ရွှေဘို-ဖားကန့်လမ်းတစ်လျှောက်မှ KIA ရှိရာ ဂိတ်များတွင် အသက်(၅၀)အောက် အမျိုးသားများကို အကြောင်းပြချက်မရှိ ဖမ်းနေ

 167

သုတကျော် (NP News) - မတ် ၂၈

ရွှေဘို-ဖားကန့်လမ်းတစ်လျှောက်မှ KIA ရှိရာ ဂိတ်များတွင် အသက်(၅၀)အောက် အမျိုးသားများ နှင့် အသက် (၃၅) နှစ်အောက်အမျိုးသမီးများကို အကြောင်းပြချက်မရှိ ဖမ်းဆီး ခေါ်ဆောင်နေကြောင်း ယင်းနှင့်ပတ်သက်၍ သိရှိသူ သတင်းရင်းမြစ်တစ်ဦးက NP News ကို ပြောသည်။
“အခုသွားတဲ့ လမ်းကြောက မန္တလေး - စစ်ကိုင်း - ရွှေဘို - အင်းတော် - မိုးညှင်း အဲဒီလမ်းကြော အတိုင်း သွားတာပေါ့။ မိုးညှင်းရောက်မှ ဖားကန့်တက်တဲ့ ကားကတက် ဟိုဘက် မြစ်ကြီးနားသွားတဲ့ကားက သွားပေါ့။ အဲဒီ လမ်းကြော တစ်ကြောလုံး ပေါ်ဆွဲတာနော်။ KIA ဂိတ် ရှိတဲ့နေရာတိုင်း။ ဇင်းတို့၊ ဘောတို့ ဂိတ်မှာလည်း ဆွဲတယ်။ KIA ကလည်း စစ်ကိုင်းတိုင်းမှာလည်း ရှိတယ်လေ” ဟု ၎င်းက ဆိုသည်။
ယင်းလမ်းကြောင်းသည် ကချင်ပြည်နယ်သို့တက်ရန် တစ်ခုတည်းသောလမ်းဖြစ်ပြီး ခရီးသည်းများကို ခေါ်ယူနေခြင်းဖြစ်ကြောင်း သိရသည်။
“ယောကျာ်းလေးဆို ငါးဆယ်အောက်နော်။ KIA နဲ့ KPDF ပေါ့ဗျာ။ အထူးသဖြင့် KIA ပေါ့။ KPDF ကတော့ KIA ခိုင်းတာ လုပ်ရတာကိုး။ အဲဒီလိုတွေ ဆွဲနေတယ်။ ဘာမှအမေးအမြန်း မရှိဘူး။ ခေါ်သွားတယ်။ မိန်းကလေးနဲ့ ၃၅ အောက် ဆွဲချနေတယ်။ ဖြစ်နိုင်ရင် ဖားကန့် မတက်ဖို့ပါ” ဟု ၎င်းက ပြောသည်။
ယင်းသို့ ပေါ်တာဆွဲရာတွင် အမြဲတမ်း လုပ်နေခြင်း မဟုတ်ပဲ ကြိုကြားကြိုကြားလုပ်နေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။
“ဟိုတလောတုန်းက ဆွဲသေးတယ်။ ဆွဲပြီးတော့ ရပ်သွားတာ။ မဆွဲလောက်တော့ဘူး ဆိုပြီး ခရီးသည်တွေ များချိန် ထပ်ဆွဲတာ။ ဒီလိုလုပ်နေတာ ခြောက်လလောက် ရှိပြီ” ဟု ၎င်းက ဆိုသည်။
ထိုသို့ ဖမ်းဆီးရာတွင် တရုတ်လူမျိုးနှင့် ရခိုင်တိုင်းရင်းသားများ မပါဝင်ကြောင်းလည်း ၎င်းက ပြောသည်။

