အမျိုးသားပြတိုက် (နေပြည်တော်) ကို စတင်ဖွင့်လှစ်ထားပြီး မကြာမီ ပြခန်းအားလုံး အပြည့်အဝ ပြန်လည်ဖွင့်နိုင်တော့မည်

272

ထိုက်စံ (NP News) - မတ် ၁၅
ငလျင်ကြောင့် ထိခိုက်မှုများဖြစ်ခဲ့သော နေပြည်တော်ကောင်စီနယ်မြေ၊ ဥတ္တရသီရိမြို့နယ်ရှိ အမျိုးသားပြတိုက် (နေပြည်တော်) ကို စတင်ဖွင့် လှစ်ထားပြီး မကြာမီ ပြခန်းအားလုံးအပြည့်အဝ ပြန်လည်ဖွင့်နိုင်တော့မည်ဖြစ်ကြောင်း သိရှိသူသတင်း ရင်းမြစ်တစ်ဦးက NP News သို့ ပြောသည်။
အမျိုးသားပြတိုက် (နေပြည်တော်)သည် အမျိုးသားပြတိုက် (ရန်ကုန်) ကဲ့သို့ အထပ်မြင့် အဆောက်အအုံ မဟုတ်ဘဲ တစ်ထပ်အဆောက်အအုံများကို ဆက်သွယ်တည်ဆောက်ထားခြင်းဖြစ်ပြီး အဆောက်အအုံငါးခု ပါဝင်ကာ ယင်းအဆောက်အဦ များကို အေ၊ ဘီ၊ စီ၊ ဒီ နှင့် အီးဟု ခွဲခြားထားသည်။
အမျိုးသားပြတိုက် (နေပြည်တော်)၏ အဆောင် A နှင့် B တို့ကို ပြန်လည်ပြင်ဆင်ပြီးဖြစ်သဖြင့် မတ်လ (၁၀) ရက်မှ စတင်ကာ တနင်္လာနေ့နှင့် ပြန်တမ်းဝင် ရုံးပိတ်ရက်များမှလွဲ၍ နေ့စဉ် နံနက် (၉) နာရီခွဲ အချိန်မှ ညနေ (၄) နာရီခွဲ အချိန်အထိ ပြခန်း (၇) ခန်းကို ဖွင့်လှစ်ပြသနေကြောင်း အဆိုပါ ပြတိုက်၏ လူမှုကွန်ရက် ဖေ့စ်ဘွတ်ခ်စာမျက်နှာ ထက်တွင် အသိပေးထားပြီး ပြတိုက်ပြန်လည်ဖွင့်လှစ်သည့် မတ်လ (၁၀) ရက်၊ မတ်လ (၁၁) ရက်၊ မတ်လ (၁၂) ရက်တို့တွင် ဝင်ကြေးအခမဲ့ဖြင့် ဝင်ရောက်ခွင့်ပေးခဲ့သည်။
“အဆောင်(A) မှာတော့ လက်ဆောင် ပစ္စည်းပြခန်း၊ နောက် (B) ဆောင်မှာတော့ ပရိုင်း မိတ်ကျောက်ဖြစ် ရုပ်ကြွင်းပြခန်း။ ပြီးလို့ရှိရင် သမိုင်းမတင်ခင်ခေတ်ပေါ့နော်။ နောက်ပြီး သမိုင်းတင် ခေတ်ဦးပြခန်း။ နောက်ပြီးရင် သမိုင်းတင် ခေတ်ပြခန်း။ ပြီးလို့ရှိရင် မြန်မာ့ပန်းချီပြခန်း။ နောက်ပြီးလို့ရှိရင် အနုသုခုမ ပြခန်း၊ ဒါတွေက အဆောင်(A)နဲ့ (B) မှာ ဒါပြသထားတာပါ” ၎င်းက ပြောသည်။
