စက်စွမ်းအားအလိုက် ဝယ်ယူခွင့်ပမာဏကိုသတ်မှတ်၍ အဆင့်မြှင့်ထားသည့် စနစ်သစ်ဖြင့် စက်သုံးဆီ စတင်ရောင်းချနေပြီ

664

Pearl (NP News) - မတ် ၂၈
စက်သုံးဆီဝယ်ယူရာတွင် စက်စွမ်းအား အလိုက် ဝယ်ယူခွင့်ပမာဏကိုသတ်မှတ်ကာ ပိုမို၍ ပြည့်စုံသည့်စနစ်ဖြင့် နေပြည်တော်ကောင်စီနယ်မြေ၊ ရန်ကုန်မြို့၊ မန္တလေးမြို့နှင့် တောင်ကြီးမြို့များတွင် မတ်လ(၂၇)ရက်မှစ၍ စတင်ရောင်းချခဲ့ကာ ကျန်မြို့များတွင်လည်း ယခုစနစ်ကို ဆက်လက်အကောင် အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ် ကြောင်း သိရသည်။
အဆိုပါစနစ်ကိုအသုံးပြုရာတွင် မော်တော်ယာဉ်၏ Wheel Tax တွင် အာမခံမှုအမှတ်အသား (Hologram) ပါရှိမှသာ အရောင်းဆိုင်ဝန်ထမ်းက Scan ဖတ်မည်ဖြစ်ပြီး Gas ကားဖြစ်ပါက “Gas ဆိုင်တွင်သာဝယ်ယူရန်” စာသားပေါ် မည်ဖြစ်ကြောင်း၊ ဓာတ်ဆီ၊ ဒီဇယ်ဆီကားများဖြစ်ပါက ယာဉ်နံပါတ်၊ တစ်ပတ်အတွင်း ဝယ်ယူခွင့်ပမာဏ၊ ဝယ်ယူပြီး သည့်ပမာဏ၊ ဝယ်ယူရန်ကျန်ရှိသည့်ပမာဏ ပေါ်လာမည်ဖြစ်ကြောင်း၊ ထို့နောက် ဝယ်ယူမည့်ဆီအမျိုးအစားနှင့် ပမာဏကိုဖြည့်သွင်းပြီး ဝယ်ယူနိုင်ကြောင်း သိရသည်။
ရောင်းချသည့် ဆိုင်နံပါတ်၊ တည်နေရာ၊ ဆီပမာဏအချက်အလက်များ အလိုအလျောက် Server သို့ဝင်ရောက် သွားမည်ဖြစ်ကာ ဒုတိယအကြိမ် ထပ်မံဝယ်ယူသည့်အချိန်တွင် Quota ကုန်နေပါက ဝယ်ယူခွင့်မပြု ကြောင်းဖော်ပြ မည်ဖြစ်ပြီး သတ်မှတ်ပေးသည့် Quota ကိုလည်း တစ်ပတ်အတွင်းသာ အပြီးအပြတ်ဝယ်ယူရမည်ဖြစ်ကြောင်းသိရသည်။ တစ်ပတ်အတွင်း ဝယ်ယူနိုင်မည့်အကြိမ်အရေအတွက်ကို နှစ်ကြိမ်မှသုံးကြိမ်အထိ ယာဉ်အမျိုးအစား အလိုက်သတ်မှတ် ထားပြီး ဝယ်ယူခွင့်ရရှိမည့်စက်သုံး ဆီပမာဏမှာ တစ်ပတ်လျှင် ဆိုင်ကယ်-(၈)လီတာ၊ သုံးဘီးယာဉ်-(၂၅)လီတာ၊ ထရော်လာဂျီ-(၃၀) လီတာဖြစ်ပြီး (၂၀ဝဝ)စီစီအထိအိမ်စီးယာဉ်များမှာ (၃၅)လီတာ၊ (၂၀ဝ၁)စီစီမှ (၃၀ဝဝ)စီစီအထိ (၄၀) လီတာ၊ (၃၀ဝဝ) စီစီအထက် (၄၅)လီတာ ဝယ်ယူနိုင် ကြောင်းသိရသည်။
အငှားယာဉ်များအနေဖြင့် (၂၀ဝဝ)စီစီ အထိယာဉ်များမှာ (၉၀)လီတာ၊ (၂၀ဝ၁)စီစီမှ (၃၀ဝဝ) စီစီအထိ (၁၀ဝ)လီတာ၊ (၃၀ဝဝ)စီစီအထက် (၁၁၀) လီတာ၊ လိုက်ထရပ်၊ ထရပ်၊ ပစ်ကပ်ယာဉ်များမှာ (၂၀ဝဝ)စီစီအထိ လီတာ(၉၀)၊ (၂၀ဝဝ) စီစီအထက် ယာဉ်များမှာ (၁၁၀)လီတာ (၁)ပတ်(၂)ကြိမ် ဝယ်ယူ နိုင်ကြောင်းသိရသည်။
Heavy Duty ယာဉ်များမှာ (၆၀ဝဝ)စီစီ အထိ (၁၂၀)လီတာ၊ (၆၀ဝဝ)စီစီအထက် (၁၅၀) လီတာ၊ Tractor Head ယာဉ်များမှာ (၈၀ဝဝ)စီစီအ ထိ (၂၀ဝ)လီတာ၊ (၈၀ဝဝ)စီစီအထက် (၂၅၀)လီ တာ၊ Dump Truck ယာဉ်များမှာ (၆၀ဝဝ)စီစီအထိ (၁၂၀)လီတာ၊ (၆၀ဝဝ)စီစီအထက် (၁၅၀)လီတာ၊ (၈၀ဝဝ)စီစီအထက် (၂၅၀)လီတာ၊ Bus ၊ Micro Bus ၊ Mini Bus ၊ City Bus များမှာ (၂၀ဝဝ) စီစီအထိ (၇၀)လီတာ၊ (၂၀ဝဝ)စီစီအထက် (၉၀)လီတာ၊ (၃၀ဝဝ)စီစီအထက် (၁၁၀)လီတာ သတ်မှတ်ထားကြောင်းသိရသည်။ ခရီးဝေးသွားရောက်မည့်ယာဉ်များအတွက် မူလဝယ်ယူထားသည့် စက်သုံးဆီ ငွေရှင်း ပြေစာကိုပြသ၍ ရောက်ရှိရာ အခြားတိုင်းဒေသကြီး/ ပြည်နယ်ရှိ အရောင်းဆိုင်များတွင် Scan ဖတ်၍ ထပ်မံဝယ်ယူနိုင်ပြီး ခရီးဝေးပြေးဆွဲနေသည့် အထူး ဘတ် စကား၊ လူမှုကူညီရေးယာဉ်၊ လူနာတင်ယာဉ်၊ နိဗ္ဗာန်ယာဉ်၊ စည်ပင်အမှိုက်သိမ်းယာဉ်၊ ရေပုပ်စုပ်ယာဉ် စသည့်ယာဉ်များကို Quota များ သတ်မှတ်ခြင်းမရှိဘဲ အရောင်းဆိုင်များမှ လိုအပ်သည့်ပမာဏအတိုင်း စိစစ်ရောင်းချ၍ Online Mo- nitoring စနစ်ဖြင့် ကြပ်မတ်ထိန်းကျောင်း သွားမည်ဖြစ် ကြောင်းသိရသည်။
ကုန်တင်ယာဉ်ကြီးများအနေဖြင့် မြို့ပြင်ရှိ စက်သုံးဆီဆိုင်များတွင်သာ QR Code စနစ်ဖြင့် ဖြည့်သွင်းနိုင်ပြီး ထွန်စက်၊ လယ်ယာသုံး စက်ကိရိယာများ၊ အိမ်တွင်းစက်မှုလုပ်ငန်းများနှင့် မီးစက်များအတွက် စွမ်းအင်ဝန်ကြီးဌာနမှ သတ်မှတ်ပေးထား သည့်ပုံစံတွင် ဖြည့်စွက်၍ နီးစပ်သောအရောင်းဆိုင် များတွင် မှတ်တမ်းထားရှိ၍ ရောင်းချပေးမည်ဖြစ် ကြောင်း သိရသည်။
