လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ကြားခံဇုန်တစ်ခုကို တိုးချဲ့နေတယ်လို့ အစ္စရေးပြော

 129

Pika(NP News)-မတ် ၂၆
အစ္စရေးစစ်တပ်က လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာ ကြားခံဇုန်တစ်ခုကို တိုးချဲ့နေတယ်လို့ အစ္စရေးဝန်ကြီးချုပ်နေတန်ရာဟုက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။အစ္စရေးစစ်တပ်က လက်ဘနွန်အခြေစိုက် ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့ကို ဆန့်ကျင်တဲ့ စစ်ဆင်ရေးတွေကို အရှိန်မြှင့်လုပ်ဆောင်နေချိန်မှာပဲ နေတန်ရာဟုရဲ့ ပြောဆိုချက်တွေ ထွက်ပေါ်လာတာဖြစ်ပါတယ်။နေတန်ရာဟုက”ဂါလီလီဒေသနဲ့ မြောက်ပိုင်းနယ်စပ်ကို ဘယ်လိုထိုးဖောက်မှုမျိုးကိုမဆို ကာကွယ်ဖို့အတွက် စစ်မှန်တဲ့လုံခြုံရေးဇုန်တစ်ခုကို ကျွန်တော်တို့ ဖန်တီးထားပါတယ်။တင့်ကားဖျက်ဒုံးကျည်တွေရဲ့ ခြိမ်းခြောက်မှုတွေ ပိုမိုဝေးကွာစေဖို့နဲ့ ပိုမိုကျယ်ပြန်တဲ့ကြားခံဇုန်တစ်ခုတည်ထောင်ဖို့အတွက် ဒီလုံခြုံရေးဇုန်ကို ကျွန်တော်တို့ တိုးချဲ့နေပါတယ်။”လို့ပြောဆိုခဲ့ပါတယ်။ လက်ဘနွန်နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဇုန်တစ်ခုကို ထိန်းချုပ်ဖို့ တပ်ဖွဲ့ဝင်တွေစေလွှတ်တာကို အစ္စရေးက ရှောင်ကြဉ်သင့်တယ်လို့ ပြင်သစ်နိုင်ငံခြားရေးဝန်ကြီးဂျင်းနိုရယ်ဘာရော့က ထုတ်ဖော်ပြောဆိုခဲ့ပြီးနောက် နေတန်ရာဟုက ယခုလိုမျိုး ထုတ်ဖော်ပြောဆိုခဲ့တာပဲဖြစ်ပါတယ်။ ပြီးခဲ့တဲ့မတ်လ(၂)ရက်နေ့မှာ ဟစ်ဘိုလာလက်နက်ကိုင်အဖွဲ့က အစ္စရေးကို ဒုံးကျည်တွေနဲ့ စတင်ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် နှစ်ဘက်ကြားတိုက်ပွဲတွေ တစ်ကျော့ပြန်လည်ဖြစ်ပွားလာခဲ့တာ ဖြစ်တယ်လို့လည်း သိရပါတယ်။

Zawgyi Version:
လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ ၾကားခံဇုန္တစ္ခုကို တိုးခ်ဲ႕ေနတယ္လို႔ အစၥေရးေျပာ
Pika(NP News)-မတ္ ၂၆
အစၥေရးစစ္တပ္က လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာ ၾကားခံဇုန္တစ္ခုကို တိုးခ်ဲ႕ေနတယ္လို႔ အစၥေရးဝန္ႀကီးခ်ဳပ္ေနတန္ရာဟုက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။အစၥေရးစစ္တပ္က လက္ဘႏြန္အေျခစိုက္ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕ကို ဆန႔္က်င္တဲ့ စစ္ဆင္ေရးေတြကို အရွိန္ျမႇင့္လုပ္ေဆာင္ေနခ်ိန္မွာပဲ ေနတန္ရာဟုရဲ႕ ေျပာဆိုခ်က္ေတြ ထြက္ေပၚလာတာျဖစ္ပါတယ္။ေနတန္ရာဟုက”ဂါလီလီေဒသနဲ႔ ေျမာက္ပိုင္းနယ္စပ္ကို ဘယ္လိုထိုးေဖာက္မႈမ်ိဳးကိုမဆို ကာကြယ္ဖို႔အတြက္ စစ္မွန္တဲ့လုံၿခဳံေရးဇုန္တစ္ခုကို ကြၽန္ေတာ္တို႔ ဖန္တီးထားပါတယ္။တင့္ကားဖ်က္ဒုံးက်ည္ေတြရဲ႕ ၿခိမ္းေျခာက္မႈေတြ ပိုမိုေဝးကြာေစဖို႔နဲ႔ ပိုမိုက်ယ္ျပန္တဲ့ၾကားခံဇုန္တစ္ခုတည္ေထာင္ဖို႔အတြက္ ဒီလုံၿခဳံေရးဇုန္ကို ကြၽန္ေတာ္တို႔ တိုးခ်ဲ႕ေနပါတယ္။”လို႔ေျပာဆိုခဲ့ပါတယ္။ လက္ဘႏြန္ႏိုင္ငံေတာင္ပိုင္းမွာရွိတဲ့ ဇုန္တစ္ခုကို ထိန္းခ်ဳပ္ဖို႔ တပ္ဖြဲ႕ဝင္ေတြေစလႊတ္တာကို အစၥေရးက ေရွာင္ၾကဥ္သင့္တယ္လို႔ ျပင္သစ္ႏိုင္ငံျခားေရးဝန္ႀကီးဂ်င္းႏိုရယ္ဘာေရာ့က ထုတ္ေဖာ္ေျပာဆိုခဲ့ၿပီးေနာက္ ေနတန္ရာဟုက ယခုလိုမ်ိဳး ထုတ္ေဖာ္ေျပာဆိုခဲ့တာပဲျဖစ္ပါတယ္။ ၿပီးခဲ့တဲ့မတ္လ(၂)ရက္ေန႔မွာ ဟစ္ဘိုလာလက္နက္ကိုင္အဖြဲ႕က အစၥေရးကို ဒုံးက်ည္ေတြနဲ႔ စတင္ပစ္ခတ္တိုက္ခိုက္ခဲ့ၿပီးေနာက္ ႏွစ္ဘက္ၾကားတိုက္ပြဲေတြ တစ္ေက်ာ့ျပန္လည္ျဖစ္ပြားလာခဲ့တာ ျဖစ္တယ္လို႔လည္း သိရပါတယ္။

Related news

© 2021. All rights reserved.