အဆောင် (C) နဲ့ (D) တွင်ပါဝင်သော ပြခန်း (၆)ခန်းမှာလည်း ပြင်ဆင်နေဆဲဖြစ်သည့်အ တွက် လက်ရှိပြသနေ သည့် ပြခန်းများတွင် ပါဝင်မှုမရှိ သေးသော်လည်း မကြာမီ အဆိုပါ ပြခန်းများကိုလည်း ဆက်လက်ပြသနိုင်ရန် ဖွင့်မည် ဖြစ်ကြောင်းသိရသည်။ “ခုနပြောတဲ့ အဆောင်(C) နဲ့ (D) မှာ ကျတော့ ကျွန်တော်တို့က ပလ္လင်ပြခန်းပေါ့။ သီဟာသန ပလ္လင်ပြခန်း။ အဲဒါကတော့ မပြသနိုင်သေးတာပေါ့နော်။ နောက်ပြီးလို့ရှိရင် ဗုဒ္ဓဝင်ပြခန်း။ နောက် ပြီးလို့ရှိရင် နိုင်ငံတော် အကြီးအကဲတွေ မောင်းနှင်ခဲ့တဲ့ မော်တော်ယာဉ်ပြခန်းပေါ့။ အဲဒါတွေက မပြသနိုင်သေးဘူး။ နောက်ပြီး(D) အဆောင်မှာ ဆိုရင်တော့ အာဆီယံပြခန်းပေါ့။ နောက်ပြီးလို့ရှိရင် မြန်မာ့အနုပညာပြခန်း။ နောက်ပြီးရင် ကလေးသူငယ်ပြခန်း။ ဒါလေးတွေက အဆောင် (C)နဲ့ (D) မှာ(၆)ခန်း ကျန်သေးတာပေါ့။ အဲဒါတွေကို မပြသနိုင်သေးဘူး။ မကြာခင် ဖွင့်လှစ် ပြသနိုင်မှာပါ” ဟု ၎င်းကပြောသည်။
အမျိုးသားပြတိုက်(နေပြည်တော်)ကို (၂၀၁၀) ပြည့်နှစ် ဇွန်လ (၃) ရက်တွင် စတင် တည်ဆောက်ခဲ့ပြီး (၂၀၁၅)ခုနှစ်၊ ဇူလိုင်လ (၁၅)ရက်တွင် ပြတိုက်၏ ပထမအဆင့်အဖြစ် အဆောင် A နှင့် B တို့ကိုဖွင့်လှစ်ခဲ့ပြီး အဆောင် C ၊ D နှင့် E တို့အား (၂၀၁၆)ခုနှစ်၊ မတ်လ (၂၂) ရက်တွင် ဖွင့်လှစ်ခဲ့ကြောင်း သိရသည်။

Zawgyi Version;
အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္) ကို စတင္ဖြင့္လွစ္ထားၿပီး မၾကာမီ ျပခန္းအားလုံး အျပည့္အဝ ျပန္လည္ဖြင့္ႏိုင္ေတာ့မည္
ထိုက္စံ (NP News) - မတ္ ၁၅
ငလ်င္ေၾကာင့္ ထိခိုက္မႈမ်ားျဖစ္ခဲ့ေသာ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ဥတၱရသီရိၿမိဳ႕နယ္ရွိ အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္) ကို စတင္ဖြင့္ လွစ္ထားၿပီး မၾကာမီ ျပခန္းအားလုံးအျပည့္အဝ ျပန္လည္ဖြင့္ႏိုင္ေတာ့မည္ျဖစ္ေၾကာင္း သိရွိသူသတင္း ရင္းျမစ္တစ္ဦးက NP News သို႔ ေျပာသည္။
အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္)သည္ အမ်ိဳးသားျပတိုက္ (ရန္ကုန္) ကဲ့သို႔ အထပ္ျမင့္ အေဆာက္အအုံ မဟုတ္ဘဲ တစ္ထပ္အေဆာက္အအုံမ်ားကို ဆက္သြယ္တည္ေဆာက္ထားျခင္းျဖစ္ၿပီး အေဆာက္အအုံငါးခု ပါဝင္ကာ ယင္းအေဆာက္အဦ မ်ားကို ေအ၊ ဘီ၊ စီ၊ ဒီ ႏွင့္ အီးဟု ခြဲျခားထားသည္။
