နှစ်ပေါင်း(၁၀ဝ)ကျော်တည်တံ့ခဲ့သော UMFCCI ဥက္ကဋ္ဌသက်တမ်း ကန့်ကွက်သူမရှိအပြောင်းအလဲဖြစ်

 360

စော (NP News) - မတ် ၂၁

နှစ်ပေါင်း(၁ဝဝ)ကျော်အတွင်း ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များ အသင်း (UMFCCI) ဥက္ကဋ္ဌသက်တမ်း ပထမဆုံးအကြိမ်အဖြစ် (၃)နှစ်မှ (၅)နှစ်သို့ ကန့်ကွက်သူမရှိပြောင်းလဲခဲ့ကြောင်း သိရသည်။
အဆိုပါအသင်းချုပ်၏ ဖွဲ့စည်းပုံအခြေခံ စည်းမျဉ်းကို ခေတ်ကာလနှင့်လျော်ညီစွာ မူကြမ်း အတည်ပြုနိုင်ရေး အတွက် အသင်းသားစုံညီအထွေထွေ အထူးအစည်းအဝေးကို ရန်ကုန်မြို့ လမ်းမတော်မြို့နယ် မင်းရဲကျော်စွာ လမ်းရှိ့ UMFCCI ရုံးချုပ်၌ (မတ်လ ၂၀ ရက်)က ကျင်းပပြုလုပ်ခဲ့ကြောင်းသိရသည်။
‘သက်တမ်း (၅)နှစ်ကတော့ ဒါ ပထမဆုံးပါ။ ကျွန်တော်တို့က သက်တမ်း (၅)နှစ်လုပ်လိုက်တယ်။ ဒီအသင်းသား အထူးအစည်းအဝေးဆိုတာက ဖွဲ့စည်းပုံအခြေခံစည်းမျဉ်းကိုပြင်ရတဲ့ အစည်းအဝေးပေါ့။ အဲဒီထဲမှာ သက်တမ်း (၅)နှစ်ဆိုတာ အချက်တစ်ခုအနေနဲ့ပါတယ်။ နောက်တက်လာမယ့်အမှု ဆောင်တွေကလည်း ဒီသက်တမ်း(၅)နှစ်ကို ပြန်ပြင် ချင်လည်းပြင်လို့ရတယ်။ ဒီလိုပဲ အထူး အစည်းအဝေး ခေါ်ပြီးပြန်ပြင်ရမယ်’ဟု UMFCCI ဒုဥက္ကဋ္ဌ ဦးဆန်းလင်း က NP News ကို ပြောသည်။
ထိုသို့ အခြေခံစည်းမျဉ်းပြင်သည့်အချက်များအနက် ဥက္ကဋ္ဌ သက်တမ်း (၅)နှစ်တိုးမြှင့်ခြင်းက အချက်တစ်ခု အနေဖြင့်ပါဝင်ပြီး ဗဟိုအလုပ်အမှု ဆောင်အဖွဲ့တွင် အဖွဲ့ဝင်အဖြစ် ပါဝင်ဆောင်ရွက်ရန် သက်တမ်းအကြိမ် ကန့်သတ် ချက်မရှိစေရန်နှင့် ဗဟိုအလုပ်အမှုဆောင်အဖွဲ့နှင့် အလုပ်အမှုဆောင်အဖွဲ့ တို့၏သက်တမ်းသည်လည်း တစ်ကြိမ်လျှင် (၅)နှစ် ဖြစ်ကြောင်းသိရသည်။
