ဟော်မုဇ်ရေလက်ကြားနှင့်ပတ်သက်ပြီး အရေးပေါ်အစည်းအဝေးတစ်ခုကို နိုင်ငံတကာရေကြောင်းအဖွဲ့အစည်းက ကျင်းပသွားမည်

 427

Pika (NP News) - မတ် ၁၃

အရှေ့အလယ်ပိုင်းဒေသနှင့် ဟော်မုဇ်ရေလက်ကြားရှိ သင်္ဘောများအပေါ် ခြိမ်းခြောက်မှုများကို ဆွေးနွေးရန် အတွက် အရေးပေါ်အစည်းအဝေးတစ်ခုကို လာမည့်သီတင်းပတ်တွင် ကျင်းပသွားမည်ဖြစ်ကြောင်း နိုင်ငံတကာ ရေကြောင်းအဖွဲ့အစည်း (IMO) က ထုတ်ပြန်ပြောကြားခဲ့သည်။
အဆိုပါအစည်းအဝေးကို လာမည့်မတ်လ(၁၈)ရက် နှင့် (၁၉)ရက်တို့တွင် လန်ဒန်မြို့ရှိ (IMO)ရုံးချုပ်တွင် ကျင်းပရန် စီစဉ်ထားပြီး အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အီဂျစ်၊ ပြင်သစ်၊ မော်ရိုကို၊ ကာတာနှင့်ယူအေအီးတို့က အစည်းအဝေးကျင်းပရန် တောင်းဆိုခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ကမ္ဘာလုံးဆိုင်ရာစွမ်းအင်ထောက်ပံ့မှုများ ပြတ်တောက်ခြင်းကြောင့် စွမ်းအင်ဈေးနှုန်းများ မြင့်တက်လာမည်ကို စိုးရိမ်မှုများရှိနေသည့်အချိန်တွင် အဆိုပါအစည်းအဝေးပေါ်ပေါက်လာခြင်းဖြစ်သည်။
ကမ္ဘာလုံးဆိုင်ရာ ရေနံစိမ်း၏ (၅)ပုံပုံ တစ်ပုံခန့် ဖြတ်သန်းသွားလာသည့် ဟော်မုဇ်ရေလက်ကြားသည် အမေရိကန်-အစ္စရေးနှင့် အီရန်တို့ကြားဖြစ်ပွားခဲ့သော စစ်ပွဲကြောင့် ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ပိတ်သွားခဲ့ပြီးနောက် ယခုကဲ့သို့ ဖြစ်ရပ်များ ထွက်ပေါ်လာခြင်းဖြစ်သည်။
ပြီးခဲ့သည့်ရက်ပိုင်းကလည်း အီရတ်ကမ်းလွန်ရှိ ရေနံတင်သင်္ဘောနှစ်စီးကို ပစ်မှတ်ထားတိုက်ခိုက်မှုများဖြစ်ပွားခဲ့ပြီး အနည်းဆုံးသင်္ဘောသားတစ်ဦး သေဆုံးခဲ့ကြောင်းလည်း သိရသည်။
ထို့ပြင် အီရန်ထိပ်တန်းခေါင်းဆောင်အသစ်ကလည်း ဟော်မုဇ်ရေလက်ကြားကို ဆက်လက်ပိတ်ဆို့ထားရန် အီရန် စစ်တပ်ကို အမိန့်ပေးခဲ့မှုကြောင့် တင်းမာမှုများမှာ ပိုမိုမြင့်တက်လာခဲ့ကြောင်းလည်း သိရသည်။ ပြီးခဲ့သည့် မတ်လ (၁၂)ရက်တွင် ရေနံဈေးနှုန်းများသည် တစ်စည်လျှင် အမေရိကန်ဒေါ်လာ(၁၀၀)အထက်သို့ ရောက်ရှိသွားခဲ့ပြီး ရှယ်ယာဈေးကွက်များတွင် ဆုံးရှုံးမှုများ ဆက်လက်ဖြစ်ပွားလာခဲ့ကြောင်း သိရသည်။

