ပရိသတ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သော မောင်မောင်လွင် ကို စံပြ အရေးယူရန် လိုဟုဆို

 525

သုတကျော် (NP News) - မတ် ၁၂
ပွဲကြည့်စင်ပေါ် တက်ကာ ပရိသတ်ကို ကိုယ်ထိလက်ရောက် ကျူးလွန်သော ရန်ကုန်ယူနိုက်တက်အသင်း ခေါင်းဆောင် မောင်မောင်လွင် ကို စံပြ အရေးယူရန် လိုကြောင်း အားကစား ကလောင်ရှင် တစ်ဦးက NP News သတင်းဌာန သို့ ပြောသည်။
အဆိုပါ ဖြစ်စဉ် သည် မတ်လ (၁၀) ရက်က ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်မြို့ ရှိ သီဟဒီပဘောလုံးကွင်း တွင် ရတနာပုံ အသင်း နှင့် ယှဉ်ပြိုင်ကစားသော မြန်မာနေရှင်နယ်လိဂ် ပွဲစဉ်တွင် ပထမပိုင်း ပြီးဆုံးချိန် တွင် ပွဲကြည့်စင်မှ ပရိသတ် အမျိုးသမီး တစ်ဦးကို အဆိုပါ နေရာ အထိ သွားရောက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
ယင်းသို့ ကျူးလွန်ပြီးနောက် ပွဲစဉ် ဒုတိယပိုင်းတွင်လည်း မောင်မောင်လွင်ကို ဆက်လက် ကစားစေသည့် အပေါ် အင်တာနက် စာမျက်နှာများထက်တွင် ဝေဖန်မှုများ ရှိနေသည်။
အဆိုပါ ပရိသတ်အမျိုးသမီးသည် ယခင်က ရန်ကုန်ယူနိုက်တက် အသင်း ကို အားပေးသူ ဖြစ်သော်လည်း အရက်မူးကာ အကြိမ်ကြိမ် ပြဿနာရှာသည့် အတွက် ကွင်းကို လာခွင့်မပြုတော့ကြောင်း၊ ယင်းနောက် ရန်ကုန်ယူနိုက်တက် အသင်း ၏ ပွဲစဉ်များတွင် ကစားသမားများကို လာရောက် ဆဲဆိုလေ့ရှိသူ ဖြစ်ကြောင်း နှင့် မောင်မောင်လွင် ၏ အမည်ပြောင်ကို ခေါ်ဝေါ်ဆဲဆိုခဲ့ခြင်း ဖြစ်ကြောင်း ရန်ကုန်ယူနိုက်တက် အသင်းမှ တာဝန်ရှိသူ တစ်ဦးက လူမှုကွန်ယက် ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် ရေးသားထားသည်။
“အဓိကအချက်ကတော့ ပရိသတ်ဆိုတာကတော့ ကိုယ့်ကိုမကျေနပ်လို့ ဆဲရင်လည်း ဆဲမယ်၊ တစ်ခါတလေ ကြည့်မရလို့ ဆဲရင်လည်း ဆဲမယ်။ ဒါတွေကို သည်းညည်းခံပြီးတော့ ကစားရတာပဲ။ တစ်ခါတလေ ပရိသတ်ဆိုတာ ကိုယ်ကတော့ ဘောလုံးကွင်းထဲမှာ မှန်တယ်ထင်ပြီးတော့ လုပ်လိုက်တယ်၊ ဒါပေမဲ့ အနီးကပ်ကြည့်တဲ့အခါ အဲ့ဒီဥစ္စာကိုလည်း ဒီလိုလုပ်ရသလား၊ ရူးနေလားဆိုပြီး ကိုယ့်ကိုဆဲရင်လည်း ဆဲမှာဗျ” ဟု အားကစား ကလောင်ရှင်တစ်ဦးက ဆိုသည်။
ပရိသတ်များ အနေဖြင့် ပရိသတ်အမြင်ဖြင့် ကြည့်သည့်အပေါ် ကစားသမားက နာလည်မှုဖြင့် ပြန်လည် ဆက်ဆံရခြင်းမျိုး ရှိကြောင်း ၎င်းက ဆိုသည်။
“ဒါဟာ စံပြ (အရေးယူတာ)လည်းဖြစ်ဖို့ လိုတယ်လို့ ကျွန်တော် ထင်တယ်ဗျ။ မောင်မောင်လွင်က အခု မန်ယူတို့ဘာတို့ကိုလည်း ဂိုးသွင်းခဲ့တဲ့ ကစားသမားပေါ့လေ၊ ။ဒါပေမဲ့ မြန်မာပြည်မှာ စံပြနမူနာတစ်ခုတော့ ဖြစ်လာဖို့ လိုတယ်။ ဘာလို့လဲဆိုတော့ ဒီလိုလုပ်ရင် နာမည်ကြီးပဲ ဖြစ်နေပါစေ၊ ဘယ်လိုပဲဖြစ်နေပါစေ၊ လက်ရွေးစင်အသင်းမှာ ဘယ်လောက်ပဲ အဓိကကျပါစေ၊ ဒီလိုမျိုး ပရိသတ်ကို လုပ်ရင် ငါတို့က ဒီလို အရေးယူတယ်ဆိုပြီးတော့ ကျန်တဲ့ ကစားသမားတွေ နောက်နောင် မလုပ်ရဲအောင်ပေါ့ဗျာ” ဟု ၎င်းက ဆိုသည်။

