ပါရှန်းပင်လယ်ကွေ့ကနေ အမေရိကန်မထွက်သရွေ့ ငြိမ်းချမ်းရေးရှိလာမှာမဟုတ်ဘူးလို့ အီရန်အစိုးရပြော

 1423

Pika (NP News)-မတ် ၁၅
အီရန်နဲ့ အမေရိကန်ကြား လက်ရှိဖြစ်ပွားလျက်ရှိတဲ့ ပဋိပက္ခကို အဆုံးသတ်လိုပါက အမေရိကန်အနေနဲ့ ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ ၎င်းရဲ့စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကို ရုတ်သိမ်းရမယ်လို့ အီရန်ထိပ်တန်းခေါင်းဆောင်ရဲ့ အကြံပေးဘုတ်အဖွဲ့ဝင်တစ်ဦးက ပြောကြားခဲ့ပါတယ်။ဒါ့ပြင် အီရန်က စစ်ပွဲအတွင်း ပျက်စီးဆုံးရှုံးမှုတွေအတွက် အပြည့်အဝပြန်လည်ပေးဆပ်မှုတွေနဲ့ အမေရိကန်ဆီကနေ ခိုင်မာတဲ့ လုံခြုံရေးအာမခံချက်တွေကိုလည်း ရယူသွားမယ်လို့ အီရန်အငြိမ်းစားဗိုလ်ချုပ်တစ်ဦးဖြစ်တဲ့ Mohsen Rezaeeက ပြောကြားခဲ့ပါတယ်။ပါရှန်းပင်လယ်ကွေ့မှာ အမေရိကန်ရဲ့တည်ရှိမှုဟာ လွန်ခဲ့တဲ့နှစ်ပေါင်း(၅၀)အတွင်း မလုံခြုံမှုတွေရဲ့ အဓိကအကြောင်းအရင်းတစ်ခုဖြစ်တယ်လို့လည်း Mohsen Rezaeeက စွပ်စွဲပြောဆိုခဲ့ပါတယ်။ Mohsen Rezaeeက”ဒီစစ်ပွဲရဲ့ အဆုံးသတ်ကလည်း ကျွန်တော်တို့လက်ထဲမှာပဲရှိပါတယ်။အဓိကလိုအပ်ချက်တွေကတော့ အမေရိကန်က ပါရှန်းပင်လယ်ကွေ့မှာရှိတဲ့ ၎င်းတို့ရဲ့စစ်ဘက်ဆိုင်ရာတပ်ဖွဲ့တွေကို ရုတ်သိမ်းရပါမယ်။”လို့ပြောဆိုခဲ့ပါတယ်။ဒါ့ပြင် အမေရိကန်ဆီကနေ လျော်ကြေးငွေတွေရရှိဖို့ အီရန်က မျှော်လင့်ထားတယ်လို့လည်း Mohsen Rezaeeက ထပ်မံပြောကြားခဲ့ပါတယ်။

Zawgyi Version:
ပါရွန္းပင္လယ္ေကြ႕ကေန အေမရိကန္မထြက္သေ႐ြ႕ ၿငိမ္းခ်မ္းေရးရွိလာမွာမဟုတ္ဘူးလို႔ အီရန္အစိုးရေျပာ
Pika (NP News)-မတ္ ၁၅
အီရန္နဲ႔ အေမရိကန္ၾကား လက္ရွိျဖစ္ပြားလ်က္ရွိတဲ့ ပဋိပကၡကို အဆုံးသတ္လိုပါက အေမရိကန္အေနနဲ႔ ပါရွန္းပင္လယ္ေကြ႕မွာရွိတဲ့ ၎ရဲ႕စစ္ဘက္ဆိုင္ရာတပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းရမယ္လို႔ အီရန္ထိပ္တန္းေခါင္းေဆာင္ရဲ႕ အႀကံေပးဘုတ္အဖြဲ႕ဝင္တစ္ဦးက ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ အီရန္က စစ္ပြဲအတြင္း ပ်က္စီးဆုံးရႈံးမႈေတြအတြက္ အျပည့္အဝျပန္လည္ေပးဆပ္မႈေတြနဲ႔ အေမရိကန္ဆီကေန ခိုင္မာတဲ့ လုံၿခဳံေရးအာမခံခ်က္ေတြကိုလည္း ရယူသြားမယ္လို႔ အီရန္အၿငိမ္းစားဗိုလ္ခ်ဳပ္တစ္ဦးျဖစ္တဲ့ Mohsen Rezaeeက ေျပာၾကားခဲ့ပါတယ္။ပါရွန္းပင္လယ္ေကြ႕မွာ အေမရိကန္ရဲ႕တည္ရွိမႈဟာ လြန္ခဲ့တဲ့ႏွစ္ေပါင္း(၅၀)အတြင္း မလုံၿခဳံမႈေတြရဲ႕ အဓိကအေၾကာင္းအရင္းတစ္ခုျဖစ္တယ္လို႔လည္း Mohsen Rezaeeက စြပ္စြဲေျပာဆိုခဲ့ပါတယ္။ Mohsen Rezaeeက”ဒီစစ္ပြဲရဲ႕ အဆုံးသတ္ကလည္း ကြၽန္ေတာ္တို႔လက္ထဲမွာပဲရွိပါတယ္။အဓိကလိုအပ္ခ်က္ေတြကေတာ့ အေမရိကန္က ပါရွန္းပင္လယ္ေကြ႕မွာရွိတဲ့ ၎တို႔ရဲ႕စစ္ဘက္ဆိုင္ရာတပ္ဖြဲ႕ေတြကို ႐ုတ္သိမ္းရပါမယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ဒါ့ျပင္ အေမရိကန္ဆီကေန ေလ်ာ္ေၾကးေငြေတြရရွိဖို႔ အီရန္က ေမွ်ာ္လင့္ထားတယ္လို႔လည္း Mohsen Rezaeeက ထပ္မံေျပာၾကားခဲ့ပါတယ္။

Related news

© 2021. All rights reserved.