ရုရှား၊တရုတ်နဲ့အီရန်တို့က ဆွီဒင်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ဆွီဒင်လုံခြုံရေးဝန်ဆောင်မှုပြော

 1114

Pika(NP News)-မတ် ၁၉
ရုရှား၊တရုတ်နဲ့အီရန်တို့က ဆွီဒင်အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုတွေဖြစ်တယ်လို့ ဆွီဒင်လုံခြုံရေးဝန်ဆောင်မှု (SAPO)က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။ဒါ့ပြင် ခြိမ်းခြောက်မှုတွေက ပြီးခဲ့တဲ့နှစ်တွေအတွင်း မြင့်တက်လာခဲ့တယ်လို့ (SAPO)က သတိပေးခဲ့ပြီး ဆွီဒင်နိုင်ငံရင်ဆိုင်နေရတဲ့ ခြိမ်းခြောက်မှုဆိုင်ရာ နှစ်ပတ်လည်အစီရင်ခံစာကို ထုတ်ပြန်ခဲ့တယ်လို့ သိရပါတယ်။ဆွီဒင်အစိုးရဟာ အီရန်ကို ပြင်းထန်တဲ့ခြိမ်းခြောက်မှုတစ်ခုအဖြစ် အချိန်ကြာမြင့်စွာတံဆိပ်ကပ်ပြောဆိုခဲ့ပြီး ဆွီဒင်နိုင်ငံတွင်းမှာရှိတဲ့ ရာဇဝတ်ကွန်ရက်တွေကို အကြမ်းဖက်မှုတွေ လုပ်ဆောင်ဖို့ အီရန်က လှုံ့ဆော်မှုတွေလုပ်ခဲ့တယ်ဆိုတာကိုလည်း အာဏာပိုင်တွေက သတိပြုမိခဲ့တယ်လို့သိရပါတယ်။ဆွီဒင်လုံခြံရေးဝန်ဆောင်မှုအကြီးအကဲ ချာလော့တီဗွန်အက်ဆန်က”အီရန်အပေါ် အမေရိကန်-အစ္စရေးစစ်ဆင်ရေးနဲ့ အီရန်ရဲ့ တန်ပြန်တိုက်ခိုက်မှုအစီအစဉ်တွေဟာ အမေရိကန်၊အစ္စရေးနဲ့ ဂျူးပစ်မှတ်တွေအပေါ် ခြိမ်းခြောက်မှုတွေကို တိုးမြင့်စေခဲ့ပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။အမေရိကန်-အစ္စရေးနဲ့ အီရန်တို့ရဲ့စစ်ပွဲက သီတင်းပတ်(၃)ပတ်အတွင်းကို ဝင်လာချိန်မှာပဲ ဆွီဒင်အစိုးရက ယခုလိုမျိုး ထုတ်ပြန်ချက်တွေကို ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version:
႐ုရွား၊တ႐ုတ္နဲ႔အီရန္တို႔က ဆြီဒင္အတြက္ အႀကီးမားဆုံးၿခိမ္းေျခာက္မႈေတြျဖစ္တယ္လို႔ ဆြီဒင္လုံၿခဳံေရးဝန္ေဆာင္မႈေျပာ
Pika(NP News)-မတ္ ၁၉
႐ုရွား၊တ႐ုတ္နဲ႔အီရန္တို႔က ဆြီဒင္အတြက္ အႀကီးမားဆုံးၿခိမ္းေျခာက္မႈေတြျဖစ္တယ္လို႔ ဆြီဒင္လုံၿခဳံေရးဝန္ေဆာင္မႈ (SAPO)က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။ဒါ့ျပင္ ၿခိမ္းေျခာက္မႈေတြက ၿပီးခဲ့တဲ့ႏွစ္ေတြအတြင္း ျမင့္တက္လာခဲ့တယ္လို႔ (SAPO)က သတိေပးခဲ့ၿပီး ဆြီဒင္ႏိုင္ငံရင္ဆိုင္ေနရတဲ့ ၿခိမ္းေျခာက္မႈဆိုင္ရာ ႏွစ္ပတ္လည္အစီရင္ခံစာကို ထုတ္ျပန္ခဲ့တယ္လို႔ သိရပါတယ္။ဆြီဒင္အစိုးရဟာ အီရန္ကို ျပင္းထန္တဲ့ၿခိမ္းေျခာက္မႈတစ္ခုအျဖစ္ အခ်ိန္ၾကာျမင့္စြာတံဆိပ္ကပ္ေျပာဆိုခဲ့ၿပီး ဆြီဒင္ႏိုင္ငံတြင္းမွာရွိတဲ့ ရာဇဝတ္ကြန္ရက္ေတြကို အၾကမ္းဖက္မႈေတြ လုပ္ေဆာင္ဖို႔ အီရန္က လႈံ႕ေဆာ္မႈေတြလုပ္ခဲ့တယ္ဆိုတာကိုလည္း အာဏာပိုင္ေတြက သတိျပဳမိခဲ့တယ္လို႔သိရပါတယ္။ဆြီဒင္လုံၿခံေရးဝန္ေဆာင္မႈအႀကီးအကဲ ခ်ာေလာ့တီဗြန္အက္ဆန္က”အီရန္အေပၚ အေမရိကန္-အစၥေရးစစ္ဆင္ေရးနဲ႔ အီရန္ရဲ႕ တန္ျပန္တိုက္ခိုက္မႈအစီအစဥ္ေတြဟာ အေမရိကန္၊အစၥေရးနဲ႔ ဂ်ဴးပစ္မွတ္ေတြအေပၚ ၿခိမ္းေျခာက္မႈေတြကို တိုးျမင့္ေစခဲ့ပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။အေမရိကန္-အစၥေရးနဲ႔ အီရန္တို႔ရဲ႕စစ္ပြဲက သီတင္းပတ္(၃)ပတ္အတြင္းကို ဝင္လာခ်ိန္မွာပဲ ဆြီဒင္အစိုးရက ယခုလိုမ်ိဳး ထုတ္ျပန္ခ်က္ေတြကို ထုတ္ျပန္ခဲ့တာလည္းျဖစ္ပါတယ္။

Related news

© 2021. All rights reserved.