ရွှေ၊ ရွှေကြမ်း၊ လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက် နှုန်းထားများ သတ်မှတ်

207

Pearl (NP News) - မတ် ၁၄
ရွှေ၊ ရွှေကြမ်း ၊ လက်ဝတ်ရတနာပစ္စည်းများ၏ အလျော့တွက်နှုန်းထားများ သတ်မှတ်၍ ရွှေဆိုင်များအနေဖြင့် လိုက်နာဆောင်ရွက်ရန်အတွက် ရန်ကုန်တိုင်းဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်း (YGEA) က အသိပေးထားသည်။
ထိုသို့ အလျော့တွက် နှုန်းထားများ ကို သတ်မှတ်ရာတွင် ပုံရိုက် ရွှေဆွဲသီး၊ စက်ဖြတ် ရွှေဆွဲသီး နှင့် ပုံဆန်းရွှေဆွဲသီးအတွက် ရွှေအသားတင်အလေးချိန် ၂ပဲတင်နှင့်အောက် ကို အလျော့တွက် ၁ ပဲ ၁ ရွေး၊ ၄ ပဲတင်နှင့်အောက်ကို အလျော့တွက် ၂ ပဲ၊ ၈ ပဲတင်နှင့်အောက် ကို အလျော့တွက် ၃ ပဲ သတ်မှတ်ထားသည်။
အလားတူ ရွှေဆွဲသီးများအတွက် ရွှေအသားတင်အလေးချိန် ၂ ပဲတင်နှင့်အောက် ကို အလျော့တွက် ၁ ပဲ ၃ရွေး မှ စ၍ အလေးချိန် နှင့် အမျိုးအစားအလိုက် ကို အလျော့တွက်၄ပဲ အထိလည်းကောင်း၊ နားကပ်များအတွက် ရွှေအသားတင်အလေးချိန် ၂ ပဲတင်နှင့်အောက်ကို အလျော့တွက် ၁ ပဲ ၂ ရွေးမှစ၍ အလေးချိန် နှင့် အမျိုးအစားအလိုက် အလျော့တွက် ၂ ပဲအထိ သတ်မှတ်ထားသည်။
“ ပုံမှန် ၂ ပဲတင် ပစ္စည်းတစ်ခုက ပုံမှန်က အလျော့တွက်ယူရင် ဒီဇိုင်းအရမ်းဆန်းမှ ၅ ရွေး ၊ ပုံမှန်လုပ်ရလွယ်ကူရင် ၄ ရွေးပဲ ယူရတာလေ။ အဲဒါကို အခု ၁ ပဲနဲ့ ၁ ရွေးယူခိုင်းတယ်။ အားလုံးပေါင်းရင် ၉ ရွေးယူခိုင်းတဲ့သဘော။ သူတို့က စျေးကွာဟမှုအတွက်ကို ထည့်တွက်ပေးထားတာ။ စနစ်သစ်နဲ့ စနစ်ဟောင်းနဲ့စျေးက ကွာတယ်။ သူတို့ သတ်မှတ်တာက ၂ ပဲဆိုရင် စနစ်ဟောင်းနဲ့ချိန်တွယ်ရင် ၂ ပဲအောက်ရောက်တာပေါ့။ အဲဒါနဲ့ဆို သောင်းဂဏန်းနည်းနည်း ပိုများတာပေါ့။ ဆိုင်သမားက ဘာမှမဖြစ်ဘူး။ စားသုံးသူကတော့ မျက်စိလည်တာပေါ့။ စနစ်သစ်လမ်းကြောင်းကို လျှောက်ခိုင်းတာပေါ့။ အလေးချိန်နည်းနည်းလေးပဲ လုပ်တဲ့လူတွေမှာ ပိုထိတာပေါ့” ဟု ရွှေဆိုင်လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။
ရွှေကလစ်များအတွက် ရွှေအသားတင်အလေးချိန် ၄ ပဲတင်နှင့်အောက် ကို အလျော့တွက် ၁ ပဲ ၆ ရွေးမှစ၍ အလေးချိန် နှင့် အမျိုးအစားအလိုက် အလျော့တွက် ၃ ပဲ ၆ ရွေးအထိ လည်းကောင်း၊ ရွှေလက်စွပ်များအတွက်ကိုလည်း ရွှေအသားတင်အလေးချိန် ၁ ပဲတင်နှင့် အောက်အတွက် အလျော့တွက်ကို ၅ ရွေးမှစ၍ အမျိုးအစားနှင့် အလေးချိန်အလိုက် အလျော့တွက် ၃ ပဲ ၃ရွေးအထိ သတ်မှတ်ထားသည်။
