မြိတ်နှင့် ဝေါတွင် ဆိုင်ကယ်တာယာထုတ်စက်ရုံ တည်ဆောက်ရန် ပြင်ဆင်နေ

217

Pearl (NP News) - မတ်လ ၂၆
မြိတ်နှင့် ဝေါတွင် ဆိုင်ကယ်တာယာထုတ် စက်ရုံတည်ဆောက်ရန်ပြင်ဆင်နေကြောင်း ရော်ဘာ လုပ်ငန်းရှင်တစ်ဦးက NP News သို့ ပြောသည်။ တရုတ်လုပ်ငန်းရှင်များ၏ ရင်းနှီးမြှုပ်နှံမှု ဖြင့် တနင်္သာရီတိုင်းဒေသကြီး ၊ မြိတ်မြို့နှင့် ပဲခူးတိုင်း ဒေသကြီး၊ ဝေါမြို့တို့တွင် မော်တော်ဆိုင်ကယ်တာယာထုတ်လုပ်သည့်စက်ရုံကို တည်ဆောက်ရန် ရှယ် ယာထည့်ဝင်မှုများ ညှိနှိုင်းခြင်းများအပါအဝင် လိုအပ် သည်များ ညှိနှိုင်းနေပြီဖြစ်ကြောင်း သိရသည်။
“လက်ရှိတော့ မော်တော်ဆိုင်ကယ်တာယာ စက်ရုံဆောက်ဖို့လုပ်နေတယ်။ ပေါ့ပေါ့ပါးပါးနဲ့ ရင်းနှီး လုပ်နိုင်တဲ့အဆင့်မှာ မော်တော်ဆိုင်ကယ်တာယာ စက်ရုံထူထောင်ဖို့အတွက်ကိုတော့ ဆောင်ရွက်နေ တယ်။ တရုတ်နိုင်ငံရဲ့ တာယာထုတ်လုပ်တဲ့ စက်ရုံ တွေက ဒီမှာလာလုပ်ဖို့ လုပ်ကြတာပေါ့။ ရှယ်ယာတွေ ညှိနေတယ်။ Proposal တင်ထားတာတွေ၊ MIC တင်ထားတာတွေတော့ရှိနေပြီ။ Run နေပြီ။ နေရာ ကတော့ ဝေါမှာ တစ်ရုံ ၊ မြိတ်မှာ တစ်ရုံလုပ်ဖို့အတွက် ပြင်ဆင်နေတာပေါ့နော်။ အဲဒီနေရာက ရော်ဘာ ကုန် ကြမ်းထွက်တဲ့နေရာနဲ့ နီးတဲ့နေရာကို ရွေးရတာပေါ့။ ရော်ဘာကုန်ကြမ်းထွက်တာနဲ့ နီးတဲ့နေရာကို ရွေးပြီး တော့ လုပ်တာ။ ဒါမှ သယ်ယူ ပို့ဆောင်စရိတ်က နည်း မှာလေ။ အခုတော့လည်း မော်လမြိုင်မှာ စက်မှုဇုန်ကြီး တစ်ခုအကောင်အထည်ဖော်ဖို့ခေါ်နေတာဆိုတော့ အဲဒီနေရာတွေလည်း ထည့်သွင်းစဉ်းစားရမယ့် နေရာ အဖြစ်ပါတာပေါ့နော်” ဟု ပြောသည်။
လက်ရှိတွင် ပြည်တွင်း၌ ရော်ဘာကုန်ကြမ်း သုံးစွဲမှုမှာထုတ်လုပ်မှု၏ (၈) ရာခိုင်နှုန်းခန့်သာရှိပြီး အဆိုပါ မော်တော်ဆိုင်ကယ်တာယာစက်ရုံများ အ ကောင်အထည်ဖော်တည်ဆောက်ပြီးပါက ရော်ဘာ တန်ချိန် (၁)သောင်းခန့်ကိုသုံးစွဲမည်ဖြစ်ကြောင်း သိ ရသည်။
