့်ဆင့် သတ်မှတ်ကာ ခွဲတမ်းစနစ်နဲ့ စတင်ဖြန့်ဖြူးသွားမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။ အိန္ဒိယနိုင်ငံဟာ ၎င်းတို့နေ့စဉ်သုံးစွဲနေတဲ့ ဓာတ်ငွေ့ ပမာဏရဲ့ တစ်ဝက်ခန့်ကို ပြည်ပနိုင်ငံကနေ တင်သွင်းနေရပေမယ့် လက်ရှိအချိန်မှာ စစ်ပွဲကြောင့် လမ်းကြောင်းပိတ်ဆို့မှုကြောင့် အခက်အခဲနဲ့ ရင်ဆိုင်နေရတာဖြစ်ပါတယ်။အိန္ဒိယအစိုးရဟာ အိမ်သုံးချက်ပြုတ်ဂတ်စ်နှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍ (မော်တော် ယာဉ်လောင်စာ) တို့ကို အပြည့်အဝ ထောက်ပံ့ပေးမှာဖြစ်ပေမယ့်စိုက်ပျိုးရေးအတွက် အရေးပါတဲ့ မြေသြဇာစက်ရုံများကို ၇၀ ရာခိုင် နှုန်း ထောက်ပံ့သွားမှာဖြစ်ပါတယ်။ဒါ့အပြင်အိန္ဒိယအစိုးရဟာ လက်ဖက်လုပ်ငန်း၊ ကုန်ထုတ်လုပ်ငန်းနဲ့ အခြားစက်မှုလက်မှု လုပ်ငန်းများကို ဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်း ထောက်ပံ့မှာဖြစ်ပြီး အသေးစား စက်မှုလုပ်ငန်းများနဲ့ စီးပွားရေးလုပ်ငန်းရှင်များကို စတုထ္တဦးစားပေးအဆင့် သတ်မှတ်ထားပြီး ဓါတ်ငွေ့ ၈၀ ရာခိုင်နှုန်း ထောက်ပံ့သွားမှာဖြစ်ပါတယ်။အိန္ဒိယနိုင်ငံမှာ ဓါတ်ငွေ့လိုအပ်ချက်များမြင့်တက်မှုနဲ့အတူ ခွဲတမ်း အလှည့်ကျစနစ်နဲ့ ပေးနေရတဲ့အတွက် ကုန်ထုတ်လုပ်မှုကဏ္ဍအချို့မှာ ထုတ်လုပ်မှု လျော့ကျလာနိုင်တဲ့အလားအလာရှိနေပါတယ်။ဗီယက်နမ်နိုင်ငံမှာဆိုရင်လည်း
အီရန်စစ်ပွဲကြောင့်ဖြစ်ပေါ်လာတဲ့ လောင်စာဆီပြတ်တောက်မှုနဲ့ ဈေးနှုန်းအဆမတန် မြင့်တက်လာမှုများကိုတုံ့ပြန်ဖို့ ဗီယက်နမ် စက်မှုနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနဟာ ပြည်တွင်းရှိ စီးပွားရေးလုပ်ငန်းများကို ၎င်းတို့၏ ဝန်ထမ်းများအား အိမ်မှနေပြီးအလုပ်လုပ်ကြရန် (Work from Home) တိုက်တွန်းနှိုးဆော်ထားရတဲ့အခြေနေမျိုးရှိနေပါတယ်။ဗီယက်နမ်နိုင်ငံရဲ့ အကြီးဆုံး စွမ်းအင်ကုမ္ပဏီဖြစ်တဲ့ Petrolimex ပီထရို လီမက်ရဲ့အချက်အလက်များအရ အီရန်စစ်ပွဲစတင်တဲ့ ဖေဖော်ဝါရီလကုန်ပိုင်းကစတင်ပြီး ဓာတ်ဆီဈေးနှုန်းက ၃၂ ရာခိုင်နှုန်း ဒီဇယ် ဈေးနှုန်းက ၅၆ ရာခိုင်နှုန်း၊ ရေနံဆီ ဈေးနှုန်းက ၈၀ ရာခိုင်နှုန်းအထိ မြင့်တက်ခဲ့တယ်လို့သိရပါတယ်။ဗီယက်နမ်နိုင်ငံမှာ လောင်စာဆီဈေးနှုန်း