ဘီးလင်း အနီး KNU ထိန်းချုပ်နယ်မြေမှ ရွှေများကို မန္တလေးတွင် ကုန်ချော သန့်စင်နေဟုဆို

236

Pearl (NP News) - မတ် ၁၃
မွန်ပြည်နယ် ဘီးလင်းမြို့နယ်အနီး KNU တပ်မဟာ (၁) နှင့် တပ်မဟာ(၅)နယ်မြေများရှိ တရား မဝင်ရွှေလုပ်ကွက်များမှ ရရှိသည့် ရွှေများကို မန္တလေးနှင့် ဘီးလင်းရှိ ရွှေချွတ်ခန်း(ရွှေ သန့်စင်ခြင်း လုပ် ငန်း) များတွင် ရွှေသန့်စင်ကြကြောင်း သတ္ထုလုပ်ငန်းရှင်များနှင့် နီးစပ်သူတစ်ဦးက NP News သို့ပြော သည်။
အဆိုပါ KNU တပ်မဟာ(၁)နှင့် တပ်မဟာ (၅) နယ်မြေများတွင် ရွှေဖောင် (၁၅၀)ခန့်ရှိပြီး အချို့ ရွှေဖောင်များသည် တစ်ပတ်လျှင် တစ်ပိဿာ ခန့်ရရှိကြောင်းသိရသည်။
“ဖောင်တစ်ခုဆိုရင် သိန်း(၄၅၀ဝ)နဲ့ (၅၀ဝဝ) ကြားကုန်တယ်။ အဲဒါမျိုးလုပ်ချင်တယ်ဆိုရင် စစဝင်ချင်း ရွှေ(၂)ပိုင်းပေးရတယ်။ (၂) ဆယ်သားပေးရတယ်။ (၁) ဆယ်သားကို ချက်ချင်းပေး။ နေရာ အထိုင်ချ။ လုပ်ရင်းနဲ့ ကျန်တဲ့ (၁၀) ဆယ်သားကိုပေး။ ထွက်တဲ့ ရွှေကို (၅)ချိုး (၁)ချိုးပေးရတယ်။ အဲဒါ ရေဖောင်။ (၃) ၊ (၄) နေရာမှာ ရေဖောင်အကြီးကြီးတွေ။ အခုရေ (၁၀ဝ)ကျော်တယ်။ ညောင်တွဲလည်း ရှိ တယ်။ ဘင်ဘန်းရှိတယ်။ ဘီးလင်းချောင်းရှိတယ်။ အဲဒီချောင်းတွေမှာ အဲဒီပတ်ချာလည်တွေမှာ အကုန် ရှိတယ်။ ဘီးလင်းချောင်းကို ကျော်ရင် တပ်မဟာ (၅) နယ်မြေလို့သတ်မှတ်တာ။ မရောက်ခင် ဘီးလင်း ချောင်းအောက်ဆိုရင် တပ်မဟာ (၁) လို့သတ်မှတ်တာ။ ကောင်းတဲ့နေရာဆိုရင် တစ်ပတ်ကို တစ် ပိဿာလောက်ရတယ်” ဟု ပြောသည်။
အဆိုပါ ရွှေလုပ်ကွက်များမှရရှိလာသည့် ရွှေများကို ဘီးလင်းမြို့နှင့် မန္တလေးသို့ ပို့ဆောင်ကာ ရွှေ သန့်စင်ကြပြီး အဆိုပါ ရွှေသန့်စင်ပြီးသည့် မီးလင်းရွှေများကို ယင်းချွတ်ခန်းများ၌လည်းကောင်း ၊ တရုတ် နိုင်ငံသို့လည်း ပို့ဆောင်၍လည်းကောင်း ပြန်လည်ရောင်းချကြကြောင်းလည်း သိရသည်။ “ဘီလင်း မှာ လည်း ချွတ်ခန်းတွေရှိတယ်။ များရင် ဘီးလင်းမှာ မချွတ်တော့ဘူး။ မန္တလေးက ဆိုင်ကြီးတွေမှာချွတ်တာ။ သူတို့အချင်းချင်း ဘယ်နားထားခဲ့ရမလဲ ဖုန်းဆက်ထားမယ်ဆိုတာချည်း။ ရွှေတစ်ပိဿာ နှစ်ပိဿာထား ခဲ့တာ။ ငါးပိဿာဆိုလည်း ထားခဲ့တာ။ ပြီးရင် ပြန်ရောင်း မှာလား သူတို့ကို ရောင်းမှာလားပေါ့။ ရန်ကုန် တော့ ပြန်မဆင်းဘူး။ ဘီးလင်းက ထွက်သမျှရွှေအားလုံး အများစုက မန္တလေး တက်ချွတ်တာပဲ။ ရွှေ ပမာဏ များရင် ဘီးလင်းမှာ ချွတ်လိုက်ရင် နာမည်ထွက်တယ်။ ဘယ်လုပ်ကွက်က ဘယ်လောက် လာ ချွတ်တယ်ဆိုပြီး” ဟု ပြောသည်။ အလားတူ ရွှေသန့်စင်ပြီးသည့် မီးလင်းရွှေများ မန္တလေးရှိ တရုတ်ဝယ် လက်အချို့က ပြန်လည်ဝယ်ယူခြင်းများရှိကြောင်းလည်း သိရသည်။
“မန္တလေးမှာ ထိုင်ပြီး ဝယ်တဲ့ဆိုင်တွေ ရှိတယ်။ ရွှေဝယ်တယ်၊ ရောင်းတယ်လို့လည်း မရေးထား ဘူး။ လက်သိပ်ထိုးရောင်းတာ။ အဲဒါ တွေလည်း တရုတ်က ပိုက်ဆံထုတ်ပေးထားတယ်။ ရွှေထိုင်ဝယ် တဲ့ကောင်တွေရှိတယ်။ အကုန်ရောက်တာ တရုတ်ကို။ ရန်ကုန်ချွတ်ခန်းက ပါးပါးလေးပဲ”ဟု ပြောသည်။
လက်ရှိတွင် ရွှေသန့်စင်လုပ်ငန်းများကိုလည်း တာဝန်ရှိသူများက အကန့်သတ်မရှိ ပိတ်ခိုင်းထား ကြောင်းလည်း သိရသည်။

Zawgyi Version;
ဘီးလင္း အနီး KNU ထိန္းခ်ဳပ္နယ္ေျမမွ ေ႐ႊမ်ားကို မႏၲေလးတြင္ ကုန္ေခ်ာ သန႔္စင္ေနဟုဆို
Pearl (NP News) - မတ္ ၁၃
မြန္ျပည္နယ္ ဘီးလင္းၿမိဳ႕နယ္အနီး KNU တပ္မဟာ (၁) ႏွင့္ တပ္မဟာ(၅)နယ္ေျမမ်ားရွိ တရား မဝင္ေ႐ႊလုပ္ကြက္မ်ားမွ ရရွိသည့္ ေ႐ႊမ်ားကို မႏၲေလးႏွင့္ ဘီးလင္းရွိ ေ႐ႊခြၽတ္ခန္း(ေ႐ႊ သန႔္စင္ျခင္း လုပ္ ငန္း) မ်ားတြင္ ေ႐ႊသန႔္စင္ၾကေၾကာင္း သတၳဳလုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူတစ္ဦးက NP News သို႔ေျပာ သည္။
အဆိုပါ KNU တပ္မဟာ(၁)ႏွင့္ တပ္မဟာ (၅) နယ္ေျမမ်ားတြင္ ေ႐ႊေဖာင္ (၁၅၀)ခန႔္ရွိၿပီး အခ်ိဳ႕ ေ႐ႊေဖာင္မ်ားသည္ တစ္ပတ္လွ်င္ တစ္ပိႆာ ခန႔္ရရွိေၾကာင္းသိရသည္။
