မှော်ဘီတွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွား

 1016

ထိုက်စံ (NP News) - မတ် ၁၈
ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီမြို့နယ်တွင် ယာဉ်(၅)စီးဆင့်တိုက်မှုဖြစ်ပွားခဲ့ကြောင်း မြို့မ လူမှုကူညီရေးအသင်း၏ တာဝန်သူတစ်ဦးထံ NP News မှ ဆက်သွယ်မေးမြန်းချက်အရ သိရသည် ။
ဖြစ်စဉ်မှာ ယနေ့( မတ် ၁၈ ရက်)၊ နေ့လည်ပိုင်း (၁၁)နာရီ (၃၂)မိနစ် အချိန်ခန့်က မှော်ဘီမြို့နယ်၊ လှည်းငုပ်ချောင်းကျေးရွာ၊ GTC ကျောင်းရှေ့တွင်ဖြစ်ပွားခဲ့ကြောင်း သိရသည်။
“(၅)စီးဆင့်တိုက်တယ်။ တွဲကားလည်းပါတယ်။ ကလူဂါ ပါတယ်။ ခရောင်း ပါတယ်။ ဖြစ်စဉ်ပြီးတော့မှ ကျွန်တော်တို့က ရောက်တာဆိုတော့ တိုက်ထားတဲ့အတိုင်းပဲတွေ့တာ။ သေဆုံးသူတော့မရှိဘူး” ဟု ၎င်းကပြောသည်။
ထို ယာဉ်တိုက်မှုဖြစ်ပွားပြီးနောက် ယာဉ်တွင် လူညှပ်နေကြောင်း သတင်းရရှိသဖြင့် မှော်ဘီမြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ယာဉ်(၁)စီး၊ မီးသတ်စက်ယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်များဖြင့် ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အဆိုပါ ယာဉ်တွင် ညှပ်နေသူအား ကယ်ထုတ်နိုင်ခဲ့ရာ ထိခိုက်ဒဏ်ရာမစိုးရိမ်ရသည့် အခြေအနေရှိပြီး မြို့မလူမှုကူညီရေးအသင်းမှ သူနာတင်ယာဉ်ဖြင့် မှော်ဘီဆေးရုံသို့ ကူညီပို့ဆောင်ပေးခဲ့ကြောင်း သိရသည်။
အလားတူပြီးခဲ့သည့် (မတ် ၁၆ ရက်) ၊ ညပိုင်း (၁၀)နာရီ (၁၀)မိနစ် အချိန်ခန့်က ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံမြို့နယ်၊ ရုံးမှတ်တိုင် အမှတ်(၃)လမ်းမ Terminal ဆီဆိုင် အနီးတွင် လိုက်ထရပ် ၊ တက္ကစီ နှင့် အမှိုက်သယ်သည့်သုံးဘီးတို့မှ ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လိုက်ထရပ်ယာဉ်မောင်း အမျိုးသား(၁)ဦး သေဆုံးခဲ့ကြောင်း သိရသည်။

Zawgyi Version:
ေမွာ္ဘီတြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြား
ထိုက္စံ (NP News) - မတ္ ၁၈
ရန္ကုန္တိုင္းေဒသႀကီး၊ ေမွာ္ဘီၿမိဳ႕နယ္တြင္ ယာဥ္(၅)စီးဆင့္တိုက္မႈျဖစ္ပြားခဲ့ေၾကာင္း ၿမိဳ႕မ လူမႈကူညီေရးအသင္း၏ တာဝန္သူတစ္ဦးထံ NP News မွ ဆက္သြယ္ေမးျမန္းခ်က္အရ သိရသည္ ။
ျဖစ္စဥ္မွာ ယေန႔( မတ္ ၁၈ ရက္)၊ ေန႔လည္ပိုင္း (၁၁)နာရီ (၃၂)မိနစ္ အခ်ိန္ခန႔္က ေမွာ္ဘီၿမိဳ႕နယ္၊ လွည္းငုပ္ေခ်ာင္းေက်း႐ြာ၊ GTC ေက်ာင္းေရွ႕တြင္ျဖစ္ပြားခဲ့ေၾကာင္း သိရသည္။
“(၅)စီးဆင့္တိုက္တယ္။ တြဲကားလည္းပါတယ္။ ကလူဂါ ပါတယ္။ ခေရာင္း ပါတယ္။ ျဖစ္စဥ္ၿပီးေတာ့မွ ကြၽန္ေတာ္တို႔က ေရာက္တာဆိုေတာ့ တိုက္ထားတဲ့အတိုင္းပဲေတြ႕တာ။ ေသဆုံးသူေတာ့မရွိဘူး” ဟု ၎ကေျပာသည္။
ထို ယာဥ္တိုက္မႈျဖစ္ပြားၿပီးေနာက္ ယာဥ္တြင္ လူညႇပ္ေနေၾကာင္း သတင္းရရွိသျဖင့္ ေမွာ္ဘီၿမိဳ႕နယ္မီးသတ္စခန္းမွ မီးျငႇိမ္းသတ္ယာဥ္(၁)စီး၊ မီးသတ္စက္ယာဥ္(၁)စီး၊ သေႏၶမီးသတ္တပ္ဖြဲ႕ဝင္မ်ားျဖင့္ ကယ္ဆယ္ေရးလုပ္ငန္းမ်ား ေဆာင္႐ြက္ခဲ့ေၾကာင္း သိရသည္။
အဆိုပါ ယာဥ္တြင္ ညႇပ္ေနသူအား ကယ္ထုတ္ႏိုင္ခဲ့ရာ ထိခိုက္ဒဏ္ရာမစိုးရိမ္ရသည့္ အေျခအေနရွိၿပီး ၿမိဳ႕မလူမႈကူညီေရးအသင္းမွ သူနာတင္ယာဥ္ျဖင့္ ေမွာ္ဘီေဆး႐ုံသို႔ ကူညီပို႔ေဆာင္ေပးခဲ့ေၾကာင္း သိရသည္။
အလားတူၿပီးခဲ့သည့္ (မတ္ ၁၆ ရက္) ၊ ညပိုင္း (၁၀)နာရီ (၁၀)မိနစ္ အခ်ိန္ခန႔္က ရန္ကုန္တိုင္းေဒသႀကီး၊ မဂၤလာဒုံၿမိဳ႕နယ္၊ ႐ုံးမွတ္တိုင္ အမွတ္(၃)လမ္းမ Terminal ဆီဆိုင္ အနီးတြင္ လိုက္ထရပ္ ၊ တကၠစီ ႏွင့္ အမႈိက္သယ္သည့္သုံးဘီးတို႔မွ ယာဥ္တိုက္မႈ ျဖစ္ပြားခဲ့ရာ လိုက္ထရပ္ယာဥ္ေမာင္း အမ်ိဳးသား(၁)ဦး ေသဆုံးခဲ့ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.