မြင့်တက်မှုကို ထိန်းချုပ်ဖို့ ဗီယက်နမ် အစိုးရဟာ လောင်စာဆီတင်သွင်းမှုအပေါ် ကောက်ခံတဲ့ အခွန်အခများကို လာမယ့် ဧပြီလကုန်အထိ ကင်းလွတ်ခွင့်ပြုဖို့ ဆုံးဖြတ်ထားရတဲ့အခြေနေမျိုးရှိနေပါတယ်။ဗီယက်နမ်နိုင်ငံရှိ ဟနွိုင်းမြို့ရှိ ဆီဆိုင်များမှာ လောင်စာဆီဝယ်ယူဖို့ တန်းစီစောင့်ဆိုင်းနေရတဲ့ လူအုပ်ကြီးကို တွေ့မြင်နေရတယ်လို့ သတင်းများက ဖော်ပြထားပါတယ်။
ဒါ့အပြင် ဗီယက်နမ်အစိုးရဟာ သယ်ယူပို့ဆောင်ရေး စရိတ်လျှော့ချဖို့ အလုပ်သမားများအား အိမ်ကသာ အလုပ်လုပ်စေကာ သယ်ယူပို့ဆောင်ရေးအတွက် အသုံးပြုရတဲ့လောင်စာဆီပမာဏကို သိသိသာသာ လျှော့ချနိုင်ဖို့ ပြင်ဆင်နေပါတယ်။ သီရိလင်္ကာနိုင်ငံမှာလည်း လောင်စာဆီ လိုအပ်ချက် ချွေတာဖို့အတွက် အလှည့်ကျပေးတဲ့စနစ်ကို ကျင့်သုံးနေရပြီးပြည်သူများဟာ မလိုအပ်ဘဲ လောင်စာဆီများကို စုဆောင်းမယ်ဆိုရင် လောင်စာဆီများကို ကျူအာကုတ်နဲ့အလှည့်ကျ ရောင်းချပေးတဲ့စနစ်ကို ပြန်လည်လုပ်ဆောင်သွားမယ်လို့ သတိပေးထားပါတယ်။ထိုင်းနိုင်ငံကတော့ ပြီးခဲ့တဲ့ သီတင်းပတ်အပတ်မှာ နှစ်လစာ ရေနံထောက်ပံ့မှုများ ရရှိခဲ့ပေမယ့်လည်း ၎င်းတို့ရဲ့ရေနံ ပိုင်ဆိုင်မှုကို ထိန်းသိမ်းဖို့ ရေနံ ပို့ကုန်များကို ရပ်ဆိုင်းထားတယ်လို့သိရပါတယ်။ကမ္ဘာရေနံဈေးနှုန်းမြင့်တက်လာမှုနဲ့အတူ ကမ္ဘောဒီးယားအစိုးရကလည်း လောင်စာဆီဈေးနှုန်းများကို သုံးရက်ကြာတိုးမြှင့်ခဲ့ရပြီး ကမ္ဘောဒီးယားနိုင်ငံမှာ အရန် လောင်စာဆီဟာ သီတင်းပတ်သုံးပတ်စာသာ ကျန်ရှိတယ်လို့ သိရပါတယ်။
တရုတ်နိုင်ငံဟာဆိုရင်လည်း ပြည်တွင်း လိုအပ်ချက်ကိုဖြည့်ဆည်းပေးနိုင်အောင် ရေနံ နဲ့ ဓါတ်ဆီများကို ပြည်ပတင်ပို့ရောင်းချမှုများ ဆိုင်းငံထားဖို့ ပြည်တွင်းရေနံ စက်ရုံနဲ့ ကုမ္မဏီများကို အမိန့်ပေးထားသလိုအင်ဒိုနိးရှားနိုင်ငံကလည်း ရေနံဈေးနှုန်းမြင့်တက်နေမယ်ဆိုရင် အစိုးရအနေနဲ ရေနံနဲ့ပတ်သက်ပြီး ဘတ်ဂျက်ကူညီထောက်ပံ့ပေးနိုင်မှာမဟုတ်ဘူးလို့ သတိပေးထားပါတယ်။ဖိလစ်ပိုင်နိုင်ငံဟာလည်း လောင်စာဆီလိုအပ်ချက်မြင့်တက်မှုနဲ့အတူ ဈေးနှုန်းမြင့်တက်မှုကို ဖြေရှင်းဖို့ အစိုးရရုံးဌာနနဲ့ အေဂျင်စီများကို သီတင်းပတ်တစ်ပတ်မှာ အလုပ် ၄ရက်သာ အလုပ်လုပ်ဖို့ စီမံဆောင်ရွက်ထားရပါတယ်။ဖိလစ်ပိုင်သမ္မတ ဖာဒီနန်မာကိုစ့်ဟာ လောင်စာဆီနဲ့ လျှပ်စစ်မီးသုံးစွဲမှုများကို ၂၀ရာခိုင်နှုန်း လျော့ချဖို့ အစိုးရဌာနအားလုံးကို အလုပ်များကို သီတင်းပတ် တစ်ပတ်မှာ ၄ရက်သာ အလုပ်ဆင်းဖို့ အမိန့်ပေးထားရပါတယ်။ ဖိလစ်ပိုင်နိုင်ငံရဲ့ လောင်စာဆီ ရောင်းချတဲ့ ဆိုင်များမှာ တန်းစီနေတဲ့ လူအုပ်ကြီးများ ပိုမိုများပြားနေတဲ့အတွက်ရဲတပ်ဖွဲ့က သတိပေးနေရပါတယ်။ ဂျပန်နိုင်ငံမှာဆိုရင်လည်း ရေနံလိုအပ်မှုနဲ့ ထောက်ပံ့မှု ကြာရှည်စွာ ပြတ်တောက်ခြင်းက ကာကွယ်ပေးနိုင်အောင်
ရေနံချက်စက်ရုံများက တောင်းဆိုနေတဲ့ အစီအမံတစ်ခုဖြစ်တဲ့ ရေနံသိုက်များကို အသုံးပြုဖို့ စဉ်းစားနေတယ်လို့သိရပါတယ်။ဂျပန်နိုင်ငံမှာ ပုဂ္ဂလိကကဏ္ဍမှ သိမ်းဆည်းထားတဲ့ အရန်ရေနံများဟာ ရက်ပေါင်း ၂၅၄ ရက်စာ ရေနံစိမ်းသုံးစွဲမှုနဲ့ ညီမျှတဲ့ သိုလှောင်မှုများရှိနေသလိုဓါတ်ငွေ့အရည် သီတင်းပတ် သုံးပတ်စာကျန်ရှိတယ်လို့ သိရပါတယ်။.ကမ္ဘာ့ရှစ်ခုမြောက် အကြီးဆုံး ရေနံစိမ်းသုံးစွဲသူဖြစ်သလို ထုတ်လုပ်ရေးအင်အားကြီးနိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနိုင်ငံဟာလည်း စွမ်းအင်ထောက်ပံ့မှုအပေါ် ဖိအားများကို လျှော့ချဖို့ လောင်စာဆီဈေးနှုန်း ကန့်သတ်ချက်များ ချမှတ်နိုင်အောင် စီမံဆောင်ရွက်နေပါတယ်။သီရိလင်္ကာနိုင်ငံဟာ ကမ္ဘာ့ရေနံစိမ်းဈေးနှုန်းများ မြင့်တက်လာချိန်မှာသိုလှောင်မှုနှင့် ထိတ်လန့်တကြားဝယ်ယူမှုများကို တားဆီးဖို့ မတ်လ ၉ရက်နေ့ ညပိုင်းကစတင်ပြီး လောင်စာဆီလက်လီဈေးနှုန်းများကို ၈ရာခိုင်နှုန်းကျော် တိုးမြင့်ရောင်းချခဲ့ရပါတယ်။ ပါကစ္စတန်နိုင်ငံမှာလည်း ဆိုရင်လည်း လောင်စာဆီ အခက်ခဲများဖြစ်နေရာလောင်စာဆီလိုအပ်ချက်ကို ဖြေရှင်းနိုင်အောင် အစိုးရဝန်ကြီးဌာန အလုပ်များကို သီတင်းပတ်တစ်ပတ်မှာ ၄ရက်သာ ရုံးတက်အလုပ်လုပ်ဖို့စီစဉ်ဆောင်ရွက်နေသလိုတက္ကသိုလ်များကိုလည်း အွန်လိုင်းကတဆင့်သင်ကြားဖို့ ညွှန်ကြားထားပါတယ်။ဒါ့အပြင် ပါကစ္စတန်ဝန်ကြီးချုပ်ဟာ အစိုးရအဖွဲ့ဝင်ဝန်ကြီးများရဲ့လစာကို လျော့ဖို့ နဲ့ လာမယ့်သီတင်းပတ်ကစတင်ပြီး စာသင်ကျောင်းများပိတ်ပင်ထားဖို့ အမိန့်ပေးထားပါတယ်။ ပါကစ္စတန်အစိုးရက အစိုးရအဖွဲ့ အသုံးစရိတ်ကို ၂၀ ရာခိုင်နှုန်းလျော့ချသွားမှာဖြစ်သလို အစိုးရကားများရဲ့ ရေနံသုံးစွဲမှုများကိုလည်း တစ်ဝက်ခန့် လျော့ချမယ်လို့ သိရပါတယ်။ ပါကစ္စတန်နိုင်ငံဟာလက်ရှိအချိန်မှာ အရန် ရေနံ ဟာ သီတင်းပတ် ၄ပတ်စာ သာကျန်ရှိတယ်လို့သိရပါတယ်။

