လက်ရွေးစင်အသင်းခေါင်းဆောင် မောင်မောင်လွင်ကို ခြောက်လ ပွဲပယ်ပြစ်ဒဏ် နှင့် ဒဏ်ငွေပေးဆောင်ရန် MFF ဆုံးဖြတ်

378

ပီယ (NP News) - မတ် ၁၃
ပွဲကြည့်စင်ပေါ် တက်ကာ ကိုယ်ထိလက်ရောက် ကျူးလွန်သော မောင်မောင်လွင်ကို ခြောက်လ ပွဲပယ်ပြစ်ဒဏ် နှင့် ဒဏ်ငွေပေးဆောင်ရန် မြန်မာနိုင်ငံ ဘောလုံး အဖွဲ့ချုပ် (MFF) က ဆုံးဖြတ်ခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။
မတ်လ ၁၀ ရက်က သန်လျင်သီဟဒီပကွင်း၌ ကျင်းပခဲ့သည့် ပွဲစဉ်အမှတ် (၁၂၂)၊ ရတနာပုံအသင်းနှင့် ရန်ကုန်ယူနိုက်တက်အသင်းတို့ ပွဲစဉ်တွင် မြန်မာလက်ရွေးစင် အသင်းခေါင်းဆောင်၊ ရန်ကုန်ယူနိုက်တက် အသင်း ကစားသမား မောင်မောင်လွင်ကလာရောက်ကြည့်ရှု့သည့် ပရိတ်သတ် အမျိုးသမီးတစ်ဦးကို ကိုယ်ထိလက်ရောက်ကျူးလွန်ခဲ့ခြင်း ဖြစ်သည်။
MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီသည် အထက်ပါဖြစ်ရပ်များအတွက် မတ်လ ၁၂ ရက် နေ့လည်ပိုင်းတွင် အစည်းအဝေးပြုလုပ်၍ ရတနာပုံ-ရန်ကုန်ယူနိုက်တက်ပွဲစဉ် ရုပ်သံမှတ်တမ်းများအား ပြန်လည်ကြည့်ရှုခြင်း၊ ပြိုင်ပွဲကြီးကြပ်နှင့် မှတ်တမ်းပုံများအား ပြန်လည်လေ့လာသုံးသပ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
အဆိုပါပြိုင်ပွဲသို့ ပွဲကြည့်စင်ပေါ်မှ လာရောက်ကြည့်ရှုအားပေးသည့် အမျိုးသမီးပရိသတ်တစ်ဦး (ယခင်က ဘောလုံးပြိုင်ပွဲများလာရောက်ကြည့်ရှုအားပေးရာတွင် ပြိုင်ပွဲကြည့်ရှုနေစဉ်တလျောက် အသင်းများမှနည်းပြ/ ကစားသမားအပါအဝင် ပရိသတ်၊ပြိုင်ပွဲတာဝန်ကျဝန်ထမ်းများအား ကြမ်းတမ်းစွာ အော်ဟစ်ပြောဆိုခဲ့သည့်အတွက် နိုင်ငံတကာဘောလုံးပြိုင်ပွဲများနှင့် ဖူဆယ်ပြိုင်ပွဲများတွင် ပွဲကြည့်ခွင့်ပိတ်ပင်ခြင်းခံခဲ့ရဖူးသူ) သည် ပြိုင်ပွဲကြည့်ရှုနေစဉ် ရန်ကုန်ယူနိုက်တက်အသင်းမှ ကစားသမားနာမည်တပ်၍ ဝေဖန်ပုတ်ခတ်အော်ဟစ်ဆဲဆိုနေခဲ့သဖြင့် ပထမပိုင်းပြိုင်ပွဲအပြီး ပွဲရပ်နားနေစဉ်အတွင်း ရန်ကုန်ယူနိုက်တက်အသင်းမှ ကျောနံပါတ် (၇၇) မောင်မောင်လွင်သည် ပွဲကြည့်စင်ပေါ်ပြေးတက်၍ အဆိုပါအမျိုးသမီးအား ကိုယ်ထိလက်ရောက် တွန်းထိုးခဲ့သည့်ဖြစ်စဉ်ဖြစ်ပေါ်ခဲ့ကြောင်းတွေ့ရှိရသည်ဟု ရေးသားထားသည်။
မည်သို့ပင်ဖြစ်စေ ကစားသမားတစ်ဦးအနေဖြင့် စောင့်ထိန်းလိုက်နာရမည့် စည်းကမ်းကျင့်ဝတ်များကို ကျော်လွန်၍ ယခုကဲ့သို့ ပြုမူလုပ်ဆောင်ခဲ့ခြင်းအတွက် MNL I & II League 2025-26 Regulations စည်းကမ်းထိန်းသိမ်းရေးမူ အပိုဒ်(၁၄) နှင့် (၁၈)တို့အရ ၁၁-၃-၂၀၂၆ ရက်နေ့မှ စတင်၍ မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်၊ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲကျင်းပရေးမှ ကြီးမှူးကျင်းပသောပြိုင်ပွဲများ၊ ဘောလုံးနှင့်ပတ်သက်သော လှုပ်ရှားမှုများတွင် (၆)လအထိ ကစားခွင့်/ပါဝင်လုပ်ဆောင်ခွင့် မပြုရန်နှင့် ဒဏ်ကြေးငွေကျပ်သိန်း(၃၀) ပေးဆောင်ရန် ချမှတ်ခဲ့ကြောင်း ဖော်ပြထားသည်။
ထို့အတူ တာဝန်ကျဒိုင်လူကြီး ဦးကျော်ဇေယျာအောင်သည် ပထမပိုင်းအပြီး ရန်ကုန်ယူနိုက်တက်အသင်းမှ မောင်မောင်လွင် ကျောနံပါတ် (၇၇) ၏ ဖြစ်ရပ်အတွက် ဥပဒေအရ အနီကတ်ပြသခြင်းမရှိဘဲ ဘောလုံးဥပဒေစည်းမျဉ်းကို မျက်ကွယ်ပြုဆောင်ရွက်ခဲ့ခြင်းကြောင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ ပါဝင်ကိုင်တွယ်ခြင်းမပြုရန် ဆုံးဖြတ်ခဲ့သည်။
အလားတူ ပြိုင်ပွဲကြီးကြပ်နှင့် ဒိုင်ကြီးကြပ်တို့အနေဖြင့် ဒုတိယပိုင်းပြန်လည်မစတင်မီ ဥပဒေနှင့်အညီ ကွင်းလယ်ဒိုင်လူကြီးကို ဆောင်ရွက်ရန် သတိပေးခြင်းမရှိသဖြင့် ၂၀၂၅-၂၆ မြန်မာနေရှင်နယ်လိဂ်ပြိုင်ပွဲများတွင် အနီးစပ်ဆုံး (၃) ပွဲ တာဝန်ချထားခြင်းမပြုရန် MFF စည်းကမ်းထိန်းသိမ်းရေးနှင့် ကျင့်ဝတ်ကော်မတီမှ ချမှတ်ခဲ့ကြောင်း ရေးသားထားသည်။

Zawgyi Version:
လက္ေ႐ြးစင္အသင္းေခါင္းေဆာင္ ေမာင္ေမာင္လြင္ကို ေျခာက္လ ပြဲပယ္ျပစ္ဒဏ္ ႏွင့္ ဒဏ္ေငြေပးေဆာင္ရန္ MFF ဆုံးျဖတ္
ပီယ (NP News) - မတ္ ၁၃
ပြဲၾကည့္စင္ေပၚ တက္ကာ ကိုယ္ထိလက္ေရာက္ က်ဴးလြန္ေသာ ေမာင္ေမာင္လြင္ကို ေျခာက္လ ပြဲပယ္ျပစ္ဒဏ္ ႏွင့္ ဒဏ္ေငြေပးေဆာင္ရန္ ျမန္မာႏိုင္ငံ ေဘာလုံး အဖြဲ႕ခ်ဳပ္ (MFF) က ဆုံးျဖတ္ခဲ့ေၾကာင္း သတင္းထုတ္ျပန္ထားသည္။
မတ္လ ၁၀ ရက္က သန္လ်င္သီဟဒီပကြင္း၌ က်င္းပခဲ့သည့္ ပြဲစဥ္အမွတ္ (၁၂၂)၊ ရတနာပုံအသင္းႏွင့္ ရန္ကုန္ယူႏိုက္တက္အသင္းတို႔ ပြဲစဥ္တြင္ ျမန္မာလက္ေ႐ြးစင္ အသင္းေခါင္းေဆာင္၊ ရန္ကုန္ယူႏိုက္တက္ အသင္း ကစားသမား ေမာင္ေမာင္လြင္ကလာေရာက္ၾကည့္ရႈ႕သည့္ ပရိတ္သတ္ အမ်ိဳးသမီးတစ္ဦးကို ကိုယ္ထိလက္ေရာက္က်ဴးလြန္ခဲ့ျခင္း ျဖစ္သည္။
MFF စည္းကမ္းထိန္းသိမ္းေရးႏွင့္ က်င့္ဝတ္ေကာ္မတီသည္ အထက္ပါျဖစ္ရပ္မ်ားအတြက္ မတ္လ ၁၂ ရက္ ေန႔လည္ပိုင္းတြင္ အစည္းအေဝးျပဳလုပ္၍ ရတနာပုံ-ရန္ကုန္ယူႏိုက္တက္ပြဲစဥ္ ႐ုပ္သံမွတ္တမ္းမ်ားအား ျပန္လည္ၾကည့္ရႈျခင္း၊ ၿပိဳင္ပြဲႀကီးၾကပ္ႏွင့္ မွတ္တမ္းပုံမ်ားအား ျပန္လည္ေလ့လာသုံးသပ္ျခင္းမ်ား ျပဳလုပ္ခဲ့ေၾကာင္း ထုတ္ျပန္ခ်က္တြင္ ေဖာ္ျပထားသည္။
အဆိုပါၿပိဳင္ပြဲသို႔ ပြဲၾကည့္စင္ေပၚမွ လာေရာက္ၾကည့္ရႈအားေပးသည့္ အမ်ိဳးသမီးပရိသတ္တစ္ဦး (ယခင္က ေဘာလုံးၿပိဳင္ပြဲမ်ားလာေရာက္ၾကည့္ရႈအားေပးရာတြင္ ၿပိဳင္ပြဲၾကည့္ရႈေနစဥ္တေလ်ာက္ အသင္းမ်ားမွနည္းျပ/ ကစားသမားအပါအဝင္ ပရိသတ္၊ၿပိဳင္ပြဲတာဝန္က်ဝန္ထမ္းမ်ားအား ၾကမ္းတမ္းစြာ ေအာ္ဟစ္ေျပာဆိုခဲ့သည့္အတြက္ ႏိုင္ငံတကာေဘာလုံးၿပိဳင္ပြဲမ်ားႏွင့္ ဖူဆယ္ၿပိဳင္ပြဲမ်ားတြင္ ပြဲၾကည့္ခြင့္ပိတ္ပင္ျခင္းခံခဲ့ရဖူးသူ) သည္ ၿပိဳင္ပြဲၾကည့္ရႈေနစဥ္ ရန္ကုန္ယူႏိုက္တက္အသင္းမွ ကစားသမားနာမည္တပ္၍ ေဝဖန္ပုတ္ခတ္ေအာ္ဟစ္ဆဲဆိုေနခဲ့သျဖင့္ ပထမပိုင္းၿပိဳင္ပြဲအၿပီး ပြဲရပ္နားေနစဥ္အတြင္း ရန္ကုန္ယူႏိုက္တက္အသင္းမွ ေက်ာနံပါတ္ (၇၇) ေမာင္ေမာင္လြင္သည္ ပြဲၾကည့္စင္ေပၚေျပးတက္၍ အဆိုပါအမ်ိဳးသမီးအား ကိုယ္ထိလက္ေရာက္ တြန္းထိုးခဲ့သည့္ျဖစ္စဥ္ျဖစ္ေပၚခဲ့ေၾကာင္းေတြ႕ရွိရသည္ဟု ေရးသားထားသည္။
မည္သို႔ပင္ျဖစ္ေစ ကစားသမားတစ္ဦးအေနျဖင့္ ေစာင့္ထိန္းလိုက္နာရမည့္ စည္းကမ္းက်င့္ဝတ္မ်ားကို ေက်ာ္လြန္၍ ယခုကဲ့သို႔ ျပဳမူလုပ္ေဆာင္ခဲ့ျခင္းအတြက္ MNL I & II League 2025-26 Regulations စည္းကမ္းထိန္းသိမ္းေရးမူ အပိုဒ္(၁၄) ႏွင့္ (၁၈)တို႔အရ ၁၁-၃-၂၀၂၆ ရက္ေန႔မွ စတင္၍ ျမန္မာႏိုင္ငံေဘာလုံးအဖြဲ႕ခ်ဳပ္၊ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲက်င္းပေရးမွ ႀကီးမႉးက်င္းပေသာၿပိဳင္ပြဲမ်ား၊ ေဘာလုံးႏွင့္ပတ္သက္ေသာ လႈပ္ရွားမႈမ်ားတြင္ (၆)လအထိ ကစားခြင့္/ပါဝင္လုပ္ေဆာင္ခြင့္ မျပဳရန္ႏွင့္ ဒဏ္ေၾကးေငြက်ပ္သိန္း(၃၀) ေပးေဆာင္ရန္ ခ်မွတ္ခဲ့ေၾကာင္း ေဖာ္ျပထားသည္။
ထို႔အတူ တာဝန္က်ဒိုင္လူႀကီး ဦးေက်ာ္ေဇယ်ာေအာင္သည္ ပထမပိုင္းအၿပီး ရန္ကုန္ယူႏိုက္တက္အသင္းမွ ေမာင္ေမာင္လြင္ ေက်ာနံပါတ္ (၇၇) ၏ ျဖစ္ရပ္အတြက္ ဥပေဒအရ အနီကတ္ျပသျခင္းမရွိဘဲ ေဘာလုံးဥပေဒစည္းမ်ဥ္းကို မ်က္ကြယ္ျပဳေဆာင္႐ြက္ခဲ့ျခင္းေၾကာင့္ ၂၀၂၅-၂၆ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲမ်ားတြင္ အနီးစပ္ဆုံး (၃) ပြဲ ပါဝင္ကိုင္တြယ္ျခင္းမျပဳရန္ ဆုံးျဖတ္ခဲ့သည္။
အလားတူ ၿပိဳင္ပြဲႀကီးၾကပ္ႏွင့္ ဒိုင္ႀကီးၾကပ္တို႔အေနျဖင့္ ဒုတိယပိုင္းျပန္လည္မစတင္မီ ဥပေဒႏွင့္အညီ ကြင္းလယ္ဒိုင္လူႀကီးကို ေဆာင္႐ြက္ရန္ သတိေပးျခင္းမရွိသျဖင့္ ၂၀၂၅-၂၆ ျမန္မာေနရွင္နယ္လိဂ္ၿပိဳင္ပြဲမ်ားတြင္ အနီးစပ္ဆုံး (၃) ပြဲ တာဝန္ခ်ထားျခင္းမျပဳရန္ MFF စည္းကမ္းထိန္းသိမ္းေရးႏွင့္ က်င့္ဝတ္ေကာ္မတီမွ ခ်မွတ္ခဲ့ေၾကာင္း ေရးသားထားသည္။