“ ထုတ်လုပ်မှုရဲ့ပြည်တွင်းသုံးက (၆) အသ (၈)% လောက်ပဲရှိတယ်။ ဒါရော်ဘာကုန်ကြမ်း အသုံး ပြုတာတွေ မန္တလေးဖိနပ်ကအစပေါ့နော်။ အဲဒီ လောက်ပဲရှိတယ်။ စက်ရုံ (၂)ရုံက တကယ်တမ်း ပြောရရင် တစ်နှစ်ကို တန် (၈)ထောင်၊ (၁)သောင်း လောက်ပဲ သုံးနိုင်မှာပေါ့နော်။ အများကြီးတော့နည်း ပါသေးတယ်” ဟုပြောသည်။
အဆိုပါ စက်ရုံကို လာမည့် (၂၀၂၆- ၂၀၂၇) အတွင်း အကောင်းအထည်ဖော် စတင်မည် ဖြစ်ကာ တည်ဆောက်ပြီးပါက ပြည်တွင်း မော်တော် ဆိုင်ကယ် တာယာသုံးစွဲမှု၏ (၂၀) ရာခိုင်နှုန်းခန့်ကို ထုတ်လုပ်နိုင်မည်ဖြစ်ကြောင်း သိရသည်။ ထို့ပြင် အခြား တာယာလုပ်ငန်းကြီးများလာရောက်ရင်းနှီး မြှုပ်နှံမှုများထပ်မံဝင်ရောက်စေရန် ငွေကြေးမူဝါဒ များ၊ သွင်းကုန်မူဝါဒများအပါအဝင် ပြင်ဆင်ရန်လိုအပ် ချက်များစွာရှိနေသေးကြောင်းလည်း ၎င်းကပြော သည်။
“အကောင်အထည်ဖော်နိုင်တာကတော့ (၂၀၂၆ - ၂၀၂၇) ဘဏ္ဍာနှစ်ထဲမှာတော့ အကောင် အထည်ဖော်နိုင်မယ်လို့ ခန့်မှန်းထားတာပေါ့။ စက်ရုံ (၂) ခုပေါင်းရင်တော့ ပြည်တွင်းလိုအပ်ချက်ရဲ့ (၁၅) ရာခိုင်နှုန်းလောက်ဖြည့်ဆည်းပေးနိုင်မှာပေါ့။ ပြည် တွင်းမှာတော့ မော်တော်ဆိုင်ကယ်တာယာက အများ ကြီးလိုအပ်တယ်လေ။ ကမ္ဘာ့ Brand တာယာစက်ရုံ ကြီးတွေ မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံဖို့က အများကြီးလိုအပ်တယ်။ အဲဒီလိုမျိုး လာလုပ်နိုင်တဲ့ အခြေအနေမျိုးတစ်ခုဖြစ်အောင်တော့ တဖြည်းဖြည်း ချင်းဖန်တီး ယူရမှာပေါ့။ အဓိကကတော့ လွတ်လပ်စွာ လုပ်လို့ရတဲ့အခြေအနေမျိုးလိုအပ်တာပေါ့နော်။ ကုန် ကြမ်းတင်သွင်းတာလည်း လွတ်လွတ်လပ်လပ် တင် သွင်းလို့ရမယ်။ လိုင်စင်လျှောက်တာတွေရောပေါ့” ဟု ၎င်းကပြောသည်။