Zawgyi Version:
အီရန္စစ္ပြဲေၾကာင့္ ျဖစ္ေနတဲ့ ေလာင္စာဆီလိုအပ္ခ်က္ျပသာနာမ်ားကို အာရွႏိုင္ငံေတြ ဘယ္လိုမ်ိဳး ရင္ဆိုင္ေျဖရွင္းေနၾကရသလဲ
ဂ်န္ဇက္(NP News) - မတ္ ၁၂
ေဖေဖာ္ဝါရီ ၂၈ရက္မွာစတင္ခဲ့တဲ့ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ႏိုင္ငံမ်ားနဲ အီရန္ႏိုင္ငံၾကားျဖစ္ပြားတဲ့ စစ္ပြဲဟာ သီတင္းပတ္ ႏွစ္ပတ္နီးပါးရွိလာၿပီျဖစ္ပါတယ္။စစ္ပြဲေၾကာင့္တစ္ခ်ိန္က ကမာၻ႔အစည္ကားဆုံး ေရေၾကာင္းလမ္းျဖစ္တဲ့ ေဟာမုဇ့္ ေရလက္ၾကားဟာလက္ရွိအခ်ိန္မွာအသက္လုရတဲ့ စစ္တလင္းျပင္သဖြယ္ ျဖစ္လာေနပါတယ္။ အေမရိကန္ နဲ႔ အီရန္ၾကားစစ္ေရးလႈပ္ရွားမႈေတြနဲ႔အတူ ဒ႐ုန္းနဲ႔ ဒုံးက်ည္တိုက္ခိုက္မႈ အႏၲရာယ္ေတြေၾကာင့္ ကုန္တင္သေဘၤာ ဒါဇင္ေပါင္းမ်ားစြာဟာ ခရီးစဥ္ေတြ ရပ္တန႔္ထားရသလို လမ္းေၾကာင္းေျပာင္းလဲ ေျပးဆြဲေနရပါတယ္။ကမာၻ႔ေရနံကုန္သြယ္မႈရဲ႕ ၂၀ ရာခိုင္ႏႈန္းကို သယ္ယူပို႔ေဆာင္ေပးေနတဲ့ ေနရာျဖစ္တဲ့ ေဟာ္မုဇ့္ ေရလက္ၾကားမွာ မတည္ၿငိမ္မႈမ်ား၊ ဂယက္႐ိုက္မႈမ်ားစြာျဖစ္လာတဲ့အတြက္ အေမရိကန္ အပါအဝင္ ကမာၻာႏိုင္ငံမ်ားဟာ ေရနံ အပါအဝင္ ေလာင္စာဆီလိုအပ္ခ်က္မ်ားစြာရွိေနခဲ့ပါတယ္။အေမရိကန္မွာဆိုရင္ ေရနံေဈးႏႈန္းဟာ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္ ဇူလိုင္လေနာက္ပိုင္း ပထမဆုံးအႀကိမ္အျဖစ္ ေရနံစိမ္းတစ္စည္ကို အေမရိကန္ေဒၚလာ ၁၁၁ ေဒၚလာအထက္ကို စံခ်ိန္တင္ ျမင့္တက္လာခဲ့ပါတယ္။ဒါ့အျပင္ အာရွတိုက္အတြင္းရွိ ႏိုင္ငံမ်ားဟာလည္း ေလာင္စာဆီလိုအပ္ခ်က္ အခက္ခဲမ်ားရွိေနခဲ့ပါတယ္။လတ္တေလာျဖစ္ေပၚေနတဲ့ အီရန္နဲ႔ အေမရိကန္ဦးေဆာင္တဲ့ မဟာမိတ္ႏိုင္ငံမ်ားၾကားျဖစ္ပြားေနတဲ့ အေရွ႕အလယ္ပိုင္း စစ္ေရးပဋိပကၡေတြေၾကာင့္ စက္သုံးဆီတင္သြင္းမႈလမ္းေၾကာင္း အက်ပ္အတည္းျဖစ္ေပၚမႈဟာ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻ႔ႏိုင္ငံေတြအားလုံးကို ႐ိုက္ခတ္ပါတယ္။ ျမန္မာႏိုင္ငံ အပါအဝင္ အာရွတိုက္အတြင္းရွိ ႏိုင္ငံအခ်ိဳ႕ဟာ လက္ရွိအခ်ိန္မွာ ေလာင္စာဆီေခြၽတာေရးကို ရည္႐ြယ္ၿပီး ေလာင္စာဆီမ်ားကိုအလွည့္က် ျဖန႔္ျဖဴးေရာင္းခ်ေပးမယ့္ အစီအစဥ္မ်ားကို စီမံေဆာင္႐ြက္လ်က္ရွိေနပါတယ္။ႏိုင္ငံေတာ္အစိုးရဟာ စက္သုံးဆီေခြၽတာေရး စီမံခ်က္အေနနဲ႔ အိမ္စီးကားေတြကို မတ္ ၇ ရက္ကစၿပီး စုံဂဏန္းနဲ႔ မဂဏန္း ခြဲျခားၿပီး စုံ၊ မ ေန႔ရက္အလိုက္ ေမာင္းႏွင္ဖို႔ ထုတ္ျပန္ထားကာ မတ္ ၇ ရက္ကေန ၁၃ ရက္အထိ ပညာေပးကာလအျဖစ္သတ္မွတ္ၿပီး မတ္လ ၁၄ရက္ေန႔ကစတင္ကာ ယာဥ္မ်ားဟာ သတ္မွတ္ထားတဲ့ စည္းကမ္းအတိုင္းေမာင္းႏွင္ရမွာျဖစ္ပါတယ္။
ျမန္မာႏိုင္ငံ အျပင္ အာရွတိုက္အတြင္းရွိ ႏိုင္ငံအခ်ိဳ႕ဟာလည္း ေလာင္စာဆီအခက္ခဲမ်ား ရင္ဆိုင္ေနရၿပီး ဘဂၤလားေဒရွ႕္ႏိုင္ငံဆိုရင္ ေရနံ၊ ဒီဇယ္နဲ႔ ဓါတ္ေငြ႕လိုအပ္ခ်က္မ်ားေၾကာင့္စာသင္ေက်ာင္းအခ်ိဳ႕ ပိတ္ထားရတယ္လို႔ သိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံရွိ ေလာင္စာဆီဆိုင္မ်ားမွာ လုံၿခဳံေရးတပ္ဖြဲ႕မ်ား ျဖန႔္ၾကတ္ခ်ထားရၿပီးေလာင္စာဆီမ်ားကိုအလွည့္က်ေရာင္းခ်ျခင္း၊ ဒီဇယ္ေရာင္းခ်မႈမ်ားကို ကန႔္သတ္ျခင္း အျပင္ တကၠသိုလ္မ်ားကို ပိတ္ထားျခင္းမ်ား လုပ္ေဆာင္ထားရပါတယ္။လူဦးေရသန္းေပါင္း ၁၇၀ခန႔္ရွိေနတဲ့ဘဂၤလားေဒရွ႕္ႏိုင္ငံဟာ ႏိုင္ငံအတြင္း လိုအပ္တဲ့ ေရနံနဲ႔ ဓါတ္ေငြ႕မ်ားအားလုံးရဲ႕ ၉၅ ရာခိုင္ႏႈန္းကို ျပည္ပႏိုင္ငံမ်ားက တင္သြင္းရၿပီး လက္ရွိအခ်ိန္မွာအီရန္ စစ္ပြဲ အျပင္ ေဟာမုဇ့္ ေရလက္ၾကားပိတ္ပင္မႈမ်ားေၾကာင့္စြမ္းအင္ လိုအပ္ခ်က္မ်ား အခက္ခဲမ်ားစြာျဖစ္ေနရတယ္လို႔ သိရပါတယ္။ ဘဂၤလားေဒရွ႕္ႏိုင္ငံရွိ အထည္ခ်ဳပ္စက္႐ုံေတြဟာလွ်ပ္စီး ျပတ္ေတာက္မႈကို ရင္ဆိုင္ေနရသလို မီးစက္မ်ားအတြက္ ဒီဇယ္အလုံေလာက္ မေပးႏိုင္တဲ့အတြက္ ပိတ္ပင္ထားရတယ္လို႔သိရပါတယ္။ဘဂၤလားေဒရွ႕္ႏိုင္ငံအျပင္ အိႏၵိယႏိုင္ငံဟာလည္း ေလာင္စာဆီလိုအပ္ခ်က္အခက္ခဲကို ရင္ဆိုင္ႏိုင္ဖို႔ ဓာတ္ေငြ႕ခြဲတမ္းစနစ္ကို အေရးေပၚက်င့္သုံးေနရတယ္လို႔သိရပါတယ္။အီရန္စစ္ပြဲေၾကာင့္ေဟာ္မုဇ္ေရလက္ၾကားပိတ္ဆို႔မႈ နဲ႔အတူ ကာတာႏိုင္ငံရဲ႕ သဘာဝဓာတ္ေငြ႕တင္ပို႔မႈ ရပ္ဆိုင္းသြားျခင္းတို႔ေၾကာင့္ အိႏၵိယအစိုးရဟာ ျပည္တြင္းရွိ သဘာဝဓာတ္ေငြ႕ (Gas) ေထာက္ပံ့မႈမ်ားကို အေရးေပၚ ဦးစား ေပးအဆင့္ဆင့္ သတ္မွတ္ကာ ခြဲတမ္းစနစ္နဲ႔ စတင္ျဖန႔္ျဖဴးသြားမယ္လို႔ သတင္းထုတ္ျပန္ထားပါတယ္။ အိႏၵိယႏိုင္ငံဟာ ၎တို႔ေန႔စဥ္သုံးစြဲေနတဲ့ ဓာတ္ေငြ႕ ပမာဏရဲ႕ တစ္ဝက္ခန႔္ကို ျပည္ပႏိုင္ငံကေန တင္သြင္းေနရေပမယ့္ လက္ရွိအခ်ိန္မွာ စစ္ပြဲေၾကာင့္ လမ္းေၾကာင္းပိတ္ဆို႔မႈေၾကာင့္ အခက္အခဲနဲ႔ ရင္ဆိုင္ေနရတာျဖစ္ပါတယ္။အိႏၵိယအစိုးရဟာ အိမ္သုံးခ်က္ျပဳတ္ဂတ္စ္ႏွင့္ သယ္ယူပို႔ေဆာင္ေရးက႑ (ေမာ္ေတာ္ ယာဥ္ေလာင္စာ) တို႔ကို အျပည့္အဝ ေထာက္ပံ့ေပးမွာျဖစ္ေပမယ့္စိုက္ပ်ိဳးေရးအတြက္ အေရးပါတဲ့ ေျမၾသဇာစက္႐ုံမ်ားကို ၇၀ ရာခိုင္ ႏႈန္း ေထာက္ပံ့သြားမွာျဖစ္ပါတယ္။ဒါ့အျပင္အိႏၵိယအစိုးရဟာ လက္ဖက္လုပ္ငန္း၊ ကုန္ထုတ္လုပ္ငန္းနဲ႔ အျခားစက္မႈလက္မႈ လုပ္ငန္းမ်ားကို ဓါတ္ေငြ႕ ၈၀ ရာခိုင္ႏႈန္း ေထာက္ပံ့မွာျဖစ္ၿပီး အေသးစား စက္မႈလုပ္ငန္းမ်ားနဲ႔ စီးပြားေရးလုပ္ငန္းရွင္မ်ားကို စတုထၱဦးစားေပးအဆင့္ သတ္မွတ္ထားၿပီး ဓါတ္ေငြ႕ ၈၀ ရာခိုင္ႏႈန္း ေထာက္ပံ့သြားမွာျဖစ္ပါတယ္။အိႏၵိယႏိုင္ငံမွာ ဓါတ္ေငြ႕လိုအပ္ခ်က္မ်ားျမင့္တက္မႈနဲ႔အတူ ခြဲတမ္း အလွည့္က်စနစ္နဲ႔ ေပးေနရတဲ့အတြက္ ကုန္ထုတ္လုပ္မႈက႑အခ်ိဳ႕မွာ ထုတ္လုပ္မႈ ေလ်ာ့က်လာႏိုင္တဲ့အလားအလာရွိေနပါတယ္။ဗီယက္နမ္ႏိုင္ငံမွာဆိုရင္လည္း
အီရန္စစ္ပြဲေၾကာင့္ျဖစ္ေပၚလာတဲ့ ေလာင္စာဆီျပတ္ေတာက္မႈနဲ႔ ေဈးႏႈန္းအဆမတန္ ျမင့္တက္လာမႈမ်ားကိုတုံ႔ျပန္ဖို႔ ဗီယက္နမ္ စက္မႈႏွင့္ ကူးသန္းေရာင္းဝယ္ေရး ဝန္ႀကီးဌာနဟာ ျပည္တြင္းရွိ စီးပြားေရးလုပ္ငန္းမ်ားကို ၎တို႔၏ ဝန္ထမ္းမ်ားအား အိမ္မွေနၿပီးအလုပ္လုပ္ၾကရန္ (Work from Home) တိုက္တြန္းႏႈိးေဆာ္ထားရတဲ့အေျခေနမ်ိဳးရွိေနပါတယ္။ဗီယက္နမ္ႏိုင္ငံရဲ႕ အႀကီးဆုံး စြမ္းအင္ကုမၸဏီျဖစ္တဲ့ Petrolimex ပီထ႐ို လီမက္ရဲ႕အခ်က္အလက္မ်ားအရ အီရန္စစ္ပြဲစတင္တဲ့ ေဖေဖာ္ဝါရီလကုန္ပိုင္းကစတင္ၿပီး ဓာတ္ဆီေဈးႏႈန္းက ၃၂ ရာခိုင္ႏႈန္း ဒီဇယ္ ေဈးႏႈန္းက ၅၆ ရာခိုင္ႏႈန္း၊ ေရနံဆီ ေဈးႏႈန္းက ၈၀ ရာခိုင္ႏႈန္းအထိ ျမင့္တက္ခဲ့တယ္လို႔သိရပါတယ္။ဗီယက္နမ္ႏိုင္ငံမွာ ေလာင္စာဆီေဈးႏႈန္း ျမင့္တက္မႈကို ထိန္းခ်ဳပ္ဖို႔ ဗီယက္နမ္ အစိုးရဟာ ေလာင္စာဆီတင္သြင္းမႈအေပၚ ေကာက္ခံတဲ့ အခြန္အခမ်ားကို လာမယ့္ ဧၿပီလကုန္အထိ ကင္းလြတ္ခြင့္ျပဳဖို႔ ဆုံးျဖတ္ထားရတဲ့အေျခေနမ်ိဳးရွိေနပါတယ္။ဗီယက္နမ္ႏိုင္ငံရွိ ဟႏြိဳင္းၿမိဳ႕ရွိ ဆီဆိုင္မ်ားမွာ ေလာင္စာဆီဝယ္ယူဖို႔ တန္းစီေစာင့္ဆိုင္းေနရတဲ့ လူအုပ္ႀကီးကို ေတြ႕ျမင္ေနရတယ္လို႔ သတင္းမ်ားက ေဖာ္ျပထားပါတယ္။
