တောင်ကိုရီးယား သရုပ်ဆောင် ဗြောင်ဝူဆော့ခ် က ပရိသတ်တွေနဲ့စုပေါင်းပြီး ကိုရီးယားဝမ်သန်း ၃ဝ အလှူပြု

 145

ရောင်နီ (NP News) - မတ် ၁၇

တောင်ကိုရီးယား သရုပ်ဆောင် မင်းသား ဗြောင်ဝူဆော့ခ်ဟာ သူ့ရဲ့ပရိသတ် Fandom ဖြစ်တဲ့ "Byeon Woo Seok and Tongtong (Woo Che Tong)” နဲ့အတူ ပထမဆုံးအကြိမ်အဖြစ် စုပေါင်းလှူဒါန်းမှုပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။
တောင်ကိုရီးယားလူမှုဖူလုံရေးအသင်း (Korea Social Welfare Society) ရဲ့ထုတ်ပြန်ချက်အရ အဆိုပါ လှူဒါန်းမှုအစီအစဉ်ကို မတ်လ ၁၅ ရက်မှာ စတင်မှာဖြစ်ပြီး၊ ကျောင်းဖွင့်ရာသီမှာ အခက်အခဲရှိနေတဲ့ ကလေးငယ် တွေအတွက် ကျောင်းသုံးပစ္စည်းတွေ ထောက်ပံ့ပေးဖို့ ရည်ရွယ်တယ်လို့ သိရပါတယ်။ ယခုလှူဒါန်းမှုဟာ မင်းသား ဗြောင်ဝူဆော့ခ်ရဲ့လှူဒါန်းမှုလုပ်ငန်းတွေကို အစဉ်တစိုက် အားပေးကူညီနေတဲ့ သူ့ရဲ့ပရိသတ်တွေက ဦးဆောင်စီစဉ် ခဲ့ခြင်းဖြစ်တယ်လို့ သိရပါတယ်။ ရှစ်ရက်တာအတွင်း စုဆောင်းရရှိထားတဲ့ ရန်ပုံငွေတွေကို အသုံးပြုပြီး ကျောင်းသုံး ပစ္စည်းတွေ ဝယ်ယူမှာဖြစ်ပြီး၊ ပရိသတ်တွေကို ကိုယ်တိုင် စေတနာ့ဝန်ထမ်းအဖြစ် ပါဝင်ထုပ်ပိုးကာ ကလေးငယ် များထံ ပေးပို့သွားမယ်လို့ သိရပါတယ်။
ဒါအပြင် သရုပ်ဆောင် ဗြောင်ဝူဆော့ခ်ဟာ ယခုနှစ်အစောပိုင်းကလည်း အားနည်းတဲ့ ဆယ်ကျော်သက် မိန်းကလေးတွေနဲ့ ကလေးလူနာတွေအတွက် ကိုရီးယားဝမ် သန်း ၂ဝဝ ကို လှူဒါန်းခဲ့ဖူးသလို ယမန်နှစ်ကလည်း တောမီးဘေးသင့်သူတွေအတွက်လည်း ဝမ်သန်း ၁ဝဝ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။
အနုပညာခြေလှမ်းအနေနဲ့ မတ်လ ၂၀ ရက်မှာ ပထမဆုံးရုပ်ရှင် Soulmate ကို Netflix မှာ ပြသမှာဖြစ်ပြီး ဧပြီလ ၁၀ ရက်မှာတော့ သရုပ်ဆောင် အိုင်ယူနဲ့အတူ ပါဝင်ထားတဲ့ ရုပ်ရှင်ဒရာမာသစ် The Crown Princess of the 21st Century ထွက်ရှိလာမယ်လို့ သိရပါတယ်။

