ရန်ကုန်တိုင်း ယဉ်ကျေးလိမ္မာ စာမေးပွဲကို ကျင်းပခဲ့ပြီး ဆုရရှိသူများအတွက် ဆုချီးမြှင့်ငွေကို တိုးမြှင့်ထား

157

စိမ့်စမ်းရေ (NP News) - မတ် ၂၁
ရန်ကုန်တိုင်း ယဉ်ကျေးလိမ္မာ စာမေးပွဲကို ယနေ့ (မတ်လ ၂၁ ရက်) တွင် ရန်ကုန်မြို့၊ လသာမြို့နယ်၌ ကျင်းပခဲ့ပြီး ယင်းစာမေးပွဲမှ ဆုရရှိသူများအား ချီးမြှင့်မည့် ဆုငွေကို တိုးမြှင့်ထားကြောင်း သိရသည်။
အဆိုပါ စာမေးပွဲကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်းဒေသ သာသနာ နုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) နှင့် သုံးရာသီလူမှုကူညီရေးအသင်း (ဗဟို) တို့က ပူးပေါင်းကျင်းပခြင်း ဖြစ်ပြီး ယခု အကြိမ်သည် ဒုတိယအကြိမ် ကျင်းပခြင်း ဖြစ်ကာ အကြီးတန်း၊ အလယ်တန်း နှင့် အငယ်တန်း စာမေးပွဲ တို့ ပါဝင်သည်။
ယင်းစာမေးပွဲတွင် ဖြေဆိုသူအရေအတွက်မှာ ကျောင်းသား၊ ကျောင်းသူ အယောက် (၅၅၀) ကျော် ပါဝင် ဖြေဆိုခဲ့ ကြောင်းလည်း သိရသည်။
ယဉ်ကျေးလိမ္မာပြီး နိုင်ငံနှင့်လူမျိုးကို ချစ်တတ်သော ကလေးငယ်များအဖြစ် နောင်အနာဂတ်တွင် မွေးထုတ်ရန် ရည်ရွယ်၍ ကျင်းပခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၊ နယ်စပ်တောင်တန်း ဒေသ သာသနာနုဂ္ဂဟအသင်း (ရန်ကုန်တိုင်းဒေသကြီး) ၏ ဥက္ကဋ္ဌ ဦးတင်မိုးအောင် (ခ) နေရှိုင်းက NP News သို့ ပြောသည်။
“ဒီနှစ်တော့ ဆုကြေးက များတယ်ဗျ။ ကျွန်တော်တို့က ကြီးငယ်အလတ်မှာ အကြီးတန်း ပထမကို (၁၅) သိန်း ဆုချမယ်ပေါ့လေ။ ဒုတိယကို (၁၂) သိန်း ။ တတိယကို (၁၀)သိန်းဆုချမယ်။ အလတ်တန်းကကျတော့ (၁၂) သိန်း၊ (၁၀) သိန်း ၊ (၈) သိန်း။ အငယ်တန်းလေးတွေကျတော့ (၁၀) သိန်း ၊ (၈) သိန်း ၊ (၆) သိန်း ဆုချမယ်။ ပြီးရင် ထူးချွန် ဆယ်ယောက်စီ အယောက်(၃၀) ထပ်ထွက်မယ်ပေါ့လေ။ အဲဒီလိုပေးမှာပါ” ဟု ၎င်းက ပြောသည်။
ကလေးငယ်များအနေဖြင့် ဗုဒ္ဓအဆုံးအမ နျင့် လူကျင့်ဝတ်များကို နားလည်ပြီး စောင့်ထိန်းသွားနိုင်မည် ဖြစ်ပါက အနာဂတ်နိုင်ငံတော်အတွက် ကောင်းမွန်သည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်၏ နာယက ဖြစ်သူ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသောင်းအေး က ပြော သည်။
“တကယ်တော့ ကလေးငယ်တွေပေါ့နော်။ ကျောင်းသူကျောင်းသားတွေက နောင်အနာဂတ်ရဲ့ မျိုးဆက်သစ်တွေ၊ နောင်အနာဂတ်ကြီးကို သူတို့တွေက ဦးဆောင်သွားရမှာ။ အဲဒီတော့ လူငယ်ဘဝတည်းက ဗုဒ္ဓရဲ့အဆုံးအမတွေနဲ့ လူကျင့်ဝတ်တွေပေါ့နော်။ ဒါတွေကို နားလည်သိမြင်ပြီးတော့ စောင့်ထိန်းသွားနိုင်မယ်ဆိုရင် လာမယ့် အနာဂတ် နိုင်ငံတော်အတွက်က အင်မတန်မှကို ကောင်းမွန်တဲ့အခြေအနေလေး ဖြစ်ပေါ်လာနိုင်တာပေါ့” ဟု ပြောသည်။