“ေဖာင္တစ္ခုဆိုရင္ သိန္း(၄၅၀ဝ)နဲ႔ (၅၀ဝဝ) ၾကားကုန္တယ္။ အဲဒါမ်ိဳးလုပ္ခ်င္တယ္ဆိုရင္ စစဝင္ခ်င္း ေ႐ႊ(၂)ပိုင္းေပးရတယ္။ (၂) ဆယ္သားေပးရတယ္။ (၁) ဆယ္သားကို ခ်က္ခ်င္းေပး။ ေနရာ အထိုင္ခ်။ လုပ္ရင္းနဲ႔ က်န္တဲ့ (၁၀) ဆယ္သားကိုေပး။ ထြက္တဲ့ ေ႐ႊကို (၅)ခ်ိဳး (၁)ခ်ိဳးေပးရတယ္။ အဲဒါ ေရေဖာင္။ (၃) ၊ (၄) ေနရာမွာ ေရေဖာင္အႀကီးႀကီးေတြ။ အခုေရ (၁၀ဝ)ေက်ာ္တယ္။ ေညာင္တြဲလည္း ရွိ တယ္။ ဘင္ဘန္းရွိတယ္။ ဘီးလင္းေခ်ာင္းရွိတယ္။ အဲဒီေခ်ာင္းေတြမွာ အဲဒီပတ္ခ်ာလည္ေတြမွာ အကုန္ ရွိတယ္။ ဘီးလင္းေခ်ာင္းကို ေက်ာ္ရင္ တပ္မဟာ (၅) နယ္ေျမလို႔သတ္မွတ္တာ။ မေရာက္ခင္ ဘီးလင္း ေခ်ာင္းေအာက္ဆိုရင္ တပ္မဟာ (၁) လို႔သတ္မွတ္တာ။ ေကာင္းတဲ့ေနရာဆိုရင္ တစ္ပတ္ကို တစ္ ပိႆာေလာက္ရတယ္” ဟု ေျပာသည္။
အဆိုပါ ေ႐ႊလုပ္ကြက္မ်ားမွရရွိလာသည့္ ေ႐ႊမ်ားကို ဘီးလင္းၿမိဳ႕ႏွင့္ မႏၲေလးသို႔ ပို႔ေဆာင္ကာ ေ႐ႊ သန႔္စင္ၾကၿပီး အဆိုပါ ေ႐ႊသန႔္စင္ၿပီးသည့္ မီးလင္းေ႐ႊမ်ားကို ယင္းခြၽတ္ခန္းမ်ား၌လည္းေကာင္း ၊ တ႐ုတ္ ႏိုင္ငံသို႔လည္း ပို႔ေဆာင္၍လည္းေကာင္း ျပန္လည္ေရာင္းခ်ၾကေၾကာင္းလည္း သိရသည္။ “ဘီလင္း မွာ လည္း ခြၽတ္ခန္းေတြရွိတယ္။ မ်ားရင္ ဘီးလင္းမွာ မခြၽတ္ေတာ့ဘူး။ မႏၲေလးက ဆိုင္ႀကီးေတြမွာခြၽတ္တာ။ သူတို႔အခ်င္းခ်င္း ဘယ္နားထားခဲ့ရမလဲ ဖုန္းဆက္ထားမယ္ဆိုတာခ်ည္း။ ေ႐ႊတစ္ပိႆာ ႏွစ္ပိႆာထား ခဲ့တာ။ ငါးပိႆာဆိုလည္း ထားခဲ့တာ။ ၿပီးရင္ ျပန္ေရာင္း မွာလား သူတို႔ကို ေရာင္းမွာလားေပါ့။ ရန္ကုန္ ေတာ့ ျပန္မဆင္းဘူး။ ဘီးလင္းက ထြက္သမွ်ေ႐ႊအားလုံး အမ်ားစုက မႏၲေလး တက္ခြၽတ္တာပဲ။ ေ႐ႊ ပမာဏ မ်ားရင္ ဘီးလင္းမွာ ခြၽတ္လိုက္ရင္ နာမည္ထြက္တယ္။ ဘယ္လုပ္ကြက္က ဘယ္ေလာက္ လာ ခြၽတ္တယ္ဆိုၿပီး” ဟု ေျပာသည္။ အလားတူ ေ႐ႊသန႔္စင္ၿပီးသည့္ မီးလင္းေ႐ႊမ်ား မႏၲေလးရွိ တ႐ုတ္ဝယ္ လက္အခ်ိဳ႕က ျပန္လည္ဝယ္ယူျခင္းမ်ားရွိေၾကာင္းလည္း သိရသည္။
“မႏၲေလးမွာ ထိုင္ၿပီး ဝယ္တဲ့ဆိုင္ေတြ ရွိတယ္။ ေ႐ႊဝယ္တယ္၊ ေရာင္းတယ္လို႔လည္း မေရးထား ဘူး။ လက္သိပ္ထိုးေရာင္းတာ။ အဲဒါ ေတြလည္း တ႐ုတ္က ပိုက္ဆံထုတ္ေပးထားတယ္။ ေ႐ႊထိုင္ဝယ္ တဲ့ေကာင္ေတြရွိတယ္။ အကုန္ေရာက္တာ တ႐ုတ္ကို။ ရန္ကုန္ခြၽတ္ခန္းက ပါးပါးေလးပဲ”ဟု ေျပာသည္။
လက္ရွိတြင္ ေ႐ႊသန႔္စင္လုပ္ငန္းမ်ားကိုလည္း တာဝန္ရွိသူမ်ားက အကန႔္သတ္မရွိ ပိတ္ခိုင္းထား ေၾကာင္းလည္း သိရသည္။