နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွက် DEMU ရထားသုံးစင်းတိုးချဲ့၍ ပုံမှန်ပြေးဆွဲမည်

 300

စော(NP News)- မတ် ၂၆

နေပြည်တော်-ရန်ကုန်လမ်းပိုင်းအတွက် DEMU ရထားသုံးစင်း တိုးချဲ့၍ ပုံမှန်ပြေးဆွဲမည်ဖြစ်ကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၏အချက်အလက်များအရ သိရသည်။
လက်ရှိတွင် ရန်ကုန်-နေပြည်တော်-ရန်ကုန် ခရီးစဉ်အား ပုံမှန် DEMUရထားနှစ်စင်းပြေးဆွဲလျက်ရှိပြီး ထပ်မံ၍ ရန်ကုန်-နေပြည်တော် အသွားအပြန်ခရီးစဉ်များအတွက် အမှတ် (၃၃)အဆန်၊ (၃၄)အစုရန်ရထားများကို ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ထိုသို့ပြေးဆွဲရာတွင် အမှတ် (၃၁)အစုန် ရထားသည် ရန်ကုန်မှ နံနက် (၆)နာရီထွက်ခွာ၍ မွန်းလွဲ (၁၁)နာရီခွဲအချိန်တွင် နေပြည်တော်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ်(၃၃)အဆန်ရထားသည် ရန်ကုန်မှ နံနက် (၁၀)နာရီအချိန်တွင် ထွက်ခွာ၍ နေပြည်တော်သို့ နေ့လည် (၃)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ် (၇)အဆန်ရထားသည် ရန်ကုန်မှ မွန်းလွဲ (၁၂)နာရီအချိန်မှ ထွက်ခွာ၍ ညနေ (၅)နာရီခွဲအချိန်တွင်နေပြည်တော်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၃၂)အစုန်ရထားသည် နေပြည်တော်မှ နံနက် (၆)နာရီအချိန်မှ ထွက်ခွာ၍ မွန်းလွဲ(၁၁)နာရီခွဲအချိန်သို့ ဆိုက်ရောက်မည် ဖြစ် ကြောင်း သိရသည်။

အလားတူ အမှတ် (၃၄)အစုန်ရထားသည်နေပြည်တော်မှ နံနက် (၁၀)နာရီအချိန်တွင် ထွက်ခွာ၍ နေလည် (၃)နာရီခွဲအချိန်တွင် ရန်ကုန်သို့ ဆိုက်ရောက်မည်ဖြစ်ပြီး အမှတ် (၈)အစုန်ရထားသည် နေပြည်‌တော်မှ (၁၂)နာရီမှ ထွက်ခွာ၍ ရန်ကုန်သို့ ညနေ (၅)နာရီခွဲအချိန်တွင် ဆိုက်ရောက်မည်ဖြစ်ကြောင်း သိရသည်။

ထပ်မံတိုးချဲ့ပြေးဆွဲမည့် အမှတ်(၃၃)အဆန် နှင့် (၃၄)အစုန်ရထားလက်မှတ်များအား သက်ဆိုင်ရာ ဘူတာများတွင် ဝယ်ယူရရှိနိုင်မည်ဖြစ်ပြီး Online Railways Ticketing and Payment (OTP)
ဝယ်ယူနိုင်ရေး ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင် အမှတ်(၃၃) အဆန် ရန်ကုန်-နေပြည်တော် DEMU လူစီးအမြန်ရထားသည် ယနေ့ (မတ် ၂၆ ရက်)မှ စတင်ပြေးဆွဲပေးပြီးမနက်ဖြန် (မတ်လ ၂၇ ရက်)မှစ၍ရထားအားလုံး အချိန်ဇယားအတိုင်း
ပြေးဆွဲပေးသွားမည် ဖြစ်ကြောင်း သိရသည်။

