သင်္ကြန်ပိတ်ရက်အတွင်း YBSယာဉ်အစီးရေ (၁)ထောင်ကျော် ပြေးဆွဲပေးသွားမည်

135

စိမ့်စမ်းရေ (NP News) - မတ် ၂၉
၂၀၂၆ခုနှစ် သင်္ကြန်ပိတ်ရက်ကာလအတွင်း ရန်ကုန်မြို့ရှိ ပြည်သူများ သွားလာရေးအဆင်ပြေစေရန် YBSယာဉ်အစီးရေ (၁)ထောင်ကျော် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး၊ ပုဂ္ဂလိကသယ်ယူပို့ဆောင်ရေး ကြီးကြပ်မှုကော်မတီ (YRTC)၏အချက်အလက်များအရ သိရသည်။
အဆိုပါ အချက်အလက်များအရ ပြေးဆွဲသွားမည့် ယာဉ်လိုင်းနံပါတ်များမှာ (၃၇၊ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၁၀၆၊ ၁၀၇၊ ၁၈၊ ၃၅၊ ၅၂၊ ၅၃၊ ၅၄၊ ၆၁၊ ၆၈၊ ၇၅၊ ၁၃၁၊ ၁၃၇၊ ၅၊ ၃၄၊ ၇၀၊ ၉၅၊ ၁၂၉၊ ၆၊ ၄၆၊ ၉၂၊ ၉၀၊ ၁၂၃၊ ၄၀၊ ၁၄၃၊ ၁၊ ၉၊ ၁၆၊ ၁၉၊ ၂၃၊ ၁၀၃၊ ၁၁၉၊ ၄၄၊ ၆၆၊ ၆၇၊ ၇၁၊ ၇၄၊ ၇၇၊ ၇၉၊ ၉၁၊ ၁၃၀၊ ၂၁၊ ၃၉၊ ၄၁၊ ၂၇၊ ၇၆၊ ၈၁၊ ၈၅၊ ၁၂၀၊ ၁၃၂၊ ၄၂၊ ၆၅၊ ၂၂၊ ၁၂၆၊ ၃၃၊ ၄၅၊ ၈၄၊ ၁၁၁၊ ၁၃၃၊ ၁၃၄၊ ၁၃၆၊ ၁၃၈၊ ၁၃၉၊ ၁၄၂၊ ၁၄၄)ကို အစီးရေ စုစုပေါင်း (၁၁၇၆)စီးဖြင့် ပြေးဆွဲပေးသွားမည်ဖြစ်ကြောင်း သိရသည်။
ယင်းပြေးဆွဲမည့်ပုံစံမှာ ဧပြီလ (၁၃)ရက်မှ ဧပြီလ (၁၆)ရက်အထိဖြစ်ပြီး နှစ်ဆန်း တစ်ရက်နေ့တွင် ယာဉ်လိုင်းအားလုံးကို ပုံမှန်အတိုင်း ပြေးဆွဲသွားမည်ဖြစ်ကြောင်း သိရသည်။
သင်္ကြန်ပိတ်ရက်ကာလအတွင်း ခရီးသွားပြည်သူများ အဆင်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် မော်တော်ယာဉ်များ ပြေးဆွဲနိုင်ရေး စီစဉ်ဆောင်ရွက်ပေးလျက်ရှိပြီး ယာဉ်မတော်တဆမှုမဖြစ်စေရေး၊ လမ်းခရီးတွင် ယာဉ်ချို့ယွင်းမှုမရှိစေရေး၊ ကြပ်မတ်ဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရသည်။
ထို့ပြင် မော်တော်ယာဉ်များ ပုံမှန်ယာဉ်စီးခနှုန်းထားများ၊ သင့်တင့်မျှတသော ဈေးနှုန်းများဖြင့် ပြေးဆွဲနိုင်ရေး ကြပ်မတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Zawgyi Version:
