ဟော်မုဇ်ရေလက်ကြားသို့ ဂျပန်စစ်သင်္ဘောများ ချက်ချင်းစေလွှတ်မည်မဟုတ်ဟု ဂျပန်တုံ့ပြန်

621

Pika(NP News) - မတ် ၁၆
အမေရိကန်နှင့် အီရန်တို့အကြား စစ်ရေးတင်းမာမှုများကြောင့် ပိတ်ဆို့လုနီးပါးဖြစ်နေသည့် ဟော်မုဇ်ရေလက်ကြား သို့ စစ်သင်္ဘောများစေလွှတ်ရန် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က တောင်းဆိုခဲ့သော်လည်း ဂျပန်နိုင်ငံအနေဖြင့် ချက်ချင်းလိုက်လျောမည်မဟုတ်ကြောင်း တုံ့ပြန်လိုက်ကြောင်းသိရသည်။အဆိုပါတုံ့ပြန်မှုသည် ဂျပန်နိုင်ငံ၏ အချုပ်အခြာအာဏာပိုင်ဆိုင်မှုနှင့် လွတ်လပ်သော နိုင်ငံခြားရေးမူဝါဒကို ရှင်းလင်းစွာ ပြသလိုက်ခြင်းလည်း ဖြစ်ကြောင်းသိရသည်။
သမ္မတ ဒေါ်နယ်ထရမ့်က ဟော်မုဇ်ရေလက်ကြား လုံခြုံရေးနှင့် ပွင့်လင်းမြင်သာမှုရှိစေရန် အမေရိကန်နှင့်အတူ ပူးပေါင်းပါဝင်ပေးရန် ဂျပန်၊ တရုတ်၊ ပြင်သစ်၊ တောင်ကိုရီးယားနှင့် ဗြိတိန် စသည့်နိုင်ငံများကို ပြီးခဲ့သည့် ရက်ပိုင်းက တောင်းဆိုခဲ့သည်။
ဂျပန်အာဏာရ LDP ပါတီ၏ မူဝါဒရေးရာအကြီးအကဲ ကိုဘာယက်" အမေရိကန်သမ္မတထရမ့်က တောင်းဆိုရုံ နဲ့ဂျပန်ရေတပ်စစ်သင်္ဘောများကို ချက်ချင်းစေလွှတ်မည်မဟုတ်ဘူး" ဟုပြောသည်။ဂျပန်နိုင်ငံ၏ ငြိမ်းချမ်းရေးအခြေခံဥပဒေ အရ ပဋိပက္ခဖြစ်ပွားနေသော ဒေသများသို့ စစ်သင်္ဘောများစေလွှတ်ရန် ဥပဒေရေးရာနှင့် နိုင်ငံရေးအရ အတားအဆီး များစွာရှိနေပြီး အလွန်သတိထား စဉ်းစားရမည့်ကိစ္စဖြစ်ကြောင်း ၎င်းကပြောသည်။လက်ရှိအချိန်တွင် အရှေ့အလယ်ပိုင်း စစ်ရေးပဋိပက္ခများကြောင့် ကမ္ဘာ့ရေနံတင်ပို့မှု၏ ၂၀ ရာခိုင်နှုန်းခန့် ဖြတ်သန်းသွားလာနေသော ဟော်မုဇ်ရေလက်ကြားမှာ လုံခြုံရေးခြိမ်းခြောက်မှုများနှင့် ရင်ဆိုင် နေရသည်။ဂျပန်နိုင်ငံသည် ၎င်း၏ ရေနံတင်သွင်းမှု ၉၅ ရာခိုင်နှုန်းကို အရှေ့အလယ်ပိုင်းဒေသအပေါ် မှီခိုနေရပြီး၊ အဆိုပါတင်သွင်းသော ရေနံ အားလုံး၏၀ ရာခိုင်နှုန်းခန့်သည် အဆိုပါရေလက်ကြားကို ဖြတ်သန်းနေရခြင်းဖြစ်သည်။
ဂျပန်ဝန်ကြီးချုပ် တာကိုင်ချီသည် လာမည့်မတ်လ ၁၉ ရက်တွင် ဝါရှင်တန်ဒီစီ၌ အမေရိကန်သမ္မတထရမ့်နှင့် တွေ့ဆုံရန်ရှိနေပြီး၊ အဆိုပါ စစ်သဘော်စေလွတ်ရေးကိစ္စရပ်သည် နှစ်နိုင်ငံခေါင်းဆောင်များအကြား အဓိကဆွေးနွေးမည့် အကြောင်းအရာတစ်ခု ဖြစ်လာဖွယ်ရှိနေကြောင်းသိရသည်။

Zawgyi Version:
ေဟာ္မုဇ္ေရလက္ၾကားသို႔ ဂ်ပန္စစ္သေဘၤာမ်ား ခ်က္ခ်င္းေစလႊတ္မည္မဟုတ္ဟု ဂ်ပန္တုံ႔ျပန္
Pika(NP News) - မတ္ ၁၆
အေမရိကန္ႏွင့္ အီရန္တို႔အၾကား စစ္ေရးတင္းမာမႈမ်ားေၾကာင့္ ပိတ္ဆို႔လုနီးပါးျဖစ္ေနသည့္ ေဟာ္မုဇ္ေရလက္ၾကား သို႔ စစ္သေဘၤာမ်ားေစလႊတ္ရန္ အေမရိကန္သမၼတ ေဒၚနယ္ထရမ့္က ေတာင္းဆိုခဲ့ေသာ္လည္း ဂ်ပန္ႏိုင္ငံအေနျဖင့္ ခ်က္ခ်င္းလိုက္ေလ်ာမည္မဟုတ္ေၾကာင္း တုံ႔ျပန္လိုက္ေၾကာင္းသိရသည္။အဆိုပါတုံ႔ျပန္မႈသည္ ဂ်ပန္ႏိုင္ငံ၏ အခ်ဳပ္အျခာအာဏာပိုင္ဆိုင္မႈႏွင့္ လြတ္လပ္ေသာ ႏိုင္ငံျခားေရးမူဝါဒကို ရွင္းလင္းစြာ ျပသလိုက္ျခင္းလည္း ျဖစ္ေၾကာင္းသိရသည္။
သမၼတ ေဒၚနယ္ထရမ့္က ေဟာ္မုဇ္ေရလက္ၾကား လုံၿခဳံေရးႏွင့္ ပြင့္လင္းျမင္သာမႈရွိေစရန္ အေမရိကန္ႏွင့္အတူ ပူးေပါင္းပါဝင္ေပးရန္ ဂ်ပန္၊ တ႐ုတ္၊ ျပင္သစ္၊ ေတာင္ကိုရီးယားႏွင့္ ၿဗိတိန္ စသည့္ႏိုင္ငံမ်ားကို ၿပီးခဲ့သည့္ ရက္ပိုင္းက ေတာင္းဆိုခဲ့သည္။
ဂ်ပန္အာဏာရ LDP ပါတီ၏ မူဝါဒေရးရာအႀကီးအကဲ ကိုဘာယက္" အေမရိကန္သမၼတထရမ့္က ေတာင္းဆို႐ုံ နဲ႔ဂ်ပန္ေရတပ္စစ္သေဘၤာမ်ားကို ခ်က္ခ်င္းေစလႊတ္မည္မဟုတ္ဘူး" ဟုေျပာသည္။ဂ်ပန္ႏိုင္ငံ၏ ၿငိမ္းခ်မ္းေရးအေျခခံဥပေဒ အရ ပဋိပကၡျဖစ္ပြားေနေသာ ေဒသမ်ားသို႔ စစ္သေဘၤာမ်ားေစလႊတ္ရန္ ဥပေဒေရးရာႏွင့္ ႏိုင္ငံေရးအရ အတားအဆီး မ်ားစြာရွိေနၿပီး အလြန္သတိထား စဥ္းစားရမည့္ကိစၥျဖစ္ေၾကာင္း ၎ကေျပာသည္။လက္ရွိအခ်ိန္တြင္ အေရွ႕အလယ္ပိုင္း စစ္ေရးပဋိပကၡမ်ားေၾကာင့္ ကမာၻ႔ေရနံတင္ပို႔မႈ၏ ၂၀ ရာခိုင္ႏႈန္းခန႔္ ျဖတ္သန္းသြားလာေနေသာ ေဟာ္မုဇ္ေရလက္ၾကားမွာ လုံၿခဳံေရးၿခိမ္းေျခာက္မႈမ်ားႏွင့္ ရင္ဆိုင္ ေနရသည္။ဂ်ပန္ႏိုင္ငံသည္ ၎၏ ေရနံတင္သြင္းမႈ ၉၅ ရာခိုင္ႏႈန္းကို အေရွ႕အလယ္ပိုင္းေဒသအေပၚ မွီခိုေနရၿပီး၊ အဆိုပါတင္သြင္းေသာ ေရနံ အားလုံး၏၀ ရာခိုင္ႏႈန္းခန႔္သည္ အဆိုပါေရလက္ၾကားကို ျဖတ္သန္းေနရျခင္းျဖစ္သည္။
ဂ်ပန္ဝန္ႀကီးခ်ဳပ္ တာကိုင္ခ်ီသည္ လာမည့္မတ္လ ၁၉ ရက္တြင္ ဝါရွင္တန္ဒီစီ၌ အေမရိကန္သမၼတထရမ့္ႏွင့္ ေတြ႕ဆုံရန္ရွိေနၿပီး၊ အဆိုပါ စစ္သေဘာ္ေစလြတ္ေရးကိစၥရပ္သည္ ႏွစ္ႏိုင္ငံေခါင္းေဆာင္မ်ားအၾကား အဓိကေဆြးေႏြးမည့္ အေၾကာင္းအရာတစ္ခု ျဖစ္လာဖြယ္ရွိေနေၾကာင္းသိရသည္။