တရားမဝင်သတ္တုလုပ်ကွက်များကြောင့် အစိုးရကအခွန်ငွေ မရသည့်အပြင် သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေ

138

Pearl (NP News) - မတ် ၁၇
တရားမဝင်သတ္တုလုပ်ကွက်များကြောင့် အစိုးရက အခွန်အခများနစ်နာနေရသည့်အပြင် ငွေမရ သည်သာမက သဘာဝပတ်ဝန်းကျင်လည်း ထိခိုက်နေရကြောင်း သတ္ထုလုပ်ငန်းရှင်များနှင့် နီးစပ်သူ တစ်ဦးကပြောသည်။
ပြည်တွင်း၌ ရွှေ၊ ငွေ၊ ခဲ၊ သွပ်၊ ကျောက်စိမ်းနှင့် မြေရှားသတ္တုများ အပါအဝင် သတ္တုလုပ်ကွက် ပေါင်း မြောက်မြားစွာရှိသော်လည်း လက်ရှိတွင် တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ လုပ်ပိုင်ခွင့်ချပေး သည့် လက်လုပ်လက်စားလုပ်ကွက်များနှင့် အသေးစားလုပ်ကွက်များမှလွဲ၍ အလတ်စား လုပ်ကွက်များ နှင့် အကြီးစားလုပ်ကွက်များအသစ် လျှောက်ထားမှုများကို ခွင့်ပြုမပေးသည့်အတွက် တရားမဝင်တူး ဖော်မှုများရှိနေကြောင်း သိရသည်။
“သတ္တုလုပ်ကွက် အသစ်လျှောက်ထားတာကို (၂၀၂၁)ကတည်းကပိတ်တာ။ အခု (၂၀၂၆) ရောက် ပြီအခုထိ ပြန်မဖွင့်သေးဘူး။ သို့သော် ဝန်ကြီးဌာနမှာ လုပ်ကွက်တွေ ရသွားတဲ့လူတွေ မရှိဘူးလားဆိုရင် အကုန်လုံး အများကြီးရတယ်။ တရားဝင်စာမှာ လုံးဝအဲဒါကို မပယ်ဖျက်ဘူး။ သတ္ထုမှာကျတော့ လက် လုပ်လက်စားရှိတယ်၊ အသေးစား၊ အလတ်စား ရှိတယ်။ အကြီးစားရှိတယ်။ လက်လုပ်လက်စားနဲ့ အသေးစားကို သက်ဆိုင်ရာ ပြည်နယ်/ တိုင်း ခွင့်ပြု မိန့်နဲ့ပေးခွင့်ရှိတယ်။ သက်ဆိုင်ရာ တိုင်းနဲ့ ပြည်နယ် မှာ လျှောက်ရင် တရားဝင်ရတာတွေတော့ရှိတယ်။ အဲဒီတော့ လူတွေက တရားဝင်လျှောက်လို့မရဘူးဆို တော့ တရားမဝင် ခိုးပြီးအကုန်တူးကြတာ။ တရားမဝင် ခိုးတူးတာ ဝန်ကြီးဌာနက တကယ်ဖမ်းချင် သလား မဖမ်းချင်သလား တားချင်သလား မတားချင်းသလားဆိုတာက ပြောလည်း ရန်ဖြစ်ကြမှာ။ TikTok တို့ Facebook တို့မှာ နေရာပါခေါ်ရောင်းနေတာ။ ဒီနေရာမှာ တူးနေတယ်။ ဘယ်နေရာမှာ လာတူးလို့ ရပါတယ်။ တစ်ဧက ဘယ်လောက်ပါ ဒီလောက်ခေါ်ပြီးတော့ရောင်းနေတာ။ တရားမဝင်ကို တရားမဝင်လုပ်နေကြတာလေ” ဟု ၎င်းကပြောသည်။
