ယခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းကာ ပြည်ပသို့ မျိုးစပါးတင်ပို့ရန် စီစဉ်နေ

98

သန့်ဇင် (NP News) - မတ် ၁၄
ယခုနှစ်တွင် စိုက်ပျိုးရေးဦးစီးဌာနနှင့်ညှိနှိုင်းကာ ပြည်ပသို့ မျိုးစပါးတင်ပို့ရန် စီစဉ်နေကြောင်း မြန်မာနိုင်ငံ ဆန်စပါး အသင်းချုပ်ဥက္ကဋ္ဌ ဦးရဲမင်းအောင်က ယနေ့ (မတ်လ ၁၄ ရက်) နံနက်ပိုင်းက နေပြည်တော်ရှိ MICC-1 တွင် ကျင်းပသော မြန်မာ့မျက်နှာစာသစ်ဖိုရမ်တွင် ထည့်သွင်းပြောကြားခဲ့ကြောင်း သိရသည်။
လက်ရှိ မြန်မာနိုင်ငံတွင် စိုက်ပျိုးနေသော ပစ္စည်းများအလိုက် ပြည်တွင်းတွင် မျိုးလိုအပ်ချက်များရှိနေသော်လည်း ဆန်စပါးမှာ မျိုးလိုအပ်ချက် (၁၀၀) ရာခိုင်နှုန်းပြည့် လုံလောက်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။
“ဒီနှစ်ဆိုရင် စိုက်ပျိုးရေးဦးစီးဌာနနဲ့ညှိပြီးတော့ စပါးမျိုးကို export ပြန်လုပ်ဖို့စီစဉ်နေတာရှိပါတယ်။ အခြားနိုင်ငံ တွေဖြစ်တဲ့ ဘင်္ဂလားဒေ့ရှ်တို့ ဖိလစ်ပိုင်တို့ အင်ဒိုနီးရှားတို့ကို မျိုးပြန်ရောင်းဖို့အတွက် ကျွန်တော်တို့လုပ်တာရှိ ပါတယ်။ အဲဒါကြောင့် စိုက်ပျိုးရေးမှာ မျိုးစေ့က အင်မတန်မှ တန်ဖိုးမြင့်ပါတယ်။ Green လို့ခေါ်တဲ့ ကြိတ်ခွဲဖို့ အတွက် လိုအပ်တဲ့အပစ္စည်းက တစ်တန်ကို ဒေါ်လာ (၃၀၀) (၄၀၀) လောက်ရတဲ့အချိန်မှာ Seed ဆိုရင် တစ်တန် ကို ဒေါ်လာ (၇၀၀) (၈၀၀) လောက်ရပါတယ်။ အဲဒီတော့ မြေတစ်ဧကကို သုံးပြီးတော့ Green Production လုပ်မလား။ Seed Production လုပ်မလားဆိုတာကို ချင့်ချိန်ရပါတယ်။ ဒါဟာ အင်မတန်ကိုအရေးကြီးပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။
ထို့ပြင် ပဲမျိုးများကိုလည်း ပြည်တွင်းတွင်ထုတ်လုပ်နေလျက်ရှိပြီး အချို့သော မျိုးများအား ပြည်ပမှ တင်သွင်းနေရ ဆဲဖြစ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။
“ကမ္ဘာပေါ်မှာ မျိုးစေ့ထုတ်လုပ်တင်ပို့ရောင်းချနေတဲ့ နယ်သာလန်တို့ ဘယ်ဂျီယံတို့ဆိုရင် မျိုးစေ့စီးပွားရေး က အတော်ကြီးပါတယ်။ အဲဒီတော့ ဆန်စပါးကတော့ မျိုးစေ့အားဖြင့် လုံလောက်မှုရှိတယ်။ ပိုလျှံမှုရှိတယ်။ ပြည်ပ တင်ပို့ဖို့ ဆောင်ရွက်နေတဲ့အနေအထားဖြစ်တယ်။ အဲဒီလိုပဲမျိုးလည်း ပြည်တွင်းမှာ လုံလုံလောက်လောက် ထုတ်လုပ်နိုင်တယ်။ ဒါပေမဲ့ တချို့မျိုးတွေတော့ တင်သွင်းရတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။