စက်သုံးဆီ အရောင်းဆိုင်များအနေဖြင့် Bar Code သို့မဟုတ် QR Code ဖတ်၍ ရောင်းချ ပေးထားမှုနှင့် ပုံစံတွင်ဖြည့်စွက်၍ ရောင်းချပေးထားသည့် စက်သုံးဆီပမာဏကိုသာ ပြန်လည်ဖြည့်တင်းခွင့်ရမည်ဖြစ်ကြောင်းသိရ သည်။ အရှေ့အလယ်ပိုင်း ပဋိပက္ခ စတင်ဖြစ်ပွားခဲ့သော ပြီးခဲ့သည့် ဖေဖော်ဝါရီ လ (၂၈)ရက်နှင့် မတ်လ (၁) ရက်တို့တွင် ပြည်တွင်း စက်သုံးဆီဈေးသည် Diesel တစ်လီတာလျှင် (၂၅၆၅) ကျပ်၊ Premium Diesel တစ်လီတာလျှင် (၂၈၄၅) ကျပ်၊ 92 RON OCTANE တစ်လီတာလျှင် (၂၄၁၅)ကျပ်၊ 95 RON OCTANE တစ်လီတာလျှင် (၂၄၁၅)ကျပ်ဖြင့် ရောင်းချခဲ့ပြီး လက်ရှိ သတင်းရေး သားချိန် မတ်လ(၂၇) ရက်တွင် Diesel တစ်လီတာ လျှင် (၅၄၅၀)ကျပ်၊ Premium Diesel တစ်လီတာ လျှင် (၆၀၈၅)ကျပ်၊ 92 RON OCTANE တစ် လီတာလျှင်(၄၄၅၀)ကျပ်၊ 95 RON OCTANE တစ်လီတာလျှင် (၄၉၇၅)ကျပ်ဖြင့်ရောင်းချနေရာ ယခင် မတ်လအစပိုင်းနှင့်နှိုင်းယှဉ်ပါက (၂၀ဝဝ) ကျပ်ကျော်မြင့်တက် လာ ခြင်းဖြစ်သည်။
စက်သုံးဆီအခက်အခဲကြောင့် ကုန်တင်ကားများ ရက်ခြားထွက်ရသည့်အတွက် ပုပ်သိုးလွယ် သည့်ကုန်စိမ်းသီး နှံများ ဒေသတွင်း ဈေးကျနေကြောင်း အောင်ပန်းမြို့ရှိ ကုန်သည်တစ်ဦးကပြောသည်။ “ကုန်ကားတွေဆိုရင် နေ့တိုင်း မထွက်နိုင် တော့ဘူး။ ဒီနေ့ထွက်တယ်။ နောက်သုံးရက်လောက် နေမှ ဒီကြားထဲမှာ ဆီလေး ဟိုနားနည်းနည်းဝယ်၊ ဒီနားနည်းနည်းရအောင်လိုက်ဝယ်။ အဲဒီလေးရပြီဆိုမှ သုံးရက်ခြားလောက်မှာ တစ်ခေါက်ပြန်ထွက်တယ်။ အဲဒီလိုသွား ကြတယ်။ အဲဒီတော့ ကုန်စည်စီးနင်းမှုက နှေးသွားတယ်။ နောက်တစ်ခုက တန်ဆာခက နှစ်ဆ မြင့်သွားတယ်။ အရင် တုန်းက တစ်အိတ်ကို(၁၀ဝဝဝ)ဆိုရင် အခု(၂၀ဝဝဝ)ဖြစ်သွားတယ်။ နှစ်ဆတက်သွား တယ်။ အားလူးအိတ် ပိဿာ(၃၀)တစ်အိတ်ပတ်ချာ လည်က အခု(၂၀ဝဝဝ)ဖြစ်သွားပြီ”ဟု ၎င်းကပြော သည်။

