အမေရိကန်နယူးယောက်မြို့မှာ ခရီးသည်တင်ဂျက်လေယာဉ်နဲ့ မီးသတ်ကားတို့ တိုက်မိပြီး လေယာဉ်မှူး(၂)ဦးစလုံး သေဆုံး

689

Pika (NP News) - မတ် ၂၄
အမေရိကန်နိုင်ငံ နယူးယောက်မြို့က LaGuardia လေဆိပ်မှာ ဆင်းသက်ခဲ့တဲ့ Air Canada Express ဂျက်လေယာဉ်တစ်စင်းဟာ ဆင်းသက်ချိန်အတွင်း မီးသတ်ကားတစ်စီးနဲ့တိုက်မိခဲ့ပြီး လေယာဥ်မှူးနှစ်ဦး စလုံး သေဆုံးခဲ့တယ်လို့ သိရပါတယ်။
အဲဒီဖြစ်ရပ်အတွင်း အခြားလူဒါဇင်ချီလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ပြီး လေဆိပ်ကို ပိတ်ထားခဲ့ရယ်လို့ အာဏာပိုင် တွေက ပြောကြားခဲ့ပါတယ်။ Air Canada Express CRJ-900 လေယာဉ်ဟာ ကနေဒါနိုင်ငံ၊ မွန်ထရီရယ်မြို့ကနေ ခရီးသည်(၇၂)ဦးနဲ့ လေယာဉ်အမှုထမ်း(၄)ဦးကို တင်ဆောင်လာတာဖြစ်တယ်လို့ နယူးယောက် နဲ့ နယူးဂျာဆီ ဆိပ်ကမ်းအာဏာပိုင်အဖွဲ့ အမှုဆောင်ဒါရိုက်တာ ကတ်သရင်းဂါစီယဦက ပြောကြားခဲ့ပါတယ်။
ဒါ့ပြင် ထိခိုက်ဒဏ်ရာရရှိသူ(၄၁)ဦးအနက် (၃၂)ဦးဟာ ဆေးရုံမှဆင်းခွင့်ရရှိပြီးပြီဖြစ်ပြီး အခြားလူ(၉)ဦးက ပြင်းထန် တဲ့ဒဏ်ရာတွေနဲ့အတူ ဆေးရုံမှာ ကုသမှုတွေ ဆက်လက်ခံယူနေရဆဲဖြစ်တယ်လို့လည်း ကတ်သရင်းဂါစီယာက ပြောကြားခဲ့ပါတယ်။
ထိခိုက်ဒဏ်ရာရရှိသူတွေထဲမှာ ခရီးသည်တွေ၊လေယာဉ်အမှုထမ်းတွေနဲ့ မီးသတ်ကားပေါ်ကအရာရှိနှစ်ဦးပါဝင်ပြီး အဲဒီအရာရှိနှစ်ဦးစလုံးက အသက်အန္တရာယ်မစိုးရိမ်ရတဲ့ ဒဏ်ရာတွေနဲ့ ဆေးရုံတက်နေရဆဲဖြစ်တယ်လို့လည်း ကတ်သရင်းဂါစီယာက ပြောကြားခဲ့ပါတယ်။

Zawgyi Version;
အေမရိကန္နယူးေယာက္ၿမိဳ႕မွာ ခရီးသည္တင္ဂ်က္ေလယာဥ္နဲ႔ မီးသတ္ကားတို႔ တိုက္မိၿပီး ေလယာဥ္မႉး(၂)ဦးစလုံး ေသဆုံး
Pika (NP News) - မတ္ ၂၄
အေမရိကန္ႏိုင္ငံ နယူးေယာက္ၿမိဳ႕က LaGuardia ေလဆိပ္မွာ ဆင္းသက္ခဲ့တဲ့ Air Canada Express ဂ်က္ေလယာဥ္တစ္စင္းဟာ ဆင္းသက္ခ်ိန္အတြင္း မီးသတ္ကားတစ္စီးနဲ႔တိုက္မိခဲ့ၿပီး ေလယာဥ္မႉးႏွစ္ဦး စလုံး ေသဆုံးခဲ့တယ္လို႔ သိရပါတယ္။
အဲဒီျဖစ္ရပ္အတြင္း အျခားလူဒါဇင္ခ်ီလည္း ထိခိုက္ဒဏ္ရာရရွိခဲ့ၿပီး ေလဆိပ္ကို ပိတ္ထားခဲ့ရယ္လို႔ အာဏာပိုင္ ေတြက ေျပာၾကားခဲ့ပါတယ္။ Air Canada Express CRJ-900 ေလယာဥ္ဟာ ကေနဒါႏိုင္ငံ၊ မြန္ထရီရယ္ၿမိဳ႕ကေန ခရီးသည္(၇၂)ဦးနဲ႔ ေလယာဥ္အမႈထမ္း(၄)ဦးကို တင္ေဆာင္လာတာျဖစ္တယ္လို႔ နယူးေယာက္ နဲ႔ နယူးဂ်ာဆီ ဆိပ္ကမ္းအာဏာပိုင္အဖြဲ႕ အမႈေဆာင္ဒါ႐ိုက္တာ ကတ္သရင္းဂါစီယဦက ေျပာၾကားခဲ့ပါတယ္။
ဒါ့ျပင္ ထိခိုက္ဒဏ္ရာရရွိသူ(၄၁)ဦးအနက္ (၃၂)ဦးဟာ ေဆး႐ုံမွဆင္းခြင့္ရရွိၿပီးၿပီျဖစ္ၿပီး အျခားလူ(၉)ဦးက ျပင္းထန္ တဲ့ဒဏ္ရာေတြနဲ႔အတူ ေဆး႐ုံမွာ ကုသမႈေတြ ဆက္လက္ခံယူေနရဆဲျဖစ္တယ္လို႔လည္း ကတ္သရင္းဂါစီယာက ေျပာၾကားခဲ့ပါတယ္။
ထိခိုက္ဒဏ္ရာရရွိသူေတြထဲမွာ ခရီးသည္ေတြ၊ေလယာဥ္အမႈထမ္းေတြနဲ႔ မီးသတ္ကားေပၚကအရာရွိႏွစ္ဦးပါဝင္ၿပီး အဲဒီအရာရွိႏွစ္ဦးစလုံးက အသက္အႏၲရာယ္မစိုးရိမ္ရတဲ့ ဒဏ္ရာေတြနဲ႔ ေဆး႐ုံတက္ေနရဆဲျဖစ္တယ္လို႔လည္း ကတ္သရင္းဂါစီယာက ေျပာၾကားခဲ့ပါတယ္။