အမ်ိဳးသားျပတိုက္ (ေနျပည္ေတာ္)၏ အေဆာင္ A ႏွင့္ B တို႔ကို ျပန္လည္ျပင္ဆင္ၿပီးျဖစ္သျဖင့္ မတ္လ (၁၀) ရက္မွ စတင္ကာ တနလၤာေန႔ႏွင့္ ျပန္တမ္းဝင္ ႐ုံးပိတ္ရက္မ်ားမွလြဲ၍ ေန႔စဥ္ နံနက္ (၉) နာရီခြဲ အခ်ိန္မွ ညေန (၄) နာရီခြဲ အခ်ိန္အထိ ျပခန္း (၇) ခန္းကို ဖြင့္လွစ္ျပသေနေၾကာင္း အဆိုပါ ျပတိုက္၏ လူမႈကြန္ရက္ ေဖ့စ္ဘြတ္ခ္စာမ်က္ႏွာ ထက္တြင္ အသိေပးထားၿပီး ျပတိုက္ျပန္လည္ဖြင့္လွစ္သည့္ မတ္လ (၁၀) ရက္၊ မတ္လ (၁၁) ရက္၊ မတ္လ (၁၂) ရက္တို႔တြင္ ဝင္ေၾကးအခမဲ့ျဖင့္ ဝင္ေရာက္ခြင့္ေပးခဲ့သည္။
“အေဆာင္(A) မွာေတာ့ လက္ေဆာင္ ပစၥည္းျပခန္း၊ ေနာက္ (B) ေဆာင္မွာေတာ့ ပ႐ိုင္း မိတ္ေက်ာက္ျဖစ္ ႐ုပ္ႂကြင္းျပခန္း။ ၿပီးလို႔ရွိရင္ သမိုင္းမတင္ခင္ေခတ္ေပါ့ေနာ္။ ေနာက္ၿပီး သမိုင္းတင္ ေခတ္ဦးျပခန္း။ ေနာက္ၿပီးရင္ သမိုင္းတင္ ေခတ္ျပခန္း။ ၿပီးလို႔ရွိရင္ ျမန္မာ့ပန္းခ်ီျပခန္း။ ေနာက္ၿပီးလို႔ရွိရင္ အႏုသုခုမ ျပခန္း၊ ဒါေတြက အေဆာင္(A)နဲ႔ (B) မွာ ဒါျပသထားတာပါ” ၎က ေျပာသည္။
အေဆာင္ (C) နဲ႔ (D) တြင္ပါဝင္ေသာ ျပခန္း (၆)ခန္းမွာလည္း ျပင္ဆင္ေနဆဲျဖစ္သည့္အ တြက္ လက္ရွိျပသေန သည့္ ျပခန္းမ်ားတြင္ ပါဝင္မႈမရွိ ေသးေသာ္လည္း မၾကာမီ အဆိုပါ ျပခန္းမ်ားကိုလည္း ဆက္လက္ျပသႏိုင္ရန္ ဖြင့္မည္ ျဖစ္ေၾကာင္းသိရသည္။ “ခုနေျပာတဲ့ အေဆာင္(C) နဲ႔ (D) မွာ က်ေတာ့ ကြၽန္ေတာ္တို႔က ပလႅင္ျပခန္းေပါ့။ သီဟာသန ပလႅင္ျပခန္း။ အဲဒါကေတာ့ မျပသႏိုင္ေသးတာေပါ့ေနာ္။ ေနာက္ၿပီးလို႔ရွိရင္ ဗုဒၶဝင္ျပခန္း။ ေနာက္ ၿပီးလို႔ရွိရင္ ႏိုင္ငံေတာ္ အႀကီးအကဲေတြ ေမာင္းႏွင္ခဲ့တဲ့ ေမာ္ေတာ္ယာဥ္ျပခန္းေပါ့။ အဲဒါေတြက မျပသႏိုင္ေသးဘူး။ ေနာက္ၿပီး(D) အေဆာင္မွာ ဆိုရင္ေတာ့ အာဆီယံျပခန္းေပါ့။ ေနာက္ၿပီးလို႔ရွိရင္ ျမန္မာ့အႏုပညာျပခန္း။ ေနာက္ၿပီးရင္ ကေလးသူငယ္ျပခန္း။ ဒါေလးေတြက အေဆာင္ (C)နဲ႔ (D) မွာ(၆)ခန္း က်န္ေသးတာေပါ့။ အဲဒါေတြကို မျပသႏိုင္ေသးဘူး။ မၾကာခင္ ဖြင့္လွစ္ ျပသႏိုင္မွာပါ” ဟု ၎ကေျပာသည္။
အမ်ိဳးသားျပတိုက္(ေနျပည္ေတာ္)ကို (၂၀၁၀) ျပည့္ႏွစ္ ဇြန္လ (၃) ရက္တြင္ စတင္ တည္ေဆာက္ခဲ့ၿပီး (၂၀၁၅)ခုႏွစ္၊ ဇူလိုင္လ (၁၅)ရက္တြင္ ျပတိုက္၏ ပထမအဆင့္အျဖစ္ အေဆာင္ A ႏွင့္ B တို႔ကိုဖြင့္လွစ္ခဲ့ၿပီး အေဆာင္ C ၊ D ႏွင့္ E တို႔အား (၂၀၁၆)ခုႏွစ္၊ မတ္လ (၂၂) ရက္တြင္ ဖြင့္လွစ္ခဲ့ေၾကာင္း သိရသည္။