အလားတူ ပြောင်းသီးနှံတွင်လည်း ပြည်ပမှမျိုးတင်သွင်းနေရသည့်အတွက် ပြည်တွင်းတွင် ထုတ်လုပ်မှုဖော်ဆောင် နိုင်ရန်လည်း လိုအပ်ကြောင်း ဦးရဲမင်းအောင်က ဆိုသည်။
“ပြောင်းသီးနှံဆိုရင်လည်း ကျွန်တော်တို့ စဉ်းစားရမှာဖြစ်တယ်။ ပြောင်းမှာ (၂) မျိုးရှိပါတယ်။ အစေ့ထုတ်ပြောင်းနဲ့ ဖူးစားပြောင်း။ အစေ့ထုတ်ပြောင်းစိုက်မလား။ ဖူးစားပြောင်းစိုက်မလား။ အစေ့ထုတ်ပြောင်းစိုက်ရင် တစ်တန်ကို ဒေါ်လာ (၂၀၀)ကျော်ပဲရှိတယ်။ ဖူးစားပြောင်းစိုက်ရင် တစ်တန်ကို (၅၀၀) (၆၀၀) ရနေတယ်။ (၂) ခုယှဉ်စိုက်ဖို့ ကတော့ မဖြစ်နိုင်ဘူး။ ယှဉ်စိုက်ရင် အကုန်လုံး ဂေဟစနစ်မှာထိခိုက်မှုရှိမယ်။ ဒါပေမဲ့ တချို့နေရာတွေမှာ အစေ့ ထုတ်ပြောင်းစိုက်မယ်။ တချို့နေရာတွေမှာ ဖူးစားပြောင်းစိုက်မယ်။ တိရစ္ဆာန်အစာတွက်လည်းလိုသေးတာကိုး။ ပြောင်းဆိုရင်လည်း ပြည်တွင်းမှာ မျိုးထုတ်နိုင်တဲ့အနေအထားဖြစ်အောင်လုပ်ဖို့ လိုအပ်ပါတယ်။ အခြားပြည်ပနိုင်ငံတွေကနေပြီးတော့ မျိုးကို တင်သွင်းပြီးတော့ သုံးစွဲဖို့ လိုအပ်ချက်ရှိသလို တစ်ဖက်မှာလည်း ပြည်တွင်းထုတ်လုပ်မှုဖော်ဆောင်ဖို့ လိုအပ်ပါတယ်” ဟု ဦးရဲမင်းအောင်က ပြောကြားခဲ့သည်။

Zawgyi Version;
ယခုႏွစ္တြင္ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ညႇိႏႈိင္းကာ ျပည္ပသို႔ မ်ိဳးစပါးတင္ပို႔ရန္ စီစဥ္ေန
သန႔္ဇင္ (NP News) - မတ္ ၁၄
ယခုႏွစ္တြင္ စိုက္ပ်ိဳးေရးဦးစီးဌာနႏွင့္ညႇိႏႈိင္းကာ ျပည္ပသို႔ မ်ိဳးစပါးတင္ပို႔ရန္ စီစဥ္ေနေၾကာင္း ျမန္မာႏိုင္ငံ ဆန္စပါး အသင္းခ်ဳပ္ဥကၠ႒ ဦးရဲမင္းေအာင္က ယေန႔ (မတ္လ ၁၄ ရက္) နံနက္ပိုင္းက ေနျပည္ေတာ္ရွိ MICC-1 တြင္ က်င္းပေသာ ျမန္မာ့မ်က္ႏွာစာသစ္ဖိုရမ္တြင္ ထည့္သြင္းေျပာၾကားခဲ့ေၾကာင္း သိရသည္။
လက္ရွိ ျမန္မာႏိုင္ငံတြင္ စိုက္ပ်ိဳးေနေသာ ပစၥည္းမ်ားအလိုက္ ျပည္တြင္းတြင္ မ်ိဳးလိုအပ္ခ်က္မ်ားရွိေနေသာ္လည္း ဆန္စပါးမွာ မ်ိဳးလိုအပ္ခ်က္ (၁၀၀) ရာခိုင္ႏႈန္းျပည့္ လုံေလာက္ေၾကာင္း ဦးရဲမင္းေအာင္က ဆိုသည္။