သၾကၤန္ပိတ္ရက္အတြင္း YBSယာဥ္အစီးေရ (၁)ေထာင္ေက်ာ္ ေျပးဆြဲေပးသြားမည္
စိမ့္စမ္းေရ (NP News) - မတ္ ၂၉
၂၀၂၆ခုႏွစ္ သၾကၤန္ပိတ္ရက္ကာလအတြင္း ရန္ကုန္ၿမိဳ႕ရွိ ျပည္သူမ်ား သြားလာေရးအဆင္ေျပေစရန္ YBSယာဥ္အစီးေရ (၁)ေထာင္ေက်ာ္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း ရန္ကုန္တိုင္းေဒသႀကီး၊ ပုဂၢလိကသယ္ယူပို႔ေဆာင္ေရး ႀကီးၾကပ္မႈေကာ္မတီ (YRTC)၏အခ်က္အလက္မ်ားအရ သိရသည္။
အဆိုပါ အခ်က္အလက္မ်ားအရ ေျပးဆြဲသြားမည့္ ယာဥ္လိုင္းနံပါတ္မ်ားမွာ (၃၇၊ ၄၃၊ ၆၂၊ ၇၂၊ ၈၇၊ ၈၈၊ ၈၉၊ ၁၀၆၊ ၁၀၇၊ ၁၈၊ ၃၅၊ ၅၂၊ ၅၃၊ ၅၄၊ ၆၁၊ ၆၈၊ ၇၅၊ ၁၃၁၊ ၁၃၇၊ ၅၊ ၃၄၊ ၇၀၊ ၉၅၊ ၁၂၉၊ ၆၊ ၄၆၊ ၉၂၊ ၉၀၊ ၁၂၃၊ ၄၀၊ ၁၄၃၊ ၁၊ ၉၊ ၁၆၊ ၁၉၊ ၂၃၊ ၁၀၃၊ ၁၁၉၊ ၄၄၊ ၆၆၊ ၆၇၊ ၇၁၊ ၇၄၊ ၇၇၊ ၇၉၊ ၉၁၊ ၁၃၀၊ ၂၁၊ ၃၉၊ ၄၁၊ ၂၇၊ ၇၆၊ ၈၁၊ ၈၅၊ ၁၂၀၊ ၁၃၂၊ ၄၂၊ ၆၅၊ ၂၂၊ ၁၂၆၊ ၃၃၊ ၄၅၊ ၈၄၊ ၁၁၁၊ ၁၃၃၊ ၁၃၄၊ ၁၃၆၊ ၁၃၈၊ ၁၃၉၊ ၁၄၂၊ ၁၄၄)ကို အစီးေရ စုစုေပါင္း (၁၁၇၆)စီးျဖင့္ ေျပးဆြဲေပးသြားမည္ျဖစ္ေၾကာင္း သိရသည္။
ယင္းေျပးဆြဲမည့္ပုံစံမွာ ဧၿပီလ (၁၃)ရက္မွ ဧၿပီလ (၁၆)ရက္အထိျဖစ္ၿပီး ႏွစ္ဆန္း တစ္ရက္ေန႔တြင္ ယာဥ္လိုင္းအားလုံးကို ပုံမွန္အတိုင္း ေျပးဆြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။
သၾကၤန္ပိတ္ရက္ကာလအတြင္း ခရီးသြားျပည္သူမ်ား အဆင္ေျပေခ်ာေမြ႕စြာသြားလာႏိုင္ေရးအတြက္ ေမာ္ေတာ္ယာဥ္မ်ား ေျပးဆြဲႏိုင္ေရး စီစဥ္ေဆာင္႐ြက္ေပးလ်က္ရွိၿပီး ယာဥ္မေတာ္တဆမႈမျဖစ္ေစေရး၊ လမ္းခရီးတြင္ ယာဥ္ခ်ိဳ႕ယြင္းမႈမရွိေစေရး၊ ၾကပ္မတ္ေဆာင္႐ြက္သြားမွာျဖစ္ေၾကာင္း သိရသည္။
ထို႔ျပင္ ေမာ္ေတာ္ယာဥ္မ်ား ပုံမွန္ယာဥ္စီးခႏႈန္းထားမ်ား၊ သင့္တင့္မွ်တေသာ ေဈးႏႈန္းမ်ားျဖင့္ ေျပးဆြဲႏိုင္ေရး ၾကပ္မတ္ေဆာင္႐ြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။