မလေးရှားမှာ မွေးရာပါချို့ယွင်းချက်ကြောင့် ကလေးငယ်သေဆုံးမှု (၃၀) ရာခိုင်နှုန်းအထိ ရှိလာ

 108

ရောင်နီ (NP News) - မတ် ၁၃

မလေးရှားနိုင်ငံမှာ ၂၀၁၈ ခုနှစ်မှ ၂၀၂၂ ခုနှစ်အတွင်း အသက် (၅) နှစ်အောက် ကလေးငယ်တွေ သေဆုံးရ တဲ့အကြောင်းရင်းတွေအနက် (၃၀) ရာခိုင်နှုန်းခန့်ဟာ မွေးရာပါ ချို့ယွင်းချက်တွေကြောင့်ဖြစ်တယ်လို့ မလေးရှား ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်လိုက်ပါတယ်။
ကျန်းမာရေးဝန်ကြီးဌာနရဲ့အချက်အလက်တွေအရ မွေးရာပါ ချို့ယွင်းချက်တွေဟာ ကလေးငယ်တွေ သေဆုံးရခြင်းရဲ့ဒုတိယအများဆုံးအကြောင်းရင်းဖြစ်နေပြီး ၎င်းတို့အနက် မျိုးရိုးဗီဇဆိုင်ရာပုံမှန်မဟုတ်တဲ့ Down syndrome၊ Edwards syndrome နဲ့ Patau syndrome လို ချို့ယွင်းချက်တွေကို အများဆုံး တွေ့ရှိရတယ်လို့ သိရပါတယ်။ ဒါအပြင် အာရုံကြောစနစ် မပြည့်စုံခြင်းနဲ့ ခွဲစိတ်ကုသမှုဆိုင်ရာပြဿနာတွေကလည်း သေဆုံးမှုနှုန်း မြင့်တက်စေတဲ့အကြောင်းရင်းတွေဖြစ်တယ်လို့ ဆိုပါတယ်။ လက်ရှိ မလေးရှားနိုင်ငံမှာ မွေးရာပါ မသန်စွမ်းမှုနဲ့ ချို့ယွင်းချက်တွေကိုကာကွယ်ဖို့ သီးသန့်အမျိုးသားအဆင့် စီမံချက်တစ်ရပ်မရှိသေးဘူးလို့ ဝန်ကြီးဌာနက ဝန်ခံထား ပါတယ်။
မွေးရာပါ ချို့ယွင်းချက်အချို့ဟာ ကြိုတင်ရှောင်လွှဲဖို့ ခက်ခဲပေမယ့် မိဘတွေအနေနဲ့ ကိုယ်ဝန်ဆောင် ၁၀ ပတ်အတွင်း ကြိုတင်စစ်ဆေးမှုတွေ မဖြစ်မနေပြုလုပ်သင့်တယ်လို့ ကလေးအထူးကု ဆရာဝန်ကြီး ဒေါက်တာ မူဆာမိုဟက်နော်ဒင် က တိုက်တွန်းထားပါတယ်။ ဒါအပြင် မွေးရာပါ ချို့ယွင်းချက်တွေရဲ့ ၂၅ ရာခိုင်နှုန်းခန့်ဟာ မျိုးရိုးဗီဇကြောင့် ဖြစ်တာမို့ ဖန်ပြွန်သန္ဓေသား (IVF) နည်းပညာနဲ့ သန္ဓေသား ယူတဲ့အခါမှာလည်း မယူခင် မျိုးရိုးဗီဇ စစ်ဆေးခြင်း (PGT) လို နည်းလမ်းတွေကို အသုံးပြုသင့်တယ်လို့ အကြံပြုထားပါတယ်။

