ကွတ်ခိုင်ကို MNDAA က လျှပ်တပြက်ထိုးစစ်ဆင်ပြီးနောက် TNLA တို့ မြို့ကို လက်လွှတ်ရဖွယ်ဖြစ်နေ

 400

သုတကျော် (NP News) - မတ် ၁၄

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့ကို MNDAA က လျှပ်တပြက်ထိုးစစ်ဆင်ပြီးနောက် TNLA တို့အနေဖြင့် မြို့ကို လက်လွှတ် ရဖွယ်အခြေအနေဖြစ်နေကြောင်း ဒေသခံသတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
ကွတ်ခိုင်မြို့ကို သိမ်းရန်အတွက် MNDAA က ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်း ၁၀ နာရီခန့်မှ စတင်ကာ တိုက်ခိုက်နေခြင်းဖြစ်ပြီး မြို့အတွင်းသို့ စတင်ဝင်ရောက်နေသော အနေအထားဖြစ်ကြောင်း ၎င်းက ပြောသည်။
“နေ့လယ်က ပိုတောင် ပြင်းထန်တယ်။ အလုံးအရင်း နဲ့ တစ်မြို့လုံး ဝင်တာ။ မြို့ကို စီးထားနိုင်တဲ့အခြေအနေ ဖြစ်နေပြီ” ဟု ဒေသခံတစ်ဦးက ဆိုသည်။
MNDAA အနေဖြင့် ရုတ်တရက် အလစ်အငိုက်ရယူကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ပြောသည်။
“သူတို့က အစတည်းက ကြိုတင်စီစဉ်ထားတဲ့ ပုံပေါက်တယ်တဲ့။ TNLA က အငိုက်မိတာပေါ့။ လက်ရှိ အခြေအနေ အရ မြို့ကို လက်လွှတ်ရမယ့်အခြေအနေမျိုးဖြစ်နေတယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ကြတ္ခိုင္ကို MNDAA က လွ်ပ္တျပက္ထိုးစစ္ဆင္ၿပီးေနာက္ TNLA တို႔ ၿမိဳ႕ကို လက္လႊတ္ရဖြယ္ျဖစ္ေန
သုတေက်ာ္ (NP News) - မတ္ ၁၄
ရွမ္းျပည္နယ္၊ ကြတ္ခိုင္ၿမိဳ႕ကို MNDAA က လွ်ပ္တျပက္ထိုးစစ္ဆင္ၿပီးေနာက္ TNLA တို႔အေနျဖင့္ ၿမိဳ႕ကို လက္လႊတ္ ရဖြယ္အေျခအေနျဖစ္ေနေၾကာင္း ေဒသခံသတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
ကြတ္ခိုင္ၿမိဳ႕ကို သိမ္းရန္အတြက္ MNDAA က ယေန႔ (မတ္လ ၁၄ ရက္) နံနက္ပိုင္း ၁၀ နာရီခန႔္မွ စတင္ကာ တိုက္ခိုက္ေနျခင္းျဖစ္ၿပီး ၿမိဳ႕အတြင္းသို႔ စတင္ဝင္ေရာက္ေနေသာ အေနအထားျဖစ္ေၾကာင္း ၎က ေျပာသည္။
“ေန႔လယ္က ပိုေတာင္ ျပင္းထန္တယ္။ အလုံးအရင္း နဲ႔ တစ္ၿမိဳ႕လုံး ဝင္တာ။ ၿမိဳ႕ကို စီးထားႏိုင္တဲ့အေျခအေန ျဖစ္ေနၿပီ” ဟု ေဒသခံတစ္ဦးက ဆိုသည္။
MNDAA အေနျဖင့္ ႐ုတ္တရက္ အလစ္အငိုက္ရယူကာ တိုက္ခိုက္ခဲ့ျခင္းျဖစ္ေၾကာင္း ၎က ေျပာသည္။
“သူတို႔က အစတည္းက ႀကိဳတင္စီစဥ္ထားတဲ့ ပုံေပါက္တယ္တဲ့။ TNLA က အငိုက္မိတာေပါ့။ လက္ရွိ အေျခအေန အရ ၿမိဳ႕ကို လက္လႊတ္ရမယ့္အေျခအေနမ်ိဳးျဖစ္ေနတယ္” ဟု ၎က ေျပာသည္။

Related news

© 2021. All rights reserved.