zawgyi version

ေနျပည္ေတာ္-ရန္ကုန္လမ္းပိုင္းအတြက္ DEMU ရထားသုံးစင္း တိုးခ်ဲ႕၍ ပုံမွန္ေျပးဆြဲမည္ျဖစ္ေၾကာင္း ပို႔ေဆာင္ေရးႏွင့္ဆက္သြယ္ေရးဝန္ႀကီးဌာန၏အခ်က္အလက္မ်ားအရ သိရသည္။
လက္ရွိတြင္ ရန္ကုန္-ေနျပည္ေတာ္-ရန္ကုန္ ခရီးစဥ္အား ပုံမွန္ DEMUရထားႏွစ္စင္းေျပးဆြဲလ်က္ရွိၿပီး ထပ္မံ၍ ရန္ကုန္-ေနျပည္ေတာ္ အသြားအျပန္ခရီးစဥ္မ်ားအတြက္ အမွတ္ (၃၃)အဆန္၊ (၃၄)အစုရန္ရထားမ်ားကို ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထိုသို႔ေျပးဆြဲရာတြင္ အမွတ္ (၃၁)အစုန္ ရထားသည္ ရန္ကုန္မွ နံနက္ (၆)နာရီထြက္ခြာ၍ မြန္းလြဲ (၁၁)နာရီခြဲအခ်ိန္တြင္ ေနျပည္ေတာ္သို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး အမွတ္(၃၃)အဆန္ရထားသည္ ရန္ကုန္မွ နံနက္ (၁၀)နာရီအခ်ိန္တြင္ ထြက္ခြာ၍ ေနျပည္ေတာ္သို႔ ေန႔လည္ (၃)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အမွတ္ (၇)အဆန္ရထားသည္ ရန္ကုန္မွ မြန္းလြဲ (၁၂)နာရီအခ်ိန္မွ ထြက္ခြာ၍ ညေန (၅)နာရီခြဲအခ်ိန္တြင္ေနျပည္ေတာ္သို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး အမွတ္ (၃၂)အစုန္ရထားသည္ ေနျပည္ေတာ္မွ နံနက္ (၆)နာရီအခ်ိန္မွ ထြက္ခြာ၍ မြန္းလြဲ(၁၁)နာရီခြဲအခ်ိန္သို႔ ဆိုက္ေရာက္မည္ ျဖစ္ ေၾကာင္း သိရသည္။
အလားတူ အမွတ္ (၃၄)အစုန္ရထားသည္ေနျပည္ေတာ္မွ နံနက္ (၁၀)နာရီအခ်ိန္တြင္ ထြက္ခြာ၍ ေနလည္ (၃)နာရီခြဲအခ်ိန္တြင္ ရန္ကုန္သို႔ ဆိုက္ေရာက္မည္ျဖစ္ၿပီး အမွတ္ (၈)အစုန္ရထားသည္ ေနျပည္‌ေတာ္မွ (၁၂)နာရီမွ ထြက္ခြာ၍ ရန္ကုန္သို႔ ညေန (၅)နာရီခြဲအခ်ိန္တြင္ ဆိုက္ေရာက္မည္ျဖစ္ေၾကာင္း သိရသည္။
ထပ္မံတိုးခ်ဲ႕ေျပးဆြဲမည့္ အမွတ္(၃၃)အဆန္ ႏွင့္ (၃၄)အစုန္ရထားလက္မွတ္မ်ားအား သက္ဆိုင္ရာ ဘူတာမ်ားတြင္ ဝယ္ယူရရွိႏိုင္မည္ျဖစ္ၿပီး Online Railways Ticketing and Payment (OTP)
ဝယ္ယူႏိုင္ေရး ဆက္လက္ေဆာင္႐ြက္ေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ အမွတ္(၃၃) အဆန္ ရန္ကုန္-ေနျပည္ေတာ္ DEMU လူစီးအျမန္ရထားသည္ ယေန႔ (မတ္ ၂၆ ရက္)
မွ စတင္ေျပးဆြဲေပးၿပီးမနက္ျဖန္ (မတ္လ ၂၇ ရက္)မွစ၍ရထားအားလုံး အခ်ိန္ဇယားအတိုင္း
ေျပးဆြဲေပးသြားမည္ ျဖစ္ေၾကာင္း သိရသည္။

Related news

© 2021. All rights reserved.