‘သက်တမ်းတိုးမြှင့်တဲ့ရည်ရွယ်ချက်ကတော့ အခုလာမယ့်နှစ်တွေမှာ စီးပွားရေးမူဝါဒတွေ လည်းပြောင်းလဲသွား နိုင်တယ်။ လုပ်ကြကိုင်ကြတဲ့ နေရာမှာလည်း လွှတ်တော်တွေပေါ်လာမယ်။ လွှတ်တော်ပေါ်လာရင် လွှတ်တော်နဲ့ အတူ တူ လုပ်ရတဲ့မူဝါဒ တွေလိုက်ပါဖော်ဆောင်တဲ့အခါမှာ အမှုဆောင်သက် တမ်းကို ကျွန်တော်တို့က အင်တိုက်အားတိုက် ဆောင်ရွက်နိုင်အောင်ဆိုပြီးတော့ ရည်ရွယ်ချက်နဲ့ ပြင်ဆင်တာပါ’ဟု ၎င်းက ဆက်လက်ပြောသည်။
ထိုသို့ သက်တမ်း (၅)နှစ်တိုးမြှင့်ခြင်းအပေါ် အသင်းသားစုံညီအထွေထွေအထူးအစည်းအဝေးသို့ တက်ရောက် ရန် မှတ်ပုံတင်ပိတ်သည့် (မတ်လ ၁၇ ရက်)အထိ ဆက်သွယ်မေးမြန်းစုံစမ်းခြင်းမရှိသည့်အပြင် တက်ရောက်ကြသည့် အသင်းသား(၅၃၀)ကျော်ကလည်း ကန့်ကွက်ခြင်းမရှိခဲ့ဘဲ ဖွဲ့စည်းပုံ စည်းမျဉ်းမူကြမ်းကို အတည်ပြုထောက်ခံခဲ့ကြ ကြောင်းသိရသည်။
‘တစ်ယောက်မှ ကန့်ကွက်တာမကြားရဘူး။ ပြီးတော့ Email တို့ Fax တို့မှာလည်း လာပြီး တော့ ကန့်ကွက်တယ် အကြံပြုတယ်ဆိုပြီးတော့မရှိဘူး’ဟု ၎င်းကဆက်လက်ပြောသည်။
လက်ရှိ UMFCCI ဥက္ကဋ္ဌ ဦးအေးဝင်းသည် ကုန်သည်စက်မှုအသင်းချုပ်တွင် (၂၀၂၂-၂၀၂၅)သက်တမ်းမှစ၍ ဥက္ကဋ္ဌအဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့ပြီး အသင်းသား၊ အလုပ်အမှုဆောင်၊ ဗဟိုအလုပ်အမှုဆောင်၊ အထွေထွေအတွင်း ရေးမှူး ချုပ် ရာထူးအဆင့်ဆင့်များမှ လုပ်ငန်းတာဝန်များကို လည်း ဆောင်ရွက်ခဲ့ဖူးသူဖြစ်ကြောင်းသိရသည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းကို (၁၉၁၉ )ခုနှစ်က စတင်တည်ထောင်ခဲ့ရာ ယခုအချိန်တွင် သက်တမ်း(၁၀၇)နှစ်သို့ ရောက်ရှိလာပြီဖြစ်ပြီး ပထမဦးဆုံးဥက္ကဋ္ဌမှာ ဦးမောင်မောင်အုန်းခိုင် ဖြစ် သည်။
ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းတွင် ဥက္ကဋ္ဌများ အနေ ဖြင့် သက်တမ်းကာလအားဖြင့် နှစ်ကြိမ်သာ တာဝန်ထမ်းဆောင်ခွင့်ရှိကြောင်း သတ်မှတ်ထားသည်။

