(၉၆) နှစ်ကြာပြီးနောက် စင်ကာပူမြေပေါ်က Tiger Beer ထုတ်လုပ်မှု ရပ်နားမည်

625

ရောင်နီ (NP News) - မတ် ၂၈
စင်ကာပူနိုင်ငံရဲ့ပြည်တွင်းဘီယာအမှတ်တံဆိပ်ဖြစ်တဲ့ Tiger Beer ဟာ ဆယ်စုနှစ် ကိုးခုကျော်ကြာ စင်ကာပူ မှာ ချက်လုပ်လာခဲ့ရာမှ လာမယ့် (၂) နှစ်အတွင်း ထုတ်လုပ်မှုလုပ်ငန်းစဉ်အားလုံး အပြီးသတ်ရပ်နားတော့မယ်လို့ Heineken အာရှပစိဖိတ်ဒေသ မန်နေဂျင်းဒါရိုက်တာ ကန်နက်ချိုက အတည်ပြုပြောကြားလိုက်ပါတယ်။
Heineken ကုမ္ပဏီအနေနဲ့ စင်ကာပူရှိ Tuas ဘီယာစက်ရုံကို ပိတ်သိမ်းပြီး ထုတ်လုပ်မှုကို မလေးရှားနဲ့ ဗီယက်နမ်နိုင်ငံတွေဆီ ပြောင်းရွှေ့သွားမယ်လို့ သိရပါတယ်။
အကြောင်းကတော့ Tuas စက်ရုံရှိ ပစ္စည်း ကိရိယာတွေဟာ သက်တမ်းရင့်နေပြီဖြစ်ပြီး အသစ်လဲလှယ်ဖို့ ကုန်ကျစရိတ်ဟာ စက်ရုံအသစ်တည်ဆောက်တဲ့ ကုနိကျစရိတ်နဲ့ ထပ်တူနီးပါး မြင့်မားနေခြင်း၊ စင်ကာပူမှာ ထုတ်လုပ်မှုစရိတ်ကြီးမြင့်နေပြီး တရုတ်နဲ့ မလေးရှားတို့ မှတင်သွင်းလာတဲ့ ဈေးနှုန်းချိုသာတဲ့ဘီယာတွေနဲ့ယှဉ်ပြိုင်နိုင်စွမ်း လျော့နည်းလာခြင်း၊ Heineken ရဲ့ ၂၀၃၀ ပြည့်နှစ် မှာ "Net Zero" (ဖန်လုံအိမ်ဓာတ်ငွေ့ လုံးဝမထွက်ရှိရေး) ရည်မှန်းချက်အတွက် စင်ကာပူမှာ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်ရရှိမှု အကန့်အသတ်ရှိနေခြင်းတို့ကြောင့် အခုလိုဆုံးဖြတ်ခဲ့တယ်လို့ သိရပါတယ်။
စင်ကာပူမှာ ထုတ်လုပ်မှုရပ်နားလိုက်ခြင်းကြောင့် လက်ရှိဝန်ထမ်း (၅၃၀) ဦးအနက် ထုတ်လုပ်မှုပိုင်းမှ ဝန်ထမ်း (၁၃၀) ဦးကို ၂၀၂၇ ခုနှစ်ကုန်မှာ အလုပ်ရပ်နားမှာ ဖြစ်ပြီး ဝန်ထမ်းတွေ အလုပ်အကိုင်သစ်ရှာဖွေဖို့ (၂) နှစ်အထိ အချိန်ကြိုပေးထားတယ်လို့ သိရပါတယ်။
ဘီယာချက်လုပ်မှု ရပ်နားသွားပေမယ့် စင်ကာပူဟာ Tiger Beer အတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ဆက်ရှိနေမှာဖြစ်ပြီး အမှတ်တံဆိပ်စီမံခန့်ခွဲမှုနဲ့ အဓိကဆုံးဖြတ်ချက်တွေကိုတော့ စင်ကာပူရုံးချုပ်မှပဲ ဆက်လက်လုပ်ဆောင်မယ်လို့ သိရပါတယ်။ Tuas စက်ရုံကိုတော့ ဘီယာချက်လုပ်နည်း အသစ်တွေ စမ်းသပ်တဲ့ ဒေသတွင်း သုတေသနဗဟိုချက်အဖြစ် ပြောင်းလဲမယ်လို့ သိရပါတယ်။
Tiger Beer ထုတ်လုပ်မှုကို နေရာပြောင်းရွှေ့လိုက်ပေမယ့် စင်ကာပူဈေးကွက်အတွင်း ရောင်းချမယ့် ဘီယာဈေးနှုန်းတွေအပေါ်ကတော့ ထိခိုက်မှုရှိလာမှာ မဟုတ်ဘူးလို့ ကုမ္ပဏီဘက်က အာမခံထားပါတယ်။