ထိုသို့ လုပ်ကွက်အသစ်လျှောက်ထားမှုများကို ခွင့်ပြုမပေးသည့်အပြင် သက်တမ်းကုန်နေသည့် လုပ်ကွက်များကိုလည်း သက်တမ်းတိုးပေးခြင်းကို ကန့်သတ်ထားကြောင်း သိရသည်။
“သူ့ရဲ့စာချုပ်အရသက်တမ်းတိုးခွင့်ရှိတယ်။ ဒီအောက်မှာ ကိုယ်ရတဲ့လုပ်ကွက်မှာ သတ္တုသိုက် ရှိတယ်လို့ ယူဆလို့ရှိရင် (၅)နှစ် ပြည့်ပြီးသွားတဲ့ အခါမှာ နောက်ထပ် (၃)နှစ် ၊ (၃)နှစ် အဲဒီလို သတ်မှတ် ချက်ပေါ့နော်။ (၃)နှစ်ချင်းတိုးလို့ရတယ်။ အဲဒီမှာ သွားတိုးရင် အကယ်လို့ ခွင့်မပြုဘူးဆိုရင်ပိတ်တယ်။ ပိတ်လိုက်တော့ လူတွေက စားဝတ်နေရေးကျပ်လာတယ်။ လုပ်ငန်းရှင်က တစ်ယောက်ပြုတ်ရင် အောက်က အလုပ်သမားတွေက နည်းတာမဟုတ်ဘူး။ လုပ်ကွက်(၁၀ဝ)ကိုပိတ်လိုက်ရင် လုပ်ကွက် တစ် ကွက်ကို အလုပ်သမား(၂၀)ပဲ တွက်ကြည့်။ အလုပ်သမား(၂)အောက်မှာ မိသားစု (၂)ယောက်၊ (၃)ယောက် ၊ (၄)ယောက်ပဲ တွက်ကြည့် ။ အဲဒါပြည်နယ် တိုင်းအားလုံးမှာ အဲဒီလိုပဲ အများကြီးပိတ်ပစ်တာ။ အဲဒီတော့ လူတွေကဘယ်သူမှ အငတ်မခံဘူး။ လုပ်ငန်းရှင် မတူးလည်း အောက်ကအလုပ်သမားတွေက ပြန်တူး တာပဲ။ အဲဒီတော့ တရားမဝင်လုပ် ကွက်တွေက တစ်နိုင်ငံလုံးမှာ လက်ညိုး ထိုးမလွတ် ဘူး” ဟု ပြော သည်။ တရားဝင်လုပ်ကွက်များကို နိုင်ငံတော်မှ သဘာဝပတ်ဝန်းကျင်ပျက်စီးမှု မဖြစ်ပေါ်စေရေးအတွက် ထိန်းကျောင်းနိုင်သော်လည်း တရားမဝင်လုပ်ကွက်များ၏ဓာတုပစ္စည်း (Chemical) များ စွန့်ပစ်မှုများကို မထိန်းကျောင်းနိုင်သည့်အတွက် သဘာဝ ပတ်ဝန်းကျင် ထိခိုက်မှုပျက်စီးမှုများအတွက် စိုးရိမ်ရပြီး နိုင်ငံ တော်အနေဖြင့်လည်း ရသင့်ရထိုက်သည့် အခွန်အခများ နစ်နာနေရကြောင်း သိရသည်။