Zawgyi Version;
ႏွစ္ေပါင္း(၁၀ဝ)ေက်ာ္တည္တံ့ခဲ့ေသာ UMFCCI ဥကၠ႒သက္တမ္း ကန႔္ကြက္သူမရွိအေျပာင္းအလဲျဖစ္
ေစာ (NP News) - မတ္ ၂၁
ႏွစ္ေပါင္း(၁ဝဝ)ေက်ာ္အတြင္း ျပည္ေထာင္စုသမၼတ ျမန္မာႏိုင္ငံကုန္သည္မ်ားႏွင့္စက္မႈလက္မႈလုပ္ငန္းရွင္မ်ား အသင္း (UMFCCI) ဥကၠ႒သက္တမ္း ပထမဆုံးအႀကိမ္အျဖစ္ (၃)ႏွစ္မွ (၅)ႏွစ္သို႔ ကန႔္ကြက္သူမရွိေျပာင္းလဲခဲ့ေၾကာင္း သိရသည္။
အဆိုပါအသင္းခ်ဳပ္၏ ဖြဲ႕စည္းပုံအေျခခံ စည္းမ်ဥ္းကို ေခတ္ကာလႏွင့္ေလ်ာ္ညီစြာ မူၾကမ္း အတည္ျပဳႏိုင္ေရး အတြက္ အသင္းသားစုံညီအေထြေထြ အထူးအစည္းအေဝးကို ရန္ကုန္ၿမိဳ႕ လမ္းမေတာ္ၿမိဳ႕နယ္ မင္းရဲေက်ာ္စြာ လမ္းရွိ႕ UMFCCI ႐ုံးခ်ဳပ္၌ (မတ္လ ၂၀ ရက္)က က်င္းပျပဳလုပ္ခဲ့ေၾကာင္းသိရသည္။
‘သက္တမ္း (၅)ႏွစ္ကေတာ့ ဒါ ပထမဆုံးပါ။ ကြၽန္ေတာ္တို႔က သက္တမ္း (၅)ႏွစ္လုပ္လိုက္တယ္။ ဒီအသင္းသား အထူးအစည္းအေဝးဆိုတာက ဖြဲ႕စည္းပုံအေျခခံစည္းမ်ဥ္းကိုျပင္ရတဲ့ အစည္းအေဝးေပါ့။ အဲဒီထဲမွာ သက္တမ္း (၅)ႏွစ္ဆိုတာ အခ်က္တစ္ခုအေနနဲ႔ပါတယ္။ ေနာက္တက္လာမယ့္အမႈ ေဆာင္ေတြကလည္း ဒီသက္တမ္း(၅)ႏွစ္ကို ျပန္ျပင္ ခ်င္လည္းျပင္လို႔ရတယ္။ ဒီလိုပဲ အထူး အစည္းအေဝး ေခၚၿပီးျပန္ျပင္ရမယ္’ဟု UMFCCI ဒုဥကၠ႒ ဦးဆန္းလင္း က NP News ကို ေျပာသည္။
ထိုသို႔ အေျခခံစည္းမ်ဥ္းျပင္သည့္အခ်က္မ်ားအနက္ ဥကၠ႒ သက္တမ္း (၅)ႏွစ္တိုးျမႇင့္ျခင္းက အခ်က္တစ္ခု အေနျဖင့္ပါဝင္ၿပီး ဗဟိုအလုပ္အမႈ ေဆာင္အဖြဲ႕တြင္ အဖြဲ႕ဝင္အျဖစ္ ပါဝင္ေဆာင္႐ြက္ရန္ သက္တမ္းအႀကိမ္ ကန႔္သတ္ ခ်က္မရွိေစရန္ႏွင့္ ဗဟိုအလုပ္အမႈေဆာင္အဖြဲ႕ႏွင့္ အလုပ္အမႈေဆာင္အဖြဲ႕ တို႔၏သက္တမ္းသည္လည္း တစ္ႀကိမ္လွ်င္ (၅)ႏွစ္ ျဖစ္ေၾကာင္းသိရသည္။
‘သက္တမ္းတိုးျမႇင့္တဲ့ရည္႐ြယ္ခ်က္ကေတာ့ အခုလာမယ့္ႏွစ္ေတြမွာ စီးပြားေရးမူဝါဒေတြ လည္းေျပာင္းလဲသြား ႏိုင္တယ္။ လုပ္ၾကကိုင္ၾကတဲ့ ေနရာမွာလည္း လႊတ္ေတာ္ေတြေပၚလာမယ္။ လႊတ္ေတာ္ေပၚလာရင္ လႊတ္ေတာ္နဲ႔ အတူ တူ လုပ္ရတဲ့မူဝါဒ ေတြလိုက္ပါေဖာ္ေဆာင္တဲ့အခါမွာ အမႈေဆာင္သက္ တမ္းကို ကြၽန္ေတာ္တို႔က အင္တိုက္အားတိုက္ ေဆာင္႐ြက္ႏိုင္ေအာင္ဆိုၿပီးေတာ့ ရည္႐ြယ္ခ်က္နဲ႔ ျပင္ဆင္တာပါ’ဟု ၎က ဆက္လက္ေျပာသည္။
ထိုသို႔ သက္တမ္း (၅)ႏွစ္တိုးျမႇင့္ျခင္းအေပၚ အသင္းသားစုံညီအေထြေထြအထူးအစည္းအေဝးသို႔ တက္ေရာက္ ရန္ မွတ္ပုံတင္ပိတ္သည့္ (မတ္လ ၁၇ ရက္)အထိ ဆက္သြယ္ေမးျမန္းစုံစမ္းျခင္းမရွိသည့္အျပင္ တက္ေရာက္ၾကသည့္ အသင္းသား(၅၃၀)ေက်ာ္ကလည္း ကန႔္ကြက္ျခင္းမရွိခဲ့ဘဲ ဖြဲ႕စည္းပုံ စည္းမ်ဥ္းမူၾကမ္းကို အတည္ျပဳေထာက္ခံခဲ့ၾက ေၾကာင္းသိရသည္။
‘တစ္ေယာက္မွ ကန႔္ကြက္တာမၾကားရဘူး။ ၿပီးေတာ့ Email တို႔ Fax တို႔မွာလည္း လာၿပီး ေတာ့ ကန႔္ကြက္တယ္ အႀကံျပဳတယ္ဆိုၿပီးေတာ့မရွိဘူး’ဟု ၎ကဆက္လက္ေျပာသည္။
လက္ရွိ UMFCCI ဥကၠ႒ ဦးေအးဝင္းသည္ ကုန္သည္စက္မႈအသင္းခ်ဳပ္တြင္ (၂၀၂၂-၂၀၂၅)သက္တမ္းမွစ၍ ဥကၠ႒အျဖစ္ တာဝန္ယူ ေဆာင္႐ြက္ခဲ့ၿပီး အသင္းသား၊ အလုပ္အမႈေဆာင္၊ ဗဟိုအလုပ္အမႈေဆာင္၊ အေထြေထြအတြင္း ေရးမႉး ခ်ဳပ္ ရာထူးအဆင့္ဆင့္မ်ားမွ လုပ္ငန္းတာဝန္မ်ားကို လည္း ေဆာင္႐ြက္ခဲ့ဖူးသူျဖစ္ေၾကာင္းသိရသည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းကို (၁၉၁၉ )ခုႏွစ္က စတင္တည္ေထာင္ခဲ့ရာ ယခုအခ်ိန္တြင္ သက္တမ္း(၁၀၇)ႏွစ္သို႔ ေရာက္ရွိလာၿပီျဖစ္ၿပီး ပထမဦးဆုံးဥကၠ႒မွာ ဦးေမာင္ေမာင္အုန္းခိုင္ ျဖစ္ သည္။
ျပည္ေထာင္စုသမၼတျမန္မာႏိုင္ငံ ကုန္သည္မ်ားႏွင့္ စက္မႈလက္မႈလုပ္ငန္းရွင္မ်ားအသင္းတြင္ ဥကၠ႒မ်ား အေန ျဖင့္ သက္တမ္းကာလအားျဖင့္ ႏွစ္ႀကိမ္သာ တာဝန္ထမ္းေဆာင္ခြင့္ရွိေၾကာင္း သတ္မွတ္ထားသည္။

Related news

© 2021. All rights reserved.