Zawgyi Version:
ပရိသတ္ကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေသာ ေမာင္ေမာင္လြင္ ကို စံျပ အေရးယူရန္ လိုဟုဆို
သုတေက်ာ္ (NP News) - မတ္ ၁၂
ပြဲၾကည့္စင္ေပၚ တက္ကာ ပရိသတ္ကို ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေသာ ရန္ကုန္ယူႏိုက္တက္အသင္း ေခါင္းေဆာင္ ေမာင္ေမာင္လြင္ ကို စံျပ အေရးယူရန္ လိုေၾကာင္း အားကစား ကေလာင္ရွင္ တစ္ဦးက NP News သတင္းဌာန သို႔ ေျပာသည္။
အဆိုပါ ျဖစ္စဥ္ သည္ မတ္လ (၁၀) ရက္က ရန္ကုန္တိုင္းေဒသႀကီး၊ သန္လ်င္ၿမိဳ႕ ရွိ သီဟဒီပေဘာလုံးကြင္း တြင္ ရတနာပုံ အသင္း ႏွင့္ ယွဥ္ၿပိဳင္ကစားေသာ ျမန္မာေနရွင္နယ္လိဂ္ ပြဲစဥ္တြင္ ပထမပိုင္း ၿပီးဆုံးခ်ိန္ တြင္ ပြဲၾကည့္စင္မွ ပရိသတ္ အမ်ိဳးသမီး တစ္ဦးကို အဆိုပါ ေနရာ အထိ သြားေရာက္ကာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္။
ယင္းသို႔ က်ဴးလြန္ၿပီးေနာက္ ပြဲစဥ္ ဒုတိယပိုင္းတြင္လည္း ေမာင္ေမာင္လြင္ကို ဆက္လက္ ကစားေစသည့္ အေပၚ အင္တာနက္ စာမ်က္ႏွာမ်ားထက္တြင္ ေဝဖန္မႈမ်ား ရွိေနသည္။
အဆိုပါ ပရိသတ္အမ်ိဳးသမီးသည္ ယခင္က ရန္ကုန္ယူႏိုက္တက္ အသင္း ကို အားေပးသူ ျဖစ္ေသာ္လည္း အရက္မူးကာ အႀကိမ္ႀကိမ္ ျပႆနာရွာသည့္ အတြက္ ကြင္းကို လာခြင့္မျပဳေတာ့ေၾကာင္း၊ ယင္းေနာက္ ရန္ကုန္ယူႏိုက္တက္ အသင္း ၏ ပြဲစဥ္မ်ားတြင္ ကစားသမားမ်ားကို လာေရာက္ ဆဲဆိုေလ့ရွိသူ ျဖစ္ေၾကာင္း ႏွင့္ ေမာင္ေမာင္လြင္ ၏ အမည္ေျပာင္ကို ေခၚေဝၚဆဲဆိုခဲ့ျခင္း ျဖစ္ေၾကာင္း ရန္ကုန္ယူႏိုက္တက္ အသင္းမွ တာဝန္ရွိသူ တစ္ဦးက လူမႈကြန္ယက္ ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ေရးသားထားသည္။
“အဓိကအခ်က္ကေတာ့ ပရိသတ္ဆိုတာကေတာ့ ကိုယ့္ကိုမေက်နပ္လို႔ ဆဲရင္လည္း ဆဲမယ္၊ တစ္ခါတေလ ၾကည့္မရလို႔ ဆဲရင္လည္း ဆဲမယ္။ ဒါေတြကို သည္းညည္းခံၿပီးေတာ့ ကစားရတာပဲ။ တစ္ခါတေလ ပရိသတ္ဆိုတာ ကိုယ္ကေတာ့ ေဘာလုံးကြင္းထဲမွာ မွန္တယ္ထင္ၿပီးေတာ့ လုပ္လိုက္တယ္၊ ဒါေပမဲ့ အနီးကပ္ၾကည့္တဲ့အခါ အဲ့ဒီဥစၥာကိုလည္း ဒီလိုလုပ္ရသလား၊ ႐ူးေနလားဆိုၿပီး ကိုယ့္ကိုဆဲရင္လည္း ဆဲမွာဗ်” ဟု အားကစား ကေလာင္ရွင္တစ္ဦးက ဆိုသည္။
ပရိသတ္မ်ား အေနျဖင့္ ပရိသတ္အျမင္ျဖင့္ ၾကည့္သည့္အေပၚ ကစားသမားက နာလည္မႈျဖင့္ ျပန္လည္ ဆက္ဆံရျခင္းမ်ိဳး ရွိေၾကာင္း ၎က ဆိုသည္။
“ဒါဟာ စံျပ (အေရးယူတာ)လည္းျဖစ္ဖို႔ လိုတယ္လို႔ ကြၽန္ေတာ္ ထင္တယ္ဗ်။ ေမာင္ေမာင္လြင္က အခု မန္ယူတို႔ဘာတို႔ကိုလည္း ဂိုးသြင္းခဲ့တဲ့ ကစားသမားေပါ့ေလ၊ ။ဒါေပမဲ့ ျမန္မာျပည္မွာ စံျပနမူနာတစ္ခုေတာ့ ျဖစ္လာဖို႔ လိုတယ္။ ဘာလို႔လဲဆိုေတာ့ ဒီလိုလုပ္ရင္ နာမည္ႀကီးပဲ ျဖစ္ေနပါေစ၊ ဘယ္လိုပဲျဖစ္ေနပါေစ၊ လက္ေ႐ြးစင္အသင္းမွာ ဘယ္ေလာက္ပဲ အဓိကက်ပါေစ၊ ဒီလိုမ်ိဳး ပရိသတ္ကို လုပ္ရင္ ငါတို႔က ဒီလို အေရးယူတယ္ဆိုၿပီးေတာ့ က်န္တဲ့ ကစားသမားေတြ ေနာက္ေနာင္ မလုပ္ရဲေအာင္ေပါ့ဗ်ာ” ဟု ၎က ဆိုသည္။

Related news

© 2021. All rights reserved.