Zawgyi Version;
စက္စြမ္းအားအလိုက္ ဝယ္ယူခြင့္ပမာဏကိုသတ္မွတ္၍ အဆင့္ျမႇင့္ထားသည့္ စနစ္သစ္ျဖင့္ စက္သုံးဆီ စတင္ေရာင္းခ် ေနၿပီ
Pearl (NP News) - မတ္ ၂၈
စက္သုံးဆီဝယ္ယူရာတြင္ စက္စြမ္းအား အလိုက္ ဝယ္ယူခြင့္ပမာဏကိုသတ္မွတ္ကာ ပိုမို၍ ျပည့္စုံသည့္စနစ္ျဖင့္ ေနျပည္ေတာ္ေကာင္စီနယ္ေျမ၊ ရန္ကုန္ၿမိဳ႕၊ မႏၲေလးၿမိဳ႕ႏွင့္ ေတာင္ႀကီးၿမိဳ႕မ်ားတြင္ မတ္လ(၂၇)ရက္မွစ၍ စတင္ေရာင္းခ်ခဲ့ကာ က်န္ၿမိဳ႕မ်ားတြင္လည္း ယခုစနစ္ကို ဆက္လက္အေကာင္ အထည္ေဖာ္ေဆာင္႐ြက္သြားမည္ျဖစ္ ေၾကာင္း သိရသည္။
အဆိုပါစနစ္ကိုအသုံးျပဳရာတြင္ ေမာ္ေတာ္ယာဥ္၏ Wheel Tax တြင္ အာမခံမႈအမွတ္အသား (Hologram) ပါရွိမွသာ အေရာင္းဆိုင္ဝန္ထမ္းက Scan ဖတ္မည္ျဖစ္ၿပီး Gas ကားျဖစ္ပါက “Gas ဆိုင္တြင္သာဝယ္ယူရန္” စာသားေပၚ မည္ျဖစ္ေၾကာင္း၊ ဓာတ္ဆီ၊ ဒီဇယ္ဆီကားမ်ားျဖစ္ပါက ယာဥ္နံပါတ္၊ တစ္ပတ္အတြင္း ဝယ္ယူခြင့္ပမာဏ၊ ဝယ္ယူၿပီး သည့္ပမာဏ၊ ဝယ္ယူရန္က်န္ရွိသည့္ပမာဏ ေပၚလာမည္ျဖစ္ေၾကာင္း၊ ထို႔ေနာက္ ဝယ္ယူမည့္ဆီအမ်ိဳးအစားႏွင့္ ပမာဏကိုျဖည့္သြင္းၿပီး ဝယ္ယူႏိုင္ေၾကာင္း သိရသည္။
ေရာင္းခ်သည့္ ဆိုင္နံပါတ္၊ တည္ေနရာ၊ ဆီပမာဏအခ်က္အလက္မ်ား အလိုအေလ်ာက္ Server သို႔ဝင္ေရာက္ သြားမည္ျဖစ္ကာ ဒုတိယအႀကိမ္ ထပ္မံဝယ္ယူသည့္အခ်ိန္တြင္ Quota ကုန္ေနပါက ဝယ္ယူခြင့္မျပဳ ေၾကာင္းေဖာ္ျပ မည္ျဖစ္ၿပီး သတ္မွတ္ေပးသည့္ Quota ကိုလည္း တစ္ပတ္အတြင္းသာ အၿပီးအျပတ္ဝယ္ယူရမည္ျဖစ္ေၾကာင္းသိရသည္။ တစ္ပတ္အတြင္း ဝယ္ယူႏိုင္မည့္အႀကိမ္အေရအတြက္ကို ႏွစ္ႀကိမ္မွသုံးႀကိမ္အထိ ယာဥ္အမ်ိဳးအစား အလိုက္သတ္မွတ္ ထားၿပီး ဝယ္ယူခြင့္ရရွိမည့္စက္သုံး ဆီပမာဏမွာ တစ္ပတ္လွ်င္ ဆိုင္ကယ္-(၈)လီတာ၊ သုံးဘီးယာဥ္-(၂၅)လီတာ၊ ထေရာ္လာဂ်ီ-(၃၀) လီတာျဖစ္ၿပီး (၂၀ဝဝ)စီစီအထိအိမ္စီးယာဥ္မ်ားမွာ (၃၅)လီတာ၊ (၂၀ဝ၁)စီစီမွ (၃၀ဝဝ)စီစီအထိ (၄၀) လီတာ၊ (၃၀ဝဝ) စီစီအထက္ (၄၅)လီတာ ဝယ္ယူႏိုင္ ေၾကာင္းသိရသည္။