“လုပ်ကွက်ချမပေးတော့ ခိုးတူးတယ်။သုံးတဲ့ ဃ့နာငခေူ ကို စွန့်ပစ်ချင်သလို စွန့်ပစ်တယ်။ ပတ် ဝန်းကျင်ပျက်စီးတယ်။ သူတူးတဲ့နေရာက ဘောလုံးကွင်းမကလို့ ကြိုက်သလောက်ကျယ်ပါစေ။ တူးပြီး ရင် ဒီအတိုင်း ထားခဲ့လိုက်တယ်။ ပတ်ဝန်းကျင် ပျက်စီးတယ်။ အခွန်တစ်ပြားမှ မရဘူး။ လက်နက်ကိုင် တွေကို ပေးပြီးတူးရင် လက်နက်ကိုင်တွေက ရတဲ့ပိုက်ဆံနဲ့ ကိုယ့်ကို ပြန်ချတာလေ။ သံသရာလည် နေ တာ။ သတ္တုထွက်တဲ့နေရာကလည်း တောထဲမှာ ထွက်တာ။ စိုးမိုးမှုမရှိတဲ့အခါ ပိုဆိုးတာပေါ့။ နယ်မြေ တွေကလည်း အရင်တုန်းက သတ္တုထွက်တဲ့ နေရာ (၅၀)မှာ (၄၀)လောက်က အစိုးရက စိုးမိုးမှုရှိတယ်။ အခုဆိုရင်(၅၀)မှ (၁၀)လောက်ပဲစိုးမိုးမှုရှိတာလေ။ ကျန်တဲ့နေရာ စိုးမိုးမှု မရှိတော့ ပိုစိုးတာပေါ့။ တရားမ ဝင်ခိုးတူး အကုန်တူးကြတာ”ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ လက်နက်ကိုင် ပဋိပက္ခများဖြစ်ပွားနေရာ သတ္ထုလုပ်ကွက် (၈၀) ရာခိုင် နှုန်းခန့်သည် နယ်မြေမတည်ငြိမ်သည့် နေရာများတွင် တည်ရှိနေကြကြောင်းလည်း သိရသည်။

Zawgyi Version;
တရားမဝင္သတၱဳလုပ္ကြက္မ်ားေၾကာင့္ အစိုးရကအခြန္ေငြ မရသည့္အျပင္ သဘာဝပတ္ဝန္းက်င္လည္း ထိခိုက္ေန
Pearl (NP News) - မတ္ ၁၇
တရားမဝင္သတၱဳလုပ္ကြက္မ်ားေၾကာင့္ အစိုးရက အခြန္အခမ်ားနစ္နာေနရသည့္အျပင္ ေငြမရ သည္သာမက သဘာဝပတ္ဝန္းက်င္လည္း ထိခိုက္ေနရေၾကာင္း သတၳဳလုပ္ငန္းရွင္မ်ားႏွင့္ နီးစပ္သူ တစ္ဦးကေျပာသည္။
ျပည္တြင္း၌ ေ႐ႊ၊ ေငြ၊ ခဲ၊ သြပ္၊ ေက်ာက္စိမ္းႏွင့္ ေျမရွားသတၱဳမ်ား အပါအဝင္ သတၱဳလုပ္ကြက္ ေပါင္း ေျမာက္ျမားစြာရွိေသာ္လည္း လက္ရွိတြင္ တိုင္းေဒသႀကီးႏွင့္ ျပည္နယ္မ်ားမွ လုပ္ပိုင္ခြင့္ခ်ေပး သည့္ လက္လုပ္လက္စားလုပ္ကြက္မ်ားႏွင့္ အေသးစားလုပ္ကြက္မ်ားမွလြဲ၍ အလတ္စား လုပ္ကြက္မ်ား ႏွင့္ အႀကီးစားလုပ္ကြက္မ်ားအသစ္ ေလွ်ာက္ထားမႈမ်ားကို ခြင့္ျပဳမေပးသည့္အတြက္ တရားမဝင္တူး ေဖာ္မႈမ်ားရွိေနေၾကာင္း သိရသည္။