ထို့အတူ ရွှေလက်ကောက်များကိုလည်း အမျိုးအစားနှင့် ရွှေအသားတင် အလေးချိန်အလိုက် အလျော့တွက်ကို ၇ ရွေးမှ၅ပဲ ၇ ရွေးအထိ ၊ ရွှေဆွဲကြိုးများကို အမျိုးအစားနှင့် ရွှေအသားတင် အလေးချိန်အလိုက် အလျော့တွက်ကို ၂ ပဲ မှ ၇ ပဲ ၄ ရွေးအထိ နှင့် ရွှေဟန်းချိန်း နှင့် ဖုချိန်းများကိုလည်း အမျိုးအစားနှင့် ရွှေအသားတင် အလေးချိန်အလိုက် အလျော့တွက်ကို ၂ ပဲ မှ ၇ ပဲ အထိ သတ်မှတ်ထားသည်။
“ တစ်ပဲ လုပ်လို့ တစ်ပဲရဲ့ တစ်ဝက် ၄ ရွေးပေးရတယ်ဆိုရင်တောင် ထုံးစံမဟုတ်ဘူး။ မကြိုက်ကြဘူး။ တစ်ပဲဆိုရင် ၂ ရွေးလောက်ရောင်းရတဲ့အထည်တွေကို ။ ဝယ်တဲ့လူတွေကလည်း ဟုတ်ပြီ အစိုးရသတ်မှတ်စျေး နဲ့ အစိုးရသတ်မှတ်တဲ့အလျော့တွက်နဲ့ ရောင်းတယ်ဆိုရင် ပြန်ရောင်းတဲ့အခါ အလျော့တွက်ပြန်ထည့်ပေးမှာလား ။ ဒါကိုမေး။ ပစ္စည်း ရောင်းတဲ့လူကလည်း သေချာရှင်းပြရမယ့် တာဝန်တွေရှိသွားပြီ။ ဝယ်တဲ့လူကလည်း ကျေနပ်လက်ခံနိုင်မှဝယ်ပေါ့။ အခုလိုသတ်မှတ်ထားတော့ အထည်တွေထက် အတုံးတွေပဲ အရောင်းအဝယ်ပိုဖြစ်တော့မယ်ထင်တယ်” ဟု ၎င်းက ပြောသည်။

Zawgyi Version;
ေ႐ႊ၊ ေ႐ႊၾကမ္း၊ လက္ဝတ္ရတနာပစၥည္းမ်ား၏ အေလ်ာ့တြက္ ႏႈန္းထားမ်ား သတ္မွတ္
Pearl (NP News) - မတ္ ၁၄
ေ႐ႊ၊ ေ႐ႊၾကမ္း ၊ လက္ဝတ္ရတနာပစၥည္းမ်ား၏ အေလ်ာ့တြက္ႏႈန္းထားမ်ား သတ္မွတ္၍ ေ႐ႊဆိုင္မ်ားအေနျဖင့္ လိုက္နာေဆာင္႐ြက္ရန္အတြက္ ရန္ကုန္တိုင္းေဒသႀကီး ေ႐ႊလုပ္ငန္းရွင္မ်ားအသင္း (YGEA) က အသိေပးထားသည္။
ထိုသို႔ အေလ်ာ့တြက္ ႏႈန္းထားမ်ား ကို သတ္မွတ္ရာတြင္ ပုံ႐ိုက္ ေ႐ႊဆြဲသီး၊ စက္ျဖတ္ ေ႐ႊဆြဲသီး ႏွင့္ ပုံဆန္းေ႐ႊဆြဲသီးအတြက္ ေ႐ႊအသားတင္အေလးခ်ိန္ ၂ပဲတင္ႏွင့္ေအာက္ ကို အေလ်ာ့တြက္ ၁ ပဲ ၁ ေ႐ြး၊ ၄ ပဲတင္ႏွင့္ေအာက္ကို အေလ်ာ့တြက္ ၂ ပဲ၊ ၈ ပဲတင္ႏွင့္ေအာက္ ကို အေလ်ာ့တြက္ ၃ ပဲ သတ္မွတ္ထားသည္။
အလားတူ ေ႐ႊဆြဲသီးမ်ားအတြက္ ေ႐ႊအသားတင္အေလးခ်ိန္ ၂ ပဲတင္ႏွင့္ေအာက္ ကို အေလ်ာ့တြက္ ၁ ပဲ ၃ေ႐ြး မွ စ၍ အေလးခ်ိန္ ႏွင့္ အမ်ိဳးအစားအလိုက္ ကို အေလ်ာ့တြက္၄ပဲ အထိလည္းေကာင္း၊ နားကပ္မ်ားအတြက္ ေ႐ႊအသားတင္အေလးခ်ိန္ ၂ ပဲတင္ႏွင့္ေအာက္ကို အေလ်ာ့တြက္ ၁ ပဲ ၂ ေ႐ြးမွစ၍ အေလးခ်ိန္ ႏွင့္ အမ်ိဳးအစားအလိုက္ အေလ်ာ့တြက္ ၂ ပဲအထိ သတ္မွတ္ထားသည္။