Zawgyi Version;
ေ႐ႊဘို-ဖားကန႔္လမ္းတစ္ေလွ်ာက္မွ KIA ရွိရာ ဂိတ္မ်ားတြင္ အသက္(၅၀)ေအာက္ အမ်ိဳးသားမ်ားကို အေၾကာင္း ျပခ်က္မရွိ ဖမ္းေန
သုတေက်ာ္ (NP News) - မတ္ ၂၈
ေ႐ႊဘို-ဖားကန႔္လမ္းတစ္ေလွ်ာက္မွ KIA ရွိရာ ဂိတ္မ်ားတြင္ အသက္(၅၀)ေအာက္ အမ်ိဳးသားမ်ား ႏွင့္ အသက္ (၃၅) ႏွစ္ေအာက္အမ်ိဳးသမီးမ်ားကို အေၾကာင္းျပခ်က္မရွိ ဖမ္းဆီး ေခၚေဆာင္ေနေၾကာင္း ယင္းႏွင့္ပတ္သက္၍ သိရွိသူ သတင္းရင္းျမစ္တစ္ဦးက NP News ကို ေျပာသည္။
“အခုသြားတဲ့ လမ္းေၾကာက မႏၲေလး - စစ္ကိုင္း - ေ႐ႊဘို - အင္းေတာ္ - မိုးညႇင္း အဲဒီလမ္းေၾကာ အတိုင္း သြားတာေပါ့။ မိုးညႇင္းေရာက္မွ ဖားကန႔္တက္တဲ့ ကားကတက္ ဟိုဘက္ ျမစ္ႀကီးနားသြားတဲ့ကားက သြားေပါ့။ အဲဒီ လမ္းေၾကာ တစ္ေၾကာလုံး ေပၚဆြဲတာေနာ္။ KIA ဂိတ္ ရွိတဲ့ေနရာတိုင္း။ ဇင္းတို႔၊ ေဘာတို႔ ဂိတ္မွာလည္း ဆြဲတယ္။ KIA ကလည္း စစ္ကိုင္းတိုင္းမွာလည္း ရွိတယ္ေလ” ဟု ၎က ဆိုသည္။
ယင္းလမ္းေၾကာင္းသည္ ကခ်င္ျပည္နယ္သို႔တက္ရန္ တစ္ခုတည္းေသာလမ္းျဖစ္ၿပီး ခရီးသည္းမ်ားကို ေခၚယူေနျခင္းျဖစ္ေၾကာင္း သိရသည္။
“ေယာက်ာ္းေလးဆို ငါးဆယ္ေအာက္ေနာ္။ KIA နဲ႔ KPDF ေပါ့ဗ်ာ။ အထူးသျဖင့္ KIA ေပါ့။ KPDF ကေတာ့ KIA ခိုင္းတာ လုပ္ရတာကိုး။ အဲဒီလိုေတြ ဆြဲေနတယ္။ ဘာမွအေမးအျမန္း မရွိဘူး။ ေခၚသြားတယ္။ မိန္းကေလးနဲ႔ ၃၅ ေအာက္ ဆြဲခ်ေနတယ္။ ျဖစ္ႏိုင္ရင္ ဖားကန႔္ မတက္ဖို႔ပါ” ဟု ၎က ေျပာသည္။
ယင္းသို႔ ေပၚတာဆြဲရာတြင္ အၿမဲတမ္း လုပ္ေနျခင္း မဟုတ္ပဲ ႀကိဳၾကားႀကိဳၾကားလုပ္ေနျခင္းျဖစ္ေၾကာင္း ၎က ဆိုသည္။
“ဟိုတေလာတုန္းက ဆြဲေသးတယ္။ ဆြဲၿပီးေတာ့ ရပ္သြားတာ။ မဆြဲေလာက္ေတာ့ဘူး ဆိုၿပီး ခရီးသည္ေတြ မ်ားခ်ိန္ ထပ္ဆြဲတာ။ ဒီလိုလုပ္ေနတာ ေျခာက္လေလာက္ ရွိၿပီ” ဟု ၎က ဆိုသည္။
ထိုသို႔ ဖမ္းဆီးရာတြင္ တ႐ုတ္လူမ်ိဳးႏွင့္ ရခိုင္တိုင္းရင္းသားမ်ား မပါဝင္ေၾကာင္းလည္း ၎က ေျပာသည္။

Picture

Hlaing Wai Phyo

28/03/2026 15:18

ရဲတပ္ဖြဲ့ကစာရင်္းလုပ္ျပီးျပန်္ေပးမွု့၊လူကုန္ကူးမွု့နဲ့အမွု့ဖြင့္ထားသင့္၊က်ားဖင်္ေခြး( ိုး)ခံေနရ။

Related news

© 2021. All rights reserved.