“သတၱဳလုပ္ကြက္ အသစ္ေလွ်ာက္ထားတာကို (၂၀၂၁)ကတည္းကပိတ္တာ။ အခု (၂၀၂၆) ေရာက္ ၿပီအခုထိ ျပန္မဖြင့္ေသးဘူး။ သို႔ေသာ္ ဝန္ႀကီးဌာနမွာ လုပ္ကြက္ေတြ ရသြားတဲ့လူေတြ မရွိဘူးလားဆိုရင္ အကုန္လုံး အမ်ားႀကီးရတယ္။ တရားဝင္စာမွာ လုံးဝအဲဒါကို မပယ္ဖ်က္ဘူး။ သတၳဳမွာက်ေတာ့ လက္ လုပ္လက္စားရွိတယ္၊ အေသးစား၊ အလတ္စား ရွိတယ္။ အႀကီးစားရွိတယ္။ လက္လုပ္လက္စားနဲ႔ အေသးစားကို သက္ဆိုင္ရာ ျပည္နယ္/ တိုင္း ခြင့္ျပဳ မိန႔္နဲ႔ေပးခြင့္ရွိတယ္။ သက္ဆိုင္ရာ တိုင္းနဲ႔ ျပည္နယ္ မွာ ေလွ်ာက္ရင္ တရားဝင္ရတာေတြေတာ့ရွိတယ္။ အဲဒီေတာ့ လူေတြက တရားဝင္ေလွ်ာက္လို႔မရဘူးဆို ေတာ့ တရားမဝင္ ခိုးၿပီးအကုန္တူးၾကတာ။ တရားမဝင္ ခိုးတူးတာ ဝန္ႀကီးဌာနက တကယ္ဖမ္းခ်င္ သလား မဖမ္းခ်င္သလား တားခ်င္သလား မတားခ်င္းသလားဆိုတာက ေျပာလည္း ရန္ျဖစ္ၾကမွာ။ TikTok တို႔ Facebook တို႔မွာ ေနရာပါေခၚေရာင္းေနတာ။ ဒီေနရာမွာ တူးေနတယ္။ ဘယ္ေနရာမွာ လာတူးလို႔ ရပါတယ္။ တစ္ဧက ဘယ္ေလာက္ပါ ဒီေလာက္ေခၚၿပီးေတာ့ေရာင္းေနတာ။ တရားမဝင္ကို တရားမဝင္လုပ္ေနၾကတာေလ” ဟု ၎ကေျပာသည္။
ထိုသို႔ လုပ္ကြက္အသစ္ေလွ်ာက္ထားမႈမ်ားကို ခြင့္ျပဳမေပးသည့္အျပင္ သက္တမ္းကုန္ေနသည့္ လုပ္ကြက္မ်ားကိုလည္း သက္တမ္းတိုးေပးျခင္းကို ကန႔္သတ္ထားေၾကာင္း သိရသည္။
“သူ႔ရဲ႕စာခ်ဳပ္အရသက္တမ္းတိုးခြင့္ရွိတယ္။ ဒီေအာက္မွာ ကိုယ္ရတဲ့လုပ္ကြက္မွာ သတၱဳသိုက္ ရွိတယ္လို႔ ယူဆလို႔ရွိရင္ (၅)ႏွစ္ ျပည့္ၿပီးသြားတဲ့ အခါမွာ ေနာက္ထပ္ (၃)ႏွစ္ ၊ (၃)ႏွစ္ အဲဒီလို သတ္မွတ္ ခ်က္ေပါ့ေနာ္။ (၃)ႏွစ္ခ်င္းတိုးလို႔ရတယ္။ အဲဒီမွာ သြားတိုးရင္ အကယ္လို႔ ခြင့္မျပဳဘူးဆိုရင္ပိတ္တယ္။ ပိတ္လိုက္ေတာ့ လူေတြက စားဝတ္ေနေရးက်ပ္လာတယ္။ လုပ္ငန္းရွင္က တစ္ေယာက္ျပဳတ္ရင္ ေအာက္က အလုပ္သမားေတြက နည္းတာမဟုတ္ဘူး။ လုပ္ကြက္(၁၀ဝ)ကိုပိတ္လိုက္ရင္ လုပ္ကြက္ တစ္ ကြက္ကို အလုပ္သမား(၂၀)ပဲ တြက္ၾကည့္။ အလုပ္သမား(၂)ေအာက္မွာ မိသားစု (၂)ေယာက္၊ (၃)ေယာက္ ၊ (၄)ေယာက္ပဲ တြက္ၾကည့္ ။ အဲဒါျပည္နယ္ တိုင္းအားလုံးမွာ အဲဒီလိုပဲ အမ်ားႀကီးပိတ္ပစ္တာ။ အဲဒီေတာ့ လူေတြကဘယ္သူမွ အငတ္မခံဘူး။ လုပ္ငန္းရွင္ မတူးလည္း ေအာက္ကအလုပ္သမားေတြက ျပန္တူး တာပဲ။ အဲဒီေတာ့ တရားမဝင္လုပ္ ကြက္ေတြက တစ္ႏိုင္ငံလုံးမွာ လက္ညိဳး ထိုးမလြတ္ ဘူး” ဟု ေျပာ သည္။ တရားဝင္လုပ္ကြက္မ်ားကို ႏိုင္ငံေတာ္မွ သဘာဝပတ္ဝန္းက်င္ပ်က္စီးမႈ မျဖစ္ေပၚေစေရးအတြက္ ထိန္းေက်ာင္းႏိုင္ေသာ္လည္း တရားမဝင္လုပ္ကြက္မ်ား၏ဓာတုပစၥည္း (Chemical) မ်ား စြန႔္ပစ္မႈမ်ားကို မထိန္းေက်ာင္းႏိုင္သည့္အတြက္ သဘာဝ ပတ္ဝန္းက်င္ ထိခိုက္မႈပ်က္စီးမႈမ်ားအတြက္ စိုးရိမ္ရၿပီး ႏိုင္ငံ ေတာ္အေနျဖင့္လည္း ရသင့္ရထိုက္သည့္ အခြန္အခမ်ား နစ္နာေနရေၾကာင္း သိရသည္။
“လုပ္ကြက္ခ်မေပးေတာ့ ခိုးတူးတယ္။သုံးတဲ့ ဃ့နာငေခူ ကို စြန႔္ပစ္ခ်င္သလို စြန႔္ပစ္တယ္။ ပတ္ ဝန္းက်င္ပ်က္စီးတယ္။ သူတူးတဲ့ေနရာက ေဘာလုံးကြင္းမကလို႔ ႀကိဳက္သေလာက္က်ယ္ပါေစ။ တူးၿပီး ရင္ ဒီအတိုင္း ထားခဲ့လိုက္တယ္။ ပတ္ဝန္းက်င္ ပ်က္စီးတယ္။ အခြန္တစ္ျပားမွ မရဘူး။ လက္နက္ကိုင္ ေတြကို ေပးၿပီးတူးရင္ လက္နက္ကိုင္ေတြက ရတဲ့ပိုက္ဆံနဲ႔ ကိုယ့္ကို ျပန္ခ်တာေလ။ သံသရာလည္ ေန တာ။ သတၱဳထြက္တဲ့ေနရာကလည္း ေတာထဲမွာ ထြက္တာ။ စိုးမိုးမႈမရွိတဲ့အခါ ပိုဆိုးတာေပါ့။ နယ္ေျမ ေတြကလည္း အရင္တုန္းက သတၱဳထြက္တဲ့ ေနရာ (၅၀)မွာ (၄၀)ေလာက္က အစိုးရက စိုးမိုးမႈရွိတယ္။ အခုဆိုရင္(၅၀)မွ (၁၀)ေလာက္ပဲစိုးမိုးမႈရွိတာေလ။ က်န္တဲ့ေနရာ စိုးမိုးမႈ မရွိေတာ့ ပိုစိုးတာေပါ့။ တရားမ ဝင္ခိုးတူး အကုန္တူးၾကတာ”ဟု ေျပာသည္။
လက္ရွိတြင္ ျပည္တြင္း၌ လက္နက္ကိုင္ ပဋိပကၡမ်ားျဖစ္ပြားေနရာ သတၳဳလုပ္ကြက္ (၈၀) ရာခိုင္ ႏႈန္းခန႔္သည္ နယ္ေျမမတည္ၿငိမ္သည့္ ေနရာမ်ားတြင္ တည္ရွိေနၾကေၾကာင္းလည္း သိရသည္။