Zawgyi Version;
ေဟာ္မုဇ္ေရလက္ၾကားႏွင့္ပတ္သက္ၿပီး အေရးေပၚအစည္းအေဝးတစ္ခုကို ႏိုင္ငံတကာေရေၾကာင္းအဖြဲ႕အစည္းက က်င္းပသြားမည္
Pika (NP News) - မတ္ ၁၃
အေရွ႕အလယ္ပိုင္းေဒသႏွင့္ ေဟာ္မုဇ္ေရလက္ၾကားရွိ သေဘၤာမ်ားအေပၚ ၿခိမ္းေျခာက္မႈမ်ားကို ေဆြးေႏြးရန္ အတြက္ အေရးေပၚအစည္းအေဝးတစ္ခုကို လာမည့္သီတင္းပတ္တြင္ က်င္းပသြားမည္ျဖစ္ေၾကာင္း ႏိုင္ငံတကာ ေရေၾကာင္းအဖြဲ႕အစည္း (IMO) က ထုတ္ျပန္ေျပာၾကားခဲ့သည္။
အဆိုပါအစည္းအေဝးကို လာမည့္မတ္လ(၁၈)ရက္ ႏွင့္ (၁၉)ရက္တို႔တြင္ လန္ဒန္ၿမိဳ႕ရွိ (IMO)႐ုံးခ်ဳပ္တြင္ က်င္းပရန္ စီစဥ္ထားၿပီး အဖြဲ႕ဝင္ႏိုင္ငံမ်ားျဖစ္သည့္ ၿဗိတိန္၊ အီဂ်စ္၊ ျပင္သစ္၊ ေမာ္႐ိုကို၊ ကာတာႏွင့္ယူေအအီးတို႔က အစည္းအေဝးက်င္းပရန္ ေတာင္းဆိုခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။
ကမာၻလုံးဆိုင္ရာစြမ္းအင္ေထာက္ပံ့မႈမ်ား ျပတ္ေတာက္ျခင္းေၾကာင့္ စြမ္းအင္ေဈးႏႈန္းမ်ား ျမင့္တက္လာမည္ကို စိုးရိမ္မႈမ်ားရွိေနသည့္အခ်ိန္တြင္ အဆိုပါအစည္းအေဝးေပၚေပါက္လာျခင္းျဖစ္သည္။
ကမာၻလုံးဆိုင္ရာ ေရနံစိမ္း၏ (၅)ပုံပုံ တစ္ပုံခန႔္ ျဖတ္သန္းသြားလာသည့္ ေဟာ္မုဇ္ေရလက္ၾကားသည္ အေမရိကန္-အစၥေရးႏွင့္ အီရန္တို႔ၾကားျဖစ္ပြားခဲ့ေသာ စစ္ပြဲေၾကာင့္ ၿပီးခဲ့သည့္ရက္ပိုင္းအတြင္း ပိတ္သြားခဲ့ၿပီးေနာက္ ယခုကဲ့သို႔ ျဖစ္ရပ္မ်ား ထြက္ေပၚလာျခင္းျဖစ္သည္။
ၿပီးခဲ့သည့္ရက္ပိုင္းကလည္း အီရတ္ကမ္းလြန္ရွိ ေရနံတင္သေဘၤာႏွစ္စီးကို ပစ္မွတ္ထားတိုက္ခိုက္မႈမ်ားျဖစ္ပြားခဲ့ၿပီး အနည္းဆုံးသေဘၤာသားတစ္ဦး ေသဆုံးခဲ့ေၾကာင္းလည္း သိရသည္။
ထို႔ျပင္ အီရန္ထိပ္တန္းေခါင္းေဆာင္အသစ္ကလည္း ေဟာ္မုဇ္ေရလက္ၾကားကို ဆက္လက္ပိတ္ဆို႔ထားရန္ အီရန္ စစ္တပ္ကို အမိန႔္ေပးခဲ့မႈေၾကာင့္ တင္းမာမႈမ်ားမွာ ပိုမိုျမင့္တက္လာခဲ့ေၾကာင္းလည္း သိရသည္။ ၿပီးခဲ့သည့္ မတ္လ (၁၂)ရက္တြင္ ေရနံေဈးႏႈန္းမ်ားသည္ တစ္စည္လွ်င္ အေမရိကန္ေဒၚလာ(၁၀၀)အထက္သို႔ ေရာက္ရွိသြားခဲ့ၿပီး ရွယ္ယာေဈးကြက္မ်ားတြင္ ဆုံးရႈံးမႈမ်ား ဆက္လက္ျဖစ္ပြားလာခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.