လာမည့်(၅)လပိုင်းအတွင်း မြစ်ကြီးနာလေဆိပ်တွင် လေယာဉ်ပုံမှန်ပြေးဆွဲနိုင်မည်ဟုဆို

 149

ထိုက်စံ (NP News) - မတ် ၁၇
လာမည့်(၅)လပိုင်းအတွင်း မြစ်ကြီးနာလေဆိပ်တွင် လေယာဉ်ပုံမှန်ပြေးဆွဲနိုင်မည်ဖြစ်ကြောင်း သိရှိသူတစ်ဦးက NP News သို့ပြောသည်။
“မဖွင့်သေးဘူး။ (၅)လပိုင်းမှ ဖွင့်မှာ ။ အခုကတရားဝင်မဖွင့်သေးဘူး။ အမတို့အိမ်ကလူတွေပြန်ဖို့တောင်မှ သွားလို့မရသေးဘူး။ လေဆိပ်က အစကတည်းကဖွင့်တယ်လည်း မဟုတ်ဘူး။ ပိတ်တယ်လည်း မဟုတ်ဘူး။ ဟိုတစ်ခေါက်လေဆိပ်ဖြစ်ကတည်းက ဒီအတိုင်းပဲလေ။ တခြားဆိုင်ရာဆိုင်ရာတော့ရှိမှာပေါ့။ ခရီးသည်တွေက မသွားရပါဘူး။ လေယာဉ်လက်မှတ်တွေ ရောင်းမှပဲ လေဆိပ်က ဖွင့်မှာလေ”ဟု ၎င်းကပြောသည်။
လက်ရှိတွင် လူမှုကွန်ယက်ဖေ့စ်ဘွတ်ခ် စာမျက်နှာထက်တွင် မြစ်ကြီးနားလေဆိပ် ပြန်လည်ဖွင့်လှစ်တော့မည်ဟု ရေးသားဖော်ပြထားခြင်းများရှိနေသော်လည်း လက်တွေ့တွင် လေယာဉ်ခရီးစဉ်များ ဖွင့်လှစ်ခြင်းမရှိသေးကြောင်း ၎င်းကဆိုသည်။
“အမတို့တောင်မှလေဆိပ်ဖွင့်တာကို စောင့်နေတာ။ မဖွင့်သေးဘူး။ လိုင်းပေါ်မှာလျှောက်ပြောနေကြတာ။ ဒရုန်းထိကတည်းကလေဆိပ်က ပိတ်ထားတာ အခုထိမဖွင့်သေးပါဘူး” ဟု ၎င်းကပြောသည်။
ပြီးခဲ့သည့် (ဖေဖော်ဝါရီ ၂၀ ရက်) က မြန်မာအမျိုးသားလေကြောင်းလိုင်း(MNA) သည် ခရီးသည်များတင်ဆောင်ပြီး မြစ်ကြီးနားလေဆိပ်မှ မန္တလေးမြို့သို့ထွက်ခွာရန် ပြင်ဆင်နေစဉ် KIA နှင့် PDF အဖွဲ့များမှ FPV Suicide Drone များ အသုံးပြု၍ တိုက်ခိုက်ခဲ့ပြီးနောက် မြစ်ကြီးနားလေဆိပ်၏ လေယာဉ်ပြေးဆွဲမှုလုပ်ငန်းစဉ်များကို ရပ်နားထားခဲ့ရကြောင်း သိရသည်။

Zawgyi Version:
လာမည့္(၅)လပိုင္းအတြင္း ျမစ္ႀကီးနာေလဆိပ္တြင္ ေလယာဥ္ပုံမွန္ေျပးဆြဲႏိုင္မည္ဟုဆို
ထိုက္စံ (NP News) - မတ္ ၁၇
လာမည့္(၅)လပိုင္းအတြင္း ျမစ္ႀကီးနာေလဆိပ္တြင္ ေလယာဥ္ပုံမွန္ေျပးဆြဲႏိုင္မည္ျဖစ္ေၾကာင္း
သိရွိသူတစ္ဦးက NP News သို႔ေျပာသည္။
“မဖြင့္ေသးဘူး။ (၅)လပိုင္းမွ ဖြင့္မွာ ။ အခုကတရားဝင္မဖြင့္ေသးဘူး။ အမတို႔အိမ္ကလူေတြျပန္ဖို႔ေတာင္မွ သြားလို႔မရေသးဘူး။ ေလဆိပ္က အစကတည္းကဖြင့္တယ္လည္း မဟုတ္ဘူး။ ပိတ္တယ္လည္း မဟုတ္ဘူး။ ဟိုတစ္ေခါက္ေလဆိပ္ျဖစ္ကတည္းက ဒီအတိုင္းပဲေလ။ တျခားဆိုင္ရာဆိုင္ရာေတာ့ရွိမွာေပါ့။ ခရီးသည္ေတြက မသြားရပါဘူး။ ေလယာဥ္လက္မွတ္ေတြ ေရာင္းမွပဲ ေလဆိပ္က ဖြင့္မွာေလ”ဟု ၎ကေျပာသည္။
လက္ရွိတြင္ လူမႈကြန္ယက္ေဖ့စ္ဘြတ္ခ္ စာမ်က္ႏွာထက္တြင္ ျမစ္ႀကီးနားေလဆိပ္ ျပန္လည္ဖြင့္လွစ္ေတာ့မည္ဟု ေရးသားေဖာ္ျပထားျခင္းမ်ားရွိေနေသာ္လည္း လက္ေတြ႕တြင္ ေလယာဥ္ခရီးစဥ္မ်ား ဖြင့္လွစ္ျခင္းမရွိေသးေၾကာင္း ၎ကဆိုသည္။
“အမတို႔ေတာင္မွေလဆိပ္ဖြင့္တာကို ေစာင့္ေနတာ။ မဖြင့္ေသးဘူး။ လိုင္းေပၚမွာေလွ်ာက္ေျပာေနၾကတာ။ ဒ႐ုန္းထိကတည္းကေလဆိပ္က ပိတ္ထားတာ အခုထိမဖြင့္ေသးပါဘူး” ဟု ၎ကေျပာသည္။
ၿပီးခဲ့သည့္ (ေဖေဖာ္ဝါရီ ၂၀ ရက္) က ျမန္မာအမ်ိဳးသားေလေၾကာင္းလိုင္း(MNA) သည္ ခရီးသည္မ်ားတင္ေဆာင္ၿပီး ျမစ္ႀကီးနားေလဆိပ္မွ မႏၲေလးၿမိဳ႕သို႔ထြက္ခြာရန္ ျပင္ဆင္ေနစဥ္ KIA ႏွင့္ PDF အဖြဲ႕မ်ားမွ FPV Suicide Drone မ်ား အသုံးျပဳ၍ တိုက္ခိုက္ခဲ့ၿပီးေနာက္ ျမစ္ႀကီးနားေလဆိပ္၏ ေလယာဥ္ေျပးဆြဲမႈလုပ္ငန္းစဥ္မ်ားကို ရပ္နားထားခဲ့ရေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.