ဆော်ဒီအာရေးဗျအစိုးရက အီရန်သံတမန်တွေကို နိုင်ငံအတွင်းကနေ နှင်ထုတ်

 253

Pika (NP News) - မတ် ၂၂

ဆော်ဒီအာရေးဗျရဲ့နယ်မြေတွေအပေါ် အီရန်ရဲ့တိုက်ခိုက်မှုတွေကို ကိုးကားပြီး အီရန်သံတမန်များစွာကို ဆော်ဒီအာရေးဗျအစိုးရက နိုင်ငံတွင်းကနေ နှင်ထုတ်ခဲ့တယ်လို့ သိရပါတယ်။
အမေရိကန်နဲ့အစ္စရေးတို့ရဲ့တိုက်ခိုက်မှုတွေကို လက်တုံ့ပြန်တဲ့အနေနဲ့ အမေရိကန်အခြေစိုက်စခန်းတွေကို လက်ခံထားတဲ့အာရပ်နဲ့မွတ်ဆလင်နိုင်ငံ(၁၂)နိုင်ငံကို အီရန်ကတိုက်ခိုက်မှုတွေလုပ်ဆောင်ခဲ့ပြီးနောက် ယခုလိုမျိုး နှင်ထုတ်မှုတွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။
ဒါ့ပြင် အီရန်ရဲ့ဆော်ဒီအာရေးဗျနဲ့အခြားပင်လယ်ကွေ့နိုင်ငံတွေကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေကို ဆော်ဒီ အာရေးဗျနိုင်ငံခြားရေးဝန်ကြီးဌာနက ပြစ်တင်ရှုတ်ချခဲ့ပြီး အီရန်က နိုင်ငံတကာဥပဒေနဲ့ အိမ်နီးချင်းကောင်းမူဝါဒ တွေကို ချိုးဖောက်နေတယ်လို့ စွပ်စွဲပြောဆိုခဲ့ပါတယ်။
ဆော်ဒီအာရေးဗျနိုင်ငံခြားရေးဝန်ကြီးဌာနက”ဆော်ဒီအာရေးဗျနိုင်ငံဟာ အီရန်စစ်သံမှူး၊လက်ထောက်သံမှူးနဲ့ အခြားသံရုံးဝန်ထမ်း(၃)ဦးကို (၂၄)နာရီအတွင်း နိုင်ငံတွင်းကနေ ထွက်ခွါဖို့ တရားဝင်အကြောင်းကြားခဲ့ပါတယ်။ ဆော်ဒီအာရေးဗျနိုင်ငံဟာ ၎င်းရဲ့အချုပ်အခြာအာဏာ၊ လုံခြုံရေး၊ နယ်မြေ၊ လေပိုင်နက်၊ နိုင်ငံသားတွေ၊ နေထိုင်သူတွေနဲ့ အမျိုးသားအကျိုးစီးပွားတွေကို ကာကွယ်ဖို့အတွက် လိုအပ်တဲ့အစီအစဉ်တွေအားလုံးကို လုပ်ဆောင်သွားမှာပါ” လို့ပြောခဲ့ပါတယ်။

Zawgyi Version;
ေဆာ္ဒီအာေရးဗ်အစိုးရက အီရန္သံတမန္ေတြကို ႏိုင္ငံတြင္းကေန ႏွင္ထုတ္
Pika (NP News) - မတ္ ၂၂
ေဆာ္ဒီအာေရးဗ်ရဲ႕နယ္ေျမေတြအေပၚ အီရန္ရဲ႕တိုက္ခိုက္မႈေတြကို ကိုးကားၿပီး အီရန္သံတမန္မ်ားစြာကို ေဆာ္ဒီအာေရးဗ်အစိုးရက ႏိုင္ငံတြင္းကေန ႏွင္ထုတ္ခဲ့တယ္လို႔ သိရပါတယ္။
အေမရိကန္နဲ႔အစၥေရးတို႔ရဲ႕တိုက္ခိုက္မႈေတြကို လက္တုံ႔ျပန္တဲ့အေနနဲ႔ အေမရိကန္အေျခစိုက္စခန္းေတြကို လက္ခံထားတဲ့အာရပ္နဲ႔မြတ္ဆလင္ႏိုင္ငံ(၁၂)ႏိုင္ငံကို အီရန္ကတိုက္ခိုက္မႈေတြလုပ္ေဆာင္ခဲ့ၿပီးေနာက္ ယခုလိုမ်ိဳး ႏွင္ထုတ္မႈေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။
ဒါ့ျပင္ အီရန္ရဲ႕ေဆာ္ဒီအာေရးဗ်နဲ႔အျခားပင္လယ္ေကြ႕ႏိုင္ငံေတြကို ပစ္မွတ္ထားတိုက္ခိုက္မႈေတြကို ေဆာ္ဒီ အာေရးဗ်ႏိုင္ငံျခားေရးဝန္ႀကီးဌာနက ျပစ္တင္ရႈတ္ခ်ခဲ့ၿပီး အီရန္က ႏိုင္ငံတကာဥပေဒနဲ႔ အိမ္နီးခ်င္းေကာင္းမူဝါဒ ေတြကို ခ်ိဳးေဖာက္ေနတယ္လို႔ စြပ္စြဲေျပာဆိုခဲ့ပါတယ္။
ေဆာ္ဒီအာေရးဗ်ႏိုင္ငံျခားေရးဝန္ႀကီးဌာနက”ေဆာ္ဒီအာေရးဗ်ႏိုင္ငံဟာ အီရန္စစ္သံမႉး၊လက္ေထာက္သံမႉးနဲ႔ အျခားသံ႐ုံးဝန္ထမ္း(၃)ဦးကို (၂၄)နာရီအတြင္း ႏိုင္ငံတြင္းကေန ထြက္ခြါဖို႔ တရားဝင္အေၾကာင္းၾကားခဲ့ပါတယ္။ ေဆာ္ဒီအာေရးဗ်ႏိုင္ငံဟာ ၎ရဲ႕အခ်ဳပ္အျခာအာဏာ၊ လုံၿခဳံေရး၊ နယ္ေျမ၊ ေလပိုင္နက္၊ ႏိုင္ငံသားေတြ၊ ေနထိုင္သူေတြနဲ႔ အမ်ိဳးသားအက်ိဳးစီးပြားေတြကို ကာကြယ္ဖို႔အတြက္ လိုအပ္တဲ့အစီအစဥ္ေတြအားလုံးကို လုပ္ေဆာင္သြားမွာပါ” လို႔ေျပာခဲ့ပါတယ္။

Related news

© 2021. All rights reserved.