Zawgyi Version;
(၉၆) ႏွစ္ၾကာၿပီးေနာက္ စင္ကာပူေျမေပၚက Tiger Beer ထုတ္လုပ္မႈ ရပ္နားမည္
ေရာင္နီ (NP News) - မတ္ ၂၈
စင္ကာပူႏိုင္ငံရဲ႕ျပည္တြင္းဘီယာအမွတ္တံဆိပ္ျဖစ္တဲ့ Tiger Beer ဟာ ဆယ္စုႏွစ္ ကိုးခုေက်ာ္ၾကာ စင္ကာပူ မွာ ခ်က္လုပ္လာခဲ့ရာမွ လာမယ့္ (၂) ႏွစ္အတြင္း ထုတ္လုပ္မႈလုပ္ငန္းစဥ္အားလုံး အၿပီးသတ္ရပ္နားေတာ့မယ္လို႔ Heineken အာရွပစိဖိတ္ေဒသ မန္ေနဂ်င္းဒါ႐ိုက္တာ ကန္နက္ခ်ိဳက အတည္ျပဳေျပာၾကားလိုက္ပါတယ္။
Heineken ကုမၸဏီအေနနဲ႔ စင္ကာပူရွိ Tuas ဘီယာစက္႐ုံကို ပိတ္သိမ္းၿပီး ထုတ္လုပ္မႈကို မေလးရွားနဲ႔ ဗီယက္နမ္ႏိုင္ငံေတြဆီ ေျပာင္းေ႐ႊ႕သြားမယ္လို႔ သိရပါတယ္။
အေၾကာင္းကေတာ့ Tuas စက္႐ုံရွိ ပစၥည္း ကိရိယာေတြဟာ သက္တမ္းရင့္ေနၿပီျဖစ္ၿပီး အသစ္လဲလွယ္ဖို႔ ကုန္က်စရိတ္ဟာ စက္႐ုံအသစ္တည္ေဆာက္တဲ့ ကုနိက်စရိတ္နဲ႔ ထပ္တူနီးပါး ျမင့္မားေနျခင္း၊ စင္ကာပူမွာ ထုတ္လုပ္မႈစရိတ္ႀကီးျမင့္ေနၿပီး တ႐ုတ္နဲ႔ မေလးရွားတို႔ မွတင္သြင္းလာတဲ့ ေဈးႏႈန္းခ်ိဳသာတဲ့ဘီယာေတြနဲ႔ယွဥ္ၿပိဳင္ႏိုင္စြမ္း ေလ်ာ့နည္းလာျခင္း၊ Heineken ရဲ႕ ၂၀၃၀ ျပည့္ႏွစ္ မွာ "Net Zero" (ဖန္လုံအိမ္ဓာတ္ေငြ႕ လုံးဝမထြက္ရွိေရး) ရည္မွန္းခ်က္အတြက္ စင္ကာပူမွာ ျပန္လည္ျပည့္ၿဖိဳးၿမဲ စြမ္းအင္ရရွိမႈ အကန႔္အသတ္ရွိေနျခင္းတို႔ေၾကာင့္ အခုလိုဆုံးျဖတ္ခဲ့တယ္လို႔ သိရပါတယ္။
စင္ကာပူမွာ ထုတ္လုပ္မႈရပ္နားလိုက္ျခင္းေၾကာင့္ လက္ရွိဝန္ထမ္း (၅၃၀) ဦးအနက္ ထုတ္လုပ္မႈပိုင္းမွ ဝန္ထမ္း (၁၃၀) ဦးကို ၂၀၂၇ ခုႏွစ္ကုန္မွာ အလုပ္ရပ္နားမွာ ျဖစ္ၿပီး ဝန္ထမ္းေတြ အလုပ္အကိုင္သစ္ရွာေဖြဖို႔ (၂) ႏွစ္အထိ အခ်ိန္ႀကိဳေပးထားတယ္လို႔ သိရပါတယ္။
ဘီယာခ်က္လုပ္မႈ ရပ္နားသြားေပမယ့္ စင္ကာပူဟာ Tiger Beer အတြက္ အေရးပါတဲ့အခန္းက႑မွာ ဆက္ရွိေနမွာျဖစ္ၿပီး အမွတ္တံဆိပ္စီမံခန႔္ခြဲမႈနဲ႔ အဓိကဆုံးျဖတ္ခ်က္ေတြကိုေတာ့ စင္ကာပူ႐ုံးခ်ဳပ္မွပဲ ဆက္လက္လုပ္ေဆာင္မယ္လို႔ သိရပါတယ္။ Tuas စက္႐ုံကိုေတာ့ ဘီယာခ်က္လုပ္နည္း အသစ္ေတြ စမ္းသပ္တဲ့ ေဒသတြင္း သုေတသနဗဟိုခ်က္အျဖစ္ ေျပာင္းလဲမယ္လို႔ သိရပါတယ္။
Tiger Beer ထုတ္လုပ္မႈကို ေနရာေျပာင္းေ႐ႊ႕လိုက္ေပမယ့္ စင္ကာပူေဈးကြက္အတြင္း ေရာင္းခ်မယ့္ ဘီယာေဈးႏႈန္းေတြအေပၚကေတာ့ ထိခိုက္မႈရွိလာမွာ မဟုတ္ဘူးလို႔ ကုမၸဏီဘက္က အာမခံထားပါတယ္။