အငွားယာဥ္မ်ားအေနျဖင့္ (၂၀ဝဝ)စီစီ အထိယာဥ္မ်ားမွာ (၉၀)လီတာ၊ (၂၀ဝ၁)စီစီမွ (၃၀ဝဝ) စီစီအထိ (၁၀ဝ)လီတာ၊ (၃၀ဝဝ)စီစီအထက္ (၁၁၀) လီတာ၊ လိုက္ထရပ္၊ ထရပ္၊ ပစ္ကပ္ယာဥ္မ်ားမွာ (၂၀ဝဝ)စီစီအထိ လီတာ(၉၀)၊ (၂၀ဝဝ) စီစီအထက္ ယာဥ္မ်ားမွာ (၁၁၀)လီတာ (၁)ပတ္(၂)ႀကိမ္ ဝယ္ယူ ႏိုင္ေၾကာင္းသိရသည္။
Heavy Duty ယာဥ္မ်ားမွာ (၆၀ဝဝ)စီစီ အထိ (၁၂၀)လီတာ၊ (၆၀ဝဝ)စီစီအထက္ (၁၅၀) လီတာ၊ Tractor Head ယာဥ္မ်ားမွာ (၈၀ဝဝ)စီစီအ ထိ (၂၀ဝ)လီတာ၊ (၈၀ဝဝ)စီစီအထက္ (၂၅၀)လီ တာ၊ Dump Truck ယာဥ္မ်ားမွာ (၆၀ဝဝ)စီစီအထိ (၁၂၀)လီတာ၊ (၆၀ဝဝ)စီစီအထက္ (၁၅၀)လီတာ၊ (၈၀ဝဝ)စီစီအထက္ (၂၅၀)လီတာ၊ Bus ၊ Micro Bus ၊ Mini Bus ၊ City Bus မ်ားမွာ (၂၀ဝဝ) စီစီအထိ (၇၀)လီတာ၊ (၂၀ဝဝ)စီစီအထက္ (၉၀)လီတာ၊ (၃၀ဝဝ)စီစီအထက္ (၁၁၀)လီတာ သတ္မွတ္ထားေၾကာင္းသိရသည္။ ခရီးေဝးသြားေရာက္မည့္ယာဥ္မ်ားအတြက္ မူလဝယ္ယူထားသည့္ စက္သုံးဆီ ေငြရွင္း ေျပစာကိုျပသ၍ ေရာက္ရွိရာ အျခားတိုင္းေဒသႀကီး/ ျပည္နယ္ရွိ အေရာင္းဆိုင္မ်ားတြင္ Scan ဖတ္၍ ထပ္မံဝယ္ယူႏိုင္ၿပီး ခရီးေဝးေျပးဆြဲေနသည့္ အထူး ဘတ္ စကား၊ လူမႈကူညီေရးယာဥ္၊ လူနာတင္ယာဥ္၊ နိဗၺာန္ယာဥ္၊ စည္ပင္အမႈိက္သိမ္းယာဥ္၊ ေရပုပ္စုပ္ယာဥ္ စသည့္ယာဥ္မ်ားကို Quota မ်ား သတ္မွတ္ျခင္းမရွိဘဲ အေရာင္းဆိုင္မ်ားမွ လိုအပ္သည့္ပမာဏအတိုင္း စိစစ္ေရာင္းခ်၍ Online Mo- nitoring စနစ္ျဖင့္ ၾကပ္မတ္ထိန္းေက်ာင္း သြားမည္ျဖစ္ ေၾကာင္းသိရသည္။
ကုန္တင္ယာဥ္ႀကီးမ်ားအေနျဖင့္ ၿမိဳ႕ျပင္ရွိ စက္သုံးဆီဆိုင္မ်ားတြင္သာ QR Code စနစ္ျဖင့္ ျဖည့္သြင္းႏိုင္ၿပီး ထြန္စက္၊ လယ္ယာသုံး စက္ကိရိယာမ်ား၊ အိမ္တြင္းစက္မႈလုပ္ငန္းမ်ားႏွင့္ မီးစက္မ်ားအတြက္ စြမ္းအင္ဝန္ႀကီးဌာနမွ သတ္မွတ္ေပးထား သည့္ပုံစံတြင္ ျဖည့္စြက္၍ နီးစပ္ေသာအေရာင္းဆိုင္ မ်ားတြင္ မွတ္တမ္းထားရွိ၍ ေရာင္းခ်ေပးမည္ျဖစ္ ေၾကာင္း သိရသည္။