Zawgyi Version:
ၿမိတ္ႏွင့္ ေဝါတြင္ ဆိုင္ကယ္တာယာထုတ္စက္႐ုံ တည္ေဆာက္ရန္ ျပင္ဆင္ေန
Pearl (NP News) - မတ္လ ၂၆
ၿမိတ္ႏွင့္ ေဝါတြင္ ဆိုင္ကယ္တာယာထုတ္ စက္႐ုံတည္ေဆာက္ရန္ျပင္ဆင္ေနေၾကာင္း ေရာ္ဘာ လုပ္ငန္းရွင္တစ္ဦးက NP News သို႔ ေျပာသည္။ တ႐ုတ္လုပ္ငန္းရွင္မ်ား၏ ရင္းႏွီးျမႇဳပ္ႏွံမႈ ျဖင့္ တနသၤာရီတိုင္းေဒသႀကီး ၊ ၿမိတ္ၿမိဳ႕ႏွင့္ ပဲခူးတိုင္း ေဒသႀကီး၊ ေဝါၿမိဳ႕တို႔တြင္ ေမာ္ေတာ္ဆိုင္ကယ္တာယာထုတ္လုပ္သည့္စက္႐ုံကို တည္ေဆာက္ရန္ ရွယ္ ယာထည့္ဝင္မႈမ်ား ညႇိႏႈိင္းျခင္းမ်ားအပါအဝင္ လိုအပ္ သည္မ်ား ညႇိႏႈိင္းေနၿပီျဖစ္ေၾကာင္း သိရသည္။
“လက္ရွိေတာ့ ေမာ္ေတာ္ဆိုင္ကယ္တာယာ စက္႐ုံေဆာက္ဖို႔လုပ္ေနတယ္။ ေပါ့ေပါ့ပါးပါးနဲ႔ ရင္းႏွီး လုပ္ႏိုင္တဲ့အဆင့္မွာ ေမာ္ေတာ္ဆိုင္ကယ္တာယာ စက္႐ုံထူေထာင္ဖို႔အတြက္ကိုေတာ့ ေဆာင္႐ြက္ေန တယ္။ တ႐ုတ္ႏိုင္ငံရဲ႕ တာယာထုတ္လုပ္တဲ့ စက္႐ုံ ေတြက ဒီမွာလာလုပ္ဖို႔ လုပ္ၾကတာေပါ့။ ရွယ္ယာေတြ ညႇိေနတယ္။ Proposal တင္ထားတာေတြ၊ MIC တင္ထားတာေတြေတာ့ရွိေနၿပီ။ Run ေနၿပီ။ ေနရာ ကေတာ့ ေဝါမွာ တစ္႐ုံ ၊ ၿမိတ္မွာ တစ္႐ုံလုပ္ဖို႔အတြက္ ျပင္ဆင္ေနတာေပါ့ေနာ္။ အဲဒီေနရာက ေရာ္ဘာ ကုန္ ၾကမ္းထြက္တဲ့ေနရာနဲ႔ နီးတဲ့ေနရာကို ေ႐ြးရတာေပါ့။ ေရာ္ဘာကုန္ၾကမ္းထြက္တာနဲ႔ နီးတဲ့ေနရာကို ေ႐ြးၿပီး ေတာ့ လုပ္တာ။ ဒါမွ သယ္ယူ ပို႔ေဆာင္စရိတ္က နည္း မွာေလ။ အခုေတာ့လည္း ေမာ္လၿမိဳင္မွာ စက္မႈဇုန္ႀကီး တစ္ခုအေကာင္အထည္ေဖာ္ဖို႔ေခၚေနတာဆိုေတာ့ အဲဒီေနရာေတြလည္း ထည့္သြင္းစဥ္းစားရမယ့္ ေနရာ အျဖစ္ပါတာေပါ့ေနာ္” ဟု ေျပာသည္။
လက္ရွိတြင္ ျပည္တြင္း၌ ေရာ္ဘာကုန္ၾကမ္း သုံးစြဲမႈမွာထုတ္လုပ္မႈ၏ (၈) ရာခိုင္ႏႈန္းခန႔္သာရွိၿပီး အဆိုပါ ေမာ္ေတာ္ဆိုင္ကယ္တာယာစက္႐ုံမ်ား အ ေကာင္အထည္ေဖာ္တည္ေဆာက္ၿပီးပါက ေရာ္ဘာ တန္ခ်ိန္ (၁)ေသာင္းခန႔္ကိုသုံးစြဲမည္ျဖစ္ေၾကာင္း သိ ရသည္။
“ ထုတ္လုပ္မႈရဲ႕ျပည္တြင္းသုံးက (၆) အသ (၈)% ေလာက္ပဲရွိတယ္။ ဒါေရာ္ဘာကုန္ၾကမ္း အသုံး ျပဳတာေတြ မႏၲေလးဖိနပ္ကအစေပါ့ေနာ္။ အဲဒီ ေလာက္ပဲရွိတယ္။ စက္႐ုံ (၂)႐ုံက တကယ္တမ္း ေျပာရရင္ တစ္ႏွစ္ကို တန္ (၈)ေထာင္၊ (၁)ေသာင္း ေလာက္ပဲ သုံးႏိုင္မွာေပါ့ေနာ္။ အမ်ားႀကီးေတာ့နည္း ပါေသးတယ္” ဟုေျပာသည္။
အဆိုပါ စက္႐ုံကို လာမည့္ (၂၀၂၆- ၂၀၂၇) အတြင္း အေကာင္းအထည္ေဖာ္ စတင္မည္ ျဖစ္ကာ တည္ေဆာက္ၿပီးပါက ျပည္တြင္း ေမာ္ေတာ္ ဆိုင္ကယ္ တာယာသုံးစြဲမႈ၏ (၂၀) ရာခိုင္ႏႈန္းခန႔္ကို ထုတ္လုပ္ႏိုင္မည္ျဖစ္ေၾကာင္း သိရသည္။ ထို႔ျပင္ အျခား တာယာလုပ္ငန္းႀကီးမ်ားလာေရာက္ရင္းႏွီး ျမႇဳပ္ႏွံမႈမ်ားထပ္မံဝင္ေရာက္ေစရန္ ေငြေၾကးမူဝါဒ မ်ား၊ သြင္းကုန္မူဝါဒမ်ားအပါအဝင္ ျပင္ဆင္ရန္လိုအပ္ ခ်က္မ်ားစြာရွိေနေသးေၾကာင္းလည္း ၎ကေျပာ သည္။
“အေကာင္အထည္ေဖာ္ႏိုင္တာကေတာ့ (၂၀၂၆ - ၂၀၂၇) ဘ႑ာႏွစ္ထဲမွာေတာ့ အေကာင္ အထည္ေဖာ္ႏိုင္မယ္လို႔ ခန႔္မွန္းထားတာေပါ့။ စက္႐ုံ (၂) ခုေပါင္းရင္ေတာ့ ျပည္တြင္းလိုအပ္ခ်က္ရဲ႕ (၁၅) ရာခိုင္ႏႈန္းေလာက္ျဖည့္ဆည္းေပးႏိုင္မွာေပါ့။ ျပည္ တြင္းမွာေတာ့ ေမာ္ေတာ္ဆိုင္ကယ္တာယာက အမ်ား ႀကီးလိုအပ္တယ္ေလ။ ကမာၻ႔ Brand တာယာစက္႐ုံ ႀကီးေတြ ျမန္မာႏိုင္ငံမွာ လာေရာက္ရင္းႏွီးျမႇဳပ္ႏွံဖို႔က အမ်ားႀကီးလိုအပ္တယ္။ အဲဒီလိုမ်ိဳး လာလုပ္ႏိုင္တဲ့ အေျခအေနမ်ိဳးတစ္ခုျဖစ္ေအာင္ေတာ့ တျဖည္းျဖည္း ခ်င္းဖန္တီး ယူရမွာေပါ့။ အဓိကကေတာ့ လြတ္လပ္စြာ လုပ္လို႔ရတဲ့အေျခအေနမ်ိဳးလိုအပ္တာေပါ့ေနာ္။ ကုန္ ၾကမ္းတင္သြင္းတာလည္း လြတ္လြတ္လပ္လပ္ တင္ သြင္းလို႔ရမယ္။ လိုင္စင္ေလွ်ာက္တာေတြေရာေပါ့” ဟု ၎ကေျပာသည္။