ဒါ့အျပင္ ဗီယက္နမ္အစိုးရဟာ သယ္ယူပို႔ေဆာင္ေရး စရိတ္ေလွ်ာ့ခ်ဖို႔ အလုပ္သမားမ်ားအား အိမ္ကသာ အလုပ္လုပ္ေစကာ သယ္ယူပို႔ေဆာင္ေရးအတြက္ အသုံးျပဳရတဲ့ေလာင္စာဆီပမာဏကို သိသိသာသာ ေလွ်ာ့ခ်ႏိုင္ဖို႔ ျပင္ဆင္ေနပါတယ္။ သီရိလကၤာႏိုင္ငံမွာလည္း ေလာင္စာဆီ လိုအပ္ခ်က္ ေခြၽတာဖို႔အတြက္ အလွည့္က်ေပးတဲ့စနစ္ကို က်င့္သုံးေနရၿပီးျပည္သူမ်ားဟာ မလိုအပ္ဘဲ ေလာင္စာဆီမ်ားကို စုေဆာင္းမယ္ဆိုရင္ ေလာင္စာဆီမ်ားကို က်ဴအာကုတ္နဲ႔အလွည့္က် ေရာင္းခ်ေပးတဲ့စနစ္ကို ျပန္လည္လုပ္ေဆာင္သြားမယ္လို႔ သတိေပးထားပါတယ္။ထိုင္းႏိုင္ငံကေတာ့ ၿပီးခဲ့တဲ့ သီတင္းပတ္အပတ္မွာ ႏွစ္လစာ ေရနံေထာက္ပံ့မႈမ်ား ရရွိခဲ့ေပမယ့္လည္း ၎တို႔ရဲ႕ေရနံ ပိုင္ဆိုင္မႈကို ထိန္းသိမ္းဖို႔ ေရနံ ပို႔ကုန္မ်ားကို ရပ္ဆိုင္းထားတယ္လို႔သိရပါတယ္။ကမာၻေရနံေဈးႏႈန္းျမင့္တက္လာမႈနဲ႔အတူ ကေမာၻဒီးယားအစိုးရကလည္း ေလာင္စာဆီေဈးႏႈန္းမ်ားကို သုံးရက္ၾကာတိုးျမႇင့္ခဲ့ရၿပီး ကေမာၻဒီးယားႏိုင္ငံမွာ အရန္ ေလာင္စာဆီဟာ သီတင္းပတ္သုံးပတ္စာသာ က်န္ရွိတယ္လို႔ သိရပါတယ္။
တ႐ုတ္ႏိုင္ငံဟာဆိုရင္လည္း ျပည္တြင္း လိုအပ္ခ်က္ကိုျဖည့္ဆည္းေပးႏိုင္ေအာင္ ေရနံ နဲ႔ ဓါတ္ဆီမ်ားကို ျပည္ပတင္ပို႔ေရာင္းခ်မႈမ်ား ဆိုင္းငံထားဖို႔ ျပည္တြင္းေရနံ စက္႐ုံနဲ႔ ကုမၼဏီမ်ားကို အမိန႔္ေပးထားသလိုအင္ဒိုနိးရွားႏိုင္ငံကလည္း ေရနံေဈးႏႈန္းျမင့္တက္ေနမယ္ဆိုရင္ အစိုးရအေနနဲ ေရနံနဲ႔ပတ္သက္ၿပီး ဘတ္ဂ်က္ကူညီေထာက္ပံ့ေပးႏိုင္မွာမဟုတ္ဘူးလို႔ သတိေပးထားပါတယ္။ဖိလစ္ပိုင္ႏိုင္ငံဟာလည္း ေလာင္စာဆီလိုအပ္ခ်က္ျမင့္တက္မႈနဲ႔အတူ ေဈးႏႈန္းျမင့္တက္မႈကို ေျဖရွင္းဖို႔ အစိုးရ႐ုံးဌာနနဲ႔ ေအဂ်င္စီမ်ားကို သီတင္းပတ္တစ္ပတ္မွာ အလုပ္ ၄ရက္သာ အလုပ္လုပ္ဖို႔ စီမံေဆာင္႐ြက္ထားရပါတယ္။ဖိလစ္ပိုင္သမၼတ ဖာဒီနန္မာကိုစ့္ဟာ ေလာင္စာဆီနဲ႔ လွ်ပ္စစ္မီးသုံးစြဲမႈမ်ားကို ၂၀ရာခိုင္ႏႈန္း ေလ်ာ့ခ်ဖို႔ အစိုးရဌာနအားလုံးကို အလုပ္မ်ားကို သီတင္းပတ္ တစ္ပတ္မွာ ၄ရက္သာ အလုပ္ဆင္းဖို႔ အမိန႔္ေပးထားရပါတယ္။ ဖိလစ္ပိုင္ႏိုင္ငံရဲ႕ ေလာင္စာဆီ ေရာင္းခ်တဲ့ ဆိုင္မ်ားမွာ တန္းစီေနတဲ့ လူအုပ္ႀကီးမ်ား ပိုမိုမ်ားျပားေနတဲ့အတြက္ရဲတပ္ဖြဲ႕က သတိေပးေနရပါတယ္။ ဂ်ပန္ႏိုင္ငံမွာဆိုရင္လည္း ေရနံလိုအပ္မႈနဲ႔ ေထာက္ပံ့မႈ ၾကာရွည္စြာ ျပတ္ေတာက္ျခင္းက ကာကြယ္ေပးႏိုင္ေအာင္