“ဒီႏွစ္ဆိုရင္ စိုက္ပ်ိဳးေရးဦးစီးဌာနနဲ႔ညႇိၿပီးေတာ့ စပါးမ်ိဳးကို export ျပန္လုပ္ဖို႔စီစဥ္ေနတာရွိပါတယ္။ အျခားႏိုင္ငံ ေတြျဖစ္တဲ့ ဘဂၤလားေဒ့ရွ္တို႔ ဖိလစ္ပိုင္တို႔ အင္ဒိုနီးရွားတို႔ကို မ်ိဳးျပန္ေရာင္းဖို႔အတြက္ ကြၽန္ေတာ္တို႔လုပ္တာရွိ ပါတယ္။ အဲဒါေၾကာင့္ စိုက္ပ်ိဳးေရးမွာ မ်ိဳးေစ့က အင္မတန္မွ တန္ဖိုးျမင့္ပါတယ္။ Green လို႔ေခၚတဲ့ ႀကိတ္ခြဲဖို႔ အတြက္ လိုအပ္တဲ့အပစၥည္းက တစ္တန္ကို ေဒၚလာ (၃၀၀) (၄၀၀) ေလာက္ရတဲ့အခ်ိန္မွာ Seed ဆိုရင္ တစ္တန္ ကို ေဒၚလာ (၇၀၀) (၈၀၀) ေလာက္ရပါတယ္။ အဲဒီေတာ့ ေျမတစ္ဧကကို သုံးၿပီးေတာ့ Green Production လုပ္မလား။ Seed Production လုပ္မလားဆိုတာကို ခ်င့္ခ်ိန္ရပါတယ္။ ဒါဟာ အင္မတန္ကိုအေရးႀကီးပါတယ္” ဟု ဦးရဲမင္းေအာင္က ေျပာၾကားခဲ့သည္။
ထို႔ျပင္ ပဲမ်ိဳးမ်ားကိုလည္း ျပည္တြင္းတြင္ထုတ္လုပ္ေနလ်က္ရွိၿပီး အခ်ိဳ႕ေသာ မ်ိဳးမ်ားအား ျပည္ပမွ တင္သြင္းေနရ ဆဲျဖစ္ေၾကာင္း ဦးရဲမင္းေအာင္က ဆိုသည္။
“ကမာၻေပၚမွာ မ်ိဳးေစ့ထုတ္လုပ္တင္ပို႔ေရာင္းခ်ေနတဲ့ နယ္သာလန္တို႔ ဘယ္ဂ်ီယံတို႔ဆိုရင္ မ်ိဳးေစ့စီးပြားေရး က အေတာ္ႀကီးပါတယ္။ အဲဒီေတာ့ ဆန္စပါးကေတာ့ မ်ိဳးေစ့အားျဖင့္ လုံေလာက္မႈရွိတယ္။ ပိုလွ်ံမႈရွိတယ္။ ျပည္ပ တင္ပို႔ဖို႔ ေဆာင္႐ြက္ေနတဲ့အေနအထားျဖစ္တယ္။ အဲဒီလိုပဲမ်ိဳးလည္း ျပည္တြင္းမွာ လုံလုံေလာက္ေလာက္ ထုတ္လုပ္ႏိုင္တယ္။ ဒါေပမဲ့ တခ်ိဳ႕မ်ိဳးေတြေတာ့ တင္သြင္းရတယ္” ဟု ဦးရဲမင္းေအာင္က ေျပာၾကားခဲ့သည္။
အလားတူ ေျပာင္းသီးႏွံတြင္လည္း ျပည္ပမွမ်ိဳးတင္သြင္းေနရသည့္အတြက္ ျပည္တြင္းတြင္ ထုတ္လုပ္မႈေဖာ္ေဆာင္ ႏိုင္ရန္လည္း လိုအပ္ေၾကာင္း ဦးရဲမင္းေအာင္က ဆိုသည္။
“ေျပာင္းသီးႏွံဆိုရင္လည္း ကြၽန္ေတာ္တို႔ စဥ္းစားရမွာျဖစ္တယ္။ ေျပာင္းမွာ (၂) မ်ိဳးရွိပါတယ္။ အေစ့ထုတ္ေျပာင္းနဲ႔ ဖူးစားေျပာင္း။ အေစ့ထုတ္ေျပာင္းစိုက္မလား။ ဖူးစားေျပာင္းစိုက္မလား။ အေစ့ထုတ္ေျပာင္းစိုက္ရင္ တစ္တန္ကို ေဒၚလာ (၂၀၀)ေက်ာ္ပဲရွိတယ္။ ဖူးစားေျပာင္းစိုက္ရင္ တစ္တန္ကို (၅၀၀) (၆၀၀) ရေနတယ္။ (၂) ခုယွဥ္စိုက္ဖို႔ ကေတာ့ မျဖစ္ႏိုင္ဘူး။ ယွဥ္စိုက္ရင္ အကုန္လုံး ေဂဟစနစ္မွာထိခိုက္မႈရွိမယ္။ ဒါေပမဲ့ တခ်ိဳ႕ေနရာေတြမွာ အေစ့ ထုတ္ေျပာင္းစိုက္မယ္။ တခ်ိဳ႕ေနရာေတြမွာ ဖူးစားေျပာင္းစိုက္မယ္။ တိရစာၦန္အစာတြက္လည္းလိုေသးတာကိုး။ ေျပာင္းဆိုရင္လည္း ျပည္တြင္းမွာ မ်ိဳးထုတ္ႏိုင္တဲ့အေနအထားျဖစ္ေအာင္လုပ္ဖို႔ လိုအပ္ပါတယ္။ အျခားျပည္ပႏိုင္ငံေတြကေနၿပီးေတာ့ မ်ိဳးကို တင္သြင္းၿပီးေတာ့ သုံးစြဲဖို႔ လိုအပ္ခ်က္ရွိသလို တစ္ဖက္မွာလည္း ျပည္တြင္းထုတ္လုပ္မႈေဖာ္ေဆာင္ဖို႔ လိုအပ္ပါတယ္” ဟု ဦးရဲမင္းေအာင္က ေျပာၾကားခဲ့သည္။