“ ပုံမွန္ ၂ ပဲတင္ ပစၥည္းတစ္ခုက ပုံမွန္က အေလ်ာ့တြက္ယူရင္ ဒီဇိုင္းအရမ္းဆန္းမွ ၅ ေ႐ြး ၊ ပုံမွန္လုပ္ရလြယ္ကူရင္ ၄ ေ႐ြးပဲ ယူရတာေလ။ အဲဒါကို အခု ၁ ပဲနဲ႔ ၁ ေ႐ြးယူခိုင္းတယ္။ အားလုံးေပါင္းရင္ ၉ ေ႐ြးယူခိုင္းတဲ့သေဘာ။ သူတို႔က ေစ်းကြာဟမႈအတြက္ကို ထည့္တြက္ေပးထားတာ။ စနစ္သစ္နဲ႔ စနစ္ေဟာင္းနဲ႔ေစ်းက ကြာတယ္။ သူတို႔ သတ္မွတ္တာက ၂ ပဲဆိုရင္ စနစ္ေဟာင္းနဲ႔ခ်ိန္တြယ္ရင္ ၂ ပဲေအာက္ေရာက္တာေပါ့။ အဲဒါနဲ႔ဆို ေသာင္းဂဏန္းနည္းနည္း ပိုမ်ားတာေပါ့။ ဆိုင္သမားက ဘာမွမျဖစ္ဘူး။ စားသုံးသူကေတာ့ မ်က္စိလည္တာေပါ့။ စနစ္သစ္လမ္းေၾကာင္းကို ေလွ်ာက္ခိုင္းတာေပါ့။ အေလးခ်ိန္နည္းနည္းေလးပဲ လုပ္တဲ့လူေတြမွာ ပိုထိတာေပါ့” ဟု ေ႐ႊဆိုင္လုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။
ေ႐ႊကလစ္မ်ားအတြက္ ေ႐ႊအသားတင္အေလးခ်ိန္ ၄ ပဲတင္ႏွင့္ေအာက္ ကို အေလ်ာ့တြက္ ၁ ပဲ ၆ ေ႐ြးမွစ၍ အေလးခ်ိန္ ႏွင့္ အမ်ိဳးအစားအလိုက္ အေလ်ာ့တြက္ ၃ ပဲ ၆ ေ႐ြးအထိ လည္းေကာင္း၊ ေ႐ႊလက္စြပ္မ်ားအတြက္ကိုလည္း ေ႐ႊအသားတင္အေလးခ်ိန္ ၁ ပဲတင္ႏွင့္ ေအာက္အတြက္ အေလ်ာ့တြက္ကို ၅ ေ႐ြးမွစ၍ အမ်ိဳးအစားႏွင့္ အေလးခ်ိန္အလိုက္ အေလ်ာ့တြက္ ၃ ပဲ ၃ေ႐ြးအထိ သတ္မွတ္ထားသည္။
ထို႔အတူ ေ႐ႊလက္ေကာက္မ်ားကိုလည္း အမ်ိဳးအစားႏွင့္ ေ႐ႊအသားတင္ အေလးခ်ိန္အလိုက္ အေလ်ာ့တြက္ကို ၇ ေ႐ြးမွ၅ပဲ ၇ ေ႐ြးအထိ ၊ ေ႐ႊဆြဲႀကိဳးမ်ားကို အမ်ိဳးအစားႏွင့္ ေ႐ႊအသားတင္ အေလးခ်ိန္အလိုက္ အေလ်ာ့တြက္ကို ၂ ပဲ မွ ၇ ပဲ ၄ ေ႐ြးအထိ ႏွင့္ ေ႐ႊဟန္းခ်ိန္း ႏွင့္ ဖုခ်ိန္းမ်ားကိုလည္း အမ်ိဳးအစားႏွင့္ ေ႐ႊအသားတင္ အေလးခ်ိန္အလိုက္ အေလ်ာ့တြက္ကို ၂ ပဲ မွ ၇ ပဲ အထိ သတ္မွတ္ထားသည္။
“ တစ္ပဲ လုပ္လို႔ တစ္ပဲရဲ႕ တစ္ဝက္ ၄ ေ႐ြးေပးရတယ္ဆိုရင္ေတာင္ ထုံးစံမဟုတ္ဘူး။ မႀကိဳက္ၾကဘူး။ တစ္ပဲဆိုရင္ ၂ ေ႐ြးေလာက္ေရာင္းရတဲ့အထည္ေတြကို ။ ဝယ္တဲ့လူေတြကလည္း ဟုတ္ၿပီ အစိုးရသတ္မွတ္ေစ်း နဲ႔ အစိုးရသတ္မွတ္တဲ့အေလ်ာ့တြက္နဲ႔ ေရာင္းတယ္ဆိုရင္ ျပန္ေရာင္းတဲ့အခါ အေလ်ာ့တြက္ျပန္ထည့္ေပးမွာလား ။ ဒါကိုေမး။ ပစၥည္း ေရာင္းတဲ့လူကလည္း ေသခ်ာရွင္းျပရမယ့္ တာဝန္ေတြရွိသြားၿပီ။ ဝယ္တဲ့လူကလည္း ေက်နပ္လက္ခံႏိုင္မွဝယ္ေပါ့။ အခုလိုသတ္မွတ္ထားေတာ့ အထည္ေတြထက္ အတုံးေတြပဲ အေရာင္းအဝယ္ပိုျဖစ္ေတာ့မယ္ထင္တယ္” ဟု ၎က ေျပာသည္။