Zawgyi Version;
ရန္ကုန္တိုင္း ယဥ္ေက်းလိမၼာ စာေမးပြဲကို က်င္းပခဲ့ၿပီး ဆုရရွိသူမ်ားအတြက္ ဆုခ်ီးျမႇင့္ေငြကို တိုးျမႇင့္ထား
စိမ့္စမ္းေရ (NP News) - မတ္ ၂၁
ရန္ကုန္တိုင္း ယဥ္ေက်းလိမၼာ စာေမးပြဲကို ယေန႔ (မတ္လ ၂၁ ရက္) တြင္ ရန္ကုန္ၿမိဳ႕၊ လသာၿမိဳ႕နယ္၌ က်င္းပခဲ့ၿပီး ယင္းစာေမးပြဲမွ ဆုရရွိသူမ်ားအား ခ်ီးျမႇင့္မည့္ ဆုေငြကို တိုးျမႇင့္ထားေၾကာင္း သိရသည္။
အဆိုပါ စာေမးပြဲကို ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္၊ နယ္စပ္ေတာင္တန္းေဒသ သာသနာ ႏုဂၢဟအသင္း (ရန္ကုန္တိုင္းေဒသႀကီး) ႏွင့္ သုံးရာသီလူမႈကူညီေရးအသင္း (ဗဟို) တို႔က ပူးေပါင္းက်င္းပျခင္း ျဖစ္ၿပီး ယခု အႀကိမ္သည္ ဒုတိယအႀကိမ္ က်င္းပျခင္း ျဖစ္ကာ အႀကီးတန္း၊ အလယ္တန္း ႏွင့္ အငယ္တန္း စာေမးပြဲ တို႔ ပါဝင္သည္။
ယင္းစာေမးပြဲတြင္ ေျဖဆိုသူအေရအတြက္မွာ ေက်ာင္းသား၊ ေက်ာင္းသူ အေယာက္ (၅၅၀) ေက်ာ္ ပါဝင္ ေျဖဆိုခဲ့ ေၾကာင္းလည္း သိရသည္။
ယဥ္ေက်းလိမၼာၿပီး ႏိုင္ငံႏွင့္လူမ်ိဳးကို ခ်စ္တတ္ေသာ ကေလးငယ္မ်ားအျဖစ္ ေနာင္အနာဂတ္တြင္ ေမြးထုတ္ရန္ ရည္႐ြယ္၍ က်င္းပျခင္းျဖစ္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္၊ နယ္စပ္ေတာင္တန္း ေဒသ သာသနာႏုဂၢဟအသင္း (ရန္ကုန္တိုင္းေဒသႀကီး) ၏ ဥကၠ႒ ဦးတင္မိုးေအာင္ (ခ) ေနရႈိင္းက NP News သို႔ ေျပာသည္။
“ဒီႏွစ္ေတာ့ ဆုေၾကးက မ်ားတယ္ဗ်။ ကြၽန္ေတာ္တို႔က ႀကီးငယ္အလတ္မွာ အႀကီးတန္း ပထမကို (၁၅) သိန္း ဆုခ်မယ္ေပါ့ေလ။ ဒုတိယကို (၁၂) သိန္း ။ တတိယကို (၁၀)သိန္းဆုခ်မယ္။ အလတ္တန္းကက်ေတာ့ (၁၂) သိန္း၊ (၁၀) သိန္း ၊ (၈) သိန္း။ အငယ္တန္းေလးေတြက်ေတာ့ (၁၀) သိန္း ၊ (၈) သိန္း ၊ (၆) သိန္း ဆုခ်မယ္။ ၿပီးရင္ ထူးခြၽန္ ဆယ္ေယာက္စီ အေယာက္(၃၀) ထပ္ထြက္မယ္ေပါ့ေလ။ အဲဒီလိုေပးမွာပါ” ဟု ၎က ေျပာသည္။
ကေလးငယ္မ်ားအေနျဖင့္ ဗုဒၶအဆုံးအမ န်င့္ လူက်င့္ဝတ္မ်ားကို နားလည္ၿပီး ေစာင့္ထိန္းသြားႏိုင္မည္ ျဖစ္ပါက အနာဂတ္ႏိုင္ငံေတာ္အတြက္ ေကာင္းမြန္သည့္ အေျခအေနမ်ား ျဖစ္ေပၚလာႏိုင္ေၾကာင္း ျမန္မာႏိုင္ငံလုံးဆိုင္ရာ ေထရဝါဒဗုဒၶဘာသာအဖြဲ႕ခ်ဳပ္၏ နာယက ျဖစ္သူ ျပည္သူ႔လႊတ္ေတာ္ ကိုယ္စားလွယ္ ဦးေသာင္းေအး က ေျပာ သည္။
“တကယ္ေတာ့ ကေလးငယ္ေတြေပါ့ေနာ္။ ေက်ာင္းသူေက်ာင္းသားေတြက ေနာင္အနာဂတ္ရဲ႕ မ်ိဳးဆက္သစ္ေတြ၊ ေနာင္အနာဂတ္ႀကီးကို သူတို႔ေတြက ဦးေဆာင္သြားရမွာ။ အဲဒီေတာ့ လူငယ္ဘဝတည္းက ဗုဒၶရဲ႕အဆုံးအမေတြနဲ႔ လူက်င့္ဝတ္ေတြေပါ့ေနာ္။ ဒါေတြကို နားလည္သိျမင္ၿပီးေတာ့ ေစာင့္ထိန္းသြားႏိုင္မယ္ဆိုရင္ လာမယ့္ အနာဂတ္ ႏိုင္ငံေတာ္အတြက္က အင္မတန္မွကို ေကာင္းမြန္တဲ့အေျခအေနေလး ျဖစ္ေပၚလာႏိုင္တာေပါ့” ဟု ေျပာသည္။