Zawgyi Version;
မေလးရွားမွာ ေမြးရာပါခ်ိဳ႕ယြင္းခ်က္ေၾကာင့္ ကေလးငယ္ေသဆုံးမႈ (၃၀) ရာခိုင္ႏႈန္းအထိ ရွိလာ
ေရာင္နီ (NP News) - မတ္ ၁၃
မေလးရွားႏိုင္ငံမွာ ၂၀၁၈ ခုႏွစ္မွ ၂၀၂၂ ခုႏွစ္အတြင္း အသက္ (၅) ႏွစ္ေအာက္ ကေလးငယ္ေတြ ေသဆုံးရ တဲ့အေၾကာင္းရင္းေတြအနက္ (၃၀) ရာခိုင္ႏႈန္းခန႔္ဟာ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြေၾကာင့္ျဖစ္တယ္လို႔ မေလးရွား က်န္းမာေရးဝန္ႀကီးဌာနက ထုတ္ျပန္လိုက္ပါတယ္။
က်န္းမာေရးဝန္ႀကီးဌာနရဲ႕အခ်က္အလက္ေတြအရ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြဟာ ကေလးငယ္ေတြ ေသဆုံးရျခင္းရဲ႕ဒုတိယအမ်ားဆုံးအေၾကာင္းရင္းျဖစ္ေနၿပီး ၎တို႔အနက္ မ်ိဳး႐ိုးဗီဇဆိုင္ရာပုံမွန္မဟုတ္တဲ့ Down syndrome၊ Edwards syndrome နဲ႔ Patau syndrome လို ခ်ိဳ႕ယြင္းခ်က္ေတြကို အမ်ားဆုံး ေတြ႕ရွိရတယ္လို႔ သိရပါတယ္။ ဒါအျပင္ အာ႐ုံေၾကာစနစ္ မျပည့္စုံျခင္းနဲ႔ ခြဲစိတ္ကုသမႈဆိုင္ရာျပႆနာေတြကလည္း ေသဆုံးမႈႏႈန္း ျမင့္တက္ေစတဲ့အေၾကာင္းရင္းေတြျဖစ္တယ္လို႔ ဆိုပါတယ္။ လက္ရွိ မေလးရွားႏိုင္ငံမွာ ေမြးရာပါ မသန္စြမ္းမႈနဲ႔ ခ်ိဳ႕ယြင္းခ်က္ေတြကိုကာကြယ္ဖို႔ သီးသန႔္အမ်ိဳးသားအဆင့္ စီမံခ်က္တစ္ရပ္မရွိေသးဘူးလို႔ ဝန္ႀကီးဌာနက ဝန္ခံထား ပါတယ္။
ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္အခ်ိဳ႕ဟာ ႀကိဳတင္ေရွာင္လႊဲဖို႔ ခက္ခဲေပမယ့္ မိဘေတြအေနနဲ႔ ကိုယ္ဝန္ေဆာင္ ၁၀ ပတ္အတြင္း ႀကိဳတင္စစ္ေဆးမႈေတြ မျဖစ္မေနျပဳလုပ္သင့္တယ္လို႔ ကေလးအထူးကု ဆရာဝန္ႀကီး ေဒါက္တာ မူဆာမိုဟက္ေနာ္ဒင္ က တိုက္တြန္းထားပါတယ္။ ဒါအျပင္ ေမြးရာပါ ခ်ိဳ႕ယြင္းခ်က္ေတြရဲ႕ ၂၅ ရာခိုင္ႏႈန္းခန႔္ဟာ မ်ိဳး႐ိုးဗီဇေၾကာင့္ ျဖစ္တာမို႔ ဖန္ႁပြန္သေႏၶသား (IVF) နည္းပညာနဲ႔ သေႏၶသား ယူတဲ့အခါမွာလည္း မယူခင္ မ်ိဳး႐ိုးဗီဇ စစ္ေဆးျခင္း (PGT) လို နည္းလမ္းေတြကို အသုံးျပဳသင့္တယ္လို႔ အႀကံျပဳထားပါတယ္။

Related news

© 2021. All rights reserved.