ေရနံခ်က္စက္႐ုံမ်ားက ေတာင္းဆိုေနတဲ့ အစီအမံတစ္ခုျဖစ္တဲ့ ေရနံသိုက္မ်ားကို အသုံးျပဳဖို႔ စဥ္းစားေနတယ္လို႔သိရပါတယ္။ဂ်ပန္ႏိုင္ငံမွာ ပုဂၢလိကက႑မွ သိမ္းဆည္းထားတဲ့ အရန္ေရနံမ်ားဟာ ရက္ေပါင္း ၂၅၄ ရက္စာ ေရနံစိမ္းသုံးစြဲမႈနဲ႔ ညီမွ်တဲ့ သိုေလွာင္မႈမ်ားရွိေနသလိုဓါတ္ေငြ႕အရည္ သီတင္းပတ္ သုံးပတ္စာက်န္ရွိတယ္လို႔ သိရပါတယ္။.ကမာၻ႔ရွစ္ခုေျမာက္ အႀကီးဆုံး ေရနံစိမ္းသုံးစြဲသူျဖစ္သလို ထုတ္လုပ္ေရးအင္အားႀကီးႏိုင္ငံျဖစ္တဲ့ ေတာင္ကိုရီးယားႏိုင္ငံဟာလည္း စြမ္းအင္ေထာက္ပံ့မႈအေပၚ ဖိအားမ်ားကို ေလွ်ာ့ခ်ဖို႔ ေလာင္စာဆီေဈးႏႈန္း ကန႔္သတ္ခ်က္မ်ား ခ်မွတ္ႏိုင္ေအာင္ စီမံေဆာင္႐ြက္ေနပါတယ္။သီရိလကၤာႏိုင္ငံဟာ ကမာၻ႔ေရနံစိမ္းေဈးႏႈန္းမ်ား ျမင့္တက္လာခ်ိန္မွာသိုေလွာင္မႈႏွင့္ ထိတ္လန႔္တၾကားဝယ္ယူမႈမ်ားကို တားဆီးဖို႔ မတ္လ ၉ရက္ေန႔ ညပိုင္းကစတင္ၿပီး ေလာင္စာဆီလက္လီေဈးႏႈန္းမ်ားကို ၈ရာခိုင္ႏႈန္းေက်ာ္ တိုးျမင့္ေရာင္းခ်ခဲ့ရပါတယ္။ ပါကစၥတန္ႏိုင္ငံမွာလည္း ဆိုရင္လည္း ေလာင္စာဆီ အခက္ခဲမ်ားျဖစ္ေနရာေလာင္စာဆီလိုအပ္ခ်က္ကို ေျဖရွင္းႏိုင္ေအာင္ အစိုးရဝန္ႀကီးဌာန အလုပ္မ်ားကို သီတင္းပတ္တစ္ပတ္မွာ ၄ရက္သာ ႐ုံးတက္အလုပ္လုပ္ဖို႔စီစဥ္ေဆာင္႐ြက္ေနသလိုတကၠသိုလ္မ်ားကိုလည္း အြန္လိုင္းကတဆင့္သင္ၾကားဖို႔ ၫႊန္ၾကားထားပါတယ္။ဒါ့အျပင္ ပါကစၥတန္ဝန္ႀကီးခ်ဳပ္ဟာ အစိုးရအဖြဲ႕ဝင္ဝန္ႀကီးမ်ားရဲ႕လစာကို ေလ်ာ့ဖို႔ နဲ႔ လာမယ့္သီတင္းပတ္ကစတင္ၿပီး စာသင္ေက်ာင္းမ်ားပိတ္ပင္ထားဖို႔ အမိန႔္ေပးထားပါတယ္။ ပါကစၥတန္အစိုးရက အစိုးရအဖြဲ႕ အသုံးစရိတ္ကို ၂၀ ရာခိုင္ႏႈန္းေလ်ာ့ခ်သြားမွာျဖစ္သလို အစိုးရကားမ်ားရဲ႕ ေရနံသုံးစြဲမႈမ်ားကိုလည္း တစ္ဝက္ခန႔္ ေလ်ာ့ခ်မယ္လို႔ သိရပါတယ္။ ပါကစၥတန္ႏိုင္ငံဟာလက္ရွိအခ်ိန္မွာ အရန္ ေရနံ ဟာ သီတင္းပတ္ ၄ပတ္စာ သာက်န္ရွိတယ္လို႔သိရပါတယ္။

Related news

© 2021. All rights reserved.