Zawgyi Version;
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ ေျဗာင္ဝူေဆာ့ခ္ က ပရိသတ္ေတြနဲ႔စုေပါင္းၿပီး ကိုရီးယားဝမ္သန္း ၃ဝ အလႉျပဳ
ေရာင္နီ (NP News) - မတ္ ၁၇
ေတာင္ကိုရီးယား သ႐ုပ္ေဆာင္ မင္းသား ေျဗာင္ဝူေဆာ့ခ္ဟာ သူ႔ရဲ႕ပရိသတ္ Fandom ျဖစ္တဲ့ "Byeon Woo Seok and Tongtong (Woo Che Tong)” နဲ႔အတူ ပထမဆုံးအႀကိမ္အျဖစ္ စုေပါင္းလႉဒါန္းမႈျပဳလုပ္ခဲ့တယ္လို႔ သိရပါတယ္။
ေတာင္ကိုရီးယားလူမႈဖူလုံေရးအသင္း (Korea Social Welfare Society) ရဲ႕ထုတ္ျပန္ခ်က္အရ အဆိုပါ လႉဒါန္းမႈအစီအစဥ္ကို မတ္လ ၁၅ ရက္မွာ စတင္မွာျဖစ္ၿပီး၊ ေက်ာင္းဖြင့္ရာသီမွာ အခက္အခဲရွိေနတဲ့ ကေလးငယ္ ေတြအတြက္ ေက်ာင္းသုံးပစၥည္းေတြ ေထာက္ပံ့ေပးဖို႔ ရည္႐ြယ္တယ္လို႔ သိရပါတယ္။ ယခုလႉဒါန္းမႈဟာ မင္းသား ေျဗာင္ဝူေဆာ့ခ္ရဲ႕လႉဒါန္းမႈလုပ္ငန္းေတြကို အစဥ္တစိုက္ အားေပးကူညီေနတဲ့ သူ႔ရဲ႕ပရိသတ္ေတြက ဦးေဆာင္စီစဥ္ ခဲ့ျခင္းျဖစ္တယ္လို႔ သိရပါတယ္။ ရွစ္ရက္တာအတြင္း စုေဆာင္းရရွိထားတဲ့ ရန္ပုံေငြေတြကို အသုံးျပဳၿပီး ေက်ာင္းသုံး ပစၥည္းေတြ ဝယ္ယူမွာျဖစ္ၿပီး၊ ပရိသတ္ေတြကို ကိုယ္တိုင္ ေစတနာ့ဝန္ထမ္းအျဖစ္ ပါဝင္ထုပ္ပိုးကာ ကေလးငယ္ မ်ားထံ ေပးပို႔သြားမယ္လို႔ သိရပါတယ္။
ဒါအျပင္ သ႐ုပ္ေဆာင္ ေျဗာင္ဝူေဆာ့ခ္ဟာ ယခုႏွစ္အေစာပိုင္းကလည္း အားနည္းတဲ့ ဆယ္ေက်ာ္သက္ မိန္းကေလးေတြနဲ႔ ကေလးလူနာေတြအတြက္ ကိုရီးယားဝမ္ သန္း ၂ဝဝ ကို လႉဒါန္းခဲ့ဖူးသလို ယမန္ႏွစ္ကလည္း ေတာမီးေဘးသင့္သူေတြအတြက္လည္း ဝမ္သန္း ၁ဝဝ လႉဒါန္းခဲ့တယ္လို႔ သိရပါတယ္။
အႏုပညာေျခလွမ္းအေနနဲ႔ မတ္လ ၂၀ ရက္မွာ ပထမဆုံး႐ုပ္ရွင္ Soulmate ကို Netflix မွာ ျပသမွာျဖစ္ၿပီး ဧၿပီလ ၁၀ ရက္မွာေတာ့ သ႐ုပ္ေဆာင္ အိုင္ယူနဲ႔အတူ ပါဝင္ထားတဲ့ ႐ုပ္ရွင္ဒရာမာသစ္ The Crown Princess of the 21st Century ထြက္ရွိလာမယ္လို႔ သိရပါတယ္။

Related news

© 2021. All rights reserved.