စက္သုံးဆီ အေရာင္းဆိုင္မ်ားအေနျဖင့္ Bar Code သို႔မဟုတ္ QR Code ဖတ္၍ ေရာင္းခ် ေပးထားမႈႏွင့္ ပုံစံတြင္ျဖည့္စြက္၍ ေရာင္းခ်ေပးထားသည့္ စက္သုံးဆီပမာဏကိုသာ ျပန္လည္ျဖည့္တင္းခြင့္ရမည္ျဖစ္ေၾကာင္းသိရ သည္။ အေရွ႕အလယ္ပိုင္း ပဋိပကၡ စတင္ျဖစ္ပြားခဲ့ေသာ ၿပီးခဲ့သည့္ ေဖေဖာ္ဝါရီ လ (၂၈)ရက္ႏွင့္ မတ္လ (၁) ရက္တို႔တြင္ ျပည္တြင္း စက္သုံးဆီေဈးသည္ Diesel တစ္လီတာလွ်င္ (၂၅၆၅) က်ပ္၊ Premium Diesel တစ္လီတာလွ်င္ (၂၈၄၅) က်ပ္၊ 92 RON OCTANE တစ္လီတာလွ်င္ (၂၄၁၅)က်ပ္၊ 95 RON OCTANE တစ္လီတာလွ်င္ (၂၄၁၅)က်ပ္ျဖင့္ ေရာင္းခ်ခဲ့ၿပီး လက္ရွိ သတင္းေရး သားခ်ိန္ မတ္လ(၂၇) ရက္တြင္ Diesel တစ္လီတာ လွ်င္ (၅၄၅၀)က်ပ္၊ Premium Diesel တစ္လီတာ လွ်င္ (၆၀၈၅)က်ပ္၊ 92 RON OCTANE တစ္ လီတာလွ်င္(၄၄၅၀)က်ပ္၊ 95 RON OCTANE တစ္လီတာလွ်င္ (၄၉၇၅)က်ပ္ျဖင့္ေရာင္းခ်ေနရာ ယခင္ မတ္လအစပိုင္းႏွင့္ႏႈိင္းယွဥ္ပါက (၂၀ဝဝ) က်ပ္ေက်ာ္ျမင့္တက္ လာ ျခင္းျဖစ္သည္။
စက္သုံးဆီအခက္အခဲေၾကာင့္ ကုန္တင္ကားမ်ား ရက္ျခားထြက္ရသည့္အတြက္ ပုပ္သိုးလြယ္ သည့္ကုန္စိမ္းသီး ႏွံမ်ား ေဒသတြင္း ေဈးက်ေနေၾကာင္း ေအာင္ပန္းၿမိဳ႕ရွိ ကုန္သည္တစ္ဦးကေျပာသည္။ “ကုန္ကားေတြဆိုရင္ ေန႔တိုင္း မထြက္ႏိုင္ ေတာ့ဘူး။ ဒီေန႔ထြက္တယ္။ ေနာက္သုံးရက္ေလာက္ ေနမွ ဒီၾကားထဲမွာ ဆီေလး ဟိုနားနည္းနည္းဝယ္၊ ဒီနားနည္းနည္းရေအာင္လိုက္ဝယ္။ အဲဒီေလးရၿပီဆိုမွ သုံးရက္ျခားေလာက္မွာ တစ္ေခါက္ျပန္ထြက္တယ္။ အဲဒီလိုသြား ၾကတယ္။ အဲဒီေတာ့ ကုန္စည္စီးနင္းမႈက ေႏွးသြားတယ္။ ေနာက္တစ္ခုက တန္ဆာခက ႏွစ္ဆ ျမင့္သြားတယ္။ အရင္ တုန္းက တစ္အိတ္ကို(၁၀ဝဝဝ)ဆိုရင္ အခု(၂၀ဝဝဝ)ျဖစ္သြားတယ္။ ႏွစ္ဆတက္သြား တယ္။ အားလူးအိတ္ ပိႆာ(၃၀)တစ္အိတ္ပတ္ခ်ာ လည္က အခု(၂၀ဝဝဝ)ျဖစ္သြားၿပီ”ဟု ၎ကေျပာ သည္။