အီရန်စစ်ပွဲအတွင်း အမေရိကန်စစ်သား(၃၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်စစ်ဘက်သတင်းထုတ်ပြန်

331
Pika (NP News) - မတ် ၂၈
ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၈)ရက်မှာ အီရန်စစ်ပွဲစတင်ဖြစ်ပွားခဲ့တဲ့အချိန်တည်းက လက်ရှိအချိန်အထိ အမေရိကန်စစ်သား(၃၀၀)ကျော် ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ အမေရိကန်အလယ်ပိုင်းကွပ်ကဲမှုဌာနချုပ်က ထုတ်ပြန်ပြောကြားခဲ့ပါတယ်။
အမေရိကန်ရေတပ်ဗိုလ်ကြီး တင်မ်ဟော့ကင်းစ်က "Operation Epic Fury စတင်တဲ့အချိန်တည်းက လက်ရှိအချိန်အထိ အမေရိကန်စစ်သား(၃၀၃)ဦးခန့် ထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒါပေမယ့် ဒဏ်ရာတွေအားလုံးက အသေးစားတွေပဲဖြစ်ပြီး စစ်သား(၂၇၃)ဦးက တာဝန်ပြန်လည်ထမ်းဆောင်ခဲ့ကြပါတယ်” လို့ ပြောခဲ့ပါတယ်။
ဒါပေမယ့်လည်း ထိခိုက်ဒဏ်ရာရရှိခဲ့တဲ့ အမေရိကန်စစ်သားတွေအနက် (၁၀)ဦးက ထိခိုက်ဒဏ်ရာပြင်းပြင်းထန်ထန်ရရှိထားတယ်လို့လည်း အမည်မဖော်လိုတဲ့အမေရိကန်အရာရှိတစ်ဦးက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ဒီဇင်ဘာလ(၂၈)ရက်နေ့မှာ အမေရိကန်နဲ့အစ္စရေးတို့က အီရန်အပေါ် စစ်ပွဲတစ်ခု စတင်ဆင်နွှဲခဲ့ပြီးနောက် အရှေ့အလယ်ပိုင်းဒေသမှာ ကြီးမားကျယ်ပြန့်တဲ့ စစ်ပွဲကြီးတစ်ခုပေါ်ပေါက်လာခဲ့ပြီး တင်းမာမှုတွေက သမိုင်းတစ်လျှောက် အမြင့်ဆုံးအဆင့်ကိုရောက်ရှိလာခဲ့တာလည်းဖြစ်ပါတယ်။

Zawgyi Version;
အီရန္စစ္ပြဲအတြင္း အေမရိကန္စစ္သား(၃၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အေမရိကန္စစ္ဘက္သတင္းထုတ္ျပန္
Pika (NP News) - မတ္ ၂၈
ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလ(၂၈)ရက္မွာ အီရန္စစ္ပြဲစတင္ျဖစ္ပြားခဲ့တဲ့အခ်ိန္တည္းက လက္ရွိအခ်ိန္အထိ အေမရိကန္စစ္သား(၃၀၀)ေက်ာ္ ထိခိုက္ဒဏ္ရာရရွိခဲ့တယ္လို႔ အေမရိကန္အလယ္ပိုင္းကြပ္ကဲမႈဌာနခ်ဳပ္က ထုတ္ျပန္ေျပာၾကားခဲ့ပါတယ္။
အေမရိကန္ေရတပ္ဗိုလ္ႀကီး တင္မ္ေဟာ့ကင္းစ္က "Operation Epic Fury စတင္တဲ့အခ်ိန္တည္းက လက္ရွိအခ်ိန္အထိ အေမရိကန္စစ္သား(၃၀၃)ဦးခန႔္ ထိခိုက္ဒဏ္ရာရရွိခဲ့ပါတယ္။ ဒါေပမယ့္ ဒဏ္ရာေတြအားလုံးက အေသးစားေတြပဲျဖစ္ၿပီး စစ္သား(၂၇၃)ဦးက တာဝန္ျပန္လည္ထမ္းေဆာင္ခဲ့ၾကပါတယ္” လို႔ ေျပာခဲ့ပါတယ္။
ဒါေပမယ့္လည္း ထိခိုက္ဒဏ္ရာရရွိခဲ့တဲ့ အေမရိကန္စစ္သားေတြအနက္ (၁၀)ဦးက ထိခိုက္ဒဏ္ရာျပင္းျပင္းထန္ထန္ရရွိထားတယ္လို႔လည္း အမည္မေဖာ္လိုတဲ့အေမရိကန္အရာရွိတစ္ဦးက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။
ၿပီးခဲ့တဲ့ဒီဇင္ဘာလ(၂၈)ရက္ေန႔မွာ အေမရိကန္နဲ႔အစၥေရးတို႔က အီရန္အေပၚ စစ္ပြဲတစ္ခု စတင္ဆင္ႏႊဲခဲ့ၿပီးေနာက္ အေရွ႕အလယ္ပိုင္းေဒသမွာ ႀကီးမားက်ယ္ျပန႔္တဲ့ စစ္ပြဲႀကီးတစ္ခုေပၚေပါက္လာခဲ့ၿပီး တင္းမာမႈေတြက သမိုင္းတစ္ေလွ်ာက္ အျမင့္ဆုံးအဆင့္ကိုေရာက္ရွိလာခဲ့